48 w - Translate

တရုတ်နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်အလယ်က "သံမှိုအိမ်" ပိုင်ရှင်ရဲ့ နောင်တ
တရုတ်နိုင်ငံ၊ Jinxi မြို့မှာ Huang Ping ဆိုတဲ့ အမျိုးသားတစ်ဦးဟာ ထူးခြားတဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ သူ့အိမ်ဟာ အဝေးပြေးလမ်းမကြီးတစ်ခု ဖောက်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးရဲ့ အလယ်မှာ တည်ရှိနေတာကြောင့်ပါ။
လမ်းသစ်ကြီးရဲ့ အလယ်တည့်တည့်မှာ နေထိုင်နေရတဲ့ Huang Ping နဲ့ သူ့မြေးဟာ အိမ်ရှေ့တံခါးကို ရောက်ဖို့ ကြီးမားတဲ့ ပိုက်လုံးကြီးတစ်ခုကို ဖြတ်သန်းသွားလာနေရတဲ့ ဘဝကို ရောက်ရှိနေပါတယ်။
တကယ်တော့ Huang Ping ဟာ ဒီအိမ်ကနေ ပြောင်းရွှေ့ဖို့အတွက် လျော်ကြေးငွေနဲ့ ကမ်းလှမ်းခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် သူက သူ့အိမ်နဲ့ မြေနေရာဟာ ကမ်းလှမ်းခံရတဲ့ ပမာဏထက် ပိုပြီး တန်ဖိုးရှိတယ်လို့ ယုံကြည်တာကြောင့် ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ဆက်လက်နေထိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာတော့ ဒီလိုမျိုး အိမ်တွေကို "Nail House" (သံမှိုအိမ်) လို့ ခေါ်ကြပြီး၊ အများစုဟာ ဆောက်လုပ်ရေးစီမံကိန်းတွေကြောင့် ဖယ်ရှားပေးရမယ့်နေရာမှာ မူလလျော်ကြေးထက် ပိုမိုလိုချင်လို့ ငြင်းဆန်ရင်း ကျန်ရစ်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့် အချိန်တွေကြာလာပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေကလည်း အဆက်မပြတ် ဆက်လက်လုပ်ဆောင်နေတဲ့အခါမှာတော့ Huang Ping ဟာ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် နောင်တရလာခဲ့ပါတယ်။
"ငါသာ အချိန်ကို နောက်ပြန်ဆုတ်လို့ရရင် သူတို့ကမ်းလှမ်းခဲ့တဲ့ ဖျက်သိမ်းရေး သဘောတူညီချက်ကို လက်ခံခဲ့မိမှာပဲ။ အခုတော့ အလောင်းအစားကြီးတစ်ခု ရှုံးနိမ့်သွားသလို ခံစားရတယ်" လို့ သူက ဝမ်းနည်းစွာ ဝန်ခံပြောကြားခဲ့ပါတယ်။
Huang Ping ရဲ့ အဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာ တွေ့ရတတ်တဲ့ "သံမှိုအိမ်" ပိုင်ရှင်တွေရဲ့ ဘဝကို ထင်ဟပ်ပြနေပါတယ်။ တချို့အိမ်တွေဟာ နှစ်ပေါင်းများစွာကြာတဲ့အထိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေရဲ့ အလယ်မှာ၊ တစ်ခါတစ်ရံ အန္တရာယ်ရှိတဲ့ အခြေအနေတွေကြားမှာတောင် ဆက်လက်တည်ရှိနေတတ်ကြပါတယ်။
#knowledge

image
48 w - Translate

ဒီကာတွန်းထဲက ဇာတ်ကောင်လေးတွေကတော့
မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးတွေကို ယူထားတာပါ။
ဒြပ်မြို့တော်ကြီးမှာ ရေ၊ လေ၊ သစ်သား နဲ့ တိမ်တွေ နေကြပေမဲ့
မီးနိုင်ငံကလူတွေကိုတော့ အဝင်မခံပါဘူး။
မီးမျိုးနွယ်တွေဟာ မြို့စွန်တစ်နေရာမှာ မီးမြို့လေးဆောက်ပြီး
သတ်သတ်နေကြရတာပါ။
အဲဒီမီးမျိုးနွယ်တွေထဲမှာ အမ်ဘာဆိုတဲ့ ဒေါသကြီးတဲ့
မီးကောင်မလေးတစ်ယောက်ရှိပါတယ်။
သူဟာ သူ့အဖေရဲ့မီးမုန့်ဆိုင်ကိုလက်လွှဲယူဖို့ စောင့်နေရပြီး
သူ့အဖေကတော့ အမ်ဘာ့ရဲ့ ဒေါသတွေကို ထိန်းနိုင်တဲ့နေ့မှာ
ဆိုင်ကိုလွှဲပေးပြီး အနားယူမှာပါ။
ဒါပေမဲ့ ဆိုင်ကို မဆက်ခံနိုင်ခင်မှာပဲ ရေပိုက်တွေနဲ့
မတော်တဆမှုတွေဖြစ်ပြီး ဆိုင်အပိတ်ခံရမဲ့
ပြဿနာတက်လာပါတယ်။
အဲဒီအချိန်မှာ ရေကောင်လေး တစ်ကောင်နဲ့ခင်မိပြီး
မီးမြို့တော်ထဲကို ရေတွေစိမ့်လာတဲ့ပြဿနာကို
ဖြေရှင်းဖို့ ကြိုးစားကြတဲ့အခါ…

ဇာတ်ကားလင့်
https://t.me/c/2186686827/151

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
48 w - Translate

The Collection (2012)

ဒီရုပ်ရှင်မှာ အယ်လီနာဆိုတဲ့ ကောင်မလေးတစ်ယောက်က သူမရဲ့ သူငယ်ချင်းတွေနဲ့အတူ ပါတီတစ်ခုကိုသွားရမှာ အဲ့ပါတီက လူအစုလိုက်အပြုံလိုက်သတ်တဲ့နေရာတစ်ခုဖြစ်နေရာမှ ထွက်ပြေးရန်ကြိုးစားရင်းကနေ The collector ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရသူတစ်ယောက်ပဲဖြစ်ပါတယ်။

အာကင်ဆိုတဲ့လူကတော့ The collector ဆီကနေ လွတ်မြောက်လာတဲ့လူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဆီကို အယ်လီနာအဖေရဲ့ လက်ထောက်ကနေရောက်လာပြီး အယ်လီနာကိုကူရှာပေးဖို့ပြောရာကနေ အယ်လီနာကို The collector လက်ကနေဘယ်လိုကယ်ထုတ်သွားမလဲဆိုတာကိုရင်ခုန်စွာကြည့်ရမယ့် horror, thrillerအမျိုးအစားဖြစ်ပါတယ်။

image
48 w - Translate

နောက်လ ၇ ရက်နေ့မှာထွက်ရှိလာတော့မယ့် Aharen-san wa Hakarenai Season 2

image
48 w - Translate

ထိုင်းမှာ အချဉ်ပေါင်းစားချင်တဲ့ မဗိုက်လေးကို ပါရမီဖြည့်ပေးခဲ့တဲ့ သွန်းဆက်အမျိုးသား 🥰
သရုပ်ဆောင် သွန်းဆက်က အမျိုးသားဖြစ်သူနဲ့အတူ ထိုင်းနိုင်ငံမှာ နေထိုင်နေတာပါ။ ကိုယ်ဝန်ဆောင်ထားချိန် ချဉ်ခြင်းတက်လာတဲ့ အချဉ်ပေါင်းကို စားချင်တယ်ဆိုလို့ ခင်ပွန်းဖြစ်သူက မရရအောင်ရှာဖွေပြီး ပါရမီဖြည့်ကျွေးပေးခဲ့တာပါ။ သူမကတော့ အာသီသဖြစ်နေချိန်မှာ စားလိုက်ရတာမို့ ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်နေတာပါ။

image
48 w - Translate

ရန်ကုန်အပါအဝင် ပြည်နယ်နှင့်တိုင်းအချိုတွင် ရွှေဓာတ်ခွဲခန်းများ ဖွင့်မည်
------------------------
ရန်ကုန်မြို အပါအဝင် ပြည်နယ်နှင့်တိုင်းအချိုရှိ မြိုများတွင် နိုင်ငံတကာအဆင့်မီ ရွှေဓါတ်ခွဲခန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါဓာတ်ခွဲခန်းများကို ရန်ကုန်မြိုအပြင် မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ဘားအံမြိုများ၌ ဖွင့်လှစ်မည်ဖြစ်ပြီး ဓာတ်ခွဲခန်းများဖွင့်လှစ်နိုင်ရေး နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိရန် ဆောင်ရွက်နေကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှသိရပါတယ်။
ထိုပြင် X-ray စစ်ဆေးသည့် စက်များလည်း မှာယူထားပြီးဖြစ်ကာ မြန်မာ့ရွှေများကို ဓာတ်ခွဲစမ်းသပ်နိုင်ရန် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများတွင် စနစ်တကျစမ်းသပ်ပြီး အလေးချိန်နှင့် အရည်အသွေးကို စမ်းသပ်စစ်ဆေးနိုင်မည်လည်း ဖြစ်ပါတယ်။
ဓာတ်ခွဲခန်းများဖွင့်လှစ်ပြီးပါက မြန်မာ့ရွှေကို နိုင်ငံတကာဈေးကွက်သို လွယ်ကူစွာတင်ပိုရောင်းချနိုင်မည် ဖြစ်ကာဓာတ်ခွဲခန်းများဖွင့်လှစ်နိုင်ရေးအတွက် အစုရှယ်ယာရှင်များကိုလည်း ခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။
#news

image
48 w - Translate

ပြည်ပထွက်ခွာ အလုပ်လုပ်မည့် မည်သူမဆို အွန်လိုင်းမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ အကြောင်းကြားရမည်
PJ နိုင်ငံကူးလက်မှတ်နှင့် OWIC ကတ်ကိုင်ဆောင်ထားပြီး ပြည်ပထွက်ခွာအလုပ်လုပ်မည့် မည်သူမဆို အွန်လိုင်းမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ အကြောင်းကြားရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ယင်းတွင် အေဂျင်စီအစီအစဉ်ဖြင့်သော်လည်းကောင်း၊ မိမိအစီအစဉ် (ကျွမ်းကျင်) ဖြင့်သော်လည်းကောင်း၊ ခွင့်ပြန်လာသဖြင့် ခွင့်ရက်စေ့ကာ ပြန်လိုခြင်းကြောင့်သော်လည်းကောင်း ပြည်ပ နိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနသို့ သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ Online မှတဆင့် လျှောက်ထားကာ (လူကိုယ်တိုင်လာရောက်ရန်မလို) ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ကို ရယူရမည် ဖြစ်သည်။
နိုင်ငံကူးလက်မှတ်မိတ္တူ (ဓာတ်ပုံပါစာမျက်နှာနှင့် နေထိုင်ခွင့်သက်တမ်းစာမျက်နှာ)၊ သက်တမ်းရှိနေသည့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ရှေ့/နောက် မိတ္တူ၊ ခွင့်ပြန်အလုပ်သမားများဖြစ်ပါက သက်တမ်းရှိနေသည့် အလုပ်လုပ်ခွင့်ပါမစ် မိတ္တူနှင့်အလုပ်ရှင် မှ ခွင့်ဖြင့်နေရပ်သို့ပြန်ရန် ခွင့်ပြုသည့် ခွင့်စာ၊ အေဂျင်စီများအနေဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် တင်ပြရာတွင် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းဆောင်ရွက်နေသည့် သက်ဆိုင်ရာ Email များသို့ တင်ပြရန်၊ မိမိအစီအစဉ်ဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် တင်ပြရာတွင် သတ်မှတ် အထောက်အထားများနှင့်အတူ migrantde-partures@gmail.comသို့ ပေးပို့လျှောက်ထားရန်၊ အနည်းဆုံး ရုံးပိတ်ရက် (မပါ) (၅) ရက်ကြိုတင်၍ အလုပ်သမားဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်သည်။
လျှောက်ထားသူများကို စိစစ်ပြီးနောက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုသည့်စာရင်းများကို Safe Migration Telegram Channel တွင် ကြေညာပေးမည်ဖြစ်သလို သက်ဆိုင်ရာလေဆိပ်များသို့လည်း ပေးပို့ထားမည်ဖြစ်ကြောင်း သိရသည်။
အသိပေးကြေညာချက်ပါ လုပ်ငန်းစဉ်အား ၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက် (တနင်္လာနေ့)တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

image
48 w - Translate

ကစ်ရ်ှမီးဒေသတွင် သူပုန်(တော်လှန်သူ) တွေဟာ ဒေသအတွင်း မှာ သောင်းကျန်းနေမှုကြောင့် သတင်းအရ သွားရောက်ခဲ့သော ရဲ့မှူး ခန်းရဲ့အဖွဲဟာ အိမ်တစ်အိမ်တွင် သူပုန်(တော်လှန်သူ)တွေ ရောက်နေလို အပြန်လှန်ပြစ်ခတ်မှု လုပ်ဆောင်ခဲ့ရပြီး သိုပေမဲ့ ထိုအိမ်တွင်း၌ အိမ်ရှင် မိခင်အိုကြီးနဲ့ ကလေးငယ်မလေး ဟာ ကြားထဲကနေ ဓားစာခံဖြစ်သွားရှာပါတယ်။

ထိုအဖြစ်ပျက်ကို သေသွားရှာတဲ့ မိခင်အိုကြီးရဲ့သား အက်ဖ်သာ ဟာ ဒီအဖြစ်ပျက်အလုံးစုံကို မိမိရဲ့မျက်စိအရှေ့တွင် တွေ့မြင်ခဲ့ရတာကြောင့် ရဲမှူးခန်းကို အငြိုးထားကာ အမြဲတမ်းနာကျည်းနေခဲ့ရပါတယ်။

ဒီအချိန်မှာ ရဲမှူး ခန်းဟာလဲ မကြာသေးခင်က မတော်တဆ အဖြစ်ပျက်ကြောင့် သားတစ်ဦးကိုဆုံးရှုးထားရ၍ ဝမ်းနည်းနေသော ဇနီးအတွက် အစားထိုးသားတစ်ဦးမွေးစားဖိုဆုံးဖြတ်ခဲ့တာကြောင့် အက်ဖ်သပ်ကို မွေးစားခဲ့ပေမဲ့...

ထိုကလေးက မိမိရဲ့မိခင်နှင့်ညီမလေး တိုကို သတ်ခဲ့တဲ့ ရဲမှူးခန်းကို ပြန်လည်လက်စားခြေဖို အတွက် တော်လှန်သူ ဖြစ်သွားခဲ့ရပြီး ရဲမှူးခန်းနဲ့ အက်ဖ်သပ် တိုရဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ဘယ်လို ဝမ်းနည်းစရာ  အခြေနေတွေ ရင်ဆိုင်ကြမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါတော့

#crd
#storymode

image

ကိုယ်ခံအားကို မြင့်တက်စေတဲ့ ကြက်သွန်နီ သံပုရာဆမ်း ဖတ်ကြည့်ပေးနော်
+++++++++++++
အလွန်ရိုးရှင်းပြီး လုပ်ရလွယ်ကူတဲ့ မီးဖိုချောင်ထဲက ဆေ:နည်းတစ်မျိုးကို ကျန်းမာရေးသတင်းများစာမျက်နှာမှ မျှဝေပေးချင်ပါတယ်။ အဲဒါကတော့ ကြက်သွန်နီ သံပုရာဆမ်း ဖြစ်ပါတယ်။
(၁) ကြက်သွန်နီကို အောက်ပိုင်းကိုဖြတ် အပေါ်ပိုင်း ဖြတ်
(၂) အကွင်းလိုက် လှီးထားပါ။ ရေမဆေ:ပါနဲ့။
(၃) ကြက်သွန်နီပေါ်ကို သံပုရာသီးညှစ်ထည့်ပါ။
(၄) ချိုတဲ့အရသာပေါ်လာပါမည်။ မွန်တဲ့အနံ့များ ပျောက်သွားမည်။
(၅) ၄င်းကြက်သွန်နီသံပုရာဆမ်းကို မကြာခဏ စားပေးပါ။ ထမင်းနှင့်သော်၄င်း၊ အခြားအစားအစာများနှင့်သော်၄င်း တွဲစားနိုင်ပါသည်။
ဒီနည်းကတော့ ထမင်းစားခါနီး ၂ မိနစ်အတွင်း အလွယ်တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ်ပါတယ်။ ဒီထက်ပိုအချိန်ပေးပြီး လုပ်နိုင်ပါက ကြက်သွန်နီကို ပါးပါးလှီး၍ သံပုရာသီးညှစ်ထည့်၊ ဆား၊ ငရုတ်သီးစိမ်းတို့ကို အနည်းငယ်စီထည့်၍ ကြက်သွန်နီသုပ်ကို လုပ်၍ စားသုံးနိုင်ပါသည်။ ကြက်သွန်နီစားပြီး ပါးစပ်မနံအောင် မြေပဲဆန် ၃ စေ့ခန့် ဝါးစားပါ။ ဖန်ရည်ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းပါ။
ကြက်သွန်နီသံပုရာဆမ်းကို စားသုံးပေးခြင်းဖြင့်
(၁) ကိုယ်ခံအားကို မြင့်တက်စေမည်။
(၂) လေထဲတွင်ကူးစက်နိုင်သော တုပ်ကွေးစသည့်ရောဂါများကို ကာကွယ်ပေးနိုင်သည်။
(၃) ပိုးမွှားများကို ‌ေ.သစေနိုင်ပါသည်။
(၄) ဆီးချိုသွေးချိုရောဂါများကို သက်သာစေပါသည်။
(၅) ဂျိုင်းနံ့ဆိုးသူများ၊ ခံတွင်းနံ့ဆိုးသူများကို သက်သာစေပါသည်။
(၆) အိမ်ထောင်သည်များအတွက် ခွန်အားကို တိုးပွါးစေပါသည်။
(၇) ရင်ပူခြင်း၊ ရေငတ်ခြင်းများကို သက်သာပျောက်ကင်းစေပါသည်။
(၈) ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီများကိုလည်း လျှော့ချပေးနိုင်ပါသည်။

image

တစ်စုံတစ်ခုကြောင့်ခံစားနေရသလား
အဆုံးစွန်အထိဆက်သွားပါ
အိပ်ချိန်တန်လို့မအိပ်ရင် မအိပ်ချင်တော့သလို၊
အဆာလွန်သွားရင် မဆာတော့သလို
အဆုံးစွန်အထိသွားလိုက်ရင် ခင်ဗျားမနာတော့ပါဘူး

image