Khine Su Zin မျှဝေသည်။ ပို့စ်  
50 ပတ် - ဘာသာပြန်ပါ။

ကြည့်ချင်နေပြီ

50 ပတ်

မထွက်ခင်ကတည်းက လူကြိုက်များနေပြီဖြစ်တဲ့ "၂၁ ရာစု တော်ဝင်မင်းသားလေးရဲ့ ဇနီး"
ဇာတ်လမ်းတွဲတခုတည်းနဲ့ တောင်ကိုရီးယား အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲမင်းသားဖြစ်သွားတဲ့ Byeon Woo Seok နဲ့ Kpop လောကရဲ့ မင်းသမီးလေး IU တို့ တွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပြီး ၂၁ ရာစုရဲ့ တော်ဝင် ဘုရင်စနစ်ကို အခြေခံကာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတပုဒ်လည်း ဖြစ်ပါတယ်။
ပိုက်ဆံပေါပြီး ဂုဏ်ဒြပ်မရှိတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူ သူဌေးသမီးလေးနဲ့ တော်ဝင် မင်းသားဆိုတဲ့ဂုဏ်ပုဒ်ကလွဲရင် ဘာမှမရှိတဲ့ မင်းသားတို့ကြားက အချစ်ဇာတ်လမ်းတခုကို ပုံဖော်ထားပြီး မော်ဒန် နန်းတွင်းသုံး ဝတ်စုံတွေကို အသုံးပြုထားတာကြောင့် ရိုက်ကူးရေးစရိတ်အနေနဲ့လည်း ဝမ်သန်းချီ အကုန်အကျခံကာ ရိုက်ကူးထားတယ်လို့ သိရပါတယ်။
ဒီဇာတ်လမ်းတွဲလေးကို 2025 ခုနှစ် နှစ်ကုန်ပိုင်းမှာ ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။

#crd
#internationalmovienews

image
image
image

ဦးပိုင်နှင့် Prime Auto တို့ပူးပေါင်းပြီး EV SKD ကားထုတ်မည်ဟု သတင်းထွက်ပေါ်

ဖေဖော်ဝါရီ ၂၆

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် Prime Auto တို့ပူးပေါင်းပြီး EV SKD ကားထုတ်မည့် သတင်းထွက်ပေါ်နေကြောင်း ကားလောက အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ပန်းသိင်္ဂီဆိုသောအမည်ဖြင့် လုပ်ငန်းတည်ထောင်မည်ဖြစ်ကြောင်း ကနဦးသိရကာ အဆိုပါ လုပ်ငန်းကို ဦးပိုင်က(၅၁)ရာခိုင်နှုန်း၊ Prime Auto မှ (၄၉)ရာခိုင်နှုန်းပိုင်ဆိုင်မှုဖြင့် သဘောတူညီချက် ရယူပြီး ပူးပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဦးပိုင်က မြေနေရာနှင့် အဆောက်အအုံစိုက်မည်ဖြစ်ပြီး Prime Auto နှင့်‌ပေါင်းကာ BYD အပါအဝင် အခြားကားအမျိုးအစားများကို EV SKD ထုတ်မည်ဖြစ်ကြောင်း သိရသည်။

“မြေနေရာပြရမယ့်ဟာက ဦးပိုင်နဲ့သွားပေါင်းတာ။ ဦးပိုင်က အကုန်အငှားတွေပြတာပေါ့။ ရှယ် ယာလုပ်တာပေါ့။ ဦးပိုင်ကတော့ စီးပွားရေး လုပ်မှာမဟုတ်ဘူး။ မြေနဲ့ အဆောက်အအုံစိုက်မှာပေါ့။ ဦးပိုင်ကတော့ ကျွန်တော်သိသလောက် ပိုက်ဆံထည့် မစိုက်ဘူး။ BYD က သုံးဖွဲ့ဖြစ်တာ သူတစ်ဖွဲ့တည်းမ ဟုတ်ဘူး။ Authorize သုံးယောက်ထုတ်မှာပေါ့။ သုံးယောက်ပေးတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ အမှန်က တစ်ခုတည်းပေးပြီး တစ်ခုထဲကပဲကိုင်ရမှာ။ TOYOTA ဆို ဒီဘက်မှာဆို TOYOTA Myanmar ဆိုပြီး တစ် ယောက်ပဲခွဲပေးပြီးတော့မှ TOYOTA Mandalay တို့ဘာတို့ အဲဒီလိုပေးတာ။ အခုက အဲဒီလို မဟုတ်ဘူး မင်းလည်းမင်းဟာမင်းလုပ် ငါလည်း ငါ့ဟာငါလုပ်ဆိုပြီးလုပ်တာ။ အမှန်ကတစ်ယောက်ပဲပေးရမှာ။ တစ်နိုင်ငံမှာကုမ္ပဏီတစ်ခုပဲပေးရမှာ”ဟု ဝါရင့်ကားလုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။

အစိုးရ၏သတ်မှတ်ချက်အရ EV Brand တစ်ခုထုတ်လုပ်နိုင်ရန် မြေသုံးဧကရှိရန်လိုအပ်သည့် အတွက် ဦးပိုင်၌ရှိသည့် မြေအကျယ်အဝန်းပေါ်တွင် မူတည်ပြီး EV ကားအမျိုးအစားများကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ Prime Auto အနေဖြင့် ဦးပိုင်နှင့် ပေါင်း၍ကားထုတ်သည့်အတွက် လုပ်ပိုင်ခွင့်များပိုမိုရရှိနိုင်မည့် အပြင် ကားအစီးရေများလည်း ပိုထုတ်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“ဦးပိုင်နဲ့လုပ်တာက တကယ်တော့ ပြဿနာတော့ရှိတယ်။ ဦးပိုင်က ဆရာများတယ်။ ဒီလူနဲ့ လုပ်လိုက်ပြီး နောက်လူကျရင် နောက်တစ်မျိုး လာဦးမှာ။ အရင်တည်းက ဦးပိုင်က သူတစ်ယောက်တည်း နဲ့ လုပ်တာမဟုတ်ဘူး။ SWM ဆိုတာရှိတယ်။ အဲဒါက ကားတွေထုတ်တောင်ထုတ်နေပြီ။ ဦးပိုင်ဆီက မြေ ငှားတာပေါ့။ အပြတ်ငှားလိုက်ရင်တစ်မျိုးပေါ့။ ဦးပိုင်ပါတဲ့အတွက် လုပ်ပိုင်ခွင့်တို့ အစီးရေတို့ကတော့ အ များကြီး ပိုရမှာပေါ့။ သံတိုဘာတို့ဆိုလည်း အများကြီးရမှာလေ။ သူတို့နဲ့ပတ်သက်တဲ့ကုမ္ပဏီက အများ ကြီးရတာပေါ့။ ပုံမှန်ကုမ္ပဏီ ထက်စာရင်တော့ လုပ်ပိုင်ခွင့်တော့ အများကြီးပိုတာပေါ့။ အလကား ပေါင်း တာတော့မဟုတ်ဘူ။ အစီးရေတို့လုပ်ပိုင်ခွင့်တို့ ပိုချင်လို့။ အဲဒီသဘောတော့ရှိတယ်” ဟု အထက်ပါ ဝါရင့်ကားလုပ်ငန်းရှင်ကြီးက ဆိုသည်။

လက်ရှိတွင် ကားဈေးကွက်အတွင်း အရောင်းအဝယ်အလွန်အေးနေပြီး ဝယ်သူထက် ရောင်းသူ ကပိုများလျက်ရှိရာ ဈေးအမြင့်ပိုင်းတွင်သာ ခေါ်ဈေးရှိနေသော်လည်း လက်ရှိတွင် ယခင်ဈေးထက်(၅)ပုံ (၁)ပုံခန့် ဈေးကျနေကြောင်း သိရသည်။ ထို့ကြောင့် ငွေကျပ်သိန်း(၉၀ဝ)တန် Brand New ကားတစ်စီး လျှင် ဈေးကွက်အတွင်း၌ သိန်း(၇၅၀)အထိ ဈေးချရောင်းနေရပြီး တစ်ပတ်ရစ်ကားများကိုလည်း တစ်စီးလျှင် ငွေကျပ်သိန်း (၁၀ဝ)အထိ ဈေးချရောင်းနေရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image
50 ပတ် - ဘာသာပြန်ပါ။

孟休市(မိုင်းရှူးမြို) 山上的云海

image
50 ပတ် - ဘာသာပြန်ပါ။

孟休市(မိုင်းရှူးမြို) 山上的云海

image
50 ပတ် - ဘာသာပြန်ပါ။

孟休市(မိုင်းရှူးမြို) 山上的云海

image
50 ပတ် - ဘာသာပြန်ပါ။

孟休市(မိုင်းရှူးမြို) 山上的云海

image
50 ပတ် - ဘာသာပြန်ပါ။

孟休市(မိုင်းရှူးမြို) 山上的云海

image
50 ပတ် - ဘာသာပြန်ပါ။

孟休市(မိုင်းရှူးမြို) 山上的云海

image
50 ပတ် - ဘာသာပြန်ပါ။

孟休市(မိုင်းရှူးမြို) 山上的云海

image
50 ပတ် - ဘာသာပြန်ပါ။

孟休市(မိုင်းရှူးမြို) 山上的云海

image