ကောင်းမှူတစ်ခု နေ့စဥ်ပြုလော့
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
#မူရင်ပို့အားcrd..​ဖြစ် ပြန်လည်မျှဝေကုသိုလ်ပြုသည်

image
1 y - Translate

ဘယ်မှာလဲ = Where?
ဟိုးမှာ = Over there
တွေ့လား = You see?
မတွေ့ဘူး = I don't see.
ဘယ်မှာထားလဲ = Where do you keep it?
သွားရှာကြည့် = Go to find it.
ရှာမတွေ့ဘူး = I can not find.
ဘာမှ မတွေ့ဘူး = I don't see anything.
ငါလိုက်ရှာတာ နေရာအနှံ့ပဲ = I looked for it everywhere
ဘယ်မှာထားမိလဲ မသိတော့ဘူး = I don't know where I kept it.
ငါဒီမှာပဲ ချထားတယ် = I put it right here
ပျောက်သွားတာလား = Is it lost?
ဘယ်မှာတွေ့မိလဲ = Where did you see it?

#englisheverywhere
#crd

ဟာကွာ.....ဆိုးနေပြီ
.....
😩

#funny

image
1 y - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းတွင် စီမံချက်ဖြင့် စစ်ဆေးမှုများပြုလုပ်ရာ မြန်မာရွှေ့ပြောင်းလုပ်သား ခြောက်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း တရားမဝင်လုပ်သားပပျောက်ရေးစီမံချက်ဖြင့် မတ် ၁၅ ရက်က ထိုင်းအလုပ်သမားဝန်ကြီးကိုယ်တိုင် လိုက်လံစစ်ဆေးစဉ် မြန်မာရွှေ့ပြောင်းလုပ်သားခြောက်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရသိရသည်။

ထိုင်းအလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn ဦးဆောင်သည့် ပူးပေါင်းအဖွဲ့သည်တရားမဝင် အလုပ်သမားပပျောက်ရေးစီမံချက်ဖြင့် ထိုင်းနိုင်ငံဆူရတ်ဌာနီခရိုင် ကော့စမွီမြို့နယ်ရှိ လုပ်ငန်းခွင် ၁၅ နေရာအား ရှောင်တခင်စစ်ဆေးစဉ် ယင်းသို့ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းခွင် ၁၅ နေရာတွင် ပြည်ပရွှေ့ပြောင်းလုပ်သား ၂၅၁ ဦး အလုပ်လုပ်ကိုင်နေပြီး ခွင့်ပြုမထားသည့်လုပ်ငန်းအမျိုးအစားအား လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ခြောက်ဦး၊ အလုပ်လုပ်ကိုင်ခွင့် (Work Permit)မရှိသည့် ရုရှားနိုင်ငံသားနှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

image

မဟုတ်သေးဘူးလေကွာ ....😨

#funny

image

နေတွေပြင်းပြီး အစားသောက်ခံတွင်းသိပ်မတွေ့လို့
စားကောင်းနိုးနိုးနဲ့ အိမ်မှာ ဒီလိုလေးချက်စားဖြစ်ပါတယ်

ဆိတ်သားခြောက်ကို မချက်ခင်ညကတည်းက ရေစိမ်ထားပါတယ်

မနက်ရောက်တော့ ဆိတ်သားခြောက်ကို ရေနွေးဆူဆူထဲ ၃ မိနစ်လောက်ထည့်ပြုတ်ပြီး ပြန်ဆယ် အအေးခံ အတုံးလှီးထားပါတယ်

ကြက်သွန်နီဖြူဂျင်းငရုတ်ပုခြောက်ဆနွင်းအကုန်ရောထောင်းပါတယ်

ငရုတ်စပ်စပ်လေးစားချင်လို့ ပီနံသီးအနည်းငယ်ကို
ညက်နေအောင်ကြိတ်ထားပါတယ်

ဆီဆူရင်ထည့် ထောင်းထားတာ ဆီသတ်
ခရမ်းချဥ်သီးတစ်လုံးလောက်ပါးပါးလှီးထည့်မွှေပါတယ်
ပီနံသီးကြိတ်ထားတာထည့်ပါတယ်
အနှစ်လေးနဲ့နယ်စားချင်လို့ အနှစ်ကျရုံအတွက်ဘဲဆိုတော့ ခရမ်းချဥ်သီးအများကြီးမထည့်ပါဘူးနော်

ပျော့အိပြီဆို ဆိတ်သားခြောက်တုံး သကြားနည်းနည်း ဆားနည်းနည်းထည့်ပြီး ရေထည့်ကာ အနှစ်ထွက် အခမ်းချက်ပါတယ်ရှင်

နောက်ဆုံး ပျဥ်းတော်သိမ်းရွက်လေးထည့်လိုက်ပါ ရပါပြီ

ဆိတ်သားကြိုက်သူမို့ စားရတာခံတွင်းတွေ့ပြီး ကိုယ့်အတွက်တော့ တကယ်စားမြိန်စေတဲ့ဟင်းတစ်ခွက်ဖြစ်ခဲ့ပါတယ် 😌

Credit Thiri

image
Khine Su Zin shared a post  
1 y

1 y

အများကြီးချစ်တယ်နော် နောက်မရစ်တော့ဘူး စိတ်တိုတိုင်းလဲ မအော်တော့ဘူး ရည်းစားဟောင်းနဲ့လဲ မပေးစားတော့ဘူး စိတ်မကြည်လဲမအော်တော့ဘူး လက်လဲမပါဘူးတကယ်ကတိ ကတိပေးတယ်🥲
#lunatarot
#crd

image
1 y - Translate

အများကြီးချစ်တယ်နော် နောက်မရစ်တော့ဘူး စိတ်တိုတိုင်းလဲ မအော်တော့ဘူး ရည်းစားဟောင်းနဲ့လဲ မပေးစားတော့ဘူး စိတ်မကြည်လဲမအော်တော့ဘူး လက်လဲမပါဘူးတကယ်ကတိ ကတိပေးတယ်🥲
#lunatarot
#crd

image
1 y - Translate

*ဟုတ်ကဲ့၊ မဟုတ်ဘူးဖြေမည့် မေးခွန်းများကိုရှောင်ရှားပါ

ဟုတ်ကဲ့၊ မဟုတ်ဘူး အဖြေထွက်မည့် မေးခွန်းများသည် စကားပြော ကောင်းသူများ၏ ရန်သူဖြစ်သည်။ ၎င်းတို့၏ သဘာဝ၌ကပင်လျှင် တစ် လုံး၊ နှစ်လုံးလောက်သာ ပြန်ဖြေဆိုနိုင်သည့် အခြေအနေရှိသည်။
“ဒီရာသီဥတုက အလွန်ဆိုးတာပဲ”
“နောက်ထပ် စီးပွားရေးကျဦးမယ်ထင်သလား”
“ရက်ဒ်စ်ကင်မှာ နောက်ထပ်မကောင်းတဲ့ နှစ်တစ်နှစ် ကြုံနိုင်သေး သလား”
၎င်းတို့အားလုံးသည် စကားစတင်ပြောဆိုရန် အကြောင်းအရာ ကောင်းများ ဖြစ်ကြသည်။ သို့သော် ထိုအကြောင်းအရာများကို ဟုတ်တယ်၊ မဟုတ်ဘူးဆိုသည့် အနေအထားမျိုး ဖြေလို့ရစေရန် မေးခွန်းမေးသဖြင့် ထိုအတိုင်း ဟုတ်တယ်၊ မဟုတ်ဘူးဆိုသည့် အဖြေမျိုးကိုသာရသည်။ အမေး က ဟုတ်တယ်၊ မဟုတ်ဘူး မေးခွန်းမျိုးကိုမေးသဖြင့် အဖြေကဟုတ်တယ်၊ မဟုတ်ဘူး အဖြေကိုရခြင်းဖြစ်သည်။ ဟုတ်တယ်၊ မဟုတ်ဘူး အဖြေရပြီး နောက် အကြောင်းအရာက ဆုံးသွားသည်။ စကားပြောစရာလည်း ဆုံးသွား ပြီ။
အကယ်၍ သင့်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှည်ရှည်ဝေးဝေး ဖြေမည့် အဖြေမျိုးဖြစ်ရန် ဆောင်ရွက်နိုင်မည်ဆိုလျှင် စကားမပြတ်တော့ ပေ။ ခြားနားချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
“ကျွန်တော်တို့ တစ်နွေလုံးပူနေတာကို ထောက်ပြီးတော့ ကမ္ဘာကြီး ပူနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ တစ်ခုခုရှိနေပုံရတယ်လို့တော့ ကျွန်တော်ထင် တယ်၊ ခင်ဗျားဘယ်လိုထင်သလဲ”
“ဒီနှစ်မှာ စတော့ဈေးကွက် အတက်အကျ ဖြစ်ပုံကိုကြည့်ပြီးတော့ ကျွန်တော်တို့ထင်သလို ကျွန်တော်တို့ စီးပွားရေးအဆောက်အအုံဟာ တည် ငြိမ်ပါ့မလား။ နောက်ထပ် စီးပွားရေးကျမယ့် အလားအလာတွေ ရှိနေမယ် လို့ထင်ပါသလား”
“ဝါရှင်တန်ရောက်ကတည်းက ကျွန်တော်ဟာ ရက်ဒ်စကင်အသင်းကို သဘောကျအားပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်အထင်တော့ သူတို့ဟာပြန်ပြီးတော့ ဖွဲ့စည်းရဦးမယ်၊ သူတို့ရဲ့ပြိုင်ဘက်ကတော့ ကောင်းဘွိုင်အသင်း ပဲ။ ဒီနှစ် ရက်ဒ်စကင်အသင်းရဲ့ အခြေအနေ ဘယ်လိုရှိတယ်လို့ထင်ပါသလဲ”
သင်နှင့်စကားပြောနေသည့် သူသည် ထိုအခါ အဖြေတစ်လုံးနှစ်လုံး ဖြေရုံဖြင့် မပြီးတော့ပေ။ ဤဒုတိယအုပ်စုပါဝင်သည့် မေးခွန်း ၃ ခုသည် ပထမအုပ်စု၌ ပါဝင်သည့်မေးခွန်း ၃ ခုနှင့် အကြောင်းအရာတူ ဖြစ်သော် လည်း ပထမအုပ်စု၌ ပါဝင်သော မေးခွန်းများသည် ဟုတ်တယ်၊ မဟုတ်ဘူး ဟူသည့် အဖြေများကိုသာ ပေးစေနိုင်သည့် မေးခွန်းများဖြစ်သည်။ ဒုတိယ အုပ်စု၌ ပါဝင်သည့်မေးခွန်းများသည် ပို၍ကျယ်ပြန့်ရှည်လျားသော အဖြေ များကို ပေါ်ထွက်စေကာ အလိုအလျောက် အဆင်ပြေစကားပြောဆိုနိုင် စေသည်။

#ဆက်ရန်ရှိ

image

image