Vice President JD Vance and Ukrainian President Volodymyr Zelenskyy greeted each other and shook hands prior to Pope Leo XIV's inaugural Mass on Sunday. https://abcnews.visitlink.me/Ab4BpG
ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Vice President JD Vance and Ukrainian President Volodymyr Zelenskyy greeted each other and shook hands prior to Pope Leo XIV's inaugural Mass on Sunday. https://abcnews.visitlink.me/Ab4BpG
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အီရန်နှင့်အင်အားကြီးလေးနိုင်ငံ နျူကလီးယားအရေး ဆွေးနွေး
အီရန်နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်အပြင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့နှင့်တူရကီနိုင်ငံတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အီရန်တာဝန်ရှိသူများက မေ ၁၆ ရက်တွင် ပြောသည်။
အဆိုပါ အင်အားကြီးလေးနိုင်ငံမှ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့များနှင့် အီရန်တာဝန်ရှိသူများသည် မြို့တော်အစ္စတန်ဘူလ်တွင် တွေ့ဆုံခဲ့ကြပြီး သံတမန်နည်းလမ်းကို အကောင်းဆုံးအသုံးချရန် စိတ်ပိုင်းဖြတ်ထားပြီးနောက်ထပ် ဆွေးနွေးမှုများပြုလုပ်ရန် သဘောတူခဲ့ကြသည်။
အီရန်အနေဖြင့် သဘောတူညီချက်များကို ချိုးဖောက်ပါက ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုများ ပြန်လည်အသက်ဝင်စေမည့် ယန္တရားတစ်ခုကို စတင်နိုင်ဖွယ်ရှိကြောင်း ဂျာမနီ၊ ဗြိတိန်နှင့် ပြင်သစ်တို့က လွန်ခဲ့သည့် ဒီဇင်ဘာလတွင် ပြောသည်။
အီရန်၏ နျူကလီးယားအစီအစဉ်ကို တားဆီးရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်တို့အကြား ၂ဝ၁၅ ခုနှစ်ကသဘောတူညီ ချက်ရရှိခဲ့သည်။ သို့သော် သမ္မတဒေါ်နယ်ထရန့်၏ ပထမသက်တမ်းတွင် အမေရိကန်သည် သဘောတူစာချုပ်မှ နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့သည်။
လက်ရှိတွင် အီရန်သည် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲများ အပြုသဘောဆောင်သည်ဟု နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုထားသည်။ အီရန်က ယူရေနီယံသန့်စင်မှုများ တိုးမြှင့်လုပ်ဆောင်လာမှုအတွက် စိုးရိမ်ပူပန်ကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက မကြာသေးမီတွင် သတိပေးထားသည်။
အင်န်အိတ်ချ်ကေ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ယူကရိန်းတိုက်ပွဲပြန် ဒုဗိုလ်ချုပ်ကြီးကို မြေပြင်တပ်အကြီးအကဲအဖြစ် ပူတင်ခန့်အပ်
ရုရှားသမ္မတပူတင်သည် သုံးနှစ်ကြာယူကရိန်းစစ်ပွဲ၏ အဓိကတိုက်ပွဲများ၌ ထင်ရှားခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးအင်ဒရီမော်ဗီချက်ဗ်ကို ရုရှားမြေပြင်တပ်များ၏အကြီးအကဲအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ကြောင်း ရုရှားပြည်တွင်းမီဒီယာများက မေ ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အင်ဒရီမော်ဗီချက်ဗ်သည် ၁၉၇၆ ခုနှစ်တွင် ထိုစဉ်ကာလ ဆိုဗီယက်ကာဇက်စတန်၌ မွေးဖွားခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် ရုရှားနိုင်ငံ၏ အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သော ရုရှားသူရဲကောင်း ဘွဲ့တံဆိပ်ကို ရရှိထားသူဖြစ်သည်။
ရုရှားသမ္မတပူတင်သည် မြေပြင်တပ်များအကြီးအကဲကြည်းတပ်ဗိုလ်ချုပ်ကြီး အိုလက်ဂ်ဆယ်ယူကော့ဗ်ကိုနေရာမှဖယ်ရှား၍ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးအဖြစ် ပြောင်းလဲခန့်အပ်ပြီးနောက် အင်ဒရီမော်ဗီချက်ဗ်ကို ရုရှားမြေပြင်တပ်များ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ယခင်ကရုရှားစစ်ဘက်၏ အလယ်ပိုင်းစစ်ဒေသအကြီးအကဲ အဖြစ်တာဝန်ယူခဲ့သော မော်ဗီချက်ဗ်သည် အဇော့ဗ်စတယ်လ် သံမဏိစက်ရုံ တိုက်ပွဲအပါအဝင် ယူကရိန်းစစ်ပွဲ၏ အဓိကတိုက်ပွဲအချို့ကို ဦးဆောင်ခဲ့သူဖြစ်သည်။
အဇော့ဗ်စတယ်လ် သံမဏိစက်ရုံတိုက်ပွဲတွင် ရုရှားတပ်များသည် ယင်းသံမဏိစက်ရုံအား ရက်ပေါင်း ၈ဝ ခန့် ဝန်းရံပိတ်ဆို့၍ တိုက်ခိုက်ခဲ့ရသည်။
ယင်းအပြင်မော်ဗီချက်ဗ်သည် ယူကရိန်းနိုင်ငံ ဒွန်းနက်စ်ဒေသရှိအက်ဗ်ဒစ်ဗ်ကာအမည်ရှိမြို့ကို ရုရှားတပ်များ ပြန်လည်သိမ်းယူရာတွင် ဦးဆောင်ခဲ့သူဖြစ်ကြောင်း ရုရှားအစိုးရမီဒီယာများက သတင်းထုတ်ပြန်ထားသည်။
မော်ဗီချက်ဗ်သည် ဆီးရီးယားပြည်တွင်းစစ်ကာလအတွင်း ရုရှားနိုင်ငံက စစ်ရေးအရကြားဝင်ပေးခဲ့ချိန်တွင် ပါဝင်ခဲ့ဖူးသူလည်းဖြစ်ကြောင်း သိရသည်။
ရိုက်တာ
#ပြည်တွင်းသတင်း
◼ ယမန်နေ့ညလှုပ်ခတ်သည့်ငလျင်မှာလည်း အသိသာဆုံးနှင့်အချိန်ကြာမြင့်စွာလှုပ်ခတ်ခဲ့ဟုဆို
မန္တလေးမြို့၌ ယမန်နေ့(မေ ၁၇ ရက်) ညကလှုပ်ခတ်ခဲ့သည့်ငလျင်မှာ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်ပြီးလျှင် အသိသာဆုံးနှင့်အချိန်ကြာမြင့်စွာလှုပ်ခတ်ခဲ့သည့်ငလျင်ဖြစ်ကြောင်း မန္တလေးမြို့ရှိ ဒေသခံများကပြောသည်။
ယမန်နေ့ည ၁၀ နာရီ ၂၄ မိနစ် ၄၈ စက္ကန့်တွင်၊ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့၏ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၂ အဆင့်ရှိငလျင် တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
“ပြီးခဲ့တဲ့မတ်လ ၂၈ ရက်ကလှုပ်ခဲ့တဲ့ငလျင်ပြီးရင် အခုလှုပ်တဲ့ငလျင်ကအပြင်းဆုံးနဲ့ အကြာဆုံးငလျင် လို့ပြောလို့ရတယ်။ ငလျင်လှုပ်တာကို မန္တလေးတစ်မြို့လုံးသိရှိခံစားရတယ်။ ရှေ့နောက်ဒုတ်ကနဲ စောင့်လှုပ်ပြီး ၁၀ စက္ကန့်လောက်ရမ်းတာ” ဟု မန္တလေးမြို့မှဒေသခံတစ်ဦးကပြောသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကို မန္တလေးမြို့အပါအဝင် တံတားဦး၊ မြို့သာ၊ မတ္တရာ၊ မိုးကုတ်၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ နွားထိုးကြီး၊ ဝမ်းတွင်း စသည့်မြို့များတွင်လည်း သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။
“ကျွန်တော်တို့လည်းသိသိသာသာခံစားရတယ်။ တော်တော်လည်းပြင်းပါတယ်။ လှုပ်တာကြားလည်း ကြားတယ်။ လှုပ်တဲ့အချိန်ကလည်းအကုန်အိပ်ရာထဲလှဲနေချိန်ဆိုတော့ ပိုသိသာတာလေ။ တချို့ဆို ကြောက်လို့အပြင်ကိုထွက်ပြေးကြတယ်။ နောက်တော့လမ်းပေါ်မှာလူတွေပိုများလာတယ်" ဟု ကျောက်ဆည်မြို့မှဒေသခံတစ်ဦးကပြောသည်။
ထို့ပြင် စဉ့်ကိုင်မြို့မှဒေသခံတစ်ဦးကလည်း မတ်လ ၂၈ ရက်နေ့နောက်ပိုင်းမှစတင်ကာ ငလျင်မလှုပ် သည့်နေ့တစ်နေ့မှမရှိကြောင်း၊ အင်းအားအနည်းအများသာကွာခြားသည်ဟုဆိုသည်။
မတ် ၂၈ ရက်ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု အကြိမ်ရေ(၁၇၀) ကျော်ရှိကြောင်းမိုးဇလက ထုက်ပြန်ထားသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း
◼ မန္တလေး၌ အသက်(၁) နှစ်ခွဲအရွယ် ကလေးနှင့်ဖခင်ဖြစ်သူသစ်ပင်ပိသေဆုံး
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းနှင့် ၈၉ လမ်းထောင့်၊ အဘယာရာမ ရွှေဂူကျောင်းတိုက်ရှိ ငလျင်ဘေးရှောင်ယာယီတဲပေါ်သို့သစ်ပင်လဲကျရာမှ အသက်(၁) နှစ်ခွဲအရွယ် ကလေးနှင့်ဖခင်ဖြစ်သူတို့သစ်ပင်ပိသေဆုံးခဲ့ကြောင်း မိုဃ်းကောင်းရသလူမှုကူညီးရေးအသင်းထံမှ သိရသည်။
ယနေ့(မေ ၁၈ ရက်) နံနက် ၁၂ နာရီခွဲခန့်တွင် အဘယာရာမရွှေဂူကျောင်းတိုက်အတွင်းရှိ လုံးပတ်ငါးပေခန့်၊ အရှည်ပေ ၄၀ ခန့်ရှိကုက္ကိုလ်ပင်သည် မိုးရွာသွန်းထားခြင်းကြောင့် အမြစ်မှလှန်၍ယာယီမိုးကာတဲပေါ်သို့လဲကျခဲ့ကြောင်း၊ တဲအတွင်းအိပ်ပျော်နေသည့် အသက်(၄၅) နှစ်ခန့်ရှိဖခင်နှင့် အသက်(၁) နှစ်ခွဲခန့်ရှိသမီးဖြစ်သူတို့ သစ်ပင်ပိသေဆုံးခဲ့ကြောင်းသိရသည်။
"နေ့လယ်ပိုင်းမှာမိုးရွာတယ်။ လေကလည်းတိုက်တယ်။ ညနေ ၅ နာရီလောက်မှာမိုးတိတ်သွားတယ်။ ပြီးတော့ ည ၁၀ နာရီခွဲလောက်မှာငလျင်လှုပ်တယ်။ အဲဒီနောက်တစ်နာရီလောက်အကြာမှာ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းပေါ်ကိုသစ်ပင်လဲကျတယ်။ အထဲအိပ်နေတဲ့သူတွေရှိတယ်။ သေဆုံတဲ့သားဖနှစ်ဦးကသစ်ပင်နဲ့နီးကပ်တဲ့နေရာမှာရှိတာကြောင့် ပိပြီးနေရာမှာပဲသေဆုံးခဲ့တာပါ" ဟု မိုဃ်းကောင်းရသလူမှုကူညီးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သေဆုံးသူနှစ်ဦးအားမိုဃ်းကောင်းရသလူမှုကူညီးရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ပိုင်လေး
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂါဇာမှ ပါလက်စတိုင်းလူမျိုးတစ်သန်းကို လစ်ဗျားသို့ ရွှေ့ပြောင်းနေရာချရန် အမေရိကန်စီစဉ်နေဟုဆို
ဂါဇာကမ်းမြောင်ဒေသရှိပါလက်စတိုင်းလူမျိုး တစ်သန်းအထိအား လစ်ဗျားနိုင်ငံသို့ပို့ဆောင်၍ အမြဲတမ်းနေရာချထားမည့်အစီအစဉ်တစ်ရပ်ကို သမ္မတဒေါ်နယ်ထရန့်ဦးဆောင်သော အမေရိကန် အစိုးရကရေးဆွဲနေကြောင်း အင်န်ဘီစီသတင်းဌာနက မေ ၁၆ ရက်တွင် ရေးသားတင်ပြထားသည်။
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးတစ်သန်းကို လစ်ဗျားသို့ပို့ဆောင်နေရာချထားရေးအတွက် အမေရိကန်အစိုးရက လစ်ဗျားခေါင်းဆောင်များနှင့် ဆွေးနွေးနေကြောင်း သတင်း အရင်းအမြစ်များက မီဒီယာများသို့ထုတ်ဖော်ပြောကြားထားသည်။
လစ်ဗျားနိုင်ငံအနေဖြင့် ပါလက်စတိုင်းလူမျိုးများကို လက်ခံခဲ့ပါက အပြန်အလှန်အနေဖြင့် အမေရိကန်အစိုးရက ထုတ်ယူခွင့်ပိတ်ထားသော လစ်ဗျားနိုင်ငံပိုင် အမေရိကန်ဒေါ်လာငွေကြေးများကို ပြန်ထုတ်ပေးမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ဂါဇာဒေသပိုင်ဆိုင်မှုကို လက်လွှဲရယူ၍ ယင်းဒေသကို လွတ်လပ်မှုဇုန်အဖြစ် ပြောင်းလဲ တည်ဆောက်လိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကာတာခရီးစဉ်အတွင်း ပြောကြားထားသည်။
ပါလက်စတိုင်းလူမျိုး တစ်သန်းကို လစ်ဗျားသို့ ပို့ဆောင်နေရာချထားရေးအစီအစဉ်မှာ ထောက်ပို့ပြဿနာ၊ ဘဏ္ဍာရေး ပြဿနာများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။
လစ်ဗျားနိုင်ငံသည် အာဏာရှင်ခေါင်းဆောင်ဟောင်း မွမ်မာကဒါဖီဖြုတ်ချခံခဲ့ရသော ၂ဝ၁၁ ခုနှစ်မှစ၍ ပြည်တွင်းစစ်ရေးပဋိပက္ခများနှင့် ရင်ဆိုင်နေရသည်။ ပါလက်စတိုင်းလူမျိုး တစ်သန်းကို ဂါဇာမှ လစ်ဗျားသို့ ရွှေ့ပြောင်းနေရာချရန် အမေရိကန်အစိုးရက စီစဉ်နေသည်ဟူသော သတင်းများကို အိမ်ဖြူတော်တာဝန်ရှိသူများက တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးပေ။
ရိုက်တာ
မန္တလေး၊ စစ်ကိုင်း အပါအဝင် မြို့ကြီးများတွင် ယနေ့ည ၁၀ နာရီ ၂၅ မိနစ်အချိန် သိသိသာသာ ငလျင်လှုပ်ခတ်ပြီး လှုပ်ခတ်ချိန် အချိန်အနည်းငယ်ကြာ မြင့်၊ ကျောက်ဆည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၇ အဆင့်ဖြင့် လှုပ်ခတ်ခဲ့
ရန်ကုန်၊ မေ ၁၇
မန္တလေး၊ စစ်ကိုင်း အပါအဝင် မြို့ကြီးများတွင် ယနေ့ည ၁၀ နာရီ ၂၄ မိနစ်အချိန် သိသိသာသာ ငလျင်လှုပ်ခတ်ပြီး ငလျင်လှုပ်ခတ်ချိန် အချိန်အနည်းငယ်ကြာမြင့်ကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
"ဒီည ငလျင်က တော်တော်ကြမ်းတယ်။ အချိန်လည်း ကြာတယ်။ အကုန်လုံး လန့်ပြီး လမ်းပေါ် ပြေးဆင်းကြတယ်" ဟု မန္တလေးမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းမြို့ပေါ်မှ ပြည်သူများက ယနေ့ည ၁၀ နာရီ ၂၅ မိနစ်ဝန်း ကျင် အချိန် လှုပ်ခတ်သော ငလျင်ကြောင့် မြို့ပေါ် ရပ်ကွက်များအတွင်းမှ ပြည်သူတချို့ ပြေးထွက်လာကြကြောင်း ပြောဆိုသည်။
"တစ်အိမ်လုံး သိမ့်ကနဲ့ ဖြစ်တယ်လို့ ခံစားရပြီးတော့ ရပ်ကွက်ထဲက ငလျင် လှုပ် တယ်ဆိုတဲ့ အော်သံတွေ ကြားရတာပဲ" ဟု စစ်ကိုင်းမြို့နယ်၊ ဇေယျာကွက်သစ်ရပ်ကွက်မှ ပြည်သူတစ်ဦးက ဆိုသည်။
လက်ရှိ သိရှိထားသော အချက်အလက်များအရ မိုးကုတ်၊ တောင်ကြီး ၊ မိတ္တီလာ၊ ကျောက်ဆည်၊ ရမည်းသင်း အပါအဝင်မြို့ကြီးအများစုတွင် ငလျင်ကို သိသိသာသာ ခံစားသိရှိရသည်ဟု ပြည်သူများက ဆိုကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်အရ မေလ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ အနောက်-အနောက်တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၅ ဒသမ ၇ အဆင့်လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမူ ယနေ့ည ၁၀ နာရီ ၂၄ မိနစ်အချိန် မြစ်သားမြို့၏ အနောက်တောင်ဘက် ၆ မိုင်ခန့်ကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ- ဧပြီလအတွင်း မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ညပိုင်း လမ်းပေါ် ထွက်အိပ်ခဲ့ရသည့် ပြည်သူများ။
🌈 **Xiaomi Rainbow Alkaline AA/AAA Batteries** နဲ့ သင့်ပစ္စည်းတွေကို တာရှည်စွမ်းအားအပြည့်ဖြည့်ပေးမယ်! 🔋
စျေးနုန်း ၃၀၀၀ကျပ်။ 1pc
🌟 **ဘာကြောင့် Xiaomi Rainbow Batteries ကို ရွေးမလဲ?**
✅ **စွမ်းရည်မြင့်မား** - High capacity နဲ့ low self-discharge ဖြစ်လို့ ၇ နှစ်ထိ သိမ်းထားလို့ရ! 🕒
✅ **ဘေးကင်းစိတ်ချ** - Mercury-free, Cadmium-free ဖြစ်ပြီး eco-friendly 🌱
✅ **ယိုစိမ့်မှုကာကွယ်မှု** - Hitachi Maxell မှ ကြီးကြပ်ထုတ်လုပ်ထားပြီး ဘေးကင်းမှုစနစ်ပါရှိ 🔒
✅ **အသုံးပြုရလွယ်ကူ** - Camera, mouse, keyboard, clock, toys, flashlight, shaver စတဲ့ ပစ္စည်းမျိုးစုံအတွက် အဆင်ပြေ 📸🎮
✅ **လှပတဲ့သေတ္တာ** - Frosted battery storage case နဲ့ သိမ်းဆည်းရတာ လှပပြီး အဆင်ပြေ 🎁
💡 **သင့်နေ့စဉ်သုံးပစ္စည်းတွေအတွက် အကောင်းဆုံးရွေးချယ်မှု!**
အိမ်သုံးပစ္စည်းတွေကစလို့ ကလေးကစားစရာတွေအထိ၊ Xiaomi Rainbow Batteries က ယုံကြည်စိတ်ချရတဲ့ စွမ်းအားကို ပေးစွမ်းမယ်! 💪
🛒 **အခုပဲ မှာယူလိုက်ပါ!**
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
www.shop.com.mm/shop/zaycho
#xiaomirainbowbatteries #alkalinebatteries #ecofriendly #longlastingpower #myanmarshopping #batterypower #hitachimaxell #greenenergy
🌈 **Xiaomi Rainbow Alkaline AA/AAA Batteries** နဲ့ သင့်ပစ္စည်းတွေကို တာရှည်စွမ်းအားအပြည့်ဖြည့်ပေးမယ်! 🔋
စျေးနုန်း ၃၀၀၀ကျပ်။ 1pc
🌟 **ဘာကြောင့် Xiaomi Rainbow Batteries ကို ရွေးမလဲ?**
✅ **စွမ်းရည်မြင့်မား** - High capacity နဲ့ low self-discharge ဖြစ်လို့ ၇ နှစ်ထိ သိမ်းထားလို့ရ! 🕒
✅ **ဘေးကင်းစိတ်ချ** - Mercury-free, Cadmium-free ဖြစ်ပြီး eco-friendly 🌱
✅ **ယိုစိမ့်မှုကာကွယ်မှု** - Hitachi Maxell မှ ကြီးကြပ်ထုတ်လုပ်ထားပြီး ဘေးကင်းမှုစနစ်ပါရှိ 🔒
✅ **အသုံးပြုရလွယ်ကူ** - Camera, mouse, keyboard, clock, toys, flashlight, shaver စတဲ့ ပစ္စည်းမျိုးစုံအတွက် အဆင်ပြေ 📸🎮
✅ **လှပတဲ့သေတ္တာ** - Frosted battery storage case နဲ့ သိမ်းဆည်းရတာ လှပပြီး အဆင်ပြေ 🎁
💡 **သင့်နေ့စဉ်သုံးပစ္စည်းတွေအတွက် အကောင်းဆုံးရွေးချယ်မှု!**
အိမ်သုံးပစ္စည်းတွေကစလို့ ကလေးကစားစရာတွေအထိ၊ Xiaomi Rainbow Batteries က ယုံကြည်စိတ်ချရတဲ့ စွမ်းအားကို ပေးစွမ်းမယ်! 💪
🛒 **အခုပဲ မှာယူလိုက်ပါ!**
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
www.shop.com.mm/shop/zaycho
#xiaomirainbowbatteries #alkalinebatteries #ecofriendly #longlastingpower #myanmarshopping #batterypower #hitachimaxell #greenenergy