Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Cha...ndram...ukhi 2 (2023) (သို) နှစ်ဘဝကလဲ့စား ဇာတ်ကားသစ်
=============
ဘောလိဝုဒ်သရုပ်ဆောင်တွေကြား တမူထူးတဲ့ရုပ်ရည်လေးနဲ့ မင်းသမီးချောလေး ကန်ဂနားကို တစ္ဆေမလေးအဖြစ်မြင်တွေ့ရမဲ့ကားဖြစ်ပါတယ်
ဂမ္ဘီရဆန်ဆန် လျှိဝှက်ဆန်းကြယ်ပုံတွေက ဂျန်ဂျမားတို Plot နဲ့ သွားဆင်နေတာဖြစ်လို ကြည့်ရင်းနဲ့ ဂျန်ဂျမား vibe မျိုးရစေမှာပဲဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်း
*
အရမးကို ချမ်းသာတဲ့မိသားစုတစ်စုက ပြဿနာပေါင်းသောင်းခြောက်ထောင်တတ်ပြီးတော့ မိသားစုပိုင် စက်ရုံလည်း မီးလောင်၊
လုပ်သမျှ အလုပ်တိုင်းကလည်း မဖြစ်၊ စေ့စပ်ခါနီး သမီးဖြစ်သူမှာလည်း ကားအက်စီးဒန့်ကြောင့်နဲ့ အောက်ပိုင်းသေသွားခဲ့ပြီး
သမီးကြီးကလည်း ဘာသာမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးလို အဆက်အသွယ်ဖြတ်ထားရာကနေ
ကလေးနှစ်ယောက်ရပြီးကာမှ လေယာဥ်ပျက်ကျပြီး ဆုံးသွားခဲ့ရပါတယ်။
ဒီလို ပြဿနာတွေ တောက်လျှောက်ဖြစ်နေတဲ့အတွက်ကြောင့် ဘာများဖြစ်တာလဲဆိုပြီးတော့ သူတိုကိုးကွယ်နေတဲ့ ဂုရုကြီးကို ပင့်ပြီး မေးမြန်းတဲ့အခါမှာတော့
သူတိုက ဘုရားရှင်ကို နေ့စဥ်မပြတ် ပူဇော်ကိုးကွယ်နေပေမဲ့ ဘိုးဘေးတွေကိုတော့ ပစ်ထားခဲ့တဲ့အတွက် ဘိုးဘေးတွေကနေ
အမျက်ထွက်ပြီးတော့ အခုလိုဒုက္ခတွေ ကြုံတွေနေရတာဖြစ်ကြောင်း၊ ဒီဒုက္ခတွေကနေ လွတ်မြောက်အောင် ဘိုးဘေးတွေကို
ပြန်ပြီးတော့ ပူဇော်ပေးရမှာဖြစ်ကြောင်း၊ ဘိုးဘေးတွေကို ပူဇော်တဲ့နေရာမှာလည်း သွေးသားတော်စပ်တဲ့ မိသားစုတိုင်းက
ဘိုးဘေးတွေကိုးကွယ်ခဲ့တဲ့ ဘုရားကျောင်းကို သွားပြီးတော့ ၄၈ရက်ကြာအောင် သွားရောက် ပူဇော်ရမယ်ဆိုတဲ့
ဂုရုကြီးရဲ့ပြောကြားချက်ကြောင့်နဲ့ ဒီမိသားစုဟာ ဘိုးဘေးတွေကိုးကွယ်တဲ့ ဘုရားကျောင်းရှိရာမြိုလေးဆီကို လာရဖို ဖြစ်လာတဲ့အခါမှာ
သူတို တစ်မိသားစုလုံး နေထိုင်နိုင်ဖိုအတွက် ဘုရားကျောင်းနဲ့လည်း နီးတဲ့ စံအိမ်ကြီးတစ်ခုကို
ငှားလိုက်ရာကနေ အဲဒီစံအိမ်ကြီးထဲကို သူတိုတွေ ရောက်လိုလာခဲ့ကြတဲ့နောက်ပိုင်းမှာတော့ ……..
စံအိမ်ကြီးထဲမှာ ဘယ်လို ဆန်းကြယ်မှုတွေ ရှိနေမလဲ....
သူတိုမိသားစုနဲ့ စံအိမ်ကြီးကရော ဘယ်လိုဆက်စပ်မှုတွေ ရှိနေမလဲ....
၄၈ရက်ကြာ ပူဇော်ပြီးတဲ့ နောက်မှာရော သူတိုမိသားစုတွေရဲ့ ဆိုးနေတဲ့ကံတွေ
ပြန်ကောင်းလာနိုင်မလား ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ အထိတ်တလန့် ကြည့်ရှုရမယ့်
ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်)
#crd
#storymode