Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နောက်ထပ် ကမ္ဘာ့ဖလားရယူပြီးရင် အနားယူမယ်လို့ အီမီမာတီနက်ဇ်ပြော
ဒီဇင်ဘာ ၂၁
အက်စတွန်ဗီလာအသင်း ဂိုးသမား အီမီမာတီနက်ဇ်က အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ နောက်ထပ် ကမ္ဘာ့ဖလား ချန်ပီယံဆုရယူပြီးရင် ကစားသမားဘဝကနေ အနားယူမယ်လို့ ပြောခဲ့ပါတယ်။
အီမီမာတီနက်ဇ်က “ကျနော် အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့ရင် အနားယူမှာပါ။ ခင်ဗျားကို ကတိပေးပြီး ကျနော်ဒီနေ့ ခင်ဗျားကို ပြောနေတာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူပြီးရင် ကျနော် အနားယူမှာပါ”လို့ AFA Estudio မှာ ပြောခဲ့တာပါ။
အီမီမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ချန်ပီယံဆု ရယူနိုင်အောင် ပင်နယ်တီ အဆုံးအဖြတ်တွေမှာ လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ဒီပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆု ကို ရရှိခဲ့ပါတယ်။
အီမီမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းအတွက် စွမ်းဆောင်နိုင်ခဲ့တဲ့ အရာတွေကြောင့် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး မကြာသေးခင်က FIFA The Best ဆုပေးပွဲမှာ အကောင်းဆုံး ဂိုးသမားဆုကို ရရှိခဲ့တာပါ။
အသက် ၃၂ နှစ်အရွယ်ရှိ အီမီမာတီနက်ဇ်ဟာ ဘယ်အချိန်မှာ ကစားသမားဘဝကနေ အနားယူမလဲဆိုပြီး မေးမြန်း ခံခဲ့ရချိန်မှာ အာဂျင်တီးနားအသင်းနဲ့ နောက်ထပ် ကမ္ဘာ့ဖလားရယူပြီးရင် အနားယူမယ်လို့ ဖြေခဲ့ပါတယ်။
ဒါအပြင် အီမီမာတီနက်ဇ်က သူဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးမှာ နိုင်ငံအသင်းကနေ အနားယူဖို့ နီးစပ်ခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။
အီမီမာတီနက်ဇ်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူ ကာကွယ်ပြီး ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
အီမီမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆု အပါအဝင် ၂၀၂၁ နဲ့ ၂၀၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: Dailymail
ပုံ - မာတီနက်ဇ်ကိုတွေ့ရစဉ်
#centralnewsnayptitaw
အသက် ၂၀ ကနေ ၂၅ နှစ်အတွင်းဟာ
ဘဝကို ဖြတ်သန်းရတာ သိပ်မလွယ်ကူတော့ပါဘူး 🗓️
ဘဝက သင်ခန်းစာတွေ အပြည့်အဝသင်ပေးတာ
အခံရဆုံး အရွယ်တွေပါပဲ။
We lose friends.
သူငယ်ချင်းတွေ ဆုံးရှုံးရပါလိမ့်မယ်။
We are heartbroken.
အသည်းကွဲရပါလိမ့်မယ်။
We make a lot of mistakes.
အမှားတွေ အများကြီး လုပ်မိပါလိမ့်မယ်။
We make wrong choices.
ရွေးချယ်မှုတွေ မှားပါလိမ့်မယ်။
We make terrible decisions.
ဆုံးဖြတ်ချက်တွေ မှားပါလိမ့်မယ်။
We fall and fail.
ပြိုလဲမှုတွေ၊ ကျရှုံးမှုတွေ ရှိလာပါလိမ့်မယ်။
We lose yourself.
ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပါလိမ့်မယ်။
But it’s normal.
ဒါဟာ တကယ်ကို ပုံမှန်ပါပဲ။
ကျွန်တော်တို့ အများစုဟာ
ဒီအတိုင်းပဲ ဖြတ်သန်းကြရမှာပါ။
ဒါပေမယ့်
သူငယ်ချင်း ဆုံးရှုံးမှု၊ ချစ်သူရဲ့ အသည်းခွဲမှုတွေဟာ
ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့စေဖို့နဲ့
ကိုယ့်ကိုယ်ကို ချစ်တတ်စေဖို့ ကူညီပေးပြီး
ကောင်းမွန်တဲ့သူငယ်ချင်းတွေနဲ့
စစ်မှန်တဲ့ချစ်သူကို
ဘဝထဲ ရောက်ရှိလာစေပါတယ်။
ဆုံးဖြတ်ချက်အမှားတွေ
ရွေးချယ်မှုအမှားတွေ
လုပ်ခဲ့မိသမျှ အမှားတွေ
နောက်ဆက်တွဲ ကျရှုံးမှုတွေ
ဒါတွေ အားလုံးဆီက
ဘဝအတွက် သင်ခန်းစာတွေကို စတင်ရရှိစေပြီး
ပိုကောင်းတဲ့သူ
ပိုတော်တဲ့သူ
ပိုအောင်မြင်တဲ့သူ ဖြစ်လာစေပါလိမ့်မယ်။
ဘဝရဲ့ သင်ခန်းစာတွေကြောင့်
ပိုပြီးလည်း သန်မာလာမှာ ဖြစ်ပါတယ်။
တစ်ချိန်မှာ ပြန်တွေးကြည့်တဲ့အခါ
အသက် ၂၀ ကျော် ကာလတွေဟာ
ဘဝရဲ့ အကောင်းဆုံးကာလတွေ ဖြစ်နေတာကိုလည်း
realize ဖြစ်ရပါလိမ့်မယ်။
AD
#crd
မြန်မာပြည်မှာဆိုရင် "နတ်လမ်း" လို့ခေါ်တွင်ခံရမယ့် ဘရာဇီးလ်က "Moses' Way"
ဘရာဇီးလ်နိုင်ငံကတော့ ထူးဆန်းတဲ့ သဘာဝဖြစ်စဉ်တွေနဲ့ သိပ်မစိမ်းတဲ့ နိုင်ငံတွေထဲကတခုပါပဲ။
ဒီလိုထူးခြားဆန်းကြယ်မှုတွေ ပြည့်နှက်နေရာနိုင်ငံမှာ သဘာဝတရားက မွေးဖွားပေးလိုက်တဲ့ လမ်းလေးတလမ်း ရှိပါတယ်။
ဒီလမ်းလေးဟာ Barra Grnde သို့မဟုတ် Big Piece ကမ်းခြေပေါ်မှာ ဖြစ်တည်လာခဲ့တာဖြစ်ပြီး
လူဦးရေ ၃၅,ဝဝဝ ရှိတဲ့ မာရာကိုဂီမြို့ငယ်လေးမှ ၃ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။
မြို့တော် မကာအိုမှ ၁၂၅ ကီလိုမီတာအကွာ၊ ဘရာဇီးရဲ့ မြောက်ဘက်ကို အပိုင်းနှစ်ပိုင်း ခွဲခြားပစ်လိုက်တဲ့ ဒီလမ်းဟာ မီတာ ၁၀၀၀ ခန့် ရှည်လျားသော ရေအောက်လမ်းတခုပါ။
ရေအောက်ထဲက ဖြစ်တည်လာတဲ့ လမ်းတလမ်းဖြစ်ပေမဲ့ ဖြတ်သန်းသွားသူများအနေနဲ့ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်တဲ့ လမ်းတခုဖြစ်ပြီး
ဒီလမ်းကို ဒေသခံတွေက အမှတ်တရအဖြစ် "Caminho do Moises" သို့မဟုတ် "Moses Road" လို့ ခေါ်ဆိုကြပါတယ်။
ထိုဒေသရှိ သမုဒ္ဒရာကို ပိုင်းခြားခြင်းဟာ သဘာဝတရားရဲ့ အစီအမံဖြစ်တဲ့ ရှားပါးသော လှိုင်းလုံးများသာ ဖြစ်ပါတယ်၊၊
ဒေသန္တရသိပ္ပံနဲ့ အခြားခရီးသွား အကူအညီများဖြင့် နက်ရှိုင်းသော ပင်လယ်ကွဲကြောင်းကို ကြည့်ရှုရန်အတွက် ဧည့်လမ်းညွှန်တစ်ဦးနဲ့ အတူ ဖြတ်သန်းနိုင်ပါတယ်။
ဒီလမ်းရဲ့ နောက်ကွယ်မှာ သူ့ရဲ့အထင် ကရ ဒဏ္ဍာရီတခုရှိနေပြီး ဖာရိုဘုရင်နဲ့ သူ့ရဲ့ စ-စ်သည်တော်များကြားက ကတိပြုထားချက်ကြောင့် ပင်လယ်ရေဟာ နှစ်ခြမ်းကွဲသွားခဲ့ကြောင်း ဆိုထားပါတယ်။
ပင်လယ်ပြင်ကို မီတာ ၁၀၀၀ ခန့် ရှည်လျားသော သဲသောင်ပြင်လမ်းက နှစ်ခြမ်း ပိုင်းခြားလိုက်ချိန်မှာတော့
ခရီးသွားများ၊ နိုင်ငံတကာက လည်ပတ်သူများက စိတ်တိုင်းကျ ဘေးကင်းစွာ ဖြတ်သန်းနိုင်ပါတော့တယ်။
Moses' Way ဟာ အထက်မှာ ဖော်ပြထားသလိုပဲ သဘာဝရဲ့ဖြစ်စဉ်တစ်ခုပါ။
ဒီဖြစ်စဉ်ဟာ မတ်လမှ ဇွန်လအတွင်း တစ်နှစ်လျှင် ၂ ကြိမ် သို့မဟုတ် ၃ ကြိမ်အထိ ဖြစ်ပွားတတ်ပါတယ်။
ဒီသဲခုံရေအောက်လမ်းဟာ ရေလှိုင်းတွေရဲ့ ထူးခြားတဲ့ သဘာဝဖြစ်စဉ်အောက်မှာ တစ်နာရီအကြာ ပေါ်ပေါက်လာကာ
တစ်နာရီကြာပြီးနောက်မှာတော့ နောက်ထပ် ရေလှိုင်းတွေရဲ့ ရိုက်ခတ်မှုတွေအောက်မှာ ပျောက်ကွယ်သွားပါတယ်။
ဒီလိုဖြစ်လာတဲ့အခါ သဲလမ်းကြောင်းဟာ ၁ နာရီခန့်ကြာအောင် မြင်နေရပြီး ၁ နာရီဆိုတာကတော့ ပင်လယ်ကို လမ်းဖြစ်ပေါ်လာတုန်း ဖြတ်ကျော်နိုင်တဲ့ အချိန်ပမာဏ ဖြစ်ပါတယ်။
ဘရာဇီးလ်က ဒီသဲခုံစွယ် ရေအောက် လမ်း ပင်လယ်ကွဲဖြစ်စဉ်ဟာ ကမ္ဘာပေါ်က အထူးဆန်းဆုံး သဘာဝဖြစ်စဉ်များထဲမှတခုအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့တချက်က ပင်လယ်ရေက နှစ်ခြမ်းကွဲသွားတဲ့အခါ တဖက်က အခြားတဖက်ထက် ပိုအေးနေတာပါပဲ။
အကယ်၍ သင့်အနေနဲ့ ဒီကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်ရာနေရာသို့ သွားလိုပါကလည်း ဒေသခံဧည့်လမ်းညွှန်တွေက ဒီဖြစ်စဉ်ကို မြင်တွေ့နိုင်ရန်အတွက် ကူညီပေးနိုင်ပါတယ်။
ဒေသခံတွေဟာ ဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်ကို အတိအကျသိတာကြောင့် အန္တရာယ်ကင်းစွာ ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုထူးခြာချက်တွေနဲ့ Moses' လမ်းမှာ သိပ္ပံနည်းကျ ရှင်းပြချက်တခုတော့ ရှိပါတယ်။
လမ်းဖြစ်ပေါ်လာချိန် လမ်းတလျှောက်က သဲကွက်တွေဟာ ကမ်းလွန်ကျွန်းနဲ့ ပြည်မကြီးကြားက လှိုင်းလုံးကြီးတွေက သယ်ဆောင်လာတဲ့ အနည်အနှစ်တွေရဲ့ ရလဒ် ဖြစ်ပါတယ်။
အခုလို ပင်လယ်ကွဲခြင်းဖြစ်စဉ်ဟာ ဘရာဇီးလ်မှာသာ တွေ့ရမယ့် ထူးခြားဖြစ်စဉ်မျိုးတော့ မဟုတ်ပါဘူး။
Moses' Way လိုပဲ တောင်ကိုးရီးယားရှိ Jindo ကျွန်းမှာလည်း အလားတူအကျိုးသက်ရောက်မှုကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။
#နတ်လမ်း
#ဘရာဇီး
#moses' Way
#crd
လွန်ခဲ့တဲ့ (၇) နှစ်က စတင်ခဲ့တဲ့ ကိုယ်ပိုင် Brand လေးကို မကြာခင်မှာ ပြန်လည်အသက်သွင်းတော့မယ်ဆိုတဲ့ ဖွေးဖွေး
ဒီဇိုင်းသစ်လေးတွေ မျှော်နေပြီ 😍
#phwayphway
#celebing
#crd_photo
📍ထိုင်းနိုင်ငံ Chiang Mai မြို့က EarthRights School ကနေ Community Leadership & Advocacy Training အတွက် Application ဖွင့်နေပါတယ်
📍2025 May ကနေ November 2025 ထိ ၇လတာ သင်ကြားခွင့်ရမှာပါ
📍Myanmar, Cambodia, Thailand, Laos နဲ့ Vietnam ကနေ စုစုပေါင်း ၁၆ယောက်လက်ခံမှာဖြစ်ပါတယ်
📍Fully Funded ပါ
📍အဓိက ဒီProgram ကတော့ မဲခေါင်ဒေသက Community Rights အတွက်လှုပ်ရှားနေတဲ့ Community Activists, Trainers, Campaigners, Organizers တွေနဲ့ Junior Lawyers တွေအတွက် ရည်ရွယ်ထားတာပါ
📍ဒီသင်တန်းတက်ရင်းနဲ့ Human Rights နဲ့ Environment ကို protect လုပ်သွားမယ့်အပိုင်းမှာ လိုအပ်တဲ့ skills တွေကိုသင်ယူခွင့်ရမှာပါ
📍Deadline- January 15, 2025
📍Application Form: https://forms.office.com/pages..../responsepage.aspx..
#crd
📍ထိုင်းနိုင်ငံ Chiang Mai မြို့က EarthRights School ကနေ Community Leadership & Advocacy Training အတွက် Application ဖွင့်နေပါတယ်
📍2025 May ကနေ November 2025 ထိ ၇လတာ သင်ကြားခွင့်ရမှာပါ
📍Myanmar, Cambodia, Thailand, Laos နဲ့ Vietnam ကနေ စုစုပေါင်း ၁၆ယောက်လက်ခံမှာဖြစ်ပါတယ်
📍Fully Funded ပါ
📍အဓိက ဒီProgram ကတော့ မဲခေါင်ဒေသက Community Rights အတွက်လှုပ်ရှားနေတဲ့ Community Activists, Trainers, Campaigners, Organizers တွေနဲ့ Junior Lawyers တွေအတွက် ရည်ရွယ်ထားတာပါ
📍ဒီသင်တန်းတက်ရင်းနဲ့ Human Rights နဲ့ Environment ကို protect လုပ်သွားမယ့်အပိုင်းမှာ လိုအပ်တဲ့ skills တွေကိုသင်ယူခွင့်ရမှာပါ
📍Deadline- January 15, 2025
📍Application Form: https://forms.office.com/pages..../responsepage.aspx..
#crd
Part-4
ကဗျာဆရာ မောင်သိင်္ဂါ
မလင်းပြာ
ငါ မလွမ်းချင်ဘူး
မလင်းပြာ ငါမငိုချင်ဘူး
မလင်းပြာ
ကလောင်စုံ
ငါမပျော့ချင်ဘူးကွယ်။
မလင်းပြာ
ငါ ခုပဲ စစ်ထွက်ရတော့မယ်။
အဲဒါ မောင်သိင်္ဂါရဲ့ အချစ်ကဗျာ၊ စစ်ကဗျာပါပဲ ခင်ဗျား။ ရေးတဲ့ခုနှစ်က ၂၁.၁၂.၁၉၆၅ ပါ။ ကျွန်တော်တို့ တစ်တွေ ဆိုဗီယက်ကဗျာဆရာ မာယာ ကော့ဖ်စကီးကို အငမ်းမရဖြစ်နေစဉ်က ရေးစပ်ခဲ့တာဆိုတော့ မာယာကော့ဖ်စကီး ရဲ့ကဗျာ (မာရီယာ)ရဲ့ သြဇာသက်ရောက်နေဟန်ရှိတာကို သတိပြုမိပါတယ်။
၁၉၆၅ လောက်က ဖြစ်မယ်ထင်ပါတယ်။
မောင်စွမ်းရည်
၂ဝ၁၈၊ ဩဂုတ် ၁
~~~ အမှတ်တရ ~~~ { ၈ }
ဂျူး
“ကျွန်မအဖြစ်ကို မြင်လှည့်စမ်းပါဦး မောင်ရယ်”ဟု စိတ်ထဲမှ ပြင်းပြင်းပြပြတမ်းတလိုက်မိခဲ့သည်။
ကုသရန်ခက်ခဲသော ရောဂါသည်တစ်ဦးကို တွေ့တိုင်း အပြန်ပြန်အလှန်လှန် စမ်းသပ်ချင့်ချိန်ရင်း တိုင်ပင်အားကိုးရမည့် တစ်စုံတစ်ယောက်ကို အမြဲ တမ်းတမိပြီး ထိုတစ်ယောက်မှာလည်း မောင်သာ ဖြစ်ပါသည်။ မောင်ဆိုလျှင်တော့ ဒီရောဂါကို ဘယ်လိုနာမည် တပ်မှာပါလိမ့် ၊ ဘာဆေးနှင့် ကုသမှာပါလိမ့် ၊ မောင့်ထင်မြင်ချက် ၊ ဆုံးဖြတ်ချက် ၊ တိုက်တွန်းချက်တို့ကို လိုအပ်သော အချိန်ပေါင်းများစွာ ရှိခဲ့ဖူးသည်။ ကျွန်မ တစ်ယောက်တည်း ခက်ခဲစွာ ကျော်ဖြတ်ခဲ့ရသည်ချည်းပင် ဖြစ်သည်။
ကျွန်မ နေမကောင်းသည့် အချိန်များတွင်တော့ မောင့်ကို ဘယ်လို တမ်းတမှန်းမသိ ၊ ဆွတ်ပျံ့နာကျင်စွာ အားကိုးတကြီး တမ်းတမြဲ ဖြစ်သည်။ ကျွန်မအား ပြုစုယုယမည့်သူ တစ်ဦးတစ်လေမျှ မရှိသောအခါ မောင်၏ အားပေး နှစ်သိမ့်ပြုံးကို တရေးရေး မြင်ယောင်လျှက် ပင့်သက် များစွာ ရှိုက်ဖြစ်ခဲ့ရ၏။ ကျွန်မလက်ကို ယုယစွာ ကိုင်လျက် သွေးခုန်နှုန်း စမ်းသောအခါ ၊ ကျွန်မ နဖူးပေါ် လက်ဖမိုးတင်လျက် ကိုယ်ပူချိန် စမ်းသပ်သောအခါ ကျွန်မကို ဆေးထိုးပေးသောအခါ ဆေးပြားများကို ကျွန်မ ပါးစပ်ထဲထိ တယုတယ ခွံ့တိုက်သောအခါ မောင်သည် ကျွန်မ၏ အားကိုးရာ ၊ တွယ်တာရာ သာဖြစ်ခဲ့သည်။
အခုတော့ .. ကျွန်မ အနီးတွင် မောင်လည်း မရှိပါလား ။
----------
“စုစုထွေး”
ကျွန်မအနီးမှာ တစ်စုံတစ်ယောက်လာရပ်သည်။ ဖျတ်ခနဲ မော့ကြည့်လိုက်သောအခါ နှလုံးက လည်ပင်းဆီသို့ ဒိတ်ကနဲ့ ဆောင့်တတ်လာသည်။ မည်သို့မျှ မထိန်းလိုက်နိုင်မီ ကျွန်မ မတ်တပ်ရပ်မိပြီး ဖြစ်သွား၏။
“ဘုရားရေ ၊ ဟင့်အင်း မဖြစ်နိုင်ပါဘူး”
သို့သော် ကျွန်မ ရှေ့ကလူသည် ကျွန်မ အလွန်အမင်း ချစ်ခင်မြတ်နိုးခဲ့သော လူသာ ဖြစ်သည်။ တုန်လှုပ်မှုကို ဟန်ဆောင်ပြင်ထိန်းဖို့ စက္ကန့်ပေါင်းများစွာ ကြိုးစားယူရပါသည်။ ဒါတောင်မှ တဒိတ်ဒိတ် ခုန်နေသော ရင်ခုန်သံကို သူ ကြားသွားလေမလား။
“အ၀င်ပေါက်ကနေ လှမ်းကြည့်နေတာကြာပြီ ဟုတ်မှဟုတ်ပါ့မလားလို့ ၊ အရင် နဲ့ နည်းနည်း မှ မတူတော့သလိုပဲ”
မတ်တပ်ရပ်နေသောအခါ မောင့်ကိုယ်ခန္ဓာသည် တကယ့် ယောကျာ်းကြီး တစ်ယောက်ဟန် အတိုင်းဖြစ်သည်။ အို .. ကြည့်စမ်းပါဦး တည်ငြိမ်လှချည်လား မောင်ရယ် ။ ကျွန်မကိုရက်ရက်စက်စက်ထားခဲ့သော မောင့်ကို ကျွန်မက လက်ခံစကားပြောဖို့ စိတ်ကူးလေသလား။ကျွန်မထွက်သွားသင့်သည်။
#ဆက်ရန်ရှိ