Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လှေကားမပါတဲ့ နာမည်ကျော် ငါးထပ်အဆောက်အအုံ
ငါးထပ်အဆောက်အအုံက လှေကားမပါဘူးဆိုတော့ ဘယ်လိုအပေါ်ကိုတက်မလဲ ၊ မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်မိပါလိမ့်မယ်။
ဒီအဆောက်အအုံရဲ့အမည်ကတော့ Hawa Mahal ဖြစ်ပြီး "လေပြတင်းများရဲ့နန်းတော်" Palace of Winds လို့ လူသိများတဲ့ အဆောက်အအုံဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ Jaipur မြို့မှာတည်ရှိနေပြီး အထပ်ငါးထပ်ရှိကာ အံ့မခန်းဗိသုကာလက်ရာ တခုလည်းဖြစ်ပါတယ်။
ဒီနန်းတော် အဆောက်အအုံကို ၁၇၉၉ ခုနှစ်မှာ Maharaja Sawai Pratap Singh က တည်ဆောက်ခဲ့တာဖြစ်ပြီး ဗိသုကာပညာရှင်ကတော့ lal chand ustad ဖြစ်ပါတယ်။
Lord Krishna ရဲ့ သရဖူပုံစံအတိုင်း ဒီဇိုင်းရေးဆွဲခဲ့တယ်လို့ ဆိုတဲ့ဒီအဆောက်အအုံကို အနီရောင်နဲ့ ပန်းရောင် သဲကျောက်တွေနဲ့ တည်ဆောက်ထားပြီး၊ ရေးချယ်ထွင်းထုထားတဲ့ ပြတင်းပေါက် ၉၅၃ ခုပါရှိကာ၊ အဲဒီပြတင်းပေါက်တွေကနေ အေးမြတဲ့လေတွေ စီးဆင်းနိုင်တာကြောင့် Rajasthan ရဲ့ ပူပြင်းတဲ့နွေရာသီမှာ အပန်းဖြေဖို့ အကောင်းဆုံးနေရာတခုလည်း ဖြစ်ပါတယ်။
ပျားသလက်ပုံစံ တည်ဆောက်ထားတဲ့ ဒီအဆောက်အအုံကို နန်းတွင်းသူ အမျိုးသမီးများအနေနဲ့ (အဲဒီအချိန်က purdah စနစ်အရ)သူတို့ကို အပြင်ကမမြင်နိုင်ဘဲ လမ်းပေါ်က ပွဲလမ်းသဘင်တွေကို ကြည့်ရှုနိုင်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက Hawa Mahal မှာ အပေါ်ထပ်တွေကို တက်ဖို့ ရိုးရိုးလှေကားတွေ မပါဝင်တာဖြစ်ပါတယ်။
လှေကားတွေအစား အထပ်တွေကို ဆက်သွယ်ထားတဲ့ (တဖြည်းဖြည်းမြင့်တက်သွားတဲ့) ဆင်ခြေလျော လျှောက်လမ်းတွေကိုသာ အသုံးပြုထားတာကြောင့် လမ်းလျှောက်သွားလာရ ပိုလွယ်ကူပါတယ်။
ဒီဒီဇိုင်းရွေးချယ်မှုက အဲဒီခေတ်က သေချာစဉ်းစားပြီး စီမံကိန်းချထားတာကို ပြသနေပြီး သွားရလွယ်ကူမှုနဲ့ ခမ်းနားသပ်ရပ်မှု နှစ်ခုလုံးကို ဖော်ဆောင်ထားတာလည်းဖြစ်ပါတယ်။
ဒီနန်းတော်ဟာ Jaipur မြို့ရဲ့ ကြွယ်ဝတဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို သင်္ကေတပြုနေပြီး အိန္ဒိယနိုင်ငံရဲ့ အထင်ကရ အမှတ်အသားတစ်ခုအဖြစ် ကမ္ဘာတဝှမ်းက ခရီးသွားတွေကို ဆွဲဆောင်လျက်ရှိပါတယ်။
ဝန်ကြီးချုပ်မင်းသားလို့သိကြတဲ့တောင်ပိုင်းမင်းသာချော Mahesh Babu နှင့်ဘောလိဝုဒ်စူပါစတား မင်းသားကြီး Irfan Khan တို့အပြိုင်ကြဲသရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးပါ . . .
ဒီနှစ်ပိုင်းအတွက် ဝန်ကြီးချုပ်ဇာတ်ကားနဲ့ ပရိတ်သတ်ရင်ထဲကို ရောက်သွားတဲ့ မင်းသားချော မာဟစ်ရ်ှဘာဘူရဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က မှတ်တိုင်တစ်ခုကို ပြပါဆိုရင် ဒီကားလေးကို ပွဲထုတ်ပြရမှာပါ။
ထူးထူးခြားခြားဆိုသလိုပဲ မြောက်ပိုင်းမင်းသားကြီး Irfan Khan ပါ ပါဝင်အားဖြည့်ထားတယ်ဆိုတော့
ဇာတ်လမ်းရော သရုပ်ဆောင်တွေပါ Perfect ဖြစ်ပြီပေါ့။
ဇာတ်လမ်းက ရမ်ဂါဆိုင်ပက်ဒေသရဲ့.ရေကြီးနေလို့
ရေဘေးဒုက္ခသည်တွေကို ဆစ်ဒါးတို့ သူငယ်ချင်းတစ်စုတို့က ကူညီပေးနေတဲ့ ပြကွက်နဲ့ စတင်ထားပါတယ်...
ဆစ်ဒါးတို့ သူငယ်ချင်းတွေက ကောလိပ်ကျောင်းသားတွေပါ၊ နှလုံးသား လှတဲ့ သူတွေ ပီပီ ပရဟိတလုပ်ငန်းတွေကို လူထုအကျိုးပြု လုပ်ရင်းနဲ့ အလှူရှင်တွေဆီကို လှူဒါန်းတဲ့ ငွေနဲ့ ပစ္စည်းတွေဟာ အမြတ်ထုတ်လိုတဲ့ နိုင်ငံရေးသမားတွေအကြောင်းကို သိလိုက်ရပါတယ်။
မဟုတ်မခံစိတ် အပြည့်ရှိတဲ့ လူငယ်တွေနဲ့ တစ်ဖက်က နိုင်ငံရေးလောကကို ငွေအင်အား လူအင်အားသုံးပြီး
မတရားတဲ့နည်းနဲ့ ဝင်လာတဲ့ ကိုယ်စားလှယ်လောင်း ပါပူးယာဒက်ဗ်တို့ ငြိကြပါတော့တယ်။
သို့ပေမယ့် ပါပူးဟာ နိုင်ငံရေးလောကကို နာမည်ပျက်နဲ့ ဝင်လို့ မရတာကြောင့် သူ့ရဲ့ညာလက်ရုံး မွန်ဒီနန်ဒီကို ဆစ်ဒါးတို့ကို ခြိမ်းခြောက်ဖို့ ခိုင်းလိုက်ပါတယ်။
ဒီလို ညစ်ကျယ်ကျယ်တဲ့ သူတွေ နိုင်ငံရေးလောကထဲကို ရောက်သွားရင် ပြည်သူကို ထိခိုက်လာမယ့် အရေးကို
စဉ်းစားမိတဲ့ ဆစ်ဒါးဟာ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး
သူ့သူငယ်ချင်းအာဂျေးကို ပါပူးနဲ့ အပြိုင်.ဝန်ကြီးအရွေးခံခိုင်းပြီး မဲဆွယ်ပွဲတွေ စလုပ်ပါတော့တယ်။
ပါပူးကလည်း ခေသူမဟုတ်ပါဘူး။သူ့မဲဆွယ်ပွဲမှာ သူ့လူတစ်ယောက်ကို ဗုံး--ဖောက်ခွဲခိုင်းပြီး ပြိုက်ဘက်တွေရဲ့
လက်ချက်ဖြစ်ကြောင်း၊ဆစ်ဒါးနဲ့ သူ့သူငယ်ချင်းတွေကို အကြမ်းဖက်သမား အဖြစ် ကြေငြာပါတော့တယ်။
တစ်ဖက်နဲ့ တစ်ဖက် အားပြိုင်မှုတွေ ပြင်းထန်လာတော့ ပါပူးနဲ့ ကတော်ဖြစ်ချစ်သူလေး ဗားရားလက်ခ်ျမီးတို့ လက်ထပ်ပွဲကို ဆစ်ဒါးတို့ ရောက်လာပြီး ဗားရားလက်ခ်ျမီးကို ပြန်ပေးဆွဲပါတော့တယ်. . .
အဲ့နောက်မှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ရမလဲ
ဆစ်ဒါးတို့တတွေ ဘာတွေဆကိလုပ်ကြမလဲ ???
ဝန်ကြီးကရောဘယ်သူဖြစ်လာမလဲ ???
မာဟစ်ရဲ့ ပရိတ်သတ်တွေအတွက်
အချစ်နဲ့ အက်ရှင် ပေါင်းစပ်ထားတဲ့
ဇာတ်ကားကောင်းလေးမို့ ခံစားကြည့်ရှုမယ်ဆိုရင်..
#crd
#storymode