1 y - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများဝင်ငွေခွန်အား သံရုံး၏ ဘဏ်ငွေစာရင်းသို့ တိုက်ရိုက်ပေးသွင်းရမည်
ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ အခွန်ပေးဆောင်ရာတွင် သတ်မှတ်ထားသည့် ဝင်ငွေခွန်ကို သံရုံး၏ ဘဏ်ငွေစာရင်းသို့ မေ ၁၂ ရက်မှစ၍ တိုက်ရိုက်ပေးသွင်းရမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ပြည်ပ၌ အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာဝင်ငွေအပေါ် နည်းရာအခွန်ပမာဏဖြင့် တွက် ချက်ထားသော အခွန်ပမာဏကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂ဝ၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ အရ ၁-၁ဝ-၂ဝ၂၃ ရက်မှစတင်၍ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများအနက် Passport Type (PJ)၊ (Pနှင့် (PS) ကိုင်ဆောင်ထားသူများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် မြန်မာသံရုံးသို့ လာရောက်ကြစဉ်တွင် မိမိတို့ထမ်းဆောင်လိုကြသည့် ကာလများအတွက် ဝင်ငွေခွန်များကို တစ်ပါတည်း ပေးဆောင်လျက်ရှိသည်။
ယင်းသို့ပေးဆောင်လျက်ရှိရာ၌ မြန်မာသံရုံးဆိုးလ်မြို့အနေဖြင့် ငွေသားလက်ခံရယူခြင်းအစား ကာယကံရှင်ကသံရုံး၏ ဘဏ်ငွေစာရင်းသို့တိုက်ရိုက်ပေးသွင်းခြင်းအဖြစ် ၂ဝ၂၅ ခုနှစ် မေ ၁၂ ရက်မှစတင်ပြီး ဖော်ပြပါနည်းလမ်းဖြင့် ပြောင်းလဲလက်ခံဆောင်ရွက်သွားမည်ဖြစ်သည်။
ဝင်ငွေခွန်ထမ်းဆောင်မည့်ကာလနှင့် ပမာဏအနေဖြင့် ဖော်ပြပါသတ်မှတ်ချက်များအရ မိမိတို့နှင့် အကျုံးဝင်မည့်ဝင်ငွေခွန်ထမ်းဆောင်မည့်ကာလနှင့် ပမာဏကိုကာယကံရှင်က ဦးစွာရွေးချယ်ရမည်ဖြစ်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံသို့ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်ထက်နောက်မကျဘဲ ရောက်ရှိလာသူများ အနေဖြင့် တစ်လလျှင်ကိုရီးယားဝမ် ၃၂ဝဝဝ နှုန်းဖြင့် ၁၈ လစာအတွက် ကိုရီးယား ဝမ် ၅၇၆ဝဝဝ ထမ်းဆောင်ရမည်ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံသို့ စတင်ရောက်ရှိလာသည့် အထောက်အထား တင်ပြရန် မလိုအပ်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံသို့ ၂ဝ၂၄ ခုနှစ် ဇူလိုင် ၁ ရက်ထက် နောက်မကျဘဲ ရောက်ရှိလာသူ များအနေဖြင့် တစ်လလျှင် ကိုရီးယားဝမ် ၃၂ဝဝဝ နှုန်းဖြင့် ၁၂ လစာအတွက် ကိုရီးယားဝမ် ၃၈၄ဝဝဝ ထမ်းဆောင်ရမည်ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံသို့ စတင် ရောက်ရှိလာသည့် အထောက်အထား (ဗီဇာစတစ်ကာ စသည်) တင်ပြ ရန် လိုအပ်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံသို့ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ ၁ရက်ထက် နောက်မကျဘဲ ရောက်ရှိလာသူများအနေဖြင့်တစ်လလျှင် ကိုရီးယားဝမ် ၃၂ဝဝဝ နှုန်းဖြင့် ခြောက်လစာအတွက် ကိုရီးယားဝမ် ၁၉၂ဝဝဝ ထမ်းဆောင်ရမည်ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံသို့ စတင် ရောက်ရှိလာသည့် အထောက်အထား (ဗီဇာစတစ်ကာစသည်) တင်ပြရန် လိုအပ်ကြောင်း ပါရှိသည်။
ဆက်လက်၍ မြန်မာသံရုံး ဆိုးလ်မြို့၏ ကိုရီးယားဝမ် ဘဏ်ငွေစာရင်း 33 174-910001-24801 (KEB, HANA BANK) Benefici ary Name-Myanmar Embassy သို့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ် ဖြင့်ဖြစ်စေ ကြိုတင် ပေးသွင်းရမည်ဖြစ်ပြီး လက်ကိုင်ဖုန်းရှိMobileBanking မှတစ်ဆင့်ငွေလွှဲပြောင်း ပေးပို့ခြင်းကို မပြုလုပ်ကြပါရန် အထူးအသိပေးအပ်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ပေးသွင်းခြင်းဖြစ်ပါက ငွေလွှဲပို့သူအမည်အတွက် ကိုယ်စားလှယ်၏ အမည်ကို ရေးသွင်းဖော်ပြခြင်းမပြုဘဲ အခွန်ထမ်းဆောင်သူ၏ အမည်ကိုသာ ဖော်ပြပေးရမည်ဖြစ်ကြောင်း ပါရှိသည်။
ယင်းနောက် မြန်မာသံရုံးသို့ လာရောက်ပြီး ဘဏ်ငွေသွင်းချလန် မူရင်း (မူရင်း) ကိုပြသကာ“အခွန်ပေးသွင်းသူသို့ပြန်ပေးရမည့် ဖြတ်ပိုင်း” ကို ပြန်လည် ထုတ်ယူရမည်ဖြစ်ကြောင်း၊ ဝင်ငွေခွန် ထမ်းဆောင်ရမည့် ကာလနှင့်ပမာဏ လွဲမှားမှုမရှိစေရန် အခွန်ထမ်းသူက ဘဏ်သို့ ငွေမပေးသွင်းမီ သေချာစိစစ်ရန် လိုအပ်ပြီး လွဲမှားနေကြောင်း စိစစ်တွေ့ရှိရပါက လိုအပ်သည့် အခွန်ငွေကိုထပ်မံ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ ထမ်းဆောင်လိုကြသည့် ကာလများအတွက် ဝင်ငွေခွန်များကို သံရုံး၏ ဘဏ်ငွေစာရင်းအမှတ် 174-910001-24801 (KEB, HANABANK) Beneficiary Name- Myanmar Embassy သို့ ၂၀၂၅ ခုနှစ် မေ ၁၂ ရက်မှ စတင်ပြီး တိုက်ရိုက်ပေးသွင်းကာသံရုံး၌ “အခွန်ပေးသွင်းသူသို့ ပြန်ပေးရမည့် ဖြတ်ပိုင်း” ကို ပြန်လည်ထုတ်ယူရမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိမြန်မာသံရုံးက ထုတ်ပြန်သည်။

image

တရားရချင်ရင် တရားအားထုတ်ချင်တဲ့ ဝီရိယတော့ ရှိရတယ်,
ဝီရိယစိုက်လို့ သတိရှိ,
သတိရှိလို့ သမာဓိဖြစ်,
သမာဓိရှိလို့ အမှန်အတိုင်းသိတဲ့ ဉာဏ်ဖြစ်လာတာ။
ဉာဏ်ကောင်းလွန်းတဲ့လူကျတော့ တရားနာနေရင်းကို ဉာဏ်တန်းဖြစ်သွားတာ။
ဝိပဿနာဆိုတာ ဉာဏ်ပါ,
မသိသေးတာသိသွားပြီး အသိပြောင်းသွားတာပါ။
ကိုယ်က တရားထိုင်လို့ အသိပြောင်းရင် ထိုင်,
တရားနာလို့ အသိပြောင်းရင် နာပေါ့,
အသိပြောင်းဖို့ လိုရင်းပါ။
အရှင်ဝရသာမိ
28.4.20

image

image

မင်္ဂလာနံနက်ခင်းလေးပါ💞💓
ရေလိုအေးလို့ ပန်းလိုမွှေးနိုင်ကြပါစေ🙏🙏🙏

image
1 y - Translate

microphone
🎙️ NASUM Dual Wireless Microphone System - သင့်အသံကို ပိုမိုကောင်းမွန်စွာ ထုတ်လွှင့်ဖို့ ! 🎤
စျေးနုန်း ၂၇၀,၀၀၀ ကျပ်.
🔊 အဓိကအင်္ဂါရပ်များ
✅ Longer Operating Distance: 100 ပေ အထိ အလုပ်လုပ်နိုင်သော အကွာအဝေး!
✅ High Quality Sound: NASUM ၏ ထူးခြားသော အသံထုတ်လွှင့်နည်းပညာဖြင့် အသံပိုမိုကြည်လင်၊ feedback မရှိ၊ distortion နည်းပါးပြီး သင့်အသံကို ပိုမိုထင်ရှားစေပါတယ်။
✅ Easy to Use: Plug & Play စနစ်၊ တပ်ဆင်ရလွယ်ကူ။ Mixer, active speaker, amplifier, karaoke machine နှင့် iOS/Android phone, tablet, laptop များနှင့် အဆင်ပြေစွာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
✅ Dual Microphones: Headset နှင့် Lavalier Microphone ပါဝင်ပြီး အခြေအနေအမျိုးမျိုးအတွက် လွတ်လပ်စွာ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
✅ LED Display: ဘက်ထရီအား၊ အချက်ပြမှုနှင့် FM frequency ကို ရှင်းလင်းစွာ ပြသပေးပါတယ်။
🎯 ဘယ်လိုအခါမျိုးမှာ အသုံးဝင်လဲ?
- သင်ကြားမှု၊ ဟောပြောပွဲ၊ တရားဟောပွဲ
- မင်္ဂလာပွဲ၊ ကျောင်းပွဲများ
- အင်တာဗျူး၊ ဗီဒီယိုရိုက်ကူးမှု၊ လေ့ကျင့်ရေးများ
🔋 ပါဝင်ပစ္စည်းများ:
- Headset Microphone ၁ ခု
- Lavalier Microphone ၁ ခု
- Bodypack Transmitter ၁ ခု
- Rechargeable Receiver ၁ ခု
- Instruction Manual
📏 အရွယ်အစား: ကျစ်လစ်ပြီး သယ်ယူရလွယ်ကူ 52 x 65mm
🎵 အသံအရည်အသွေး: 30Hz-18KHz ±3DB, Signal to Noise Ratio >96DB
💥 အခုပဲ မှာယူလိုက်ပါ!
👉 သင့်အသံကို ပိုမိုကောင်းမွန်စွာ ဖော်ပြဖို့ NASUM Wireless Microphone System ကို ရွေးချယ်လိုက်ပါ။
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i119867090.html?s
#wirelessmicrophone #nasummicrophone #headsetmic #lavaliermic #karaokemic #liveperformance #teachingtools #recordingmic #myanmarshopping #techgadgets 🎙️🎤

၇၄ ကြိမ်မြောက်
ထီပေါက်စဥ်

image

နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း၌ အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာ
*****************
(နိုင်ငံတကာ) ဧပြီ ၃၀
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၌ အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာ လျက် ရှိကြောင်း သိရသည်။

အဓိကအားဖြင့် ဘိုကိုဟာရမ် စစ်သွေးကြွများနှင့် ISWAP အဖွဲ့တို့ကြား အပြန်အလှန် တိုက်ခိုက်မှုများကို ကျူးလွန်လာခြင်းဖြစ်ကာ ၎င်းတို့အသုံးပြုလျက်ရှိသည့် နည်းလမ်းများတွင် လက်နက်တပ်ဆင်ထားသည့် ဒရုန်းများနှင့်လမ်းမကြီးများတွင် ဗုံးထောင်ခြင်းများလည်းပါဝင်လာကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အကုန်မှာပင် အာဒမ်အာဝါနှင့်ဘော်နိုပြည်နယ်တို့၌ စစ်သွေးကြွများ၏ တိုက်ခိုက်မှု ကြောင့် လူ ၂၂ ဦးသေဆုံးထားသည်။

အလားတူ ဧပြီလ ၂၈ ရက်တွင်လည်း ဘော်နိုပြည်နယ်၌ မော်တော်ယာဉ် နှစ်စီးဖောက်ခွဲခံရသည့် အတွက် လူ ၂၆ ဦးသေဆုံးသည်။

ထို့အတူ ဇန်နဝါရီလမှစ၍ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့်သေဆုံးသူအရေအတွက်မှာ ဒါဇင်ပေါင်းများစွာရှိလာပြီ ဖြစ်သည်။

အထူးသဖြင့် ဘော်နို ပြည်နယ်သည် အကြမ်းဖက်သမားများ ၁၅ နှစ်ကြာစိုးမိုး ထားသည့်နယ်မြေဖြစ်ပြီး လက်ရှိအချိန်တွင် အောင်မြင် မှုများပိုမိုရရှိလာလျက်ရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဘာဘာ ဂါနာဇူလမ်ကပြောသည်။

တစ်ချိန်တည်းမှာပင် ISWAP အဖွဲ့က လက်နက်တပ်ဆင်ထားသည့် ဒရုန်းများ ကို အသုံးပြုလာခြင်းသည် IS စစ်သွေးကြွများထံမှ ပံ့ပိုးမှုများရရှိထားခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများက ပြောထားသည်ဟု RTA သတင်းဌာနက သိရသည်။

image
1 y - Translate

ရန်ကုန်မြိုမှာ မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို ဒုတိယအကြိမ်အဖြစ် ထပ်မံကျင်းပမည်
*****************
(ပြည်တွင်း) ဧပြီ ၃၀
ရန်ကုန်မြို့မှာ ဒုတိယအကြိမ်အဖြစ် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို လေးရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။ MYANMAR POWER & SOLAR ENERGY STORAGE LIGHTING EXPO 2025 ဟု အမည်ပေးထားတဲ့ မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို မေလ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်ရှိ Yangon Convention Center မှာ ပြုလုပ်သွားမည်ဖြစ်ပါတယ်။

အဆိုပါပြပွဲကို မေလ ၁ ရက်မှ ၃ ရက်အထိ Yangon Convention Center မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ၊ မေလ ၄ ရက်မှာ နံနက် ၉ နာရီ မှ နေ့လယ် ၂ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပါတယ်။

နိုင်ငံတကာကုမ္ပဏီ အမှတ်တံဆိပ်ပေါင်း ၁၅ဝ ကျော်က ဆိုင်ခန်းပေါင်း ၇ဝ ကျော်လာရောက်ပြသရောင်းချခဲ့တဲ့ မီးစက်နှင့် ဆိုလာစွမ်းအင် သိုလှောင်မှုကုန်စည်ပြပွဲ ပထမအကြိမ်ကို ဇန်နဝါရီလ ၁၀ ရက်က ရန်ကုန်မြို့ ကွန်ဗင်းရှင်းစင်တာမှာ နံနက် ၉ နာရီမှ စတင်ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

အဆိုပါ မီးစက်နှင့် စွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲမှာ တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့က ကုမ္ပဏီပေါင်း ၁၅၀ ကျော်က လာရောက်ပြသရောင်းချခြင်းဖြစ်ပြီး၊ ဇန်နဝါရီလ ၁၀ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ ကွန်ဗင်းရှင်း စင်တာတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပြီး ပြပွဲတွင် ဆိုလာနှင့် မီးစက်များအပြင် အီလက်ထရွန်နစ် ထုတ်ကုန်များလည်း ပါဝင်ပြသခဲ့ပြီးဆိုလာပြားများမလိုအပ်ဘဲ ဘက်ထရီစနစ်တွဲရက် စမတ်အင်ဗာတာများနှင့် ဆိုလာစွမ်းအင်များကို စိတ်ဝင်တစားလာရောက် ကြည့်ရှုဝယ်ယူသူများ အထူးများပြားခဲ့ကြောင်း သိရပါတယ်။

လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် ဒေသများစွာမှာ လျှပ်စစ်မီး ပြတ်တောက်မှု များရှိနေကြောင်း သိရပါတယ်။ ဓာတ်အားထုတ်လုပ်မှုလျော့နည်းအနေနဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးတွင် အလှည့်ကျ စနစ်နဲ့ လျှပ်စစ်မီးပေးနေရတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

image

ခုတလော နင် အဆင်ပြေလား
Me :

image

ဒီနေ့မှ ဒီဇာတ်လမ်းတစ်ခန်းမရပ်ရင် ငါပဲ အမှတ်မရှိတာနေမှာ …
နာကျင်ရခြင်းတွေကို
ဝှက်ပြီး
ဖက်တွယ်ထားခဲ့မိတဲ့
ငါ့ဖက်ကို
ဘာလို့ နည်းနည်းလေးမှ
ပြန်မငဲ့ကြည့်ပေးရတာလဲလို့ မေးချင်တယ် …
မင်းလုပ်နေတဲ့အရာတွေ
မင်းရှုပ်နေတဲ့ခြေလှမ်းတွေ
အမှန်အတိုင်း ဝန်ခံရရင်
ငါ့မျက်စိရှေ့ပေါ်မလာစေချင်သလို
ငါကိုယ်တိုင်လည်း သိမနေချင်ဘူး
မင်းကို အပြစ်ကင်းနေသလိုမျိုးပဲ
သံသယကင်းကင်းနဲ့
ဆက်ပြီးပဲ ချစ်ချင်တယ် ။
အမှားတွေ
ခွင့်လွှတ်ပေးခဲ့တယ်ဆိုတာ
မစွန့်လွှတ်နိုင်နိုင်လို့ဆိုတဲ့တစ်ဖက်မှာ
နောက်တစ်ကြိမ်တော့
မမှားလောက်ပါဘူးဆိုတဲ့
မျှော်လင့်ချက်တွေလဲ ပါတယ်
ဒါပေမယ့်
ဘာလို့များ …
အမှားတစ်ခုကို
ထပ်တလဲလဲ ပြုမူပြီး
ထပ်ခါ ထပ်ခါ နာကျင်စေရတာလဲ မေးချင်တယ်
ဒီနေ့မှ
မင်းနဲ့ ငါ့ရဲ့ဇာတ်လမ်းတစ်ခန်းမရပ်ရင်
ငါပဲ အမှတ်မရှိတာ ဖြစ်မှာပါ …
နာကျင်ခြင်းတွေကို ခုန်မင်ပြီး
မျက်ရည်တွေနဲ့ အသားကျနေတာပဲ ဖြစ်မှာ …
#ကျေးကို