Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မန္တလေးမြို့တွင် ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲပြီး ငွေကျပ် သိန်းသုံးထောင်တောင်းကာ သတ်ဖြတ်၊ ကျူးလွန်သူများကို ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
မန္တလေးမြို့တွင် ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲပြီး ငွေကျပ် သိန်းသုံးထောင်တောင်းကာ သတ်ဖြတ်ခဲ့ကြောင်းနှင့် ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၁၇)ရက် နံနက် (၉)နာရီခွဲခန့်က ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၁၀၁ အေလမ်း၊ ၅၅လမ်းနှင့် ၅၆လမ်းကြားတွင် နေထိုင်သည့် အသက် (၃၃)နှစ်အရွယ် ဒေါက်တာအောင်မြင့်မြတ်ထွန်းသည် အပြင်ဆေးခန်းသို့ ဆေးကုသရန် သွားရောက်ရာမှ အဆက်အသွယ် ပြတ်သွားကြောင်းနှင့် မွန်းတည့် (၁၂)နာရီခန့်တွင် ဒေါက်တာအောင်မြင့်မြတ်ထွန်းအား ပြန်ပေးဆွဲထားပြီး အသက်ရှင်လျက် ပြန်လိုချင်ပါက ငွေကျပ်သိန်းသုံးထောင်ဖြင့် လာရွေးယူရန် ၎င်း၏ မိသားစုဝင်များထံ ဖုန်းဝင်လာခဲ့ကြောင်း သိရသည်။
ယင်းနောက် ညနေ (၃)နာရီခန့်တွင် ဘုရားကြီးအနီးသို့ ငွေလာရောက်ပေးရန် ချိန်းဆိုသဖြင့် ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိသားစုဝင်များမှ ငွေသိန်းသုံးထောင်ဖြင့် သွားရောက်ခဲ့ရာ မီနီအိုးဝေသမားမှတဆင့် အဆင့်ဆင့် လက်လွှဲယူခဲ့ပြီး ပြန်ပေးဆွဲခံရသူအား နောက်ရက်တွင် ပြန်ပို့ပေးမည်ဟု ပြောခဲ့ကြောင်း သိရသည်။
သို့သော်လည်း ဒီဇင်ဘာလ (၁၉)ရက် နံနက် (၄)နာရီခန့်တွင် အဲ့ဒီ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးအနီး၊ ရွှေတချောင်းမြောင်း အတွင်းတွင် လက်ပြန်ကြိုးတုပ်ထားပြီး ဓားဒဏ်ရာ အများအပြားဖြင့် သေဆုံးနေသည့် ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ ပုပ်ပွနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။
၎င်းနောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ငွေလွှဲပြောင်း ရယူခဲ့သည့် မီနီအိုးဝေမှတဆင့်၊ CCTV မှတ်တမ်းများ အပါအဝင် စုံစမ်းစစ်ဆေးရာတွင် ပြန်ပေးဆွဲ ကျူးလွန်သူကို ဒီဇင်ဘာ (၁၈)ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ပြီး အတူကျူးလွန်သူကို (၁၉)ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်အရ ကျူးလွန်သူသည် ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးဖြစ်ပြီး ၎င်းပိုင်ဆေးခန်းတွင် ဆေးကုသရန်ခေါ်ဆောင်ခဲ့ကာ ပြန်ပေးဆွဲခဲ့ကြောင်း သိရသည်။
#centralnewsnaypyitaw
မန္တလေးတွင် သူငယ်ချင်းဆရာဝန်အချင်းချင်းပြန်ပေးဆွဲသတ်ဖြတ်မှုမှ ကျူးလွန်သည့် ဆရာဝန်နှင့်ပူးပေါင်းပါဝင်သူများကို ဖမ်းမိထား
ဒီဇင်ဘာ ၂၀
မန္တလေးတွင် သူငယ်ချင်းဆရာဝန်အချင်းချင်းပြန်ပေးဆွဲသတ်ဖြတ်မှုမှ ကျူးလွန်သည့် ဆရာဝန်နှင့်ပူးပေါင်းပါဝင်သူများကိုဖမ်းဆီးရမိထားကြောင်းဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ပြန်ပေးဆွဲခံရသည့် ဆရာဝန်မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်၊ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် ၊အောင်သာယာရပ်ကွက်၊ ၁၀၁ အေ လမ်း ၊ ၅၅ လမ်းနှင့် ၅၆ လမ်းကြားရှိ ၎င်း၏နေအိမ်မှ ဆေးခန်းသို့ထွက်ခွာသွားခဲ့ပြီး မွန်းလွဲပိုင်းအချိန်တွင် ဖမ်းဆီးပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက်ပြန်ပေးဆွဲခံရသူ၏ ဇနီးဖြစ်သူထံမှ ငွေကျပ်သိန်း(၃၀၀၀)အား မီနီအိုးဝေဖြင့် အဆင့်ဆင့်လွှဲပြောင်းတောင်းယူခဲ့ကြောင်း သိရသည်။ပြန်ပေးဆွဲ သတ်ဖြတ်ခံရသည့် ဆရာဝန်မှာ အသက်(၃၃)နှစ်အရွယ်ရှိ ဒေါက်တာအောင်မြင့်မြတ်ထွန်းဖြစ်ကြောင်း သိရသည်။
“မီနီအိုးဝေနဲ့ သိန်း(၃၀၀၀)ထည့်ပေးလိုက် နင့်အမျိုးသားကိုပြန်ပေးမယ်ဆိုပြီး ဆရာမကို မီနီအိုးဝေသမားက သိန်း(၃၀၀၀) နဲ့ ဘုရားကြီးနားမှာချိန်းထားတာ။ အဲဒီကနေတဆင့် နောက်အိုးဝေသမားတစ်ယောက်ကို ထပ်ချိန်းတာ။ အမှန်တော့ ပြန်ပေးဆွဲပြီး သတ်ဖြတ်တဲ့ဆရာဝန်က နောက်ကနေကြိုးကိုင်တာပေါ့။ အဲဒီနောက်မှာ ဆရာမကလည်းမဖြစ်သေးဘူးဆိုပြီး ရဲစခန်းကိုအမှုဖွင့်တာ”ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူတစ်ဦးက ဆိုသည်။
ထို့နောက် ပြန်ပေးဆွဲသတ်ဖြတ်ခံရသူ ဆရာဝန်၏ ရုပ်အလောင်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ရက်၊ နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးအနီး လမ်းဘေးတွင်ထိုးသွင်းဒဏ်ရာနှင့် မျက်နှာထိုးကြိတ်ခံထားရသည့်ဒဏ်များဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူ့ယောကျာ်းရဲ့ဖုန်းက I Phone ဆိုတော့ ပထမတော့ ဖုန်းကစက်ပိတ်ထားတာ။ နောက်တော့ဖုန်းကိုဖွင့်လိုက်တဲ့အချိန်မှာ သူ့အမျိုးသမီးကလည်း Location ရှာကြည့်လိုက်တဲ့အချိန်မှာ ကန်တော်ကြီးနားက မြို့ဟောင်းဘူတာပေါ့နော်။ အဲဒီနားမှာ ဘူတာလည်းရှိတယ်။ စာသင်ကျောင်းလည်းရှိတယ်။ အဲဒီနောက်မှာမှဆေးခန်းရှိတာ။ အဲဒီဆေးခန်းမှာ Location ပြနေတဲ့အချိန်မှာ ရဲစခန်းကိုပြောပြီး ရဲစခန်းကလည်း ၁၉ ရက်နေ့ မနက်မှာဝင်ဖမ်းလိုက်တာ။ အခုထွက်ဆိုချက်ကတော့ အပြည့်အဝတော့မရသေးဘူးပေါ့နော်။ ပြောတာတော့ ဆရာဝန်ကော ဆေးခန်းအကူတွေက အဲဒီဆရာဝန်ကို ချုပ်ပြီးလုပ်တာပေါ့နော်။ အဲဒီအချိန်မှာ လက်လွန်သွားတာပေါ့နော်”ဟု ၎င်းကဆက်ပြောသည်။
ထို့သို့ ပြန်ပေးဆွဲသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် ဆရာဝန်မှာ သတ်ဖြတ်ခံရသည့် ဆရာဝန်နှင့် ခင်မင်ရင်းနှီးသူများဖြစ်ပြီး ငွေကြေးကိစ္စရပ်များနှင့် သက်ဆိုင်နိုင်ကြောင်း ဆရာဝန်လောကသားများအကြားသတင်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။
“အဲဒီပြန်ပေးဆွဲတဲ့ဆရာဝန်ကလည်း ပြန်ပေးဆွဲပြီးရတဲ့ငွေတွေနဲ့ KTV တွေသွား။ ကားတွေဝယ်စီးလိုက်သေးတယ်။ နောက်ပြီးတော့ ဆရာဝန်အချင်းချင်းကြားမှာထွက်နေတဲ့သတင်းတွေလည်းရှိသေးတယ်။ အဲဒီဆရာဝန်က လောင်းကစားကိုလည်းအခုနောက်ပိုင်း တော်တော်လုပ်လာတယ်တဲ့။ နောက်ပြီး အခုပြန်ပေးဆွဲသတ်ဖြတ်လိုက်တဲ့ ဆရာဝန်နဲ့လည်း ငွေရေးကြေးရေးအရှုပ်အရှင်းတွေ ရှိပုံရတယ်”ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Photo - အသတ်ခံရသည့် ဆရာဝန်၏ fb profile ပုံ
Credit - NP News Agency
#သတင်းဟင်းလေးအိုးကြီး
တားမြစ်ဆေးကျခဲ့သည့် မူဒရစ်ဘက်က အပြည့်အဝရပ်တည်မည်ဟု နည်းပြမာရက်စ်ကာပြော
အင်္ဂလန်အက်ဖ်အေရဲ့ ရှောင်တခင်တားမြစ်ဆေး စစ်ဆေးမှုမှာ ဆေးကျခဲ့တဲ့ မူဒရစ်ဘက်ကနေ အပြည့်အဝရပ်တည်သွားမှာဖြစ်ကြောင်း နည်းပြမာရက်စ်ကာက ပြောပါတယ်။
ယူကရိန်း တိုက်စစ် ကစားသမားဟာ အသင်းမှာခြေစွမ်းပြဖို့ရုန်းကန်နေရချိန်မှာ တားမြစ်ဆေး သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခံရဖို့ရှိပါတယ်။
ချဲလ်ဆီးနည်ပြမာရက်စ်ကာကတော့ မူဒရစ်ဟာ တားမြစ်ဆေးသုံးစွဲတဲ့သူမဟုတ်ကြောင်း ယုံကြည်နေပြီး ကစားသမားဘက်ကနေ အပြည့်အဝကာကွယ်သွားမယ်လို့ ပြောပါတယ်။
တားမြစ်ဆေးတွေ့ရှိမှုနဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို ၄ နှစ် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက်ပိုင်းမှာ ၁၈ လ ပွဲပယ်ပြောင်းလဲချမှတ်ခဲ့ပါတယ်။
မူဒရစ် အနေနဲ့လည်း ကာလရှည်ပွဲပယ်ခံရနိုင်ပေမဲ့ ကစားသမားဘဝပြီးဆုံးသွားတဲ့အထိ မဖြစ်နိုင်ကြောင်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။
DVB
Photo: Reuters
Myanmar’s fish exports total 240,000 tonnes in Apr-Nov
Myanmar generated US$256.6 million from 240,000 metric tonnes of various fish exports in the past eight months of the current financial year 2024-2025 beginning 1 April, according to the Fisheries Department.
The figures indicated a sharp increase of over $39 million compared with that of the corresponding period last year.
Myanmar steadily exports seafood to 40 countries including China, Thailand, Bangladesh and Japan through maritime and border trade routes.
According to the Myanmar Fisheries Federation, Myanmar’s seafood exports include hilsa, rohu, catfish, seabass, river catfish, eel, shrimp and crabs. There are over 140 fishery product processing factories in Myanmar. The Department of Fisheries grants licence extensions every year. — NN/KK
ပျဉ်းမနားမြို့တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
ဒီဇင်ဘာ ၂၀
နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း(၂)၊ ပေ ၈၀ လမ်းနှင့် ၁၀ လမ်းထောင့်ရှိ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၁၁ နာရီကျော်အချိန်ခန့်က ပေါင်းလောင်း ၂ ၊ အမှတ်(၁၅/၃၈၁) ရှိနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မော်တော်ယာဉ်များရောက်ရှိ မီးငြိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မီးညွှန့်ကျိုးခဲ့ပြီး နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး
ရန်ကုန်တိုင်းရှိ မြို့နယ်များတွင် ည ၉ နာရီမှ နံနက် ၁ နာရီအထိ လျှပ်စစ်မီး ထပ်မံဖြတ်တောက်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တော်တော်များတွင် ဓါတ်အားစနစ်အတွင်း ဝန်အားမနိုင်နင်းမှုကြောင့် ည ၉ နာရီမှ နံနက် ၁ နာရီအထိ လျှပ်စစ်မီး ထပ်မံဖြတ်တောက်မည်ဖြစ်ကြောင်း မြို့နယ် YESC ရုံးမှ အသိပေး ကြေညာထားသည်။
ယခင် နံနက် ၅ နာရီမှ ည ၉ နာရီအထိ ၄ နာရီ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ုဖြူးပေးခဲ့သော်လည်း ဒီဇင်ဘာ ၁၉ ရက်နေ့မှ စတင်ကာ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ လှိုင်၊ အင်းစိန်အပါအဝင် မြို့နယ် တော်တော်များတွင် ည ၉ နာရီမှ နံနက် ၁ နာရီအထိပါ လျှပ်စစ်မီး ထပ်မံဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်မီး ည ၉ နာရီမှ နံနက် ၁ နာရီအထိ ဖြတ်တောက်မည်ဖြစ်သော်လည်း နံနက် ၁ နာရီမှ နံနက် ၅ နာရီအထိအား Group A နှင့် B နှစ်စုလုံးအား မီးပေးထားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးပေးရာတွင် Group A နှင့် Group B ခွဲကာ ၄ နာရီ လျှပ်စစ်မီးပေးပြီး ၄ နာရီ လျှပ်စစ်မီးပြတ်တောက်နေခြင်းဖြစ်သည်။
#centralnewsnaypyitaw