41 w - Translate

#မြေငလျင်သတင်းအချက်အလက်
◼ မန္တလေး၌ငလျင်ကြောင့် ပြိုကျအဆောက်အဦများထဲမှရုပ်အလောင်းများထပ်မံတွေ့ရှိ
မန္တလေး၌ငလျင်ကြောင့် ပြိုကျအဆောက်အဦများထဲမှရုပ်အလောင်းများ ယနေ့(ဧပြီ ၂၇ ရက်)အထိ တွေ့ရှိနေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှသိရသည်။
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၇၀ နှင့် ၇၁ လမ်းကြားရှိ Golden City ဟိုတယ် အဆောက်အဦအား ယနေ့နံနက်ပိုင်းကရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် အမျိုးသမီးတစ်ဦးရုပ်အလောင်းအားတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
ယမန်နေ့(ဧပြီ ၂၆ ရက်)တွင်လည်း ယင်းဟိုတယ်၌ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် အမျိုးသားနှစ်ဦး၏ရုပ်အလောင်းအားတွေ့ရှိခဲ့ကြောင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၂၈ ဘီ နှင့် ၇၂ လမ်းထောင့်ရှိ မာကျူရီတည်းခိုခန်းအဆောက်အဦအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အမျိုးသမီးတစ်ဦးရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
“တချို့ဟိုတယ်တွေက ရှင်းလင်းရေးလုပ်တာသိပ်မကြာသေးတော့ အထဲမှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကိုထပ်တွေ့နေရတာပါ။ အရင်ကထက်စာရင် နည်းတော့နည်းသွားပြီ။ ကူညီကယ်ဆယ်ရေးတွေကတော့ ဆက်လုပ်နေတုန်းပါ” ဟု မန္တလေးမြို့၌ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်မှာ မနက်ဖြန် (ဧပြီ ၂၈ ရက်) တွင် တစ်လပြည့်ပြီဖြစ်ပြီး လက်ရှိအချိန်ထိရုပ်အလောင်းများထွက်ပေါ်နေဆဲဖြစ်ကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများမှာလည်း နေထိုင်စားသောက်ရေးအတွက် အကူအညီများလိုအပ်နေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။
လက်ရှိတွင် ငလျင်ကြောင့်လူဦးရေ ၃၇၆၃ ဦးသေဆုံးကာ ၅၁၀၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးသူ ၁၁၀ ဦးရှိကြောင်း နစက ကထုတ်ပြန်ထားသည်။

image

ကြောက်ခြင်း ၏ အခြားမဲ့၌
အိုမှာကြောက်တယ်
ရောဂါတွေတခုပီးတခုတိုးလာမှာကြောက်တယ်
ဆင်းဆင်းရဲရဲနေရမှာ ကြောက်တယ်
တခုခုဆို ပိုက်ဆံမရှိမှာ ကြောက်တယ်
အထီးကျန်ဘဝကိုကုန်ဆုံးရမှာကြောက်တယ်
ခေါ်မယ့်ပြောမယ့်သူမရှိမှာကြောက်တယ်
လူတကာအထင်အမြင်အသေးခံရမှာကြောက်တယ်
ပညာမတတ်မှာကြောက်တယ်
ရာထူးမကြီးမှာကြောက်တယ်
အာဏာမရှိမှာကြောက်တယ်
အာဏာရှိပီးသားသူဆို အာဏာကို
လက်လွတ်ရမှာကြောက်တယ်
အလုပ်မရှိမှာကြောက်တယ်
အလုပ်ပြုတ်မှာကြောက်တယ်
ကြောက်ခြင်းအကြောင်း ထိုင်ရေးရရင်
စာအရှည်ကြီး ဖြစ်သွားမယ်
အဒီ ကြောက်ခြင်းတွေအားလုံးကို
အကြွင်းမဲ့ ပယ်သတ်နိုင်တာက
သစ္စာသိတဲ့ဥာဏ်ပဲ ။
ဆင်းရဲနေလည်း
လွတ်မြောက်တဲ့ဥာဏ်က ချမ်းသာနေတာ
ရောဂါဘယတွေဖိစီးနေလည်း
လွတ်မြောက်တဲ့ဥာဏ်က ချမ်းသာနေတာ
တယောက်ထဲ ဘဝကို ဒုက္ခကြီးစွာ
ဖြတ်သန်းနေရလည်း
လွတ်မြောက်တဲ့ဥာဏ်က ချမ်းသာနေတာ
အဲဒီ ချမ်းသာမှုမျိုးကို
မိုးကုတ်ဆရာတော်ကြီး
မုံလည်ဆရာတော်ကြီးတို့ရဲ့
နောက်ဆုံးနေ့ရက်တွေကို
လေ့လာကြည့်ခြင်းအားဖြင့် အနဲအကျဥ်းတော့
နားလည်ကြမယ်လို့မျော်လင့်မိ
သူတို့က အရိယာတွေပဲ ဝေဒနာတွေကိုသည်းခံနိုင်သွားပီလို့ထင်နေတာ မှားတယ် ။
ကိုယ်ခန္ဓာရလာတဲ့အခါ
လက်ထိပ်ကို သံနဲ့ရိုက်ရင်တော့
နာကျင်တယ်ဆိုတဲ့အသိက ရမှာပဲ ။
အဒါကို မနာပဲသည်းခံနိုင်တာ လွတ်မြောက်တာမဟုတ်ဘူး ။ သည်းခံနိုင်လောက်အောင် သမာဓိကောင်းနေတာမျိုးပဲ ဖြစ်ရင်ဖြစ်မယ် ။
လွတ်မြောက်မှုဆိုတာ
ခန္ဓာရှိနေတဲ့အတွက် အိုတာ နာတာ ရောဂါဖိစီးတာ
ဆင်းရဲတာ ဒုက္ခရောက်တာတွေ အကုန်ရှိမယ်
ခန္ဓာရှိလို့ကို အဒါတွေရှိနေတာ
အဒါတွေရှိနေရဲ့သားနဲ့ အဒီဒုက္ခတွေ
ခံစားနေရရင်းနဲ့ကိုပဲ ဥာဏ်က လွတ်မြောက်နေတာ
ဒီအိုတာ နာတာ ရောဂါဖြစ်တာတွေကို
ကြောက်ပီး ကျနော်တို့ ဘယ်ကိုပြေးမလဲ
ကျနော်တို့အတွက်ပြေးစရာမရှိဘူး ။
သူ့ရဲ့သဘောသဘာဝကို
သေချာနားလည်သွားရင်
သူ့ဘာသူ အိုချင်လည်းအို နာချင်လည်းနာ
HIV မကလို့ အသည်းကင်ဆာဖြစ်ဖြစ်
သွေးကင်ဆာဖြစ်ဖြစ် အော်ချင်လည်းအော်
သဘောသဘာဝကိုနားလည်ပီး
လွတ်မြောက်တဲ့ဥာဏ်နဲ့
ရုပ်ခန္ဓာ နာမ်ခန္ဓာက ဖြစ်ပျက်နေတာတွေနဲ့
မတူညီတဲ့ အနေအထား ၂ခုဆိုတာ
နားလည်သွားကြမယ် ။
မနက်ဖြန်သေမလား
နောက်အနှစ် ၃၀ မှသေမလား
နောက် ၅နှစ်နေရင်
ကုလို့မရတဲ့ရောဂါတခုဖြစ်လာမလား
အဲဒီသူအတွက် ဘယ်အရာကမှ စိတ်ဖိစီးစရာမဟုတ်တော့ဘူး ။
ဝေဒနါတေသက်သာသွားတာ
ရောဂါတွေပျောက်သွားတာ
ခံစားနေရတာတွေ အေးငြိမ်းကုန်တာမဟုတ်ဘူး
ခန္ဓာရှိသ၍ အဒါတွေအကုန်တခုမှမပျောက်ဘူး
သမထ အကျင့်နဲ့ ရှုမှတ်ထားတဲ့ သမာဓိအရှိန်တခုခုရှိခဲ့ရင်တော့ မော်ဖိန်းကျွေးသလို ခဏတာ သက်သာကောင်းသာမယ် ဒါမဲ့ အရင်းအမြစ်က
အားကောင်းမောင်းသန်ရှိနေအူးမှာပဲ ။
သဘာဝရဲ့ ဖြစ်ပျက်အကြောင်းအရင်းမှန်ကို
နားလည် လက်ခံ လွတ်မြောက်တဲ့
ဝိမုတ္တိဥာဏ်မျိုး မျက်မှောက်ပြုသွားတဲ့အတွက်
ဝေဒနါရဲ့ သဘောက သဘာဝ
ငါက ကြားဝင်တာ အတ္တ
အိုခြင်းရဲ့သဘောက သဘာဝ
ငါကကြားဝင်တာ အတ္တ
ရောဂါရဲ့သဘောက သဘာဝ
ငါကကြားဝင်တာ အတ္တဆိုတာ
အကုန်ရှင်းလင်းပီး နားလည်သွားတာ...
ပြုပြင်ပြောင်းလဲယူချင်တာက အတ္တ
သဘာဝကတော့ သူ့သဘောသူဆောင်နေမှာ...

image

ခုနှစ်ရက်သားသမီးများနဲ့အတူ*၇နေ့*၇*နံ*၈*ရက်သားသမီးများအားလုံး🙏🙏🙏
*ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ
*ကြောင့်ကြခပ်သိမ်းကင်းဝေးကြပါစေ
*သောကခပ်သိမ်းကင်းဝေးကြပါစေ
*ဒုက္ခခပ်သိမ်းကင်းဝေးကြပါစေ
*ဆင်းရဲခပ်သိမ်းကင်းဝေးကြပါစေ
*နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
*မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးသောကဟူသမျှအ
မြန်ဆုံးကင်းဝေးလွတ်မြောက်ကြရပါလို၏ဘုရား🙏🙏

image

image

Captain America အား Diss တော်မူခန်း ။
[ Bonus Fact - Eminem ရဲ့ Papa Doc ကို Diss တဲ့စာသားတွေထဲမှာ Papa Doc သရုပ်ဆောင် Anthony Mackie ကို Diss တဲ့စာသားတွေလဲပါပါတယ် ။ ]

image

image

🙏ဗုဒ္ဓဘုရား🙏အား ဗုဒ္ဓ​ဖြစ်စဥ်ကဗျာများဖြင့် နေ့စဥ်နေ့တိုင်း ပူဇော်ပါမည်။
🙏 {၂၃၃} ပညာရှိမည်က အသုံးချနိုင်ကြ 🙏
ပညာရှိလေ ဆုံးဖြတ်နိုင်ပေ
အရေးကြီးကိစ္စ အထွေထွေ
အဂ္ဂသာဝက နှစ်ပါးကား
မေးဖြေဆုံးဖြတ် ပွဲတရား
ထိုစဥျအလီ လာဠုဒါယီ
နှစ်ပါးတို့သည် ငါတို့နှင့်မှီ
ပညာဆိုကား တတ်ကုန်သလား
နှုတ်ခမ်းကိုက်ကာ မထီမြင်ထား
တရားအပေါင်းတို့ သွေဖယ်သော်
မထေရ်ရှောင်ကာ ပြောကြသော်
ဘုန်းမြတ်ဘုရား အတိတ်ဆောင်ထား
ရှေး၌သည်လဲ မသိခဲ့စွ
ဗာရာဏသီ ​ြဗဟ္မဒတ်တည်
လောင်​းတော်အမတ် ပညာရှိသည်
ကျိုးကြောင်းဆုံးမ ပေးလတ္တံ ့
နာခံလေတဲ့ မင်း​ြဗဟ္မဒတ်
ဘုရင့်သားတော် အရွယ်ရောက်သော်
​ြဗဟ္မဒတ်ကြီး နတ်ရွာစံချော်
သားတော်လေးက ပါဒဉ္စလိ
လုံ့လဝီရိယ ညံ့ဖျင်း၏
အမတ်တို့စုဝေး တိုင်ပင်ကာ
သားတော်နန်းတင် ဆုံးဖြတ်ရှာ
အမတ်တို့ပြော မင်းသားချော
မှန်ကန်၏လော အဘယ်သို့ကော
ထိုစဥ်အခါ မင်းသားမှာ
နှုတ်ခမ်းကိုက်ကာ စကားမဆိုပါ
ပြန်၍မပြော နောက်တရက်လော
မေးစေပြောပါ ထပ်လုပ်ရော
နှုတ်ခမ်းကိုက်နေ အမြဲပေ
မည်သည့်စကား မဆိုသလေ
အမတ်တချို့ ပြောကုန်၏
ဤမင်းသားလေး ပညာမရှိ
အမတ်တို့က စုဝေးတောင်းပန်
ပညာရှိအမတ် နန်းတင်အမှန်
ဇာတ်တော်ဆုံးထား ထိုမင်းသား
လာဠုဒါယီ ဖြစ်ခဲ့ကား
အမတ်ကြီးက ငါဘုရား
ပညာဆိုသည် အသုံးချ 🙏
#သီတင်းသုံးကျောင်း ။ ဇေတဝန်ကျောင်း
#ဟောရသည့်အကြောင်းရင်း ။ အဂ္ဂသာဝက
နှစ်ပါးတို့အမေးအဖြေဆုံးဖြတ်ပေးသည်ကို လာဠုဒါယီမထေရ်က မိမိတို့နှင့် ပညာတူ​လေသလားဟူ၍ နှုတ်ခမ်းကိုက်ကာ မထီမဲ့မြင်လုပ်သည်ကို အကြောင်းပြု ဟောကြားလေခြင်း
🔸🔸{ #ပါဒဉ္စလိဇာတ်တော် } သည်
ဂေါတမ မြတ်စွာဘုရားရှင် နုစဥ်အခါက
#အမတ်ကြီး ဖြစ်ခဲ့သော (၄၉)ဘဝတို့တွင် ပါရမီဖြည့်ကျင့်ခဲ့သော ဇာတ်တော်ဖြစ်ခဲ့၏။🙏
#နံပါတ်{၂၃၄} " လိုချင်အမှန် မြတ်နိဗ္ဗာန် "
ခေါင်းစဥ်ဖြင့် { ကိံသုကောပမ ဇာတ်တော် }
ကိုယ်ပိုင်ရေးစပ်ကဗျာ နှင့်တရားလေးကို တင်ပေးပါမည် ခင်ဗျ။ 🙏

image

image
41 w - Translate

Leo (2023)
=========
IMDb Rating – 7.1/10
နောက်ဆုံးအသစ်ထွက်ရှိလာပြီး တောင်းဆိုမှုများနေတဲ့ Animation ကား
ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားမှာတော့
လီယိုဆိုတဲ့ ကျောင်းမွေးတိကလေးက အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင်
ထားပါတယ်။
လီယိုဆိုတဲ့ ဖွတ်ကြီးနဲ့ စကွစ်တယ်ဆိုတဲ့ လိပ်ကြီးတိုက အလယ်တန်းကျောင်း
တစ်ခုမှာ ကလေးတွေအတွက် သင်ထောက်ကူအနေနဲ့ မွေးထားတဲ့ တိကလေး
တွေပါ။ ငါးတန်းအခန်းကို ကြီးစိုးထားကြပြီး ခေတ်အဆက်ဆက်က ကလေး
တွေမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့သူတွေပေါ့။ တစ်ရက်မှာတော့ လီယိုတစ်ယောက်
သူ့ရဲ့သက်တမ်းက တစ်နှစ်ပဲ ကျန်တော့တဲ့အကြောင်းကို မမျှော်လင့်ဘဲ သိခဲ့
လိုက်ရတယ်။
မွေးကတည်းက ဖန်ကန်ထဲမှာပဲ နေလာခဲ့ရတဲ့သူ့အဖို ပြင်ပကမ္ဘာကြီးနဲ့ ထိတွေ့
ဆက်ဆံသွားချင်တာ သူ့ရဲ့ နောက်ဆုံးဆန္ဒပါပဲ။ ဒီလိုနဲ့ အခန်းထဲက စရိုက်မျိုးစုံနဲ့
ကလေးတွေဆီကနေ ကပ်ပြီး ပြင်ပကမ္ဘာကို ရောက်ဖို ကြိုးစားပါတော့တယ်။
မနိုင်စိန်ငါးတန်းကလေးတွေနဲ့ အဘိုးကြီးလီယိုတို ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊
သူ့ရဲ့နောက်ဆုံးဆန္ဒလေး ပြည့်ဝသွားနိုင်မလား ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစား
ကြည့်လိုက်ရအောင်ပါ။ Child psychology အကြောင်းကိုလည်း သီချင်းလေး
တွေနဲ့ တင်ဆက်ပေးသွားတာမို ခံစားမှုရသအစုံအလင်ပေးနိုင်မဲ့ ဇာတ်လမ်းကောင်း
တစ်ပုဒ်လိုပဲ ဆိုချင်ပါတယ်။

ဇာတ်ကားလင့်
https://t.me/c/2186686827/266

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
41 w - Translate

Tangled:Before even after 2017ကားလေးကတော့ အရင် Tangled ကားလေးရဲ့ အဆက်လိုပြောရမှာပါပဲ။
မာသာ ဂေါ်သယ် လက်ထဲကနေ လွတ်မြောက်လာခဲ့ပြီး မင်းသမီးတစ်ပါးအနေနဲ့ပြန်လည်ရောက်ရှိလာတဲ့
ရက်ပန်ဇယ် ရဲ့အကြောင်းလေးကို တင်ပြထားတာပါ။လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး နေတတ်တဲ့
ရက်ပန်ဇယ် တစ်ယောက် မင်းသမီး တစ်ပါးအနေနဲ့ နန်းတွင်းအစဉ်အလာတွေကို လိုက်နာဖိုလိုလာခဲ့ပါတယ်။
တစ်နေ့တော့ နန်းတွင်းထဲကနေ တိတ်တိတ်လေး ခိုးထွက်လာခဲ့ပြီး တွေ့ကြုံရတဲ့ adventure တွေကို
ရိုက်ပြထားတာမို ပျင်းဖိုမကောင်းတာတော့ အာမခံလိုရပါတယ်။
ချစ်ရတဲ့ ယူဂျင်းရယ်၊သစ္စာရှိ မြင်းကြီးရယ်၊အထိန်းတော်ကြီးရယ်၊
ထူးဆန်းတဲ့မှော်ကျောက်တုံးနဲ့တွေ့ပြီးပြန်ရှည်လာတဲ့(ကျနော်တိုလဲ ချစ်တဲ့:P) ဆံပင်ရှည်ကြီးရယ်။
2D Animation ကောင်းကောင်းရယ်။ကြည့်ဖိုတန်ပါတယ်လိုပဲပြောပါရစေ

Tangled:Before even after (2017)

ဇာတ်ကားလင့်
https://t.me/c/2186686827/267

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image