1 y - Translate

Toner တွေ Cotton တွေ မလိုတော့ဘူး.....
ဒါလေးပဲ လိုပါတယ် 💙
ဒီ Toner Pads လေးက Centella Asiatica Extract နဲ့ Cica တို့ပါဝင်ထားပြီး
Calming & Soothing ဖြစ်တောမို့ ဝက်ခြံ ၊ အဆီဖု နဲ့ နီမြန်းယောင်ရမ်းတာတွေကို သက်သာစေပြီး
အဆီဖု ထွက်တတ်တဲ့ နေရာ ဝက်ခြံထွက်တဲ့ နေရာလေးတွေကို Mask အနေနဲ့ ကပ်ထားရင်တောင် အဖုလေးတွေ လျော့ကျသက်သာသွားစေပါတယ်
Sensitive ဖြစ်ခြင်းတွေကို လျော့ချပေးပြီး Skin Barrier ကို ပြန်လည်ကျန်းမာလာစေပါတယ်
AHA , BHA PHA LHA တို့ပါဝင်လို့ ဆဲလ်သေတွေကို ဖယ်ရှား သန့်စင်ပေးပြီး အသားအရေကို ကြည်လင်စေတယ်
Hyaluronic Acid ပါလို့ အစိုဓာတ်ကို ဆုံးရှုံးခြင်းမရှိအောင်ထိန်းပေးနိုင်ပြီး Healthy Skin လေးကို ရစေတယ်
1box ကို အရွက် (7တောင်ပါတာမို့ ရှယ်သုံးနော် 😘😘
33500k
Instock 💙

image
image
image
image
image
1 y - Translate

တဖက်ကမပတ်သတ်ချင်လို

ရှောင်ဖယ်နေချိန်မှာ

နှလုံးသားတစ်ခြမ်းနာကျင်ရ၍

တဖက်ကပစ်ထားခဲ့ချိန်

ကမ္ဘာတစ်ခုလုံးပျက်မတက်ဖြစ်ခဲ့ရပါသည်
#စာတို

''ဒီပွဲမှာ ကျွန်မက မတရားတဲ့သူပါ…
အနိုင်ရသူတစ်ဦး နဂိုကတည်းက ရှိပါလျက်နဲ့
နောက်တစ်ယောက်ကို ထပ်ပြိုင်ခိုင်းတာမျိုးပေါ့…
ကျွန်မကိုယ် ကျွန်မ ခွင့်မလွှတ်နိုင်တဲ့အချိန်
ရောက်မလာပါစေနဲ့လို့ ဆုတောင်းရတော့မှာ''
ဘ၀မှာ ရုန်းထွက်ရအခက်ဆုံး ထဲမှာမှ အတိတ်ရဲ့ အရိပ်တွေ က အခက်ခဲဆုံးပါပဲ။ ဒါကလည်း ကိုယ်ကိုယ်တိုင် ရုန်းထွက်ဖို့ မကြိုးစားမိတာလည်း ပါပါမယ် ။
အတိတ်ရဲ့ good memories ကို အနာဂတ်အထိ ယူဆောင်သွားချင်တယ် ။ နာကျင်မှုကို မေ့ဖျောက်ပြီး ပျော်ရွှင်စရာတွေ ကိုယ်ကိုယ်တိုင် ဖန်တီးရတာ တကယ်တော့ သိပ်ကို ခက်ခဲလွန်းလှပါတယ် ။
ဝေဝေမွန်ဆိုတဲ့ အမျိုးသမီးလေး တစ်ယောက်ကတော့ အတိတ်ရဲ့ အရိပ်ထဲ ပိတ်မိနေပြီး ပစ္စုပ္ပန်နဲ့ လွန်ဆွဲနေပါတယ် ။ ငယ်စဉ်ဘ၀ကတည်းက ချစ်ရတဲ့ ချစ်ဦးသူက တစ်ဖက် ၊ လက်ရှိအချိန် ဘေးနားမှာ အတူတူ ရှိပေးသူက တစ်ဖက်နဲ့ ဝေခွဲမရတဲ့ အမျိုးသမီးလေးရဲ့ ဘ၀က ဘာဆက်ဖြစ်မလဲ ။
ဆရာမ ခေတ်ရှေးညိုရဲ့ လူကြိုက်များ အမေးများပြီး
မကြာခင် ရုပ်ရှင်ဇာတ်ကား ထွက်ရှိလာတော့မယ့် စာအုပ်ဖြစ်ပါတယ်။
#ဆာယာရုပ်ကြွင်း
#ခေတ်ရှေးညို

image
1 y - Translate

အဆောက်အဦး တည်ဆောက်ပေးနိုင်တဲ့ ဒရုန်းကို ဗြိတိန် ပညာရှင်တွေ တီထွင်
============================================
အလွန်မြင့်မားတဲ့ မိုးမျှော် အဆောက်အဦးတွေကို လူသားတွေ တည်ဆောက်ရတာ အလွန်ခက်ခဲပါတယ်။ အခုတော့ အဲဒီပြဿနာကို မိုးပေါ်ပျံသန်းနိုင်တဲ့ စက်ရုပ်တွေ၊ ဒရုန်းတွေက ဖြေရှင်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။
ဗြိတိန်မှ Imperial College London နဲ့ ဘရစ်စတို တက္ကသိုလ်မှ သုတေသနပညာရှင်တွေက အဆောက်အဦး တည်ဆောက်ပေးနိုင်တဲ့ ဒရုန်းကို တီထွင်လိုက်ပါတယ်။ Aerial Additive Manufacturing (Aerial AM) လို့ ဒီနည်းပညာကို အမည်ပေးထားပြီး လူတွေ တက်ဖို့ခက်ခဲတဲ့ အဆောက်အဦးတွေကို ဒရုန်းလို ပျံသန်းနိုင်တဲ့ စက်ရုပ်တွေနဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။
3D Printing နည်းပညာကို အသုံးပြုပြီး ဒရုန်းတွေက ပျံသန်းနေစဉ်မှာ အဆောက်အဦးကို တည်ဆောက်နိုင်ပါတယ်။ ဆွစ်ဇာလန် နိုင်ငံ EMPA DroneHub မှာ ဒီနည်းပညာကို အစောပိုင်း စမ်းသပ်မှုတွေ ပြုလုပ်ထားပြီးပါပြီ။
ဒီနည်းပညာက အခြေခံ အဆောက်အဦးတွေ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးသွားတဲ့ အဆောက်အဦးတွေကို ပြုပြင်ရာမှာလည်း အသုံးဝင်ပါတယ်။ ဒါ့အပြင် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ အဆောက်အဦးတွေကို လျှင်မြန်စွာ တည်ဆောက်ပေးနိုင်ပါတယ်။

image
1 y - Translate

လေလုံးထွားတဲ့ Elon Musk ကို ယုံစားမိလို့ ရေနစ်သွားတဲ့ Tesla Cybertruck
============================================
Elon Musk က Tesla Cybertruck မှာ အထူးဖန်တီးထားတဲ့ Wade Mode ကို ထည့်သွင်းပေးထားပြီး မြစ်၊ ရေကန်ကို ဖြတ်ကူးနိုင်တယ်လို့ ကြွေးကြော်ထားပါတယ်။ Wade Mode ဟာ ရေကို ဖြတ်ကူးဖို့ ကားကို မြှင့်တင်ပေးပြီး ဘက်ထရီကို ကာကွယ်ပေးပါတယ်။ အချိန် အနည်းငယ်လောက်အတွင်းမှာ ရေပေါ်မှာ ပေါလောပေါ် နိုင်တယ်လို့ ကြေညာထားပါတယ်။
အခုတော့ ကယ်လီဖိုးနီးယား၊ Truckee မှ Cybertruck ပိုင်ရှင် တစ်ယောက်ဟာ လေလုံးထွားတဲ့ Elon Musk ကို ယုံစားမိလို့ ကား ရေနစ်သွားပါတယ်။ ပိုင်ရှင်က မြစ်ကို ဖြတ်ကူးဖို့ Wade Mode ကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။
အဲဒီကားကို ကယ်လီဖိုးနီးယား အဝေးပြေးလမ်း အာဏာပိုင်တွေက ဆယ်ယူပေးခဲ့ပြီး Wade Mode ဟာ ရေငုပ်သင်္ဘော Mode မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။
Tesla Cybertruck ဟာ ဒေါ်လာ ၁ သိန်းဝန်းကျင်ရှိပြီး တန်ဖိုးကြီးမားပါတယ်။ ပြင်ဆင်စားရိတ်လည်း ကြီးမြင့်ပါတယ်။ Tesla က Cybertruck မှာ Wade Mode ထည့်သွင်းပေးထားပေမယ့် အာမခံထဲမှာ ရေကြောင့် ပျက်ဆီးတာ မထည့်သွင်းထားတာကို သတိပြုရမှာပါ။

image
1 y - Translate

A funeral home director has been charged after allegedly throwing out the bodies of thousands of pets and giving owners the ashes of other animals, collectively charging them over $650,000 in the process, prosecutors said.

https://abcnews.go.com/US/fune....ral-director-trashed

image
1 y - Translate

The parents of a 1-year-old child have been arrested after the child tested positive for fentanyl and THC in California, authorities said.
The child involved in this case has since been placed in protective custody.
Read more: https://abcnews.link/BEiPCFi

image
1 y - Translate

အစီရင်ခံစာတစ်ခုအရ အားကစားခန်းမရှိ အလေးတုံးတွေဟာ အိမ်သာထိုင်ခုံထက် ဘက်တီးရီးယားပိုးမွှားများ 362 ဆ ပိုမိုတွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်
#knowledge #ဗဟုသုတ

image

☄️ ကမ္ဘာကိုဝင်တိုက်နိုင်ချေရှိနေတဲ့ ဥက္ကာခဲ 2024 YR4 ~
2024 ခုနှစ် Dec 25 မှာ ဟာဝိုင်ရီ၊ ချီလီနဲ့ တောင်အာဖရိကမှာ ရှိတဲ့တယ်လီစကုတ်တွေကရတဲ့ data တွေကို အသုံးပြုပြီး ATLAS (Asteriod Impact Early Warning System) စနစ်သတိပေးခဲ့တာကြောင့် 2024 YR4 လို့ အမည်ပေးထားတဲ့ ဥက္ကာခဲတခုကိုရှာတွေ့ခဲ့ပါတယ်။
လက်ရှိလေ့လာမှုတွေအရ ပေ 150 လောက်အကျယ်အဝန်းရှိတဲ့ ဒီဥက္ကာခဲဟာ 2032 ခုနှစ်မှာ ကမ္ဘာကို ဝင်တိုက်နိုင်ချေ 83 ပုံ 1 ပုံရှိနေပြီး ဒီအရွယ်အစားက ကမ္ဘာပျက်လောက်တဲ့အထိမပြင်းထန်ပေမယ့် အပျက်အစီးကြီးကြီးမားမားတော့ဖြစ်စေနိုင်ပါသေးတယ်။ ဥပမာပြောရရင် 1908 ခုနှစ်က ဆိုက်ဘေးရီးယား၊ Tunguska မှာကျခဲ့တဲ့ ဥက္ကာခဲကြောင့် သစ်တော စတုရန်းမိုင် 1000 လောက်ပြားပြားဝပ်သွားခဲ့ဖူးပါတယ်။
ဒီဥက္ကာခဲဟာ Torino Impact Hazard Scale လို့ခေါ်တဲ့ ကမ္ဘာကိုအန္တရာယ်ပြုနိုင်မှုစ‌ကေးမှာ အဆင့် 3 ရှိပြီးတော့ လက်ရှိမှာတော့ Torino Scale Zero ထက်ကျော်တဲ့ တခုတည်း‌သော ဥက္ကာခဲပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချက်အလက်တွေပိုပိုရရှိလာနဲ့အမျှ ဒီစကေးဟာ တဖြည်းဖြည်းနည်းပါးလာနိုင်ပြီး သမိုင်းမှာလည်း ဒီလိုအဖြစ်အပျက်မျိုးရှိခဲ့ဖူးပါတယ်။
၂၀၀၄ ခုနှစ်က Torino Scale အဆင့် ၄ ရှိတဲ့ ကျွန်တော်တို့ ကမ္ဘာဖျက်ဥက္ကာခဲလို့ခေါ်ခဲ့ကြတဲ့ 99942 Apophis ဟာ အခုချိန်မှာတော့ Scale Zero အထိရောက်ရှိသွားပြီဖြစ်ပြီး နောက်ရာစုနှစ်လောက်ထိ ကမ္ဘာနဲ့ဝင်တိုက်မိနိုင်ခြေမရှိတော့ပါဘူး။
ယခု 2024 YR4 ဥက္ကာခဲဟာ လာမယ့် ဖေဖော်ဝါရီလလောကက်ကစပြီး ကျွန်တော်တို့တိုင်းတာနိုင်မယ့် မြင်ကွင်းကနေ ၃ နှစ်လောက်ပျောက်ကွယ်သွားမှာဖြစ်ပြီး ၂၀၃၂ ခုနှစ်နဲ့ ၂၀၇၉ ခုနှစ်ကြားမှာ ကမ္ဘာနဲ့တိုက်မိနိုင်ချေ ၇ ကြိမ်ခန့်ထိရှိ​နေပါတယ်။ အဖြစ်နိုင်ဆုံးခန့်မှန်းချက်‌ကတော့ ၂၀၃၂ ခုနှစ် ဒီဇင်ဘာ ၂၂ နေ့လောက်မှာဖြစ်ပြီး data ပိုရလာနဲ့အမျှ ပြောင်းလဲသွားနိုင်ချေများပါတယ်။
၂၀၂၂ ခုနှစ်က ကမ္ဘာမြေကာကွယ်ရေးစနစ်အတွက် DART (Double Asteroid Redirection Test) ဆိုတဲ့ mission တခုနဲ့ ယခု ဥက္ကာခဲထက်ပိုကြီးတဲ့ ပေ ၅၂၅ အကျယ်အဝန်းရှိ Dimorphos ဆိုတဲ့ ဥက္ကာခဲတခုကို အောင်အောင်မြင်မြင်လမ်းကြောင်းပြောင်းနိုင်ခဲ့ဖူးတာကြောင့် အကယ်၍များ သေချာပေါက်ဝင်တိုက်လာနိုင်ရင်တောင်မှ အနည်းဆုံးတော့ ဖြေရှင်းဖို့ နည်းလမ်းတွေရှိနေပါသေးတယ်။

image
1 y - Translate

1954 ခုနှစ်က Boston Marathon ပြေးပွဲတစ်ခုမှာ Jim Peters ဆိုတဲ့ စာပို့သမားတစ်ယောက်ဟာ ပြိုင်ပွဲဝင်ဖို့စာရင်းပေးထားပြီး မေ့နေခဲ့ပါတယ် သူဟာပြိုင်ပွဲကို နောက်ကျမှ ရောက်လာခဲ့ပေမယ့် အများနည်းတူ ပြေးကာ amateur division မှာ ပထမဆုကို ရရှိခဲ့ပါတယ်
#knowledge #ဗဟုသုတ

image