Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကမ္ဘာ့ ပထမဆုံး ရေအောက်ဟိုတယ်။
(တည တည်းခိုခ သိန်း ၂၂၀၀ ဝန်းကျင်ရှိပါတယ်။)
ကမ္ဘာပေါ်က ပထမဆုံး ရေအောက်ဟိုတယ်ကတော့ မော်လ်ဒိုက်မှာ ရှိပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက ဖွင့်လှစ်ထားတာပါ။
ကွန်ရတ် မော်လ်ဒိုက် ရမ်ဂါလီ (Conrad Maldives Rangali) ကျွန်းမှာ တည်ရှိတာဖြစ်ပြီး ဟိုတယ်နာမည်က "မူရာကာ" (Muraka) ဖြစ်ပါတယ်။
အဓိပ္ပါယ်ကတော့ ဒေသသုံးစကားနဲ့ဆို "သန္တာ"လို့ အမည်ရပါတယ်။
ဟိုတယ်က နှစ်ထပ်အဆောက်အဦဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ ရေမျက်နှာပြင်အောက် ၁၆ ပေအနက်မှာ ဆောက်လုပ်ထားတဲ့အတွက် သင့်ဘေးပတ်ပတ်လည်မှာ ငါးတွေကူးခပ်နေတာကိုကြည့်ပြီး အိပ်ရာဝင်နိုင်ပါတယ်။
ဟိုတယ်မှာ အိပ်ခန်း ၃ ခန်းအပြင် သီးသန့် အားကစားရုံ၊ဘား နဲ့ ရေကူးကန်တို့ပါဝင်ပြီး ၂၄ နာရီဝန်ဆောင်မှု ပေးပါတယ်။
ဟိုတယ်ရဲ့အပေါ်အထပ်ကတော့ အပန်းဖြေအနားယူစရာ ကုန်းပတ်ရှိပါတယ်။
အဲဒီအထပ်ကတော့ ရေမျက်နှာပြင်ပေါ်မှာဖြစ်ပြီး ဧည့်သည်တွေ နေပူဆာလှုံနိုင်ပါတယ်။
ဒီဟိုတယ်အခန်းတခုလုံးကို စင်ကာပူက ကမ္ဘာ့အဆင့်မီ အင်ဂျင်နီယာများက ပူးပေါင်းတည်ဆောက်ပြီးမှ မော်လ်ဒိုက်ကို အထူးသင်္ဘောနဲ့ ပို့ဆောင်ထားခြင်းဖြစ်ပါတယ်။
ဒီရေအောက်ဟိုတယ်မှာ တစ်ည တည်းခိုစရိတ်ကတော့ ဒေါ်လာ ၅ သောင်း ဖြစ်ပြီး မြန်မာငွေဖြင့်ဆိုရင် တညကို သိန်း ၂၂၀၀ ဝန်းကျင် ရှိပါတယ်။
တည်းခိုသူတွေဟာ သီးသန့် စားဖိုမှူးတဦးနဲ့ လှေတစင်းကို စိတ်ကြိုက်အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။
ဒီလို ငွေအများကြီးအကုန် မခံချင်ဘူးဆိုရင်တော့ ရေအောက်ဟိုတယ်က ရေအောက် စားသောက်ဆိုင်မှာ သွားရောက်စားသောက်ပြီး ရေအောက်အတွေ့အကြုံများကိုလည်း ခံစားနိုင်ပါတယ်။
ကဲ...ရုပ်ရှင်တွေထဲကလို ရေအောက်ကမ္ဘာမှာ ငါးတွေနဲ့အတူတူ အိပ်နိုင်ဖို့ သွားတည်းကြပါစို့။
#မော်လ်ဒိုက်
#ရေအောက်ဟိုတယ်
#crd_photo
ဗီယက်နမ်နဲ့ပွဲကို မောင်မောင်လွင် ပွဲပယ်ကြောင့် လွဲချော်မည်
ဒီဇင်ဘာ ၂၀
မြန်မာအသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ မောင်မောင်လွင်ဟာ ပွဲပယ်ကြောင့် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင် မယ့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်ကို လွဲချော်မယ်လို့ နည်းပြ ဦးမျိုးလှိုင်ဝင်းက အတည် ပြုခဲ့ပါတယ်။
မောင်မောင်လွင်ဟာ မြန်မာအသင်းက လာအိုအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာဆီယံချန်ပီယံရှစ် ပွဲစဉ်မှာ အဝါကတ် ပြသခြင်းခံခဲ့ရတာပါ။
မြန်မာအသင်း တောင်ပံကစားသမား မောင်မောင်လွင်ဟာ အဖွင့်ပွဲစဉ်ဖြစ်တဲ့ အင်ဒိုနီးရှားအသင်းနဲ့ ပွဲစဉ်မှာလည်း အဝါကတ် ပြသခံခဲ့ရတာကြောင့် အုပ်စုတွင်းမှာ အဝါကတ် ၂ ကြိမ်ထိခဲ့လို့ ၁ ပွဲပယ်ခံရမှာဖြစ်ပါတယ်။
အဲဒါကြောင့် မောင်မောင်လွင်ဟာ မြန်မာအသင်းရဲ့ အရေးကြီး ပွဲစဉ်ဖြစ်တဲ့ ဗီယက်နမ် အသင်းနဲ့ပွဲစဉ်ကို ပါဝင် နိုင်တော့မှာ မဟုတ်ပါဘူး။
မောင်မောင်လွင်ဟာ ၂၀၂၄ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်မှာ မြန်မာအသင်းအတွက် ပြစ်ဒ-ဏ်ဘောကန်ချက်ကနေ တိုက်ရိုက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
မြန်မာအသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက မောင်မောင်လွင် မပါဝင်နိုင်ပေမယ့် ဗီယက်နမ်အသင်းနဲ့ပွဲစဉ်က အရေးကြီးတဲ့ပွဲဖြစ်လို့ ရလဒ်ကောင်းရဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
မြန်မာအသင်းဟာ အာဆီယံ ချန်ပီယံရှစ် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေတာပါ။
ဗီယက်နမ်အသင်းက အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အုပ်စုတွင်း ထိပ်ဆုံးနေရာ ရပ်တည်နေပြီး အင်ဒိုနီးရှားအသင်းက ၃ ပွဲကစား ရမှတ် ၄ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေကာ ဖိလစ်ပိုင်အသင်းက ၃ ပွဲ ကစား ရမှတ် ၃ မှတ်နဲ့ စတုတ္ထ၊ လာအိုအသင်းက ၄ ပွဲကစား ရမှတ် ၂ မှတ်နဲ့ အုပ်စုနောက်ဆုံးနေရာ ရပ်တည်နေပါ တယ်။
အုပ်စုနောက်ဆုံး ပွဲစဉ်တွေအဖြစ် ဒီဇင်ဘာ ၂၁ ရက်မှာ ဗီယက်နမ်နဲ့ မြန်မာအသင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်ရမှာပါ။
မြန်မာအသင်းအနေနဲ့ နောက်တဆင့် တက်နိုင်ဖို့အတွက် ဗီယက်နမ် အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရလဒ် ရယူနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
ပုံ - မောင်မောင်လွင်ကို တွေ့ရစဉ်
#centralnewsnaypyitaw
ရန်ကုန်မှာ တစ်ရက် ၁၂ နာရီ လျှပ်စစ်မီးပျက်မည်
ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းအတွင်း ဓာတ်အားစနစ်လိုအပ်ချက်အရ အုပ်စု A နှင့် အုပ်စု B နှစ်ခုခွဲ၍ တစ်ရက်လျှင် ၈ နာရီ လျှပ်စစ်မီးပျက်ရာမှ ဒီဇင်ဘာ ၁၉ ရက် (ယနေ့) မှစတင်ပြီး ည ၉ နာရီမှ မနက် ၁ နာရီအထိ ဓာတ်အားလျှော့ချထားမှုတစ်ချိန် ထပ်မံတိုးမည်ဖြစ်၍ တစ်ရက်လျှင် ၁၂ နာရီအထိ မီးပျက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ကြေညာထားသည်။
ယနေ့တွင် အသစ်ထုတ်ပြန်လိုက်သည့် လျှပ်စစ်ဓာတ်အား ပိတ်ထားမည့် အချိန်စာရင်းအရ နံနက် ၅ နာရီမှ နံနက် ၉ နာရီအထိ Group A ၊ မနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ Group B ၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ Group A ၊ ညနေ ၅ နာရီမှ ည ၉ နာရီအထိ Group B ကိုပေးပြီး ည ၉ နာရီမှ နောက်နေ့ နံနက် ၁ နာရီအထိ မီးစတင်ပေးသည့် Group A ကို ဓာတ်အားပိတ်ထားမည်ဖြစ်သည်။
သို့သော် နေ့စဉ် နံနက် ၁ နာရီမှ မနက် ၅ နာရီအထိ Group A နှင့် B နှစ်စုလုံးအား ဓာတ်အားပေးထားမည်ဖြစ်ကြောင်းနှင့် စက်မှုဇုန်များအား Group A နှင့် B ခွဲ၍ လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။
#သတင်းဟင်းလေးအိုးကြီး
English – Burmese ရရင် လျောက်လို့ရတဲ့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ NGOs ကအလုပ်ခေါ်စာများကို ဖော်ပြပေးလိုက်ပါတယ်။ အလုပ်အကိုင်အဆင်ပြေကြပါစေ။
အဖွဲ့အစည်း: Athan
ရာထူး: သုတေသန ဒါရိုက်တာ
နောက်ဆုံးရက်: 6 ဇန်န၀ါရီ 2025
လင့်ခ်: https://athanmyanmar.org/.../R....D_Vacancy-Announceme
အဖွဲ့အစည်း: BHF
ရာထူး: လက်ထောက်ဂရန်အရာရှိ
နောက်ဆုံးရက် - 31 ဒီဇင်ဘာ 2024
လင့်ခ်: https://web.facebook.com/profi....le.php?id=1000706768
အဖွဲ့အစည်း: CHDN
ရာထူး - အကြီးတန်းထောက်ပံ့ရေးကွင်း အရာရှိ
နောက်ဆုံးရက် - 31 ဒီဇင်ဘာ 2024
လင့်ခ်: https://web.facebook.com/share/p/17ht3Kqbmj/
အဖွဲ့အစည်း: Shade Tree Foundation
ရာထူး - လူထုကျန်းမာရေး သင်တန်းဆရာ
နောက်ဆုံးရက်: 6 ဇန်န၀ါရီ 2025
လင့်ခ်: https://web.facebook.com/shadetreethai
အဖွဲ့အစည်း: အပြည်ပြည်ဆိုင်ရာ စီမံ
ရာထူး - Finance Manager
နောက်ဆုံးရက်: 8 ဇန်န၀ါရီ 2024
လင့်ခ်: https://www.thaingo.org/jobs/detail/19441
အဖွဲ့အစည်း: သက်သေ။ ၊ လိမိတက်.
ရာထူး - စီမံကိန်းထောက်ပံ့ရေး အရာရှိ
နောက်ဆုံးရက်: 15 ဇန်န၀ါရီ 2025
လင့်ခ်: https://www.thaingo.org/jobs/detail/19436
အဖွဲ့အစည်း: SEI
ရာထူး: ပရောဂျက်လက်ထောက် - ထောက်ပံ့ရေး စီမံခန့်ခွဲရေး
နောက်ဆုံးရက်: ဇန်န၀ါရီ ၅ရက် ၂၀
လင့်ခ်: https://www.thaingo.org/jobs/detail/19435
အဖွဲ့အစည်း - CPI
ရာထူး: လူ့အရင်းအမြစ် မန်နေဂျာ အကြီးတန်း
နောက်ဆုံးရက်: ဇန်န၀ါရီ ၅ရက် ၂၀
လင့်ခ်: https://www.thaingo.org/jobs/detail/19434
အဖှဲ့အစညျး: ASEAN University Network (AUN)
ရာထူး - Senior Programme Officer
နောက်ဆုံးရက်: 15 ဇန်န၀ါရီ 2025
လင့်ခ်: https://www.thaingo.org/jobs/detail/19417
အဖွဲ့အစည်း: အာရှပစိဖိတ် လိင်ပြောင်းသူ ကွန်ယက်
ရာထူး - လူ့အခွင့်အရေး သုတေသနနှင့် ထောက်ခံအားပေးသူ
နောက်ဆုံးရက်: ဇန်န၀ါရီ ၅ရက် ၂၀
လင့်ခ်: https://www.thaingo.org/jobs/detail/19414
အဖွဲ့အစည်း: SEAOHUN အတွင်းရေးမှုး
ရာထူး - လူ့စွမ်းအမြစ်နှင့် အုပ်ချုပ်ရေးအရာရှိ
နောက်ဆုံးရက်: 6 ဇန်န၀ါရီ 2024
လင့်ခ်: https://www.thaingo.org/jobs/detail/19409
အဖွဲ့အစည်း− တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့ (WCS)
ရာထူး: ပရိုဂရမ် ညှိုးဆက်သူ
နောက်ဆုံးရက် - 31 ဇန်နဝါရီ 2025
လင့်ခ်: https://www.thaingo.org/jobs/detail/19407
Organization: Equality Myanmar
ရာထူး: Procurement and IT Coordinator
နောက်ဆုံးရက် : ၂၂ ဒီဇင်ဘာ ၂၀၂၄
လင့်ခ်: https://www.thaingo.org/jobs/detail/19393/2
Organization: Equality Myanmar
ရာထူး: ဂရန်အရာရှိ
နောက်ဆုံးရက် : ၂၂ ဒီဇင်ဘာ ၂၀၂၄
လင့်ခ်: https://www.thaingo.org/jobs/detail/19392/2
အဖွဲ့အစည်း: ARROW
ရာထူး: (5 Posts) Senior Programme Manager, Programme Manager,
အကြီးတန်း ပရိုဂရမ်မီ ရုံးခန်း၊ အကြီးတန်း ပရိုဂရမ်မီ အရာရှိ၊ ပရိုဂရမ်မီ အရာရှိ
နောက်ဆုံးရက်: 15 ဇန်န၀ါရီ 2025
လင့်ခ်: https://web.facebook.com/share/p/14eUYoPhuJ/
#crd