#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဓာတုလက်နက်အသုံးပြုမှုကြောင့် ဆူဒန်ကို အမေရိကန်က အရေးယူပိတ်ဆို့မှုသစ် ချမှတ်
ဆူဒန်စစ်ဘက်သည် အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့နှင့်ဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် ဓာတုလက်နက်များအသုံးပြုကြောင်း တွေ့ရှိပြီး နောက်ဆူဒန်အပေါ်အရေးယူပိတ်ဆို့မှုသစ်များ ချမှတ်မည်ဟု အမေရိကန်က မေ ၂၂ ရက်တွင် ထုတ်ဖော်ပြော ကြားလိုက်သည်။
ယင်းကိစ္စကြောင့် အမေရိကန်သို့ တင်သွင်းမည့် ဆူဒန်ပို့ကုန်များကို ကန့်သတ်မည်ဖြစ်ပြီး ချေးငွေကန့် သတ်ချက်များကိုလည်း ဇွန် ၆ ရက်တွင်စတင်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ပြောသည်။
ဆူဒန်စစ်ဘက်နှင့် ပြည်သူ့စစ်အဖွဲ့သည် ပဋိပက္ခအတွင်း၌ စစ် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ နှစ်ဖက်အကြား အာဏာလွန်ဆွဲမှုမှစတင်ခဲ့သည့်ပြည်တွင်းစစ်သည် နှစ်နှစ်ကျော်ရှိလာပြီး လူပေါင်းတစ်သိန်းခွဲနီးပါး သေဆုံးခဲ့သည်။
ဆူဒန်ပြည်တွင်းစစ်တွင် မည်သည့် ဓာတုလက်နက်ကို အသုံးပြုခဲ့ ကြောင်း အမေရိကန်က ထုတ်ပြန်ခြင်းမရှိသော်လည်း ကလိုရင်းဖြင့် တိုက်ခိုက်မှုနှစ်ကြိမ်တိုင်တွေ့ရှိခဲ့သည်ဟု နယူးယောက်တိုင်းမ်က ဖော်ပြထားသည်။
မကြာသေးမီကာလများအတွင်း ဆူဒန်စစ်ဘက်သည် မြို့တော်ခါတွမ်ရှိသမ္မတနန်းတော်အပါအဝင် ဒေသအတော်များများကို ထိန်းချုပ်နိုင်ခဲ့သော်လည်း အခြားနေရာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး လူသန်းပေါင်းများစွာ လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။
ဘီဘီစီ

image

蒲甘 · 小村庄

image

蒲甘 · 小村庄

image

蒲甘 · 小村庄

image

蒲甘 · 小村庄

image

蒲甘 · 小村庄

image

蒲甘 · 小村庄

image

蒲甘 · 小村庄

image

蒲甘 · 小村庄

imageimage
+5
1 y - Translate

လူတိုင်းက
လူပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ကြပေမယ့်
စိတ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး။
ဟိုးအရင် ကလေးဘဝက
ကိုယ့်အလို မကျတိုင်း
ချော့မယ့်သူ စိတ်ချမ်းသာအောင်
ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ မိဘရှိပေမယ့်---
အသက်အရွယ်ရလာလို့
ကိုယ့်ဘဝကိုယ်
လျှောက်လှမ်းရတဲ့ခါ
ဘယ်သူကမှ
ကိုယ့်ကို စိတ်ချမ်းသာအောင်
ပျော်ရွှင်အောင် လုပ်မပေးနိုင်ပါဘူး။
ကိုယ့်စိတ်ကသာ ကိုယ့်ကို
စိတ်ချမ်းသာအောင်ထားနိုင်မယ့်
တစ်ခုတည်းသောအရာပါ။
ဘဝမှာ လူတိုင်းက
အကြောင်းအမျိုးမျိုးကြောင့်
စိတ်ဓာတ်ကျခြင်း ဝမ်းနည်းခြင်း
ပူဆွေးသောကတွေ ပြေးမလွတ်နိုင်အောင်
ရှိတတ်ကြပါတယ်။
ဒါပေမယ့်
ဒီအရာအားလုံးက
ကိုယ့်စိတ်က ဖြစ်ပေါ်လာတာပါ။
ကိုယ့်စိတ်ကိုထိန်းရင်း ဖြစ်ပေါ်လာတဲ့
ခံစားချက်တိုင်းကို အစွဲမထားရင် အကောင်းဆုံးပါပဲ။
ဖြစ်သမျှအကြောင်းကို
အကောင်းပဲမှတ်လိုက်ပါ။
ကြားသမျှစကားကို
နားထဲ စွဲမထားပါနဲ့။
နားထောင်သင့်သမျှ နားထောင်
နားမထောင်သင့်တဲ့စကားဆို ထုတ်ပစ်လိုက်ပါ
ဘာကိုမှ အစွဲမထားပါနဲ့။
လူတိုင်းက
လူပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ကြပေမဲ့
စိတ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး။
ဒါကြောင့်----
ကိုယ့်စိတ်ကို ပင်ပန်းစေတဲ့လူတွေကို
မေ့ထားလိုက်ပါ။
ကိုယ့်စိတ်ကို ဒဏ်ရာပေးတဲ့
ပတ်ဝန်းကျင်နဲ့ ဝေးဝေးနေလိုက်ပါ။
ကိုယ့်ခံစားချက်တွေကို
လူတိုင်းကို ယုံပြီးဖွင့်မပြောလိုက်ပါနဲ့။
ဆေးပေးမဲ့သူထက်
ထိုးနှက်မယ့်သူတွေက
များတတ်ပါတယ်။
ဒီစိတ်နဲ့ ကိုယ်လည်း
ပျော်နိုင်မှာ မဟုတ်ဘူးလေ။
တကယ်တော့ လောကမှာ
ပျော်ရွှင်မှုပေးနိုင်တဲ့သူဟာ
ကိုယ်တိုင်ကလွဲပြီး
ဘယ်သူမှမရှိနိုင်ပါဘူး။
သူက ငါ့ကို အရမ်းချစ်လို့
ပျော်အောင်ထားနိုင်မယ်လို့တော့ မတွေးပါနဲ့။
ကိုယ်လဲ လူ, သူလဲ လူပဲလေ
အနည်းအများတော့
စိတ်ရှုပ်စရာတွေ ရှိနိုင်တာပဲ။
ကိုယ့်စိတ်ကိုတောင် ပျော်အောင်မထားနိုင်တာ
သူတစ်ပါးဆီက ရဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး။
ဘယ်လောက်ပဲ
ကြီးမားတဲ့ ပြဿနာဖြစ်နေပါစေ
အချိန်တန်ရင် ပြီးသွားမှာပဲဆိုတာ မမေ့ပါနဲ့။
ပျော်ရွှင်မှုဆိုတာ
ကိုယ့်ဆီမှာပဲ ရှိတာပါ။
ဒါကို သင်လုံးဝ မမေ့ပါနဲ့။

image