လူအချို့ရှိတယ်
ကိုယ့်အနားမှာ မိန်းမတွေတရုန်းရုန်းနဲ့
ဝိုင်းဝိုင်းလည်နေတာကို
အထာတွေပေးပြီး ကျေနပ်ဂုဏ်ယူနေတတ်တဲ့
ယောက်ကျားမျိုးပေါ့
ဒါပေမယ့်
ယောက်ကျားပီသတဲ့ စိတ်ထားရှိသူတွေကတော့
ဂုဏ်မယူတတ်တဲ့အပြင်
ရှက်တောင် ရှက်တတ်ပါသေးတယ်
တကယ်တော့
သူ့အနားက တရုန်းရုန်းနဲ့
ယင်အုံသလို အုံနေတဲ့မိန်းမတွေက
တန်ဖိုးမရှိတာတွေဆိုတာ
သူမသိရှာတာလား
မသိချင်ဟန်ဆောင် သာယာနေတာလားတော့
မသိပါဘူး
သာမန်ယောက်ကျားတစ်ယောက်ရဲ့အနား
ချဥ်းကပ်ရဲတယ်
မျက်စိရှေ့ ခလုပ်မတိုက်
တိုက်အောင်
ဖျပ်ဖျပ်လူးနေတာကတော့
ဘယ်လိုမိန်းမမျိုးတွေလည်းဆိုတာ
ဥာဏ်ရှိတဲ့သူတိုင်း သိသင့်ပါတယ်
ဒါ့ကြောင့်
မိန်းမ ကြီး/ငယ်တွေ လာညှော်ပြနေလို့
ကိုယ့်ကိုကိုယ် ရိုးချင်ယောင်ဆောင်
မအူမလည်လုပ်နေမဲ့အစား
ဘာလို့....အတင်းလာနှုတ်ဆက်
ချဥ်းကပ်နေရတာလဲဆိုတာတော့
စဥ်းစားဖို့ လိုလာပြီပေါ့
ကိုယ့်ရုပ်က
အရမ်းချောနေလို့လားလို့တွေးနေမဲ့အစား
အပေါစားဆန်ဆန်မိန်းမတွေ
ကိုယ့်အနားမှာ လာအီနေတာ
ဂုဏ်ယူသင့်ရဲ့လားဆိုတော့
သိဖို့ ကောင်းတာပေါ့
ဒါမှမဟုတ်ရင်တော့
တွေ့သမျှ မိန်းမတွေနဲ့
အနှောင့်မလွတ် အသွားမလွတ်တွေ
ပြောနေ လုပ်နေမိလို့ အပေါစားဆန်နေလားဆိုတာ
တွေးကြည့်သင့်ပါတယ်
တကယ်တန်ဖိုးရှိတဲ့ ယောကျာ်းတစ်ယောက်ဟာ
တွေ့လာသမျှ မိန်းမတကာကို
အရှက်မရှိ
အီမနေတတ်ဘူးဆိုတာလေးလောက်တော့
နားလည်တတ်မယ်ဆိုရင်
မိန်းမတွေမှ
အိန္ဒြေသိက္ခာနဲ့နေရမှာ မဟုတ်ပါဘူး
ယောက်ကျားတွေလည်း
ယောကျာ်းကောင်းတစ်ယောက်ရဲ့
သိက္ခာနဲ့အညီ နေထိုင်တတ်ရပါမယ်
တကယ်တော့
တန်ဖိုးရှိတဲ့ယောက်ကျား
တန်ဖိုးရှိတဲ့မိန်းမဆိုတာ
လူတကာချဥ်းကပ်တာကို မနှစ်သက်တတ်ကြပါဘူး
ကိုယ့်အနား
ဝိုင်းဝိုင်းလည်နေတာကို
မနည်းရှောင်တိမ်းနေရပါတယ်လို့
ဂုဏ်ယူ ပြောဆိုနေတာဟာလည်း
ရှက်စရာဖြစ်နေတတ်ပြီး
ယောကျာ်းတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာကို
နားလည်တတ်ရမှာဖြစ်ပါတယ်။
