.

ချဥ်ငံစပ် ငါးကွမ်းရှပ် နှစ်ပြန်ကြော် 😋😋
**********
ဒီဟင်းလေးကလေ မကြိုက်တဲ့သူ မရှိလောက်တဲ့
ချဉ် ငံ စပ် ဟင်းလေး တစ်ခွက်ပါ။
ထမင်းစားမြိန်လွန်းလို့ အိမ်သားတွေ
ဒီဟင်းပွဲမှာ လက်ဆုံစေတဲ့ ဟင်းလျာလေးပေါ့။

ချက်နည်းလေးက 🌶 🍅 🧄 🧅
*****
မန်ကျည်းသီးကို သဲစင်အောင် ရေသယ့်ဆေးပြီး
မန်ကျည်းသီးဖပ်လေးတွေကို ရေစိမ်ထားပါ။

ခရမ်းချဉ်သီး ကြိတ်ထားပါ။

ငါးကွမ်းရှပ်ကို အတုံးတုံးပြီး ရေဆေး ရေစစ်ထားပါ။

အိုးထဲ ဆီထည့်ပြီး နနွင်းထည့်ပါ။
ဆီ အပူပေးပီးရင် ငါးကွမ်းရှပ် ထည့်ပါ။
အပေါ်ယံလေး နီရံရုံလေးသာကြော်ပြီး ဆယ်ထားပါ။

ဆီကျန်ထဲကို ငရုတ်သီးအခြောက်တောင့်လေးထည့်ပြီး
မီးအားသင့်ရုံနဲ့ ကျွတ်ရုံလေး ကြော်၍
ဆယ်ယူထားပီးရင် အမြှီးဖြုတ်ထားပါ။

ထိုဆီထဲကို
ထောင်းထားတဲ့ ကြက်သွန်ဖြူနီ ထည့်ပြီး ဆီသတ်ပါ။

ကြက်သွန် ရွလာခါနီးမှာ မီးအားလျှော့၍
ငရုတ်သီး အကြမ်းဖပ် ထည့်မွှေပြီး
အကြမ်းဖပ် ရွလာတဲ့အခါ

​ကြိတ်ထားတဲ့ ခရမ်းချဉ်သီး ထည့်၍
မီးအားပြန်တင်ပြီး ဆီသတ်ပါ။
ခရမ်းချဉ်သီး စိမ်းနံ့ပျောက်ရင်

ရေဆေးထားတဲ့ ငါးကွမ်းရှပ်တုံးလေးများ ထည့်မွှေပီးတာနဲ့
ခုနက ရေစိမ်ထားတဲ့ မန်ကျည်းသီးဖပ် နဲ့
မန်ကျည်းရည်တွေ အားလုံး လောင်းထည့်လိုက်ပါ။

ဟင်းချိုမှုန့်, သကြားအနဲငယ်လေး ထည့်မွှေပြီး အဖုံးအုပ်ထားပါ။

ဆူပွက်လာရင် မီးအားလေးလျှော့ပီး အဖုံးအုပ်တည်ပါမယ်။
မီးအားလျှော့ , အဖုံးအုပ် တည်ပေးပါမှ
ငါးကွမ်းရှပ်တုံးလေးတွေပါ အတွင်းသားထိ အိလာသလို
ငါးခြောက်အသားတုံးလေးထဲကိုလည်း
အရသာ စိမ့်ဝင်စေမယ့်အပြင်
ငါးခြောက်တုံးမှာ ရှိတဲ့ အငံဓါတ်လေးတွေကလည်း
ဟင်းအနှစ်ထဲကို စိမ့်ဝင်စေပီး
အနှစ်နဲ့ ငါးခြောက် အရသာ တစ်သားတည်း ကျနေမှာပါ။

အဖုံးလေးဖွင့်ဖွင့်ပြီး မွှေမွှေပေးပါ။

ခုနက ရွနေအောင်
ကြော်ထားတဲ့ ငရုတ်သီးကြော်များပါ ထည့်မွှေပေးပါ။

ဆီပျံခါနီးမှ အရသာ မြည်းပေးပါ။
ပုံမှန်အားဖြင့်တော့ ငါးခြောက်က
တဖြည်းဖြည်းနဲ့ အငံထွက်လာတာမို့ အငံထည့်စရာ မလိုပါဘူး။
လိုတယ်ထင်မှ ဆားလေး သင့်ရုံထည့်ပေးပါ။

ဆီပျံလာရင်တော့
ချဥ်ငံစပ် ငါးကွမ်းရှပ် နှစ်ပြန်ကြော်လေး ရပါပြီ။

🍚 ပြီးရင်တော့ ထမင်းပူပူလေးနဲ့
ရှူးရှူးရှဲရှဲ ချဥ်ငံစပ် ငါးကွမ်းရှပ် နှစ်ပြန်ကြော်လေးရဲ့
ဟင်းအနှစ်လေးတွေနဲ့နယ်ပြီး ငါးခြောက်တုံးလေး နဲ့
ငရုတ်သီးခြောက်တောင့်လေးကို
ကိုက်ပြီး မြိန်ရှက်စွာ စားသုံးလို့ရပါပြီ။

ငါးကွမ်းရှပ် မရှိရင်လဲ
မိမိနှစ်သက်ရာ ငါးခြောက်နဲ့ ချက်စားလို့ ရပါတယ်။

image

ဝုလူပေါင်းမှားပြီ

ဝု စိတ်ဆိုးပြီ

ဟူးမန်း ပန်ဖို့ ပန်းတတ်ခူးနေတယ်

1 y - Translate

A federal magistrate judge has dismissed trespassing charges against 98 people who were arrested along the Southwest border for entering the newly created National Defense Area in New Mexico.

https://abcnews.go.com/US/fede....ral-judge-dismisses-

image
1 y - Translate

BREAKING: New Jersey Transit train engineers have officially commenced their strike, shutting down commuter trains and leaving hundreds of thousands of commuters scrambling to find other modes of transportation.
Read more: https://abcnews.visitlink.me/mv7HE0

image
1 y - Translate

ရန်ကုန်တက္ကသိုလ်တွင် စားသာက်ကုန်လုပ်ငန်းအတတ်ပညာ ဖွင့်လှစ်မည့်
ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် စားသောက်ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology)သင်တန်းကို (၃)လကြာ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများမှစ၍ လျှောက်ထားနိုင်ပြီး၊ ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် မေလ (၁၃)ရက်နေ့မှ မေလ (၁၆)ရက်နေ့အထိ လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

သင်တန်းစတင်ဖွင့်လှစ်မည့်ရက်မှာ ၂၀၂၅ ခုနှစ်၊ မေလ (၂၀)ရက်နေ့ ဖြစ်ပြီး သင်တန်းကာလမှာ (၃)လကြာမြင့်မှာဖြစ်ပြီး၊ သင်တန်းကို အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေတို့တွင် မနက် (၇) နာရီမှ (၉)နာရီအထိ တက်ရောက်ရမှဖြစ်ကာ သင်တန်းကြေးကတော့ (၃)လပေါင်းကို တစ်သိန်းကျပ်တိတိ ပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနမှ ထိုသင်တန်းတွင် အစားအသောက်ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ ထုပ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်းပညာရပ်တို့အပြင် အစားအစာဘေးကင်းမှု၊ အရည်အသွေးထိန်းချုပ်ခြင်းနှင့် အာဟာရလုံလောက်မှုတို့ကိုပါ သိရှိနားလည်စေရန် သင်ကြားပေးသွားမှာဖြစ်ပြီး၊ သင်တန်းပြီးဆုံးပါက Cerficate in Food Technology အောင်လက်မှတ်ကိုလည်းပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက ရန်ကုန်တက္ကသိုလ်ရှိ ကုန်ထုတ်ဗေဒဌာနသို့ လူကိုယ်တိုင်သွား၍ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၉၄၃၈၄၉၄၁၅၊ ၀၉-၈၈၃၄၉၁၈၉၀ တို့ကို ရုံးချိန်အတွင်း ဆယ်သွယ်မေးမြန်းနိုင်တယ်လို့လည်း သိရပါတယ်။

image
1 y - Translate

#ပြည်တွင်းသတင်း
◼သဘာဝဘေးကျရောက်ပါက ကူညီဆောင်ရွက်ရန် အမိန့်စောင့်ဆိုင်းရန်မလိုဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော
သဘာဝဘေအန္တရာယ်ကျရောက်လာပါက အမြန်ဆုံးတုံ့ပြန်ကူညီဆောင်ရွက်ရန် အမိန့်တစ်စုံတရာစောင့်ဆိုင်းနေရန်မလိုကြောင်း နစက၏ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြောသည်။
ကရင်ပြည်နယ်အတွင်းရေကြီး/ရေလျှံမှုနှင့်ကမ်းပြို၊ မြေပြိုမှုများ နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်စီမံထားကြရမည်ဖြစ်ကာ သဘာဝဘေးကျရောက်လာပါက အမိန့်စောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံး ကူညီဆောင်ရွက်ရမည်ဟု ၎င်းက ယမန်နေ့(မေ ၁၄ ရက်) နံနက်ပိုင်းက ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ (၁၂)ဖွဲ့တို့၏ ညှိနှိုင်းအစည်းအဝေးတွင်ပြောဆိုသည်။
"ပြည်နယ်အတွင်းသဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာရင်အတတ်နိုင်ဆုံး ဆုံးရှုံးမှုလျော့နည်း သက်သာစေရေး၊ ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး၊ ဘေးအန္တရာယ် ကျရောက်တဲ့အခါ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနဲ့ ကျရောက်ပြီးပါကပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ အခုကတည်းကကြိုတင်ပြင်ဆင်ပြီး လိုအပ်တဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ထားဖို့လိုအပ်ပါတယ်" ဟု ဆိုသည်။
ထို့ပြင် ယာဉ်၊ ယန္တရားနှင့်အရေးပေါ်ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများကို အသင့်ပြင်ဆင် စုဖွဲ့ထားရမည်ဖြစ်ကာ မိုးလေဝသသတင်းများကိုလည်း စဉ်ဆက်မပြတ်ပြည်သူများသိရန်ထုတ်ပြန်ပေး ရမည်ဟုဆက်လက်ပြောဆိုခဲ့သည်။
သတင်း - ပိုင်လေး

image

#နိုင်ငံတကာသတင်း
◼ရုရှားအဆိုပြုခဲ့သော ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ပူတင်နှင့် ထရန့် မတက်
ယနေ့တွင် တူရကီနိုင်ငံ၌ ကျင်းပမည့် မော်စကိုနှင့် ကိဗ်ကြားက သုံးနှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်မည့် တိုက်ရိုက်ဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ နှင့် ရုရှားသမ္မတတို့က ဖော်ပြခဲ့ကြပြီး ကရင်မလင်ကလည်း ယင်းဆွေးနွေးပွဲသို့ အတွေ့အကြုံရင့်ကျက်သော နိုင်ငံရေးပိုင်းကျွမ်းကျင်သူများကို စေလွှတ်ခဲ့သည်။
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ယနေ့တွင် မည်သည့်ကြိုတင်သတ်မှတ်ချက်မှ မထားဘဲ ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးသွားရန် တနင်္ဂနွေနေ့တွင် ပူတင်က အဆိုပြုခဲ့သည်။
ဆွေးနွေးပွဲတက်မည့် ရုရှားကိုယ်စားလှယ်အဖွဲ့တွင် သမ္မတရုံးအကြံပေး ဗလာဒီမာမီဒင်စကီး ၊ ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါး ဖိုမင် တို့ ပါဝင်မည်ဖြစ်ကြောင်း ကရင်မလင်က ပြောကြားခဲ့ပြီး သမ္မတ ပူတင် ပါဝင်ခြင်းမရှိ‌ပေ။
ကရင်မလင်က ကိုယ်စားလှယ်အဖွဲ့ကို ကြေညာပြီးနောက် ဒေါ်နယ်ထရန့်က အစ္စတန်ဘူလ်ဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ကြောင်း အမေရိကန်အရာရှိတစ်ဦး က ပြောကြားသည်။
၎င်းအနေဖြင့် ဆွေးနွေးမှုတွင် ပါဝင်ရန် ကြိုးစားနေကြောင်း အရှေ့အလယ်ပိုင်းတွင် သုံးနိုင်ငံအလည်အပတ်ခရီးသွားနေသော အမေရိကန်သမ္မတ က ယခင်က ပြောကြားခဲ့သည်။
လူကိုယ်တိုင်တက်ရောက်မည်ဆိုသည်ကို ပူတင် က မည်သည့်အချိန်ကမျှအတည် မပြုခဲ့သော်လည်း ရုရှားနှင့်အမေရိကန်သမ္မတနှစ်ဦး ပါဝင်မလာခြင်းကြောင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက စတင်ခဲ့သော စစ်ပွဲအဆုံးသတ်ရေး လမ်းစ ရရှိရန် မျှော်လင့်ချက်များ လျော့ကျသွားခဲ့သည်။
ပူတင်အနေဖြင့် ‌ကြောက်ရွံ့မှုမရှိပါက ယင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် ယူကရိန်းသမ္မတ ဇီလန်စကီး က စိန်ခေါ်ခဲ့ပြီး ယင်းမှာ ယူကရိန်းနှင့် ရုရှားကြား မည်သူက ငြိမ်းချမ်းရေးပိုမိုလိုလားကြောင်းကို အ မေ ရိကန်သမ္မတအား ပြသရန် ရည်ရွယ်ခြင်းဖြစ်သည်။
ယူကရိန်းခေါင်းဆောင်က ဗုဒ္ဓဟူးနေ့ညပိုင်းတွင် တူရကီသို့ ထွက်ခွာသွားခဲ့သော်လည်း ပူတင်တက်ရောက်လာမှသာ ဇီလန်စကီးလည်း ဆွေးနွေးပွဲသို့ တက်မှာဖြစ်ကြောင်း ယူကရိန်းအရာရှိတစ်ဦးက ပြောကြားသည်။
တူရကီဆွေးနွေးပွဲတွင် ပူတင်တက်ရောက်လာကြောင်း သေချာပြီးမှသာ တူရကီငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ၎င်းတို့လုပ်‌ဆောင်မည့် အဆင့်များကို ယူကရိန်းက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ညက ပြောကြားခဲ့သည့် ညစဉ်မိန့်ခွန်းတွင် ဇီလန်စကီး က ပြောသည်။
ရက် ၃၀ အပစ်အခတ်ရပ်စဲ‌ရေးတွင် နှစ်ဖက်စလုံးပါဝင်လာရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကအလိုရှိပြီး ဇီလန်စကီးကလည်း ထောက်ခံကြောင်း သိရသည်။
ရုရှားသမ္မတကမူ ထိုသို့ အပစ်အခတ်ရပ်စဲရေးအတွက် အသေးစိတ်များကို ညှိနှိူင်းရန် ဆွေးနွေးမှုကို ဦးစွာ လုပ်ဆောင်လိုခြင်းဖြစ်သည်။
တူရကီသို့ သွားရောက်မည့်အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို နှင့် အတူ အထူးကိုယ်စားလှယ်များဖြစ်သော စတိဗ်ဝစ်ကော့ဖ် နှင့် ကိသ်ကဲလော့ တို့လည်း ပါဝင်သည်။
အမေရိကန်နိုင်ငံခြားရေး ရူဘီယို နှင့် တွေ့ဆုံကာ ဇီလန်စကီး၏ ငြိမ်းချမ်းရေးမျှော်မှန်းချက်ကို မျှဝေခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီးလ် ဆိုင်ဘီဟာ က ယနေ့နံနက်ပိုင်းတွင် ပြောကြားသည်။
ရှရှားကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သော မစ္စတာမီဒင်စကီး နှင့် ဖိုမင်တို့မှာ စစ်ပွဲစတင်ပြီးနောက် ပထမဆုံးသီတင်းပတ်များတွင် နှစ်ဖက်ဆွေးနွေးမှုများ၌ ပါဝင်ခဲ့သူများ ဖြစ်ကြောင်း သိရပြီး ၎င်းတို့နှင့်အတူ အခြား စစ်ဘက်အရာရှိကြီးများ ၊ထောက်လှမ်းရေး အရာရှိများလည်း ပါဝင်ကြောင်း သိရသည်။

image