စင်ကာပူမှာ ဘီလ် ဂိတ်ရဲ့ ဖောင်ဒေးရှင်း Gates Foundation ရုံးဖွင့်မယ်
ဘီလျံနာ ဘီလ် ဂိတ် ဦးဆောင်တဲ့ အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Gate Foundationရဲ့ရုံးခန်း စင်ကာပူမှာ ဖွင့်မယ်ဆိုတဲ့ အစီအစဉ်ကို Gate Foundation က ကြေညာခဲ့ပါတယ်။ စင်ကာပူမှာ ဒီအဖွဲ့အစည်းရဲ့ရုံးခန်းတည်ရှိတာကို Singapore Economic Development Board (ED က ထောက်ခံပံ့ပိုးခဲ့တာပါ။
"အရှေ့တောင်အာရှတစ်ဝှမ်းနဲ့ အခြားနိုင်ငံတွေမှာ သက်ရောက်မှုဖြစ်စေတဲ့ ဖြေရှင်းနည်းတွေကို အတိုင်းအတာတစ်ခုအထိ တိုးချဲ့နိုင်ဖို့အတွက် Gates Foundation နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်"လို့ EDB ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဂျာမိုင်နင်း လွိုင်က ပြောပါတယ်။
Philanthropy Asia Summit မှာ ဖောင်ဒေးရှင်းရဲ့ရုံးခန်းကို စင်ကာပူမှာ ဖွင့်လှစ်မယ်လို့ ဘီလ်ဂိတ်က ပြောကြားခဲ့ကြောင်း The Edge Singapore အရ သိရပါတယ်။
စင်ကာပူမှာ ဖောင်ဒေးရှင်းရဲ့ရုံးတည်ရှိမှုက ပြည်သူတွေပိုမိုကျန်းမာပြီး အကျိုးဖြစ်ထွန်းတဲ့ ဘဝနေထိုင်မှုကို ကူညီပေးဖို့နဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်တွေဆီ တိုးတက်မှုအရှိန်မြှင့်ဖို့ နိုင်ငံတွေ၊ ပါတနာတွေနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ ကတိကဝတ်ကို ထင်ဟပ်စေတယ်လို့ ဖောင်ဒေးရှင်းရဲ့ သတင်းထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ စင်ကာပူကတဆင့် အရှေ့တောင်အာရှတစ်ဝှမ်းက အစိုးရ၊ ပရဟိတလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့ စီစဉ်နေတယ်လို့လည်း ပြောကြားထားပါတယ်။
Ref: Bill Gates's non-profit organisation, Gates Foundation, to open office in S'pore

image
46 w - Translate

ကိုရီးယားရောက် မြန်မာလုပ်သားတွေရဲ့ ဝင်ငွေခွန်ကို သံရုံးဘဏ်ငွေစာရင်းထဲ တိုက်ရိုက် ပေးသွင်းရမယ်

တောင်ကိုးရီးယား နိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ လာမယ့် မေ ၁၂ ရက်နေ့မှ စတင်ကာ ဝင်ငွေခွန်တွေကို သံရုံးရဲ့ဘဏ်ငွေစာရင်းထဲ တိုက်ရိုက် ပေးသွင်းရမှာ ဖြစ်တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရပါတယ်။
ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့နိုင်ငံခြားငွေကနေ ရရှိလာတဲ့ လစာဝင်ငွေအပေါ် နည်းရာအခွန်ပမာဏနဲ့ တွက်ချက်ထားတဲ့ အခွန်ပမာဏကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ရဲ့ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး ပေးဆောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ကိုရီးယားနိုင်ငံကို ရောက်ရှိနေထိုင် အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲက အလုပ်အကိုင်ပတ်စ်ပို့ (PJ)၊ စီးပွားရေးပတ်ပို့စ် (P နဲ့ သင်္ဘောသားပတ်ပို့စ် (PS) ကိုင်ဆောင်ထားသူတွေ အနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ မြန်မာသံရုံးကို လာရောက်ကြချိန်မှာ မိမိတို့ ထမ်းဆောင်လိုကြတဲ့ ကာလတွေအတွက် ဝင်ငွေခွန် ငွေသားတွေကို တပါတည်း ပေးဆောင်လျက်ရှိကြတယ်လို့ သိရပါတယ်။
“အခု ပြောင်းလဲလိုက်တဲ့ စနစ်ကတော့ အခွန်ကို ငွေသားအစား ဘဏ်ငွေစာရင်းထဲကို တိုက်ရိုက် ပေးသွင်းရမယ့် စနစ်ကို ပြောင်းလဲလိုက်တာပါ။ ဘဏ်ကနေတဆင့် ငွေကြေး လည်ပတ်စေချင်ပုံရတယ်။ ငွေသား စီးဆင်းမှု ပိုပြီး မြန်ဆန်စေချင်တဲ့ သဘောဖြစ်နိုင်တယ်။ နစကအနေနဲ့ အခွန်ကို ရရင် ရနိုင်သလောက် မြန်မြန်လိုချင်နေပုံပါပဲ” လို့ အေဂျင်စီ အကျိုးဆောင်တယောက်က ပြောပါတယ်။
လတ်တလော ပြောင်းလဲလိုက်တဲ့ အစီအစဉ်ရဲ့ ဝင်ငွေခွန် ထမ်းဆောင်ရမယ့် ကာလနဲ့ ပမာဏ သတ်မှတ်ချက်တွေအရ မိမိတို့နဲ့ အကျုံးဝင်မယ့် ဝင်ငွေခွန်ထမ်းဆောင်မယ့် ကာလနဲ့ ပမာဏကို ကာယကံရှင်က ဦးစွာ ရွေးချယ်ရမှာဖြစ်ပြီး လွဲမှားမှု မရှိအောင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုရီးယားကို ၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်ထက် နောက်မကျဘဲ ရောက်ရှိလာသူတွေ အနေနဲ့ တလကို ကိုရီးယားဝမ် သုံးသောင်းနှစ်ထောင်နှုန်းနဲ့ ၁၈ လစာအတွက် ကိုရီးယားဝမ် ငါးသိန်းခုနစ်သောင်း ခြောက်ထောင် ထမ်းဆောင်ရမှာဖြစ်ကာ ကိုရီးယား နိုင်ငံကို စတင်ရောက်ရှိလာတဲ့ အထောက်အထား တင်ပြဖို့ မလိုအပ်ဘူးလို့ သံရုံးက အသိပေးထားပါတယ်။
ဒါအပြင် ကိုရီးယားနိုင်ငံကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်ထက် နောက်မကျဘဲ ရောက်ရှိလာသူတွေ အနေနဲ့ တလကို ကိုရီးယားဝမ် သုံးသောင်းနှစ်ထောင်နှုန်းနဲ့ ၁၂ လစာအတွက် ကိုရီးယားဝမ် သုံးသိန်းရှစ်သောင်း လေးထောင် ထမ်းဆောင်ရမှာဖြစ်ပြီး ကိုရီးယားနိုင်ငံကို စတင် ရောက်ရှိလာတဲ့ အထောက်အထား (ဗီဇာစတစ်ကာ စသဖြင့်) တင်ပြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ကိုရီးယားနိုင်ငံကို ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ထက် နောက်မကျဘဲ ရောက်ရှိလာသူတွေ အနေနဲ့ကတော့ တလကို ကိုရီးယားဝမ် သုံးသောင်းနှစ်ထောင်နှုန်းနဲ့ ခြောက်လစာအတွက် ကိုရီးယားဝမ် တသိန်းကိုးသောင်း နှစ်ထောင် ထမ်းဆောင်ရမှာဖြစ်ကာ စတင် ရောက်ရှိလာတဲ့ အထောက်အထား (ဗီဇာစတစ်ကာ) တင်ပြဖို့ လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။
“ဒီနေရာမှာ အခွန်ဆောင်မယ့်သူ အနေနဲ့ တခု သတိထားရမှာက ဝင်ငွေခွန် ထမ်းဆောင်ရမယ့် ကာလနဲ့ ပမာဏကို လွဲမှားမှု မရှိအောင် အထူးဂရုစိုက် စိစစ်ရမှာပါ။ လွဲမှားသွားတယ် ဆိုရင်တော့ သတ်မှတ်စာရင်းထဲ ရောက်မလာတဲ့ ငွေအတွက် အခွန် ထပ်မံ ပေးဆောင်ရမယ်ဆိုပြီးပဲ သံရုံးက ကြေညာထားတာ။ မှားပြီး ဆောင်လိုက်တဲ့အခွန်အတွက် ဘာလုပ်ပေးမယ်ဆိုတာ မပါဘူး။ ရှင်းရှင်းလင်းလင်းလည်း မသိရဘူး။ ဆိုတော့ အခွန်မဆောင်ခင်မှာ အချက်အလက် မမှားအောင်၊ အလုပ် မရှုပ်သင့်ဘဲ မရှုပ်ရလေအောင်၊ မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ မဖြစ်ရလေအောင် သေသေချာချာလေးတော့ ဂရုစိုက်စေချင်တယ်” လို့ အေဂျင်စီအကျိုးဆောင်က ပြောပါတယ်။
ဒါအပြင် သံရုံးရဲ့ ကြေညာချက်မှာ ဘဏ်ငွေစာရင်းကို အခွန် တိုက်ရိုက် ပေးသွင်းရာမှာ မြန်မာသံရုံး၊ ဆိုးလ်မြို့ရဲ့ ကိုရီးယားဝမ် ဘဏ်ငွေစာရင်းအမှတ် 174-910001- 24801 (KEB, HANA BANK), Beneficiary Name- Myanmar Embassy ကို ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်နဲ့ဖြစ်စေ ကြိုတင် ပေးသွင်းရမှာဖြစ်ကာ Mobile Banking မှတဆင့် ငွေလွှဲပြောင်းပေးပို့တာကို (လုံးဝ) မပြုလုပ်ကြဖို့ အထူး အသိပေးထားပါတယ်။
ကိုယ်စားလှယ်နဲ့ ပေးသွင်းပါက ငွေလွှဲပို့သူ နာမည်အတွက် ကိုယ်စားလှယ်ရဲ့ နာမည်ကို ရေးသွင်း ဖော်ပြခြင်းမပြုဘဲ အခွန်ထမ်းဆောင်သူရဲ့ နာမည်ကိုသာ ဖော်ပြ‌ပေးရမှာဖြစ်ကာ သံရုံးမှာ အထောက်အထား ပြန်လည် ထုတ်ယူတဲ့အခါ မြန်မာသံရုံးကို လာရောက်ပြီး ဘဏ်ငွေသွင်းချလန်မူရင်းကို ပြသကာ “အခွန်ပေးသွင်းသူသို့ ပြန်ပေးရမည့် ဖြတ်ပိုင်း” ကို ပြန်လည် ထုတ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတယောက်က “အခွန်ကိစ္စကတော့ နည်းလမ်းအသွယ်သွယ်နဲ့ အမျိုးမျိုး တောင်းနေတာပေါ့။ နစက ပြောပြောနေတာက အခွန် ထမ်းဆောင်ရမယ် ဆိုတဲ့ ကိစ္စက နိုင်ငံသားတိုင်းရဲ့ တာဝန်လို့ ပြောတယ်။ မပျက်ကွက်စေချင်ဘူး၊ တာဝန်သိစိတ် အပြည့်အဝ ရှိစေချင်တယ်ပေါ့။ အဲဒီတော့ မေးချင်တာက အဲဒီ နိုင်ငံသားတိုင်းကို ကာကွယ် စောင့်ရှောက်ရမှာက အစိုးရ ဆိုသူတွေရဲ့ တာဝန်မဟုတ်ဘူးလား။ အဲဒီ တာဝန်ကိုကျတော့ ဘာလို့ ပျက်ကွက်နေသလဲ။ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသားတွေ တဖက်နိုင်ငံတွေမှာ မျက်နှာငယ်၊ ဒုက္ခရောက်နေတာကိုရော ဘာမှ မလုပ်ပေးကြတော့ဘူးလား။ အစိုးရ ဆိုသူတွေအနေနဲ့ ဘယ်တော့များမှ တာဝန်သိစိတ် အပြည့်အဝ ရှိလာမှာလဲ မေးချင်တယ်။ ကိုယ်လိုချင်တာတွေချည်း တောင်းမနေပါနဲ့၊ ကိုယ်ဘာတွေ လုပ်ပေးရမလဲဆိုတာလည်း သတိရကြပါဦး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တောင်ကိုရီးယားနိုင်ငံကို နှစ်စဉ် လုပ်သားဦးရေ တသောင်းနီးပါး စေလွှတ်လျက်ရှိပြီး လက်ရှိမှာ မြန်မာလုပ်သား ခုနစ်သောင်းကျော် ရောက်ရှိ အလုပ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
Photo - CJ

image
46 w - Translate

ရခိုင်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်
မေ ၆ - ၂၀၂၅
SN (VOM)
ကဗျာဆရာ၊ စာရေးဆရာ မောင်ခိုင်အောင် (ခေါ်) ဝါရင့် ရခိုင်နိုင်ငံရေးသမား ဦးဦးလှစောဟာ မနေ့ မေ ၅ ရက်၊ ည ၁၁ နာရီကျော် ဝန်းကျင်က ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မိသားစု အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နှာခေါင်းကင်ဆာ ရောဂါနဲ့ ဆေးကုသမှုခံယူနေရင်း ဆုံးပါးသွားခဲ့တာလို့ သိရပြီး ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဦးဦးလှစော ကွယ်လွန်မှုနဲ့ ပတ်သက်လို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “ကျောင်းသားဘဝကနေ နောက်ဆုံးဘဝ သက်တမ်းကုန်ဆုံးတဲ့ အချိန်ထိ စစ်မှန်တဲ့ နိုင်ငံရေးသမား တယောက်အဖြစ် ရပ်တည်သွားခဲ့တဲ့ ဆရာ့ကို အထူးလေးစား ဂုဏ်ယူပါတယ်ဆရာ။ ဆရာ့ရဲ့သမိုင်းက ကျွန်တော်တို့ရဲ့ ရင်ထဲမှာ ဘယ်တော့မှ မမေ့မပျောက် စွဲထင်ကျန်ရစ်မှာ ဖြစ်ပါတယ်” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ငယ်စဥ်က ပညာထူးချွန်ခဲ့ပြီး ရန်ကုန်မြို့ စက်မှုတက္ကသိုလ် တက်ရောက်ခွင့်ရရှိခဲ့ကာ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့မှုကြောင့် တက္ကသိုလ်ကျောင်း ပညာကို ဆုံးခန်းတိုင်အောင် မသင်ယူခဲ့ရဘဲ ကျောင်းထွက်လိုက်ရတယ်လို့ သိရပါတယ်။
ကျောင်းသားလှုပ်ရှားမှု၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် ဦးဦးလှစောဟာ ၁၉၇၅ ခုနှစ်မှာ ထောင်ဒဏ် ကိုးနှစ်၊ ၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှာ ပါဝင်ခဲ့ကာ အစိုးရက ALD ပါတီကို တရားမဝင် ပါတီအဖြစ် ကြေညာပြီး ပါတီဖျက်သိမ်းလိုက်ရတဲ့အခါ ကျူရှင်ဆရာအဖြစ် ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကို တည်ထောင်ပြီး အထွေထွေအတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
၂၀၁၃ ခုနှစ်မှာ RNDP နဲ့ ALD ပါတီ ပူးပေါင်းရေးအတွက် အဓိက ဦးဆောင်သူတဦး ဖြစ်ခဲ့သလို ၂၀၁၄ ခုနှစ်၊ ဧပြီလ ရခိုင့်အမျိုးသားညီလာခံ (ကျောက်ဖြူ) မှာလည်း အဓိက ဦးဆောင်သူအဖြစ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဦးဦးလှစောဟာ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲမှာလည်း ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီနောက် ၂၀၂၂ ခုနှစ်ဝန်းကျင်ကစလို့ ULA/AA ရဲ့ ဗီတာ (၂) စစ်ဒေသ နိုင်ငံရေးမှူးအဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
Photo - CJ

image

အင်္ဂလန်နိုင်ငံမှာ ကင်ဆာ ၁၅ မျိုးကို ကုသပေးနိုင်တဲ့ ဆေးတစ်မျိုး စတင်ထိုးနှံပေးနေ
အင်္ဂလန်နိုင်ငံဟာ ဥရောပတိုက်မှာ ပထမဆုံးအဖြစ် ကင်ဆာ ၁၅ မျိုးကို ကုသပေးနိုင်တဲ့ ဆေးတစ်မျိုး ထိုးနှံပေးလျက် ရှိပါတယ်။ Opdivo လို့ အမည်ရတဲ့ အဲဒီဆေးဟာ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အရေပြား ကင်ဆာအပါအဝင် ကင်ဆာရောဂါ ၁၅ မျိုးကို ကုသပေးနိုင်စွမ်းရှိပြီး ဆေးထိုးနှံဖို့လည်း အချိန် ၃ မိနစ်ကနေ ၅ မိနစ်ကြားပဲ ကြာမြင့်ပါတယ်။
အခုလို ဆေးထိုးနှံမှုကြောင့် တစ်နှစ်ကို လူနာ ၁၅၀၀၀ အထိ အကျိုးသက်ရောက်မှု ရှိစေနိုင်မယ်လို့ ခန့်မှန်းထားပြီး ဆေးရုံတွေရဲ့ လုပ်ငန်းဆောင်တာကိုလည်း သိသိသာသာ လျှော့ချပေးနိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။
ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း စည်းမျဉ်းထိန်းသိမ်းရေးအေဂျင်စီ (MHRA)က ထောက်ခံချက်ရရှိထားတဲ့ ဒီဆေးဟာ ကိုယ်ခံအားစနစ်က ကင်ဆာဆဲလ်တွေကို ခွဲခြားဖော်ထုတ်ပြီး တိုက်ဖျက်နိုင်စေတဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။
Ref: NHS rolls out 5-minute 'super-jab' for 15 cancers

image
46 w - Translate

President Trump's surprise announcement over the weekend that he wants to reopen and expand the notorious Alcatraz Federal Penitentiary in San Francisco Bay is drawing new attention to the infamous prison.

https://abcnews.go.com/US/trum....p-reopen-alcatraz-fa

image
46 w - Translate

Prince Archie, the eldest child of Prince Harry and Meghan, the Duchess of Sussex, is celebrating his 6th birthday today.
Read more: https://abcnews.visitlink.me/sAD-Z5

image
46 w - Translate

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို ချစ်ကြည်ရေးခရီးသွားရောက်မည်
*****************
(ပြည်တွင်း) မေ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနား သို့တက်ရောက်ရန်အတွက် မကြာမီရက်ပိုင်းအတွင်း ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်(၈၀)ပြည့်အထိမ်းအမှတ် အခမ်း အနားနှင့် ဆက်စပ်အခမ်းအနားများသို့တက်ရောက်ခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများ အကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ သည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော် ဥက္ကဋ္ဌ Mrs. Valentina Matvienko ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ တစ်ပါတည်းသွားရောက် မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးမှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမည်ဖြစ် ကြောင်း သိရှိရသည်။

image
46 w - Translate

ON THIS DAY: In 1937 the hydrogen-filled German airship Hindenburg caught fire and crashed while attempting to dock at Lakehurst, New Jersey; 35 of the 97 people on board and one crew member on the ground were killed.
Read more: https://abcnews.visitlink.me/_F_oIv

image

နယူးဇီလန်မှာ ၁၆ နှစ်အောက်ရွယ်တွေကို ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်ဖို့ ဝန်ကြီးချုပ် အဆိုပြု
ဝယ်လင်တန်၊ မေ-၆-၂၀၂၅
ရတီ(VOM)
နယူးဇီလန်နိုင်ငံမှာ အသက် ၁၆ နှစ်အောက်အရွယ်တွေကို ဆိုရှယ်မီဒီယာအသုံးပြုတာတွေကို ပိတ်ပင်ဖို့ စီစဉ်နေကြောင်း ဝန်ကြီးချုပ် ခရစ်တိုဖာက ပြောပါတယ်။
ဆိုရှယ်မီဒီယားတွေမှာ ကြမ်းတမ်းပြီး စိတ်အနှောက်အယှက်ဖြစ်ဖွယ် အကြောင်းအရာတွေ ပိုမိုများပြားလာပြီး ကမ္ဘာတဝန်းရှိ နည်းပညာဆိုင်ရာ ဘေးကင်းလုံခြုံရေး အဖွဲ့တွေကလည်း အွန်လိုင်း လုံခြုံရေးဆိုင်ရာတွေကို ပိုမိုသေချာစေဖို့ စည်းမျဉ်းတွေပြဌာန်းဖို့ ကြိုးပမ်းနေကြပါတယ်။
နိုင်ငံမှာ ၁၆ နှစ်အောက်အရွယ်တွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့် မပေးဖို့အတွက် နည်းပညာကုမ္ပဏီတွေကို ဖိအားပေးသည့် ဥပဒေ ပြဌာန်းဖို့ စီစဉ်နေပြီး မလိုက်နာတဲ့ ကုမ္ပဏီများကို ဒေါ်လာ ၁ ဒဿမ ၂ သန်းဒဏ်ငွေရိုက်မယ့်အစီအစဉ်လည်း ဝန်ကြီးချုပ်ရဲ့ အဆိုပြုချက်ထဲမှာ ပါဝင်နေပါတယ်။
ဆိုရှယ်မီဒီယာတွေဟာ အလုံးစုံကောင်းမွန်နေခြင်းမဟုတ်ဘဲ လူငယ်တွေအတွက် အမြဲဘေးကင်းတဲ့ နေရာမဟုတ်ကြောင်း၊ အန္တရာယ်ရှိသော အကြောင်းအရာတွေ၊ ဆိုက်ဘာအနိုင်ကျင့်တာတွေနဲ့ ခေါင်းပုံဖြတ်တာတွေကနေ ကာကွယ်ဖို့ အချိန်ကျပြီလို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဥပဒေကြမ်းကို ပါလီမန်မှာ ဘယ်အချိန် ဆွေးနွေးအတည်ပြုမယ်ဆိုတာကို ရှင်းလင်းစွာမသိရပေမယ့် ထောက်ခံမှုရရှိဖို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ်ကပြောပါတယ်။ အဆိုပြုချက်ကို ဝန်ကြီးချုပ်ရဲ့ ဗဟိုလက်ယာယိမ်းပါတီက ရေးဆွဲခဲ့တာဖြစ်ပြီး ပြဌာန်းနိုင်ဖို့ ညွှန်ပေါင်းပါတီနှစ်ခုရဲ့ ထောက်ခံမှုလိုအပ်ပါတယ်။
နယူးဇီလန်ဟာ စာတတ်မြောက်မှုနှုန်းကျဆင်းနေတာကို မြှင့်တင်ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး စာသင်ကျောင်းတွေမှာ မိုဘိုင်းလ်ဖုန်း အသုံးပြုတာတွေကို ပြီးခဲ့တဲ့နှစ်က တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
Ref:CNA
Photo:Getty Images

image
46 w - Translate

◾️Video Editor - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23587

◾️Executive Digital Marketer - Yangon
Salary Range: MMK 500,000 - 600,000
https://www.joimyanmar.com/job/detail/23553

◾️Videographer & Video Editor - Yangon
Salary Range: MMK 500,000 - 600,000
https://www.joimyanmar.com/job/detail/23586

◾️Preschool Center Supervisors - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23662

◾️TikTok Marketer/Content Creator (Education Sector) - Yangon
Salary Range: MMK 700,000 - 800,000
https://www.joimyanmar.com/job/detail/23609

image