ညအိပ်ခါနီး ဒါတွေမလုပ်ပါနဲ့

ဒီဇင်ဘာ ၂၁ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီးများ

image

ဒီဇင်ဘာ ၂၁ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဆိတ်သား မချက်တတ်သူမျအတွက် ယူထားသင့်ပါတယ်
ဆိတ်သားနှပ်(နှပ်နည်)

တစ်ခါတစ်လေ အရသာရှိရှိ ဆိတ်သားဟင်း နူနူအိအိလေးနှပ်စားရအောင်လို့ပါရှင့်
ဆိတ်သား(မိုးခိုသား)........၂၅ကျပ်သား
ကြက်သွန်နီ...................၃လုံး
ချင်း............................၁တက်
ကြက်သွန်ဖြူ..................၃တက်
ကရဝေးရွက်..................၃ရွက်
ဒိန်ချဉ်..........................၂ဇွန်း
ဆိတ်သားမဆလာ............၁ဇွန်း
ဆိတ်သားကို၁လက်မအရွယ်အတုံးလေးများတုံးပြီး
ရေဆေးပါ။ နောက်ဆုံးအကြိမ်ဆေးချိန်မှာဗီနီဂါ
အရည်လေးအနည်းငယ်ထည့်ပြီးဆေးပေးပါ။
ရေစင်အောင်ရေစစ်ထားပေးပါ။
ချင်း၊ကြက်သွန်ဖြူ ကိုညှက်နေအောင်ထောင်းပါ။
ကြက်သွန်နီကိုပါးပါးလှီးထားပါ။
ရေစစ်ထားတဲ့ဆိတ်သားထဲသို့ ရောထောင်းထား
သောချင်းအရည်၊ဒိန်ချဉ်၊ မဆလာ၊ နနွင်းမှုန့်၊ငရုတ်စိမ်းမှုန့်၊ဆား၊ဟင်းခတ်မှုန့်တို့ထည့်ပြီးရောနယ်ကာ အနည်းဆုံးနာရီဝက်ခန့်နှပ်ထားပေးပါ။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးကရေဝေးရွက်တွေထည့်ပြီးဆီသတ်ပါ။
အနည်းငယ်မွှေးလာလျှင်ကြက်သွန်နီတွေထည့်ပြီးဆီသတ်ပါ။
ရွှေရောင်သန်းစပြုလာတာနဲ့ဆိတ်သားနှပ်မယ့်အိုးထဲသို့အားလုံးလောင်းထည့်ပါ။
မီးရှိန်အေးအေးမှာရေခမ်း၊ ဆီပြန်သည်အထိနှပ်ပါ။
မိုးခိုသားဟာနှုးညံ့တဲ့အတွက်နောက်တစ်ရည်ခမ်းပြီးဆီပြန်လာပြီဆိုရင်အသားတွေနှုးအိနေပါပြီ။
မှတ်ချက်။ ဆိတ်သားမိုးခိုသားဆိုတာဆိတ်ရဲ့လက်၊
ပေါင်တို့နဲ့ဆက်စပ်နေတဲ့မိုးရေမဆိုနိူင်တဲ့နေရာအစိတ်အပိုင်းလေးကိုဆိုလိုခြင်းဖြစ်ပါတယ်။
credit..ဟင်းချက်နည်းမျာ
ဆိတ်သား အားလူး
~~~~~~~~~
ဆိတ်ပေါင်သား ၂၅သား
အားလူး ၃လုံး
ပျဉ်တော်သိမ် ၂ခက်
ကြက်သွန်နီ ၃လုံး
ကြက်သွန်ဖြူ ၅မွှာ
ဂျင်း လက်တဆစ်
ဆား အနည်းငယ်
သကြား ။
မဆလာ ။
ငရုတ်ပုထောင်း ။
နနွင်း ။
ငံပြာရည် ။
ဒိန်ချဉ် ၁ဇွန်း
-ဆိတ်သားကို ရေဆေးရေစစ်ပြီး ဆား သကြား နနွင်း မဆ
လာ ဒိန်ချဉ် တို့နှင့်ရောနယ်ပြီး ၃နာရီခန့်နှပ်ထားပါ။(ကျွန်မက
မနက်ချက်ရန် ညထဲကနှပ်ပြီးရေခဲသေတ္တာထဲထည့်ထားပါတ
ယ်)အားလူးကို ဆားနယ်ပြီးအပေါ်ရဲရုံလေးကြော်ပြီးဆီစစ်ထာ
ပါ။
-ဆီ ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း တို့ကို ငရုတ်ပုထောင်းနှင့်
ဆီသတ်ကာမွှေးလာလျှင် ပျဉ်တော်သိမ်ထည့်မွှေ၍ဆိတ်သား
ထည့်၍ ရေခန်းသည်အထိ လုံးပါ။ရေခန်း ဆီပြန်လျှင် ငံပြာ
ရည်ထည့်၍ ရေထပ်ထည့်ကာ နူးသည်အထိတည်ပါ။နူးလျှင် အားလူးရော၍ ရေနွေးအနည်းငယ် ထည့်၍ ဆီပြန်သည်အထိ တည်၍ ပျဉ်တော်သိမ်ထည့်မွှေကာ ရပါပြီရှင်။
ဒိန်ချဉ်အစား သံပုရာသီးထည့်နိုင်ပါသည်၊ဆား သကြားအစား
အချိုမှုန့်/ကြက်သားမှုန့် ကြိုက်နှစ်ရာ သုံးနိုင်ပါသည်။
ချက်ကြည့်ကြစို့
#crd_to_owner_with_respect

image

image
29 w - Translate

ဆိုင်ကတော့ ပြောလိုက်ပါတယ် လာအားပေးတာကျေးဇူးပါတဲ့။ ဒါပေမဲ့ နောက်တော့ လာအားမပေးပါတော့နဲ့တဲ့😩

image
29 w - Translate

Official- Jude Bellingham သည် IFFHS မှ 2024 ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး playmaker အဖြစ်ရွေးချယ်ခံခဲ့ရ သည်။👑🏴󠁧󠁢󠁥󠁮󠁧󠁿

image
29 w - Translate

ဆိုင်နားက ပန်းချုံထဲယူသွားပြီး ကိုက်ရမလိုဖြစ်နေပြီ😂

image

🌿 ဝက်မုန်ညင်းချဉ် 🌿
*********************
အိုးထဲ ဆီထည့် အပူပေးပီး
နနွင်း အနည်းငယ်ထည့်မွှေပါ။
ကြိတ်ထားတဲ့ ကြက်သွန်ဖြူ/နီ ထည့်၍ ရွလာအောင်ဆီသတ်ပီးရင်
အရသာနယ်ထားတဲ့ ဝက်သားထည့်မွှေပါ။
အသားမြုပ်အောင် ရေနွေးပူ ထည့်မွှေပီးရင်
မုန်ညင်းချဉ် ထည့်မွှေ၍ အဖုံးအုပ်ထားပါ။
အခေါက်များ နူးအိလာပီး ဆီပျံလာပီးရင် ရပါပီ။

________________________________________________

ပြင်ဆင်ထားရန်
**************
ဝက်သား သုံးထပ်သားကို အတုံးတုံးပီး
အရသာမှုန့်,သကြား, ဆား တို့နဲ့ နယ်၍ ခဏနှပ်ထားပါ။

ကြက်သွန်ဖြူ/ နီ ကြိတ်ထားပါ။

________________________________________________

ပါဝင် ပစ္စည်းများ
***************
ဝက်သားသုံးထပ်သား
မုန်ညင်းချဉ်
ကြက်သွန်ဖြူ , ကြက်သွန်နီ
အရသာမှုန့် , သကြား , ဆား , နနွင်း
မြေပဲဆီ
________________________________________________

မုန်ညင်းချဉ် အရသာများ ဝက်သားသုံးထပ်သားထဲအထိ စိမ့်ဝင်ပီး
ချဉ်ဖြုန့်ဖြုန့်နဲ့ မအီစေပဲ ထမင်းစားမြိန်တဲ့ ဟင်းတစ်ခွက်ပါ။

ငရုတ်သီး အစိမ်းမှုန့်ထည့်ချက်လဲ ရပါတယ်။
ကျမက အရောင် ဝါဝါလေးကို ပိုနှစ်သက်ပြီး
နနွင်းက ဆေးဖက်ဝင်တာမို့လို့
ငရုတ်သီး အစိမ်းမှုန့်ထည့်မချက်ပါဘူး။

မိမိ နှစ်သကိသလို
အချို အငံ အရသာစပ်ပါ။

ကျမကတော့ ဝက်သား ၂၅ သားကို
သကြား လဖက်စားဇွန်း ၂ ဇွန်းအမောက် ထည့်ပါတယ်။

မုန်ညင်းချဉ် အရသာ ကောင်းကောင်း စားချင်ရင်တော့
တောင်ကြီး, မေမြို့ဖက်က
မုန်ညင်းချဉ် နဲ့သာ ချက်ပါ။

image
29 w - Translate

(၁၇-၁၂-၂၀၂၄) ရက်နေ့ထိ နောက်ဆုံးရောက်ရှိနံပါတ်များ

image