ဒူးအရွတ်ဒဏ်ရာကြောင့် လီဆန်ဒရိုမာတီနက်ဇ် ၈ လကြာအနားယူရဖွယ်ရှိ

ဖေဖော်ဝါရီလ ၅

ယူနိုက်တက်အသင်းရဲ့အဓိကနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးအရွတ်စုတ်ပြဲ(ACL)ဒဏ်ရာကြောင့် ၈ လကြာ အနားယူရဖွယ်ရှိနေပါတယ်။

အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ပဲလေ့စ်အသင်းနဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ဒဏ်ရာရရှိခဲ့ပြီး နောက် ငိုကြွေးကာ ထမ်းစင်နဲ့ကွင်းထဲကနေ ထွက်ခွာခဲ့ရတာပါ။

TyC Sports လီဆန်ဒရိုမာတီနက်ဇ်ဟာ ဒူး အရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး ခွဲစိတ်မှုခံယူရမှာဖြစ်တဲ့အတွက် ၈ လကြာ အနားယူရမယ်လို့ ဖော်ပြထားပါတယ်။

လီဆန်ဒရိုမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီတွေကလည်း ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့် အသင်းရဲ့ပွဲအများအပြားကို လွဲချော်ခဲ့ဖူးတာပါ။

လီဆန်ဒရိုမာတီနက်ဇ်ဟာ သူ့ရဲ့ယူနိုက်တက်အသင်းကစားသမားဘ၀ ပွဲဦးထွက်ရာသီမှာ ဒဏ်ရာကြောင့် နောက်ဆုံး ၉ ပတ်ခန့်လွဲချော်ခဲ့ပြီး မနှစ်ကရာသီမှာလည်း ဒဏ်ရာတွေကြောင့် ပြိုင်ပွဲစုံ ၁၄ ပွဲသာ ပါဝင်ကစား နိုင်ခဲ့ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲကစားထားပြီး အားထားနေရတဲ့ လီဆန် ဒရိုမာတီနက်ဇ်ကို ဆုံးရှုံးရမှာက ရလဒ်ဆိုးနေတဲ့ အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပဲလေ့စ်အသင်းကို အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာရပ်တည်နေကာ တန်းဆင်းဇုန်နေရာနဲ့ ၁၂ မှတ်ကွာဟနေပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် မှာ FA ဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဂန္ထဝင်တိုက်စစ်မှူး နစ္စတယ်ရွိုင်းကိုင်တွယ်နေတဲ့ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal

#ဘောလုံးသတင်းစုံ

image

မြန်မာနိုင်ငံအတွင်း ကျားဖြန့်ဒုစရိုက်ဂိုဏ်းများက ရယူသုံးစွဲနေသော နေရာများအား ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်ဓါတ်အားပေးပို့နေမှု ၅၀ ရာခိုင်နှုန်းဖြတ်တောက်မည်

ဖေဖော်ဝါရီ ၅

ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဒုစရိုက်ဂိုဏ်းတွေက သူတို့ရဲ့ ဥပဒေနဲ့မညီတဲ့ လုပ်ငန်းတွေအတွက် ရယူသုံးစွဲနေတယ်လို့သံသယရှိရတဲ့ မြန်မာနိုင်ငံရဲ့နယ်မြေတွေကို လျှပ်စစ်ဓာတ်အားထောက်ပံ့ပေးပို့နေမှုကို ၅၀ ရာခိုင်နှုန်း ဖြတ်တောက်သွားမှာဖြစ်တယ်လို့ ထိုင်းအစိုးရ ကာကွယ်ရေးဝန်ကြီး ဖွမ်သမ်ဝီချာရာချိုင်းက ဖေဖော်ဝါရီလ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

မစ္စတာ ဖွမ်သမ်က ဖေဖော်ဝါရီလ ၃ ရက်က ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဒေသဆိုင်ရာဓာတ်အားပေးရေး အာဏာပိုင်အဖွဲ့တို့က တာဝန်ရှိသူတွေနဲ့ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေး ပြုလုပ်အပြီးမှာ အခုလို ကတိပြုလိုက်တာလည်း ဖြစ်ပါတယ်။ အစည်းအဝေးမှာ ဥပဒေနဲ့မညီဆောင်ရွက်မှုတွေနဲ့ ဆက်စပ်နေတဲ့ ဘယ်နယ်မြေတွေကို ဓာတ်အားပေးပို့နေမှု ဖြတ်တောက်မလဲဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။

ဒုတိယဝန်ကြီးချုပ်တစ်ဦးလည်းဖြစ်တဲ့မစ္စတာ ဖွမ်သမ်က နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဒီဆုံးဖြတ်ချက်ကို မြန်မာဘက်ကို အကြာင်းကြားသွားမယ်လို့လည်း သိရပါတယ်။ ခုလို လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုက ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ် မဲဆောက်ခရိုင်ရဲ့ တစ်ဖက်ကမ်းဖြစ်တဲ့ မြန်မာနိုင်ငံ၊ ရွှေကုက္ကိုရွာတို့လို နယ်စပ်မျဉ်းပေါ်ရှိ မြန်မာနိုင်ငံရဲ့ မြို့ရွာတချို့ကို သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ အဲဒီနေရာတွေကလည်း အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဒုစရိုက်ဂိုဏ်းတွေရဲ့ စခန်းတွေအဖြစ် သိထား‌ကြတာပါ။ ဖွမ်သမ်က ဒီလို လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းဖြတ်တောက်ဖို့ အမိန့်ထုတ်ခဲ့အပြီးမှာ ထိုင်း- မြန်မာနယ်စပ် တစ်လျှောက်အခြေအနေကိုစစ်ဆေးဖို့ ဇန်နဝါရီလ ၃၀ ရက်က မဲဆောက်ခရိုင်ကို သွားခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

သူက ဒေသဆိုင်ရာဓာတ်အားပေးရေး အာဏာပိုင်အဖွဲ့ (PEA) အနေနဲ့ တကယ်လို့ ထောက်ပံ့လျှပ်စစ်ဓာတ်အားကို ဒုစရိုက်ဂိုဏ်းတွေက အသုံးချနေတယ်လို့ သံသယရှိရရင် အစိုးရအဖွဲ့ အတည်ပြုချက်မရယူဘဲ ဓာတ်အားထောက်ပံ့မှုကို PEA အနေနဲ့ ဖြတ်တောက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်ခရိုင် တစ်ဖက်ကမ်း တာချီလိတ်မြို့နဲ့ တက်ခ်ပြည်နယ် မဲဆောက်ခရိုင်ရဲ့ တစ်ဖက်ကမ်း မြဝတီမြို့နဲ့ ကန်ချနာဘူရီပြည်နယ်နဲ့ ကပ်ရက် ဘုရားသုံးဆူမြို့တို့မှာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုလှုပ်ရှားမှုတွေရှိတဲ့ အထောက် အထားတွေ တွေ့ရတယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။

ဒါ့ပြင် ချတ်ချိုင်းက ကျားဖြန့် ဒုစရိုက်ဂိုဏ်းတွေဟာ နှစ်နိုင်ငံနယ်စပ်မှာ ရှိနေကြတဲ့ ကာစီနိုလောင်းကစားရုံတွေနဲ့လည်း ဆက်စပ်မှုရှိဟန်ပေါ်တယ်လို့ ပြောခဲ့ပါတယ်။

PEA ဒုတိယအုပ်ချုပ်ရေးမှူး ပရာဆစ် ဂျွန်ပရာဆစ်ကလည်း PEA လျှပ်စစ်ဓာတ်အားထောက်ပံ့မှုဖြတ်တောက်ခြင်းမပြုခင် လျှပ်စစ်ဓာတ်အားကို ဒုစရိုက်ဂိုဏ်းတွေကပါ ရယူသုံးစွဲနေတယ်ဆိုတာ ယုံကြည်ရဖို့ နယ်မြေတွေအတွင်း သဘောထားလေ့လာချက်တွေ ကောက်ယူသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

Ref- Bangkok Post

#centralnewsnaypyitaw

image

YBS -၂၂ နဲ့ ဖယ်ရီကြိုပို့ယာဥ် တိုက်မိရာက မဆိုင်တဲ့ လမ်းဘေးထိုင်နေသူ သေဆုံးခဲ့ရရှာ

ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးနဲ့ ရိုးလေးကျေးရွာကြားမှာ YBS- ၂၂ ယာဉ်နဲ့ ဖယ်ရီပို့တဲ့ ဝန်ထမ်းကြိုပို့ယာဉ် မျက်နှာချင်းဆိုင်တိုက်မိရာက လမ်းဘေးမှာထိုင်နေတဲ့ လူငယ်အမျိုးသားတစ်ဦးက YBS- ၂၂ ယာဥ်က ထပ်ဆင့်တိုက်မိလို့ သေဆုံးခဲ့ရတဲ့ဖြစ်စဥ် ဒီမနက်မှာ ဖြစ်ပွားခဲ့တယ်လို့ ကူညီပေးတဲ့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ ဖေဖော်ဝါရီလ ၄ ရက် မနက်အစောပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး နံနက် ၈ နာရီ ၃၅ မိန်အချိန်ခန့်ကြမှ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဖြစ်စဉ်နေရာကို Family Driving Rescue အသင်းနဲ့ မနောဖြူစင်အသင်းတို့ သွားရောက်ကူညီပြီး သေဆုံးတဲ့ ရုပ်အလောင်းကို လှိုင်သာယာဆေးရုံဆီ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

“ဖယ်ရီကားကို YBS ယာဥ်က ဖြတ်တိုက်ပြီး လမ်းဘေးထိုင်နေတဲ့သူကို ထပ်တိုက်မိတာ။ အတိုက်ခံရတဲ့လူငယ်က အသက် အစိတ်၊ ၃၀ ကြားလောက်ပဲရှိဦးမယ်။ နေရာတင်ပွဲချင်းပြီးသေသွားတာ”လို့ ကူညီပေးရာမှာပါဝင်တဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ကနဦးသိရသမျှ ရှင်းပြပါတယ်။

ကြိုပို့ယာဥ်နဲ့ YBS – ၂၂ ယာဥ်တို့ တိုက်မိမှုဖြစ်ပွားရာမှာ လမ်းဘေးထိုင်နေသူ လူငယ်က ဒဏ်ရာမပေါ်ဘဲ သေဆုံးခဲ့ရပေမဲ့ ယာဥ်ပေါ်ပါ လူအားလုံးက ဘေးကင်းခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့လည်း သိရပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
39 w - Translate

မိန်းမပျက်
---------------
အရမ်းကြမ်းတဲ့ကားကြည့်ချင်သူတွေအတွက်
လွတ်လပ်မှုကိုလိုချင်နေတဲ့မိန်းကလေးတစ်ယောက်ဟာ
လွတ်လပ်မှုအတွက်နဲ့ နာမည်အပျက်ခံခဲ့ပါတယ် နောက်ပိုင်းမှာတော့ မိမိချစ်သူကိုဆုံးရှုးခဲ့ရတာကြောင့် နုနယ်တဲ့မိန်းကလေးတစ်ယောက်က ကြမ်းတမ်းပြီးအန္တရာယ်ရှိတဲ့မိန်းကလေးတစ်ယောက်အသွင်ကိုယူခဲ့ပါတော့တယ် သူမရဲ့အချစ်ကြီးမှုနဲ့လွတ်လပ်မှုကိုလိုချင်တာကြောင့် သူမကို ဒုက္ခပေးခဲ့တဲ့ရန်သူတွေကို ကလဲ့စားပြန်ချေတဲ့အခါမှာ ဘယ်လိုအရာတွေကြုံတွေ့ရမလဲဆိုတာ  ရှုစားနိုင်ပါပြီ

Thriller နဲ့ Romance အမျိုးအစားဖြစ်လို
18 နှစ်နှင့်အထက်လူကြီးများသာကြည့်ရှုရန်ပိုသင့်တော်ပါသည်

(Admin ရဲ့ မေတ္တာရှင်မြွေဖြူမလေး ထဲက အစ်ချားနဲ့ မြွေပျိုမယ်ရဲ့ချစ်သစ္စာထဲက ဂျေး တိုပါဝင်သရုပ်ဆောင်ထားပါသည်)

#crd
#storymode

image
39 w - Translate

Aries ♈️, Scorpio ♏️, Capricorn ♑️, Taurus ♉️, Leo ♌️, Sagittarius ♐️, Aquarius ♒️

ကို့ဘာသာနေလဲပြသနာအရှာခံရတဲ့အုပ်စု။ဟိုလူကလာရှာလိုက်ဒီလူကလာရှာ လိုက် ဘာတွေလဲဆိုပြသနာတွေ။ပြသနာကို ကိုယ်က မီးခွက်ထွန်းမရှာပဲ ပြသနာက မီးခွက်ကိုင်ပြီး ကို့ဆီလာရှာတာဗျား။

ဘယ်နေနေကိုမလွတ်တဲ့ zodiac တွေ ဖြစ်ပါတယ်။သို့ပေမဲ့ပြသနာရှာအတိုက်ခိုက်ခံရလေ အောင်မြင်လေ ဖြစ်ကြတဲ့ဇာတာရှင် တွေပါ။လုပ်သမျှတိုင်းခက်ခဲပေမဲ့လဲ ပိုပြီး သူများထက်အသာစီးရတတ်တယ်။အာ့တော့နင်တို့တိုက်ခိုက်လဲ we are not fu* ing care🤌

#lunatarot

image

မပျော်တော့ဘူး 😑

#funny

image

Part-6
*မောင်သာနိုး(သို့မဟုတ်) ကျောက်ဆောက်က ကျောက်ဆောင်
*သာခါနဂရက= မြို့ကြီးရဲ့ အခက်အလက်နဲ့ တူတဲ့ မြို့လေး”ဆိုပြီး သုံးမျိုး ရှိတယ်။ အဲဒီထဲက ‘ဥဇ္ဇင်္ဂလနဂရက’ကို ‘ဥ’အက္ခရာဖြုတ်ပြီး ‘ဇင်္ဂလနဂရက= ဇင်္ဂလယ်'လို့ သုံးလိုက်တာ၊ မြေပြင်မညီမညွတ်တဲ့ အပူပိုင်းမြို့ ခေါင်ခေါင်လေးလို ဆိုလိုက်တာပေါ့”ဆိုတော့ ဆရာနိုးက-
“အဲဒါပြောတာပဲဗျ၊ အင်္ဂလိပ်စာရယ်လို့မဟုတ်ဘူး၊ အစဉ်အလာကြီးမားတဲ့ ဘာသာစကားတစ်ခုခုကို တတ်အောင်လည်းသင်၊ ဖတ်လည်းဖတ်၊ မှတ်လည်း မှတ်မှ ပြဿနာတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားနိုင်တယ်ဆိုတာ”လို့ မှတ်ချက် ချပြီး ထောက်ခံပါတယ်။ သိတဲ့အတိုင်း မျက်နှာကတော့ ကျောက်ဆောင်လို မာမာတင်းတင်းပေါ့။ (နောက်တော့ အဲဒီ ‘ဂျင်ဂလယ်’ဆိုတဲ့ ပြင်ဆင်ချက်ကို ဖြုတ်လိုက်တယ်တဲ့)
အဲဒီနေ့က ပခုက္ကူဇာတိသား ပင်စင်စားဆရာကြီးတစ်ဦးလည်း ပါတယ်။ ဆရာကြီးက-
“ဦးဇင်းကတော့ “ဘုန်းကြီးလူထွက်ဇာတ်အုပ်ပဲ”လို့ မှတ်ချက်ပြုပါတယ်။ “ဘယ်လိုတုံးဒကာကြီးရ၊ လင်းပါဦး”ဆိုတော့-

#ဆက်ရန်ရှိ

39 w - Translate

ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းပုံစံ ဆရာမ The Teacher 2 ရုပ်ရှင်ဇာတ်ကားကြီး Premiere Show အခမ်းအနားကျင်းပ

ဖေဖော်ဝါရီ ၅

ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းပုံစံ “ဆရာမ The Teacher 2” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“မြယာက ပထမရိုက်ခဲ့တဲ့ The Teacher 1 ထက် 2 က ပိုကြောက်ဖို့ကောင်းတယ်။ အထက ၆ မင်းခေါင် ကျောင်းမှာ ဖြစ်နေကြတဲ့ ပြဿနာရဲ့ အဖြေကို သူတို့ ဘယ်လို ဆက်ပြီးရှာကြမလဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကိုယ်တိုင်ကလည်း စပ်စုတဲ့ ဆရာမတစ်ယောက်အနေနဲ့ မြင်ရမှာပါ။ ဒီဇာတ်ကားကို သရဲကားဆိုတာထက် စုံထောက်ကားတစ်ကားလို့ ကြည့်ရှုရမယ့်လို့ ပြောလို့ရပါတယ်”လို့ သရုပ်ဆောင်မြယာက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ၊ ဇာတ်ညွှန်း ဒါရိုက်တာ ညိုမင်းလွင်က သရုပ်ဆောင်တွေဖြစ်တဲ့ မြယာ၊ မြတ်၊ ဝင်းလဲ့ရွှေရည်၊ လင်းထည်ဝါ၊ သန်းဓနစိုး၊ ဂျွန်နိုင်းအောင်၊ ပိုင်သစ်၊ မိုးယံ၊ နှင်းဝတ်ရည် ၊ အိမ်ဂျူရီမွန်၊ မှုနံ့သာ စတဲ့ သူတွေနဲ့ ရိုက်ကူး ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

အဖြူအစိမ်းဝတ် “ဆရာမ The Teacher 2″ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။

#celecele

imageimage
+7

ဖေဖော်ဝါရီ ၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဖေဖော်ဝါရီ ၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image