36 ပတ် - ဘာသာပြန်ပါ။

DrG Green Mild Up Sun+ ရဲ့အမွှာ DrG Medi UV Mild Sun🧑🏻‍⚕️
DrG green mild up sun+ ကို အရမ်းမေးကြလို့ စျေးကွက်ထဲလဲ သိပ်မတွေ့တော့တာနဲ့ Nyi အသစ်လေး try ထားပါတယ်။ Green mild up sun+ က မထွက်တော့တာလား? ဒီကိုမဝင်တာလား? သူ့အစား Medi uv mild sun ကို ထုတ်တာလား? အတိအကျတော့ Nyi လဲမသိဘူး။ ဒါပေမဲ့ သုံးရတဲ့ခံစားချက်ကတော့ ဗူးပုံစံနဲ့ နာမည်သာပြောင်းသွားတယ် တထေရာတည်းပါပဲ။
အဓိက Medi uv mild sun က gentle sunscreen တခုအနေနဲ့ သွားထားတယ်။ Pregnant women, Lactating women တွေနဲ့ ကလေးငယ်တွေပါ သုံးနိုင်တယ်ဆိုပြီး တွေ့ရပါတယ်။ 100% mineral sunscreen ပါ။ Mineral filter အနေနဲ့ Zinc oxide ကို အားပြုပြီး သုံးထားပါတယ်။ Water & sweat resistant ဖြစ်တယ်။ Sensitive skin တွေနဲ့ အထူးသင့်တော်ပါတယ်။
ပါဝင်ပစ္စည်းတွေကိုကြည့်ရင် soothing အတွက် Pine tree, Cica, Heartleaf, Thyme, Goldenrod, Clove စတဲ့ botanical extracts တွေကို လှိုင်လှိုင်သုံးထားပြီး hydrating အတွက်လဲ Glycerin, Sodium hyaluronate, Butylene glycol, Arginine, Tocopherol တို့ ပါဝင်ပါတယ်။ Alcohol, Fragrance, Essential oil free!
သူ့ texture က physical sunscreen တွေထဲမှာ lightweight တော်တော်ဖြစ်တဲ့ထဲ ပါတယ်။ ဆွဲရတာ ပွတ်လိမ်းရတာမျိုး မရှိဘူး။ Texture ထူပြီး ပူအိုက်တာမျိုးလဲ မကြုံရဘူး။ အသားပေါ်မှာ lightweight ဖြစ်သလို လိမ်းပြီးသွားရင်လဲ skin က တင်းကြပ်နေတာမျိုးမရှိဘဲ သက်သောင့်သက်သာလေး နေတယ်။ Hydrating အနည်းငယ်ဖြစ်တယ်။ Soothing effect ကိုတော့ ထင်ထင်ရှားရှားကြီး မြင်ရပါတယ်။ အသားယားတာ ပူတာစပ်တာတွေရှိရင် သူ့လိမ်းတဲ့အခါ အနည်းနဲ့အများ သက်သာစေတယ်။ အဖုတွေရောင်နေရင်လဲ အရောင်ကျအောင်လို့ ကူညီပေးပါတယ်။
Physical sunscreen ဆိုတော့ အများသူငါ စိုးရိမ်ကြတဲ့ white cast ကျန်လား? အသားခြောက်လား? ဆိုတဲ့မေးခွန်းအပေါ် ဖြေရရင်တော့ အသားညိုရင် white cast အနည်းငယ်ကျန်နိုင်ပါတယ်။ ဒါပေမဲ့ ခဏအကြာ လျော့သွားသေးတယ်။ အသားလတ်ရင်ကို သုံးလို့က အဆင်ပြေပြီ။ နောက်ထပ် အသားခြောက်လား? ဆိုရင်တော့ DrG ရဲ့ physical sunscreen က အရင်ကအတိုင်းပဲ အသားပုံမှန်ထက်ခြောက်သွားစေတာမျိုး မရှိဘူး။ အဆီထိန်းပေးတာလို့ပြောရင် ပိုမှန်လိမ့်မယ်။ ပြောရရင် balance ဖြစ်တယ်ကွာ။ တဖက်စောင်းနင်းကြီး မနေဘူး။ Dry skin ဆိုရင်တော့ moisturizer ခံလိမ်းပေးပေါ့နော်။
Finish က အရင်လို သိပ်သိပ်လေးနဲ့ မှုန်မှုန်လေးမလို့ Nyi ကတော့ တော်တော်ကြိုက်ပါတယ်။ နေ့တဝက်လောက်ထိ အဆီပြန်တာကို ထိန်းပေးနိုင်တယ်။ အချိန်ကြာလာလို့ မျက်နှာကြီးမဲသွားတာမျိုးလဲ မရှိပါဘူး။ Oily, combination, normal skin တွေဆို မျက်နှာသစ်ပြီး moisturizer လိမ်းပြီးရင် သူ့လိမ်းလိုက်တာနဲ့ ok ပြီ။ မျက်နှာလေးဝင်းနေသလို သိပ်သိပ်လေးလဲ ဖြစ်နေတယ်ပေါ့နော်။ Powder လေး အပေါ်ကထပ်ပုတ်လိုက်ရင်တော့ တနေကုန် long lasting look ကို ရပါတယ်ခင်ဗျာ။
အနှစ်ချုပ်အနေနဲ့ ပြောရရင် အသားအရေက အရမ်း sensitive ဖြစ်တယ် ဆိုတဲ့သူတွေ mild ဖြစ်တဲ့ formula နဲ့ ထုတ်ထားတဲ့ ဒီ sunscreen လေးကို ကျိန်းသေပေါက် try ကြည့်ပါ။ စျေးအသင့်အတင့်လေးနဲ့ ပြန်ရတဲ့ performance က အလွန်ကောင်းပါတယ်။ DrG green mild up sun+ ကို ကြိုက်တဲ့သူတွေ DrG medi uv mild sun ကိုလဲ ကြိုက်ကြဦးမှာပါ လို့ပြောရင်း နှုတ်ဆက်ပါတယ်ခင်ဗျာ။

#drg #drgmediuvmildsun
#reviewbynyi #nyipick #nyipicksunscreen
#crd

image
36 ပတ် - ဘာသာပြန်ပါ။

သိပ်လှတယ့် သစ်ခွပန်းလေး 😍

image
36 ပတ် - ဘာသာပြန်ပါ။

မိန်းမကိုယ်လေး သန့်ရှင်းပြီး နေထိုင်ရတာ သက်တောင့်သက်သာနဲ့ ကျန်းမာနေစေဖို့ Feminine Soap လေးကို သုံးကြည့်နော် 📢📢
💗 Feminine Soap လေးက PH Level ကိုထိန်းညှိပေးပြီး မိန်းမကိုယ် ခြောက်သွေ့ယားယံခြင်းတွေ မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
အနံ့ဆိုးတွေဖယ်ရှားပေးပြီး တစ်နေကုန် လန်းဆန်းတက်ကြွနေစေတယ် 🌸🌸
ကောင်းမွန်တဲ့ ခန္ဓာကိုယ်ကိုယ်သင်းရနံ့လေးနဲ့မလို့ ကောင်းမွန်စွာ နေ့သစ်တိုင်းကို ဖြတ်သန်းနိုင်စေမှာပါ။
ပိုလှ ပိုကျန်းမာ နေ့သစ်တိုင်းကို Feminine Soap နဲ့ ဖြတ်သန်းပါ 💁
#dailyneed #femininesoap

image
36 ပတ် - ဘာသာပြန်ပါ။

KFC သူဌေးကို အမြဲ အားကျအတုယူတယ်။

အသက် ၆၆ မှာ KFC ကို စပြီး ‌တည်ထောင်တယ်။ အသက် ၈၈ မှာ billionaire ဖြစ်တယ်။

ကိုယ်တွေက အခုမှ အသက် ၂၀ ‌ေတာင်မပြည့်‌ေသးနောက်ထပ်အနှစ် ၄၀ လောက်အလေလိုက်လို့ရသေးတယ်။

2025 လည်း ထားလိုက်ပါတော့ ...

image

U.S Department of State က ပေးတဲ့ Free Certificate လည်းရ၊ U.S English ကိုလည်း လေ့လာခွင့်လည်းချင်တဲ့ဆို ဒီ Free Online English Courses တွေကို တက်သင့်ပါတယ်။
Certificate ရဖိုဆိုရင် 70 % အမှတ်နဲ့တော့ အောင်ဖို့လိုအပ်ပါတယ်။ ဒါဆိုရင်တော့ U.S Department of State က ပေးတဲ့ Free Certificate ကို လက်ခံရရှိမှာဖြစ်ပါတယ်။
Link: https://openenglishcommunity.o....rg/.../massive-open-

#crd

image
36 ပတ် - ဘာသာပြန်ပါ။

🌲ရှမ်းခေါက်ဆွဲ🌲

ကြက်ရိုး နဲ့ ကြက်သားတွေကို ဆား ဆနွင်း အရသာမှုန့်ဖြင့်နယ်ပြီး ရေအနေတော်ထည့်ကာ တစ်နာရီခွဲခန့် ပြုတ်ထားပေးပါ။ ဆန်ခေါက်ဆွဲကို ရေတစ်နာရီခန့်စိမ်ထားပေးပါ။

ကြက်သားပြုတ်ထားတာရရင် ကြက်သားတွေကိုဆယ်ပြီး အတုံးသေးသေးလေးတွေတုံးထားပါ။ ကြက်သွန်ဖြူနီကို ညက်အောင်ထောင်းထားပါ။ ကြက်သွန်မြိတ် နဲ့ ခရမ်းချဉ်သီးပါးပါးလှီးထားပါ။ မြေပဲလှော်မညက်တညက်ထောင်းထားပါ။

ကြက်သွန်ဖြူနီထောင်းထားတာကိုဆီသပ်ပါ။ အနံမွှေးလာပြီဆို ငရုတ်အစိမ်းမှုန့်ထည့်ပြီးမွှေပါ။ ပြီးမှ ခရမ်းချဉ်သီးလှီးထားတာထည့်ပြီး အဖုံးအုပ်လိုက်ပါ။ ခဏအကြာမှ ခရမ်းချဉ်သီးနွမ်းလောက်ပြီဆိုမှ ဇွန်းဖြင့်ကျေနေအောင် ချေပေးပါ။ ခရမ်းချဉ်သီးကျေပြီဆို ကြက်သားတုံး နဲ့ ရေအနည်းငယ် ကြက်သားမှုန့် ခရုဆီ ကြာညို့ထည့်ပြီး ဆီပြန်သည်အထိတည်ပါ။ ဒါကြက်သားအနှစ်ရပါပြီ။

အစပ်အတွက် ငရုတ်သီးမှုန့် နဲ့ ဆားကို ထောင်းပါ။ ပြီးမှ ဆီဆမ်းပြီး အသင့်ပြင်ထားပေးပါ။
ဆီချက်အတွက်က ကြက်သွန်ဖြူဆီချက်ကို တရုတ်မဆလာ နဲ့ ဆနွင်းအနည်းငယ်ထည့်ပြီးချက်ထားပါ။

ကြက်ပြုတ်ရည်အိုးထဲသို့ ဇကာထည့်ပြီး ရေစိမ်ထားသောဆန်ခေါက်ဆွဲများထည့်ကာ ဟင်းရည်ပူပူမှာခဏစိမ်ပေးထားပါ။ ဆန်ခေါက်ဆွဲ မပျော့မမာအနေတော်အနေထားရပြီဆိုမှ ပြန်ဆယ်ယူထားပေးပါ။

တစ်ပွဲစာပြင်ဆင်ပုံက ဆန်ခေါက်ဆွဲ ကြက်သားဟင်းအနှစ် ကြာညို့အနည်းငယ် ကြက်သွန်ဖြူဆီချက် ကြက်သွန်မြိတ် နဲ့ ငရုတ်သီးဆားထောင်း နှမ်း(မထည့်လည်းရ) မြေပဲလှော် ထည့်ပြီး နယ်ပါ။ အရသာပေါ့ရင် ကြက်သားမှုန့်အနည်းငယ်ထည့်ပါ။ တွဲဖက်အနေနဲ့ ဝက်ခေါက်ကြော် တို့ဟူးကြော် ရှမ်းချဉ် စသည်တို့နဲ့ သုံးဆောင်နိုင်ပါပြီနော်။ ကြက်သားပြုတ်ဟင်းရည်ကို ငရုတ်ကောင်းမှုန့်နဲ့ ကြက်သွန်မြိတ်လေးထည့်ပြီး ဟင်းရည်ပူပူလေးနဲ့ မိုးအေးအေးလေးမှာ ရှမ်းခေါက်ဆွဲလုပ်စားကြရအောင်နော်။

#crd

image
36 ပတ် - ဘာသာပြန်ပါ။

The Deep House (2021)

ကိုစပ်စုစိန်နဲ့သူ့ရည်းစားတိုဟာ ထူးဆန်းပြီး ကြောက်ဖိုကောင်းတဲ့နေရာ တွေကို အတူသွားစူးစမ်းကြပြီး ဗီဒီယိုတွေတင်နေကြတဲ့နှစ်ယာက်ပေါ့။ဖော်လိုဝါးတွေအတွက်ဆွဲဆောင်မှုရှိပြီး ကြည့်ရှူသူများလာစေမဲ့အရာကို ဖန်တီးဖို အကြံရသွားပါတယ်။ဒီလိုနဲ့ သူတိုတိုင်ပင်ပြီး ဗြိတိန်ကနေ ပြင်သစ်အထိတကူးတကလာပြီး စပ်စုစိန်လုပ်ကြပါတော့တယ်။

ဒီလိုနဲ့ပြင်သစ်အနောက်တောင်ပိုင်းလေးက ရေအောက်မြုပ်သွားတဲ့ မြိုကလေး(သို) ဖရက်စ်ရေကန်လေးကို နှစ်ယောက်သားသွားစပ်စုစိန်လုပ်ကြတဲ့အခါမှာတော့.....၊လျှိဝှက်သည်းဖိုဇာတ်ကားတွေကိုကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်ကားလေးတစ်ကားပါလိုညွှန်းပါရစေ။
#horror

image
36 ပတ် - ဘာသာပြန်ပါ။

Me& my fri ☺

image
36 ပတ် - ဘာသာပြန်ပါ။

Kill Boksoon (2023)

လူသတ်ရတာက ကလေးပြုစုပျိုးထောင်ရတာထက် ပိုလွယ်တယ်ဆိုတဲ့ Gil Bok Soon...
သူမဟာ 100% အောင်မြင်မှုနှုန်းနဲ့ ရက်စက်တဲ့ စာချုပ်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီးဆယ်ကျော်သက်အရွယ် သမီးတစ်ယောက်ရဲ့အမေပါ။
Gil Bok Soon ဟာ M.K.Ent က Cha Min Kyu ရဲ့ လေ့ကျင့်ခံထားရတဲ့ killer တစ်ယောက်ဖြစ်ပြီး Cha Min Kyu ဆိုသူဟာ တစ်ချိန်ကျရင် သူမဆီကနေ အရာအားလုံးကို လုယူသွားနိုင်တဲ့ အန္တရာယ်ရှိတဲ့လူမှန်းတဖြည်းဖြည်းသိလာခဲ့ရပြီးနောက်
ကြေးစားလူသတ်သမား အလုပ်ကနေ အနားယူပြီး သမီးဖြစ်သူကိုပဲ အချိန်ပေးတော့မယ်လို့ ဆုံးဖြတ်ခဲ့ပေမဲ့လည်း
တစ်သက်လုံး ကျင်လည်လာခဲ့တဲ့ ဘဝကနေ ရုန်းထွက်ဖို့ဆိုတာ ထင်သလိုမလွယ်ကူတဲ့အရာမှန်းသိလာခဲ့ရတဲ့အခါ...
ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရှူ့ကြည့်လိုက်ပါအုံးဗျ။
#movie

image
36 ပတ် - ဘာသာပြန်ပါ။

ဇန်နဝါရီ ၈ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image