"တချို့အချစ်တွေကလူချင်း
မဆုံစည်းဖြစ်ခဲ့ကြပေမယ့် ...
မချစ်ခဲ့ကြတာလားဆိုလည်းမဟုတ်ဘူး
မချစ်ကြတော့တာလည်းမဟုတ်ပြန်ပါဘူး ...
အဲ့လူဘဝထဲမှာ
တစ်စုံတစ်ယောက်ဟာတိတ်ဆိတ်စွာဖြင့်
ထာဝရ ရှင်သန်သွားတော့တာပါပဲ..."
" ကျွန်မ သိချင်လှပါရဲ့
မောင် ကျွန်မအပါးမှ ထွက်ခွာခဲ့စဉ်က
မောင့် ခြေလှမ်းတို့ နာကျင်ခဲ့သေးသလား ။
တွန့်ဆုတ်ခဲ့သေးလား ၊ ဝေခွဲရခက်ခဲ့သေးလား ။
နည်းနည်းလေးဖြစ်‌ဖြစ်လေ ။ "
" ဒါဟာ အချစ်လား မဟုတ်ပါဘူးနော်
ဒါဟာ မေတ္တာသာ ဖြစ်ပါသည် "
နှလုံးသားရဲ့အလိုဆန္ဒ ကို ဦးနှောက်ရဲ့ ထိန်းချုပ်
မှုကြောင့် ရပ်တန့်ပစ်လိုက်ရတဲ့အချိန်တိုင်း
အမှတ်ရနေမိတဲ့ ဇာတ်ကောင်ဟာ
" အင်ကြင်းဝေ " တဲ့ ။
ဧရာဝတီမြစ်ရေလျှံတဲ့နေ့မှာ စတွေ့ခဲ့ကြတဲ့
ဆုံတွေ့မှုတစ်ခု ။ ချောင်းထဲကျသွားတဲ့
စာအုပ်လေးကို လိုက်ဆယ်ပေးခဲ့တဲ့ ကလေးလေး
တစ်ယောက် နဲ့ ကလေးလေးခြေထောက် ငုတ်စူးသွားလို့ စိတ်ပူခဲ့တဲ့ အသက် ၇ နှစ်ကြီးတဲ့
ကလေးမလေးတစ်ယောက် ။
မောင်သက်ဝေ နဲ့ အင်ကြင်းဝေ တဲ့ ။
"အင်ကြင်းဝေ"ဆိုတာ စိတ်ပညာကိုလေ့လာနေတဲ့ ကျောင်းဆရာမတစ်ဦးရဲ့ သမီး ။
"မောင်သက်ဝေ"လေးက အမေမရှိတော့ဘဲ ဘုန်းကြီးကျောင်းမှာကပ်နေရတဲ့ ကလေးလေး ။
ပိုးတုံးလေးကနေ လှပတဲ့လိပ်ပြာကလေး
ဖြစ်အောင် မောင်သက်ဝေ ဘဝကို ပြောင်းလဲ
ပေးချင်တဲ့ အင်ကြင်း ။ စိတ်နှလုံးသားနူးညံ့အောင် ကဗျာတွေ စာတွေပေးဖတ် ပြောပြပြီး
လူတော်လေးဖြစ်အောင် လုပ်ပေးခဲ့တဲ့ အင်ကြင်း။မောင်လေးတစ်ယောက်လို
ချစ်မြတ်နိုးစွာဂရုစိုက်ပြုစုခဲ့တဲ့ အင်ကြင်း ။
" မမ ကျနော် မမနဲ့ မင်္ဂလာဆောင်ချင်လိုက်တာ "
" မမ နဲ့ ကျနော် တစ်အိမ်တည်းနေရရင်
ကောင်းမှာပဲနော် "
အဖေရဲ့ မေတ္တာအကြင်နာကို မရခဲ့တဲ့
သက်ဝေဟာ အင်ကြင်းရဲ့ အကြင်နာတွေကို
ခံစားခဲ့ရပါတယ် ။ အဲ့ဒါကြောင့် သူ သိပ်ချစ်ရတဲ့သူဟာ မမ ။
မမ အင်ကြင်းကို တွေ့ချင်လို့ အင်ကြင်းတို့
အိမ်နားက ပွဲရုံတွေမှာ အလုပ်ဝင်လုပ်ခဲ့တဲ့
သက်ဝေ ။
" ဘာဖြစ်လို့ ဂုဏ်ရောင်လမ်းက ပွဲရုံတွေမှာ ကျွန်ခံချင်ရတာလဲဆိုရင် မမရဲ့ အိမ်ရှိလို့ပေါ့ " တဲ့လေ ။
အင်ကြင်းကို မမတစ်ယောက်ထက် ပိုပြီး
ချစ်မိခဲ့တဲ့ မောင်သက်ဝေ ။ မမဟာ သူ့အတွက်အစစအရာ ဂရုစိုက်ပေးခဲ့တော့ ပြန်ချစ်မှာပဲ
ထင်ပြီး မမဖြစ်စေချင်သလို ပညာတတ်ဖြစ်အောင် အင်္ဂလိပ်စာကျွမ်းအောင် လုပ်ခဲ့တာ ။
မောင်လေးတစ်ယောက်လို ချစ်မိရာက
သည်ထက်ပိုပြီး ချစ်မိဖို့ရာ ရှေ့ဆက်မတိုးရဲတော့တဲ့ အင်ကြင်း ။
" ကိုယ့်ထက် အသက်ငယ်တဲ့သူတွေကို
မချစ်ရဘူးတဲ့ ။ သမီးနဲ့သူဟာ မထိုက်တန်ဘူး ။ "
ပတ်ဝန်းကျင်နဲ့ ကိုယ် ကိုယ်တိုင်ရဲ့ ကန့်သတ်ချက်တွေကြားမှာ ရှေ့ဆက်မရတော့တဲ့ အဖြစ် ။
သိပ်ကို နာကျင်စရာ ကောင်းလှပါတယ် ။
မမက လာဗင်ဒါပန်းကြိုက်တယ်ဆိုလို့ လာဗင်ဒါပန်းခင်းဆီအရောက်ပို့ပေးခဲ့တဲ့ မောင်လေး ။
မောင်လေးဘဝကို မြင့်စေချင်တယ်ဆိုလို့
အမွှေးရနံ့ကုထုံးပညာရှင်ဖြစ်တဲ့အထိ မမ ဖြစ်စေချင်သလို ကြိုးစားခဲ့တဲ့ မောင်လေး ။
မေတ္တာ နဲ့ ချစ်ခြင်းကြားက အလွှာလေး ။
ဒီအလွှာလေးကို မကျော်နိုင်လို့ ရပ်တန့်လိုက်ရတဲ့ အချစ်တစ်ခုလေ ။ ဒီအဖြစ်ကို မမေ့နိုင် ဘယ်တော့မှ မမေ့ ။
ချစ်နေပေမဲ့ မေတ္တာပါလို့ ခေါင်းစဉ်းပြောင်းတပ်ပြီး နေရတာ ဘယ်လောက် အသည်းနှလုံးက နာကျင်စရာကောင်းပါလိမ့် ။ အင်ကြင်းဝေ ရဲ့ ခံစားချက်ကို ရင်နာနာနဲ့ နားလည်ခဲ့ရတာ ။
လာဗင်ဒါပန်းခင်းတွေမြင်တိုင်း ချစ်နေပေမဲ့
မဆုံဖြစ်ခဲ့ကြတဲ့ သက်ဝေ နဲ့ အင်ကြင်းတို့ကို
မြင်ယောင်နေမိတော့တာ ။
" တချို့အချစ်တွေက မဆုံစည်းခဲ့ကြပေမယ့်
မချစ်ခဲ့ကြတာ မဟုတ်ပါဘူး "
ဖတ်မိတိုင်း ရှေ့ဆက်မတိုးနိုင်တဲ့ အင်ကြင်းဝေရဲ့ အဖြစ်ကိုသိပြီး စိတ်မောခဲ့ရတာ ။ တခါတခါ အင်ကြင်းဝေရဲ့ ခံစားချက်ကို နားလည်ပြီး တခါတခါ ချစ်နေတာပဲ ပတ်ဝန်းကျင်ကို ဂရုမစိုက်နေပါနဲ့လို့ ပြောချင်နေမိတာ ။ ဒါပေမဲ့
ဒီလိုလုပ်ဖို့ကလည်း သိပ်ကို ခက်ခဲလှပါတယ် ။
" မနက်လည်းဆုံ ညလည်းဆုံ ဆုံနေရက်နဲ့လွမ်းလေခြင်း "
#ဂျူး
#ဆုံနေရက်နဲ့လွမ်းလေခြင်း
Lwin's Books Diary
Khant Hmu Lwin

image
125 yrs - Translate

အားပေးစကားတွေလဲ မလိုဘူး
ဝေဖန်သံတွေလဲ မကြားချင်ဘူး
ကိုယ့်ဘဝနဲ့ ကိုယ်ပဲ ။

image

ချစ်ပေးရလို ရှိနေပေးရလို နွေး‌ထွေးပေးရလို ဘယ်တုန်းကမှမပင်ပန်းခဲ့ရပါဘူး။
နောင်တရတယ် ဆိုတာမျိုးလည်း မရှိဘူး ။
ချစ်မိပြီဆိုတည်းက
ကိုယ့်ကြောင့်ပဲ သူ့ကိုပျော်စေချင်တာ၊
နွေးထွေးစေချင်တာ။ မပင်ပန်းပါဘူး။
ဒါဟာလည်း ချစ်မိလို ဖြစ်ပါလိမ့်မယ် ။

image
125 yrs - Translate

ပေါ့ပေါ့ပါးပါး နေပါ
ကိုယ့်ကို အလေးမထားရင်
ကိုယ့်ဘက်ကလည်း အလေးမထားပါနဲ့

ကိုယ့်ကို ဂရုမစိုက်ရင်
ကိုယ့်ဘက်ကလည်း ဂရုမစိုက်ပါနဲ့

သူတိုဆက်ဆံသလိုမျိုး
ကိုယ်ကလည်း ပြန်ဆက်ဆံလိုက်ပါ
အဲ့ဒါ ဒဏ်ရာကင်းတယ် ။

image

me - သူငယ်ချင်း နင်အရေးအကြောင်းဆို ဖုန်းဆက်နော်

also me -

image
1 y - Translate

Overthinking ဖြစ်လွန်းရင် စိတ်ပိုင်းဆိုင်ရာမှာ
တော်တော်လေးပင်ပန်းရတတ်တယ်။

နည်းနည်းပြောရင် များများတွေးတတ်တယ်။

ကိုယ့်အပေါ် တစ်စုံတစ်ယောက်ကစကားပြောတဲ့လေသံ
ပြောင်းသွားရင်ကအစ လျှောက်တွေးနေတတ်တယ်။

ပြီးရင် တယောက်ထဲ ဝမ်းနည်းနေတတ်တာမျိုးပေါ့။

တကယ်ပင်ပန်းရပါတယ်။

image

လူရွေးတယ်ဗျ...။

တစ်ယောက်တည်းကို
ကိုယ့်ရဲ့အရာအားလုံးပေးမှာမို
အဲ့တစ်ယောက်တည်းဆီကလည်း
အရာအားလုံး ပြန်ရမှဖြစ်မယ် !🖤

image

"အခက်အခဲ တွေကြားက
တူတူတွဲပြီး တိုးထွက်မှာပေါ့"တဲ့

ဘာမှ မရှိတဲ့ ဘဝထဲကို
ဘာမှ မကြည့်ပဲ ဝင်ရဲတယ်ဆိုတာ
ချစ်ခြင်းမေတ္တာမှာပဲရှိတဲ့ အနှစ်သာရပါပဲ။
#စာရယ်ကဗျာရယ်

မမ

image

image