လွန်ခဲ့တဲ့ (၇) နှစ်က စတင်ခဲ့တဲ့ ကိုယ်ပိုင် Brand လေးကို မကြာခင်မှာ ပြန်လည်အသက်သွင်းတော့မယ်ဆိုတဲ့ ဖွေးဖွေး
ဒီဇိုင်းသစ်လေးတွေ မျှော်နေပြီ 😍
#phwayphway
#celebing
#crd_photo

ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လွန်ခဲ့တဲ့ (၇) နှစ်က စတင်ခဲ့တဲ့ ကိုယ်ပိုင် Brand လေးကို မကြာခင်မှာ ပြန်လည်အသက်သွင်းတော့မယ်ဆိုတဲ့ ဖွေးဖွေး
ဒီဇိုင်းသစ်လေးတွေ မျှော်နေပြီ 😍
#phwayphway
#celebing
#crd_photo
📍ထိုင်းနိုင်ငံ Chiang Mai မြို့က EarthRights School ကနေ Community Leadership & Advocacy Training အတွက် Application ဖွင့်နေပါတယ်
📍2025 May ကနေ November 2025 ထိ ၇လတာ သင်ကြားခွင့်ရမှာပါ
📍Myanmar, Cambodia, Thailand, Laos နဲ့ Vietnam ကနေ စုစုပေါင်း ၁၆ယောက်လက်ခံမှာဖြစ်ပါတယ်
📍Fully Funded ပါ
📍အဓိက ဒီProgram ကတော့ မဲခေါင်ဒေသက Community Rights အတွက်လှုပ်ရှားနေတဲ့ Community Activists, Trainers, Campaigners, Organizers တွေနဲ့ Junior Lawyers တွေအတွက် ရည်ရွယ်ထားတာပါ
📍ဒီသင်တန်းတက်ရင်းနဲ့ Human Rights နဲ့ Environment ကို protect လုပ်သွားမယ့်အပိုင်းမှာ လိုအပ်တဲ့ skills တွေကိုသင်ယူခွင့်ရမှာပါ
📍Deadline- January 15, 2025
📍Application Form: https://forms.office.com/pages..../responsepage.aspx..
#crd
📍ထိုင်းနိုင်ငံ Chiang Mai မြို့က EarthRights School ကနေ Community Leadership & Advocacy Training အတွက် Application ဖွင့်နေပါတယ်
📍2025 May ကနေ November 2025 ထိ ၇လတာ သင်ကြားခွင့်ရမှာပါ
📍Myanmar, Cambodia, Thailand, Laos နဲ့ Vietnam ကနေ စုစုပေါင်း ၁၆ယောက်လက်ခံမှာဖြစ်ပါတယ်
📍Fully Funded ပါ
📍အဓိက ဒီProgram ကတော့ မဲခေါင်ဒေသက Community Rights အတွက်လှုပ်ရှားနေတဲ့ Community Activists, Trainers, Campaigners, Organizers တွေနဲ့ Junior Lawyers တွေအတွက် ရည်ရွယ်ထားတာပါ
📍ဒီသင်တန်းတက်ရင်းနဲ့ Human Rights နဲ့ Environment ကို protect လုပ်သွားမယ့်အပိုင်းမှာ လိုအပ်တဲ့ skills တွေကိုသင်ယူခွင့်ရမှာပါ
📍Deadline- January 15, 2025
📍Application Form: https://forms.office.com/pages..../responsepage.aspx..
#crd
Part-4
ကဗျာဆရာ မောင်သိင်္ဂါ
မလင်းပြာ
ငါ မလွမ်းချင်ဘူး
မလင်းပြာ ငါမငိုချင်ဘူး
မလင်းပြာ
ကလောင်စုံ
ငါမပျော့ချင်ဘူးကွယ်။
မလင်းပြာ
ငါ ခုပဲ စစ်ထွက်ရတော့မယ်။
အဲဒါ မောင်သိင်္ဂါရဲ့ အချစ်ကဗျာ၊ စစ်ကဗျာပါပဲ ခင်ဗျား။ ရေးတဲ့ခုနှစ်က ၂၁.၁၂.၁၉၆၅ ပါ။ ကျွန်တော်တို့ တစ်တွေ ဆိုဗီယက်ကဗျာဆရာ မာယာ ကော့ဖ်စကီးကို အငမ်းမရဖြစ်နေစဉ်က ရေးစပ်ခဲ့တာဆိုတော့ မာယာကော့ဖ်စကီး ရဲ့ကဗျာ (မာရီယာ)ရဲ့ သြဇာသက်ရောက်နေဟန်ရှိတာကို သတိပြုမိပါတယ်။
၁၉၆၅ လောက်က ဖြစ်မယ်ထင်ပါတယ်။
မောင်စွမ်းရည်
၂ဝ၁၈၊ ဩဂုတ် ၁
~~~ အမှတ်တရ ~~~ { ၈ }
ဂျူး
“ကျွန်မအဖြစ်ကို မြင်လှည့်စမ်းပါဦး မောင်ရယ်”ဟု စိတ်ထဲမှ ပြင်းပြင်းပြပြတမ်းတလိုက်မိခဲ့သည်။
ကုသရန်ခက်ခဲသော ရောဂါသည်တစ်ဦးကို တွေ့တိုင်း အပြန်ပြန်အလှန်လှန် စမ်းသပ်ချင့်ချိန်ရင်း တိုင်ပင်အားကိုးရမည့် တစ်စုံတစ်ယောက်ကို အမြဲ တမ်းတမိပြီး ထိုတစ်ယောက်မှာလည်း မောင်သာ ဖြစ်ပါသည်။ မောင်ဆိုလျှင်တော့ ဒီရောဂါကို ဘယ်လိုနာမည် တပ်မှာပါလိမ့် ၊ ဘာဆေးနှင့် ကုသမှာပါလိမ့် ၊ မောင့်ထင်မြင်ချက် ၊ ဆုံးဖြတ်ချက် ၊ တိုက်တွန်းချက်တို့ကို လိုအပ်သော အချိန်ပေါင်းများစွာ ရှိခဲ့ဖူးသည်။ ကျွန်မ တစ်ယောက်တည်း ခက်ခဲစွာ ကျော်ဖြတ်ခဲ့ရသည်ချည်းပင် ဖြစ်သည်။
ကျွန်မ နေမကောင်းသည့် အချိန်များတွင်တော့ မောင့်ကို ဘယ်လို တမ်းတမှန်းမသိ ၊ ဆွတ်ပျံ့နာကျင်စွာ အားကိုးတကြီး တမ်းတမြဲ ဖြစ်သည်။ ကျွန်မအား ပြုစုယုယမည့်သူ တစ်ဦးတစ်လေမျှ မရှိသောအခါ မောင်၏ အားပေး နှစ်သိမ့်ပြုံးကို တရေးရေး မြင်ယောင်လျှက် ပင့်သက် များစွာ ရှိုက်ဖြစ်ခဲ့ရ၏။ ကျွန်မလက်ကို ယုယစွာ ကိုင်လျက် သွေးခုန်နှုန်း စမ်းသောအခါ ၊ ကျွန်မ နဖူးပေါ် လက်ဖမိုးတင်လျက် ကိုယ်ပူချိန် စမ်းသပ်သောအခါ ကျွန်မကို ဆေးထိုးပေးသောအခါ ဆေးပြားများကို ကျွန်မ ပါးစပ်ထဲထိ တယုတယ ခွံ့တိုက်သောအခါ မောင်သည် ကျွန်မ၏ အားကိုးရာ ၊ တွယ်တာရာ သာဖြစ်ခဲ့သည်။
အခုတော့ .. ကျွန်မ အနီးတွင် မောင်လည်း မရှိပါလား ။
----------
“စုစုထွေး”
ကျွန်မအနီးမှာ တစ်စုံတစ်ယောက်လာရပ်သည်။ ဖျတ်ခနဲ မော့ကြည့်လိုက်သောအခါ နှလုံးက လည်ပင်းဆီသို့ ဒိတ်ကနဲ့ ဆောင့်တတ်လာသည်။ မည်သို့မျှ မထိန်းလိုက်နိုင်မီ ကျွန်မ မတ်တပ်ရပ်မိပြီး ဖြစ်သွား၏။
“ဘုရားရေ ၊ ဟင့်အင်း မဖြစ်နိုင်ပါဘူး”
သို့သော် ကျွန်မ ရှေ့ကလူသည် ကျွန်မ အလွန်အမင်း ချစ်ခင်မြတ်နိုးခဲ့သော လူသာ ဖြစ်သည်။ တုန်လှုပ်မှုကို ဟန်ဆောင်ပြင်ထိန်းဖို့ စက္ကန့်ပေါင်းများစွာ ကြိုးစားယူရပါသည်။ ဒါတောင်မှ တဒိတ်ဒိတ် ခုန်နေသော ရင်ခုန်သံကို သူ ကြားသွားလေမလား။
“အ၀င်ပေါက်ကနေ လှမ်းကြည့်နေတာကြာပြီ ဟုတ်မှဟုတ်ပါ့မလားလို့ ၊ အရင် နဲ့ နည်းနည်း မှ မတူတော့သလိုပဲ”
မတ်တပ်ရပ်နေသောအခါ မောင့်ကိုယ်ခန္ဓာသည် တကယ့် ယောကျာ်းကြီး တစ်ယောက်ဟန် အတိုင်းဖြစ်သည်။ အို .. ကြည့်စမ်းပါဦး တည်ငြိမ်လှချည်လား မောင်ရယ် ။ ကျွန်မကိုရက်ရက်စက်စက်ထားခဲ့သော မောင့်ကို ကျွန်မက လက်ခံစကားပြောဖို့ စိတ်ကူးလေသလား။ကျွန်မထွက်သွားသင့်သည်။
#ဆက်ရန်ရှိ
ဆိတ်သား မချက်တတ်သူမျအတွက် ယူထားသင့်ပါတယ်
ဆိတ်သားနှပ်(နှပ်နည်)
တစ်ခါတစ်လေ အရသာရှိရှိ ဆိတ်သားဟင်း နူနူအိအိလေးနှပ်စားရအောင်လို့ပါရှင့်
ဆိတ်သား(မိုးခိုသား)........၂၅ကျပ်သား
ကြက်သွန်နီ...................၃လုံး
ချင်း............................၁တက်
ကြက်သွန်ဖြူ..................၃တက်
ကရဝေးရွက်..................၃ရွက်
ဒိန်ချဉ်..........................၂ဇွန်း
ဆိတ်သားမဆလာ............၁ဇွန်း
ဆိတ်သားကို၁လက်မအရွယ်အတုံးလေးများတုံးပြီး
ရေဆေးပါ။ နောက်ဆုံးအကြိမ်ဆေးချိန်မှာဗီနီဂါ
အရည်လေးအနည်းငယ်ထည့်ပြီးဆေးပေးပါ။
ရေစင်အောင်ရေစစ်ထားပေးပါ။
ချင်း၊ကြက်သွန်ဖြူ ကိုညှက်နေအောင်ထောင်းပါ။
ကြက်သွန်နီကိုပါးပါးလှီးထားပါ။
ရေစစ်ထားတဲ့ဆိတ်သားထဲသို့ ရောထောင်းထား
သောချင်းအရည်၊ဒိန်ချဉ်၊ မဆလာ၊ နနွင်းမှုန့်၊ငရုတ်စိမ်းမှုန့်၊ဆား၊ဟင်းခတ်မှုန့်တို့ထည့်ပြီးရောနယ်ကာ အနည်းဆုံးနာရီဝက်ခန့်နှပ်ထားပေးပါ။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးကရေဝေးရွက်တွေထည့်ပြီးဆီသတ်ပါ။
အနည်းငယ်မွှေးလာလျှင်ကြက်သွန်နီတွေထည့်ပြီးဆီသတ်ပါ။
ရွှေရောင်သန်းစပြုလာတာနဲ့ဆိတ်သားနှပ်မယ့်အိုးထဲသို့အားလုံးလောင်းထည့်ပါ။
မီးရှိန်အေးအေးမှာရေခမ်း၊ ဆီပြန်သည်အထိနှပ်ပါ။
မိုးခိုသားဟာနှုးညံ့တဲ့အတွက်နောက်တစ်ရည်ခမ်းပြီးဆီပြန်လာပြီဆိုရင်အသားတွေနှုးအိနေပါပြီ။
မှတ်ချက်။ ဆိတ်သားမိုးခိုသားဆိုတာဆိတ်ရဲ့လက်၊
ပေါင်တို့နဲ့ဆက်စပ်နေတဲ့မိုးရေမဆိုနိူင်တဲ့နေရာအစိတ်အပိုင်းလေးကိုဆိုလိုခြင်းဖြစ်ပါတယ်။
credit..ဟင်းချက်နည်းမျာ
ဆိတ်သား အားလူး
~~~~~~~~~
ဆိတ်ပေါင်သား ၂၅သား
အားလူး ၃လုံး
ပျဉ်တော်သိမ် ၂ခက်
ကြက်သွန်နီ ၃လုံး
ကြက်သွန်ဖြူ ၅မွှာ
ဂျင်း လက်တဆစ်
ဆား အနည်းငယ်
သကြား ။
မဆလာ ။
ငရုတ်ပုထောင်း ။
နနွင်း ။
ငံပြာရည် ။
ဒိန်ချဉ် ၁ဇွန်း
-ဆိတ်သားကို ရေဆေးရေစစ်ပြီး ဆား သကြား နနွင်း မဆ
လာ ဒိန်ချဉ် တို့နှင့်ရောနယ်ပြီး ၃နာရီခန့်နှပ်ထားပါ။(ကျွန်မက
မနက်ချက်ရန် ညထဲကနှပ်ပြီးရေခဲသေတ္တာထဲထည့်ထားပါတ
ယ်)အားလူးကို ဆားနယ်ပြီးအပေါ်ရဲရုံလေးကြော်ပြီးဆီစစ်ထာ
ပါ။
-ဆီ ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း တို့ကို ငရုတ်ပုထောင်းနှင့်
ဆီသတ်ကာမွှေးလာလျှင် ပျဉ်တော်သိမ်ထည့်မွှေ၍ဆိတ်သား
ထည့်၍ ရေခန်းသည်အထိ လုံးပါ။ရေခန်း ဆီပြန်လျှင် ငံပြာ
ရည်ထည့်၍ ရေထပ်ထည့်ကာ နူးသည်အထိတည်ပါ။နူးလျှင် အားလူးရော၍ ရေနွေးအနည်းငယ် ထည့်၍ ဆီပြန်သည်အထိ တည်၍ ပျဉ်တော်သိမ်ထည့်မွှေကာ ရပါပြီရှင်။
ဒိန်ချဉ်အစား သံပုရာသီးထည့်နိုင်ပါသည်၊ဆား သကြားအစား
အချိုမှုန့်/ကြက်သားမှုန့် ကြိုက်နှစ်ရာ သုံးနိုင်ပါသည်။
ချက်ကြည့်ကြစို့
#crd_to_owner_with_respect