26 ပတ် - ဘာသာပြန်ပါ။

ဒီနေရာလေးက
မန္တလေး နဲ့ ပြင်ဦးလွင်ကြားက
Resortလေးပါ
Resortက တောင်ပေါ်မှာရှိတာဖြစ်တဲ့အတွက်ကြောင့် တောင်ပေါ်ရောက်သွားရင် အရမ်းကိုလှပတဲ့ Viewတွေမြင်တွေ့ရမယ့်နေရာလေး⛺
နာမည်လေးက
Camp 77 Glamping Resort ⛺
Camp 77မှာ
ညနေဘက်ဆိုရင်နေဝင်ဆည်းဆာအလှကြည့်ရင်းနဲ့အချိန်ကုန်လို့ကုန်သွားမှန်းမသိဘူး⛺
မနက်ဆိုလည်းအိပ်နိုးနိုးချင်းမှာနေထွက်ချိန်အလှကိုကြည့်ရင်းနဲ့စိတ်အေးချမ်းစေတယ်🍀
Camp 77မှာအနားယူလို့ရတဲ့ Campလေးတွေလုပ်ပေးထားတယ် ⛺
ဓာတ်ဖမ်.းရတာကြိုက်တဲ့သူတွေဆိုတောင်တန်းကြီးကိုနောက်ခံထားပြီးပုံလှလှလေးတွေလည်းရို-က်လို့ရတယ်နော်
နီးနီးနားနားတစ်ညလောက်အနားယူလို့ကောင်းတဲ့ ဒီနေရာလေးကိုခဏသာအနားလာယူပါ😍
သူငယ်ချင်းတွေနဲ့စုပြီးသွားရင်တကယ်မို.က်တဲ့နေရာလေးပါ😍
⛺Tent နဲ့ အိပ်ရတာပါ
ဆပ်ပြာ
သွားတိုက်ဆေး
သွားတိုက်တံ
အကုန်လုပ်ပေးထားပါတယ်
တည်နေရာ📌
ပြင်ဦးလွင်မြို့ရဲ့ရွာလမ်းကနေဝင်ရင်မီနစ်(3လောက်ဝင်ရပြီးသပြေကျင်းရွာမှာရှိတဲ့
Camp 77 Glamping Resort
#သွားမယ်တည်းမယ်

imageimage
+16
JB Gold မျှဝေသည်။ ပို့စ်  
26 ပတ်

26 ပတ်

ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုး ၅ ခု

လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းတခွက်ဟာ ကျန်းမာရေးအတွက် သင်မထင်ထားတဲ့ ကောင်းကျိုးတွေ များစွာရှိနေပါတယ်။ အခုဖော်ပြပေးမှာကတော့ ရေနွေးကြမ်းပုံမှန်သောက်သုံးပေးခြင်းရဲ့ ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လေဖြတ်ရောဂါကို ကာကွယ်ပေးနိုင်တယ်

တနေ့ကို ရေနွေးကြမ်း လေးခွက်ခန့်သောက်သုံးပေးခြင်းဟာ လုံးဝမသောက်သုံးခြင်းထက် လေဖြတ်ရောဂါကို သိသိသာသာကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ နေ့စဉ် ရေနွေးကြမ်းသောက်သုံးပေးခြင်းဟာ ဦးနှောက်အတွင်းသွေးခဲကာ လေဖြတ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

(၂) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးပေးခြင်းဟာ Heart Attack ဖြစ်ခြင်းအပါအဝင် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) အရိုးကျန်းမာရေးကို ကောင်းမွန်စေတယ်

နွားနို့သောက်သုံးခြင်းလိုပဲ ရေနွေးကြမ်းပုံမှန်သောက်သုံးပေးခြင်းဟာ အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ရေနွေးကြမ်းမှာပါဝင်တဲ့ ကယ်လ်စီယမ်၊ ဗီတာမင်အေနဲ့ ဗီတာမင်ကေ ဓာတ်တွေဟာ အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ အရိုးကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၄) သွားကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်

ဂျပန်သုတေသနလေ့လာသူတွေရဲ့အဆိုအအရ လက်ဖက်ရည်ကြမ်း သောက်သုံးပေးခြင်းဟာ သွားတွေကို ခိုင်ခံ့စေပြီး ခံတွင်းအနံ့ဆိုးခြင်းကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။ ရေနွေးကြမ်းသောက်သုံးပေးခြင်းဟာ ခံတွင်းထဲက pH Level ကိုမျှတစေတာကြောင့် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေတာဖြစ်ပါတယ်။

(၅) အစာခြေစနစ်ကို ကောင်းမွန်စေတယ်

ထမင်းစားပြီးတိုင်း ရေနွေးကြမ်းတခွက်သောက်သုံးပေးခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့် အစာမကြေဖြစ်ခြင်းကို သက်သာစေနိုင်တဲ့အပြင် အစာအိမ်နဲ့ပက်သက်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်

image
26 ပတ် - ဘာသာပြန်ပါ။

Spithood (2024) ရက်စက်တဲ့လူသတ်သမား

ဇာတ်လမ်းအကျဉ်း

စိတ်ကျန်းမာရေး ဆေးရုံကြီးတစ်ခု .. လုံးဝ ပိတ်မသွားခင်

နောက်ဆုံးညတစ်ည ..

အဲဒီညမှာ အစောင့် မေဆန်နဲ့ သူ့ရဲ့ ရည်းစားဖြစ်သူ အက်ရှလေတို့ဟာ

သူတို့ရဲ့ နောက်ဆုံး ဂျူတီညအတွက် ပြင်ဆင်နေခဲ့ကြပါတယ်။

ဒါပေမဲ့ သူတို့ဆီကို နောက်ဆုံး စိတ်ကျန်းမာရေး လူနာတစ်ယောက်

ရုတ်တရက် ရောက်လာခဲ့တယ်။ အဲဒီလူနာက အမျိုးသမီး

ငါးယောက်ကို သတ်ခဲ့တဲ့ မှတ်တမ်းနဲ့ ရောက်လာတဲ့ လူနာ။

ဖြစ်ချင်တော့ အဲဒီညမှာပဲ အဲဒီလူနာက သူ့ရဲ့ အချုပ်ခန်းထဲကနေ

လွတ်သွားပါတယ်။ အဲဒီနောက် ဆေးရုံတစ်ခုလုံး ဘာတွေ ဆက်ဖြစ်မလဲ ..

ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ရင်တမမနဲ့ စောင့်ကြည့်ရမှာ

ဖြစ်ပါတယ်။
#horror

image
26 ပတ် - ဘာသာပြန်ပါ။

အမှန်တရားတစ်ခု

image
26 ပတ် - ဘာသာပြန်ပါ။

ပျော်ရွှင်ခြင်းဆိုတာ
မင်း ဘယ်ရောက်နေတယ်
ဘာရထားတယ်နဲ့ မဆိုင်ဘဲ...

မင်း ရ ထား တာအပေါ် ဘယ်လို ခံယူတယ်နဲ့ပဲ ဆိုင်တာမျိုး
#စာတို
#crd

image
26 ပတ် - ဘာသာပြန်ပါ။

Haunted Mansion (2023) ရယ်လဲရယ်ရ_ကြောက်လဲကြောက်ရမဲ့ဇာတ်ကား

ဒစ္စနေးရဲ့ မိသားစုကြည့်ဖို့ ဖျော်ဖြေရေး ဟာသ သရဲကားအသစ်ထွက်လာပါပြီ။ သရဲခြောက်တာတွေဆိုပေမဲ့ ရယ်ရပြီး ကြည့်လို့ကောင်းပါတယ်။သရဲခြောက်တဲ့စံအိမ်ကြီးကိုမသိဘဲ ဝယ်မိသွားတဲ့ သားအမိနှစ်ယောက်က သရဲခြောက်ခံရပါတော့တယ်။

သရဲတွေကို နှင်ထုတ်ဖို့ ပင့်တဲ့ဘုန်းကြီးရော၊ သရဲကင်မရာသမားရော၊ ဝိညာဉ်ဟောတဲ့ဆရာမရော၊ သမိုင်းပညာရှင်ရော အကုန် အကူအညီလိုက်တောင်းပေမဲ့ လာကူညီတဲ့သူအကုန် အိမ်ထဲမှာ ပိတ်မိပြီး သရဲတစ်ထောင်လောက်နဲ့ တိုင်တွေပတ်ကုန်ကြတာပါ။

တစ်အိမ်တည်းမှာ သရဲတွေဒီလောက်များနေတာဘာကြောင့်လဲ၊ သူတို့ဘာလို့ ဒီလူတွေကို ထွက်မရအောင်ပိတ်ထားတာလဲဆိုတဲ့ ပဟေဠိတွေကို အိမ်ရဲ့သမိုင်းတွေကနေ လေ့လာပြီး သရဲတွေနဲ့ ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။
#movie

image
26 ပတ် - ဘာသာပြန်ပါ။

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဆောက် လုပ်ဆဲ တိုက် အခန်းပေါင်း ၄၅၀ ခန်းကျော်မကြာခင် ထပ်မံငှားရမ်းပေးသွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်ရှိသုခဒဂုံပြည်သူ့အငှားအိမ်ရာ ဆောက် လုပ်ဆဲ တိုက် များမှ အခန်းပေါင်း ၄၅၀ ခန်းကျော်ကို မကြာခင် ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအငှားအိမ်ရာသည် တစ်လကို တိုက်ခန်းငှားရမ်းခအဖြစ် ပထမထပ်ငွေကျပ် ၆၇၀၀၀၊ ဒုတိယထပ် ၆၀၀၀၀၊ တတိယထပ် ၅၅၀၀၀ နှင့်စတုတ္ထထပ် ၄၆၀၀၀ သတ်မှတ်ထားပြီး တိုက်ခန်းငှားရမ်းမည့်သက်တမ်းမှာ ၅နှစ် ဖြစ်‌​ကြောင်းသိရသည်။

ယင်းသုခပြည်သူ့အငှားအိမ်ရာ၌ အိမ်ခန်းရမည်ဆိုပြီး ငွေကြေးလိမ်လည်မှုများ ရှိနေအတွက် ပြည်သူများ အနေဖြင့်သတိပြုရန် သုခဒဂုံအိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက အသိပေးထား‌​ကြောင်းသိရသည်။

NOM

image
စိုးရန်နိုင်ထွန်းလင်း သူ့ပရိုဖိုင်အဖုံးကို ပြောင်းလိုက်တယ်။
26 ပတ်

image
Dilek Ercan သူ့ပရိုဖိုင်အဖုံးကို ပြောင်းလိုက်တယ်။
26 ပတ်

image
Dilek Ercan သူ့ပရိုဖိုင်ပုံပြောင်းသွားတယ်။
26 ပတ်

image