စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ထပ်မံကျဆင်း

ဖေဖော်ဝါရီ ၃

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ယခင်တစ်ပတ်ကထက် ထပ်မံကျဆင်းလာတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက ၇၂၄၅ ကျပ်ဖြစ်ခဲ့ရာကနေ ယခုတစ်ပတ်တာကာလဖြစ်တဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်ကနေ ၉ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက ၇၁၆၅ ကျပ်ဖြစ်တာကြောင့် ၈၀ ကျပ်မျှ ကျဆင်းလာတာဖြစ်ပါတယ်။

ယခုထုတ်ပြန်တဲ့ ဈေးနှုန်းတွက အုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဥ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေနဲ့ ဘဏ်စရိတ်တွေ၊ အခွန်အခတွေကို ထည့်သွင်းတွက်ချက် ထုတ်ပြန်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
33 ပတ် - ဘာသာပြန်ပါ။

ထုတ်လုပ်ရေးစရိတ်မြင့်တက်ခဲ့သလို ဝယ်လိုအားကျဆင်းလာမှုတို့ကြောင့် ၂၀၂၅ ခုနှစ်အစတွင် မြန်မာ့ကုန်ထုတ်လုပ်မှု ပြန်ကျဆင်းခဲ့

ဖေဖော်ဝါရီ ၃

ခြောက်လကြာမှ တိုးတက်မှုပြန်မြင်ခဲ့ရသည့် မြန်မာ့ကုန်ထုတ်လုပ်မှုလုပ်ငန်းသည် ထုတ်လုပ်ရေးစရိတ်မြင့်တက်ခဲ့သလို ဝယ်လိုအားကျဆင်းလာမှုတို့ကြောင့် ယခု ၂၀၂၅ ခုနှစ်၊ နှစ်အစတွင် ပြန်လည်ကျဆင်းခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

ငါးလဆက်တိုက် ကျဆင်းခဲ့သော မြန်မာ့ကုန်ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပထမဆုံးအဖြစ် ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း ၅၀ အထက်ရှိခဲ့ပြီးနောက် တိုးတက်မှုကို အစပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၂၅ ခုနှစ်အစတွင် ပြန်လည်ကျဆင်းမှုဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။

အမှာစာအသစ်၊ ထုတ်လုပ်ရေး၊ အလုပ်ခန့်အပ်မှု၊ ကုန်ပေးသွင်းသူ ပေးပို့ချိန်များနှင့် ထည့်ကုန်ဝယ်ယူမှုများ၏ လက်ကျန်ပစ္စည်းများ စသည့်အချက်များဖြင့် တွက်ချက်ထားသည့် ကုန်ထုတ်လုပ်မှု အညွှန်းကိန်းဖြစ်သည့် PMI သည် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ၅၀ ဒသမ ၄ ရှိခဲ့ရာမှ ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၄၇ ဒသမ ၄ သို့ကျဆင်းခဲ့သည်။ PMI အညွှန်ကိန်းအလယ်အမှတ် ၅၀ ‌အောက်သို့ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ ထုတ်လုပ်သူတွေရဲ့ ကုန်ပစ္စည်းအတွက် ဝယ်လိုအားက စိတ်ပျက်စရာဖြစ်ခဲ့ပြီး အဲဒါက ထုတ်လုပ်ရေးမှာ အသစ်ဖြစ်လာတဲ့ လျော့ကျမှုတစ်ခုကို ဖြစ်စေခဲ့ပါတယ်။ အဲဒါကြောင့် လုပ်ငန်းတွေက သူတို့ရဲ့ ကိုယ်ပိုင်ထည့်ကုန် ဝယ်ယူရေးလုပ်ဆောင်မှုကို ပိုမိုအားကောင်းတဲ့နှုန်းတစ်ခုနဲ့ လျှော့ချခဲ့ကြပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch က ပြောသည်။

ထို့ပြင် ကုန်ပစ္စည်းပြတ်လပ်မှုများနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ခက်ခဲမှုများကြောင့် ပေးပို့ချိန်ကြာရှည်မှုမျိုးနှင့် ကုန်ပစ္စည်းပေးသွင်းရေးပိုင်းက အန္တရာယ်များကလည်း ထုတ်လုပ်သူများ အချိန်မှန် ထည့်ကုန်ရရှိနိုင်မှုအပေါ် အခက်အခဲများ ပိုဖြစ်စေခဲ့ကြောင်း ဖော်ပြထားသည်။ ထုတ်လုပ်သူများအနေဖြင့် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ မြင့်တက်မှုကိုလည်း တွေ့မြင်ရကြောင်းလည်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် နှစ်အစပိုင်းတွင် ထုတ်လုပ်ရေးလိုအပ်ချက်များ လျော့နည်းမှုကို ဖြစ်စေခဲ့သည့် ဝယ်လိုအား အပြောင်းအလဲက ထုတ်လုပ်သူများ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ နည်းဗျူဟာများကို ချိန်ညှိရန် အချက်ပြခဲ့သည်။ ထို့ပြင် ကုမ္ပဏီများသည် အနည်းငယ်မျှသော လက်ဝယ်ရှိပစ္စည်းများကိုသာ ထားရှိရန်ရွေးချယ်ခဲ့ကြပြီး ၎င်းတို့၏ ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်ပြီး လက်ကျန်ပစ္စည်း အဆင့်များကို သိသိသာသာလျှော့ချခဲ့ကြကြောင်း ဖော်ပြထားသည်။

#centralnewsnaypyitaw

image
image
image
33 ပတ် - ဘာသာပြန်ပါ။

စံရိပ်ငြိမ်ဂမုန်းပွင့်နားမှာ ပျောက်ဆုံးသွားခဲ့တဲ့ အမျိုးသမီးကို ခဝဲခြံဈေးနားမှာ အသိစိတ်ပျောက်လျက် ပြန်လည်တွေ့ရှိ (အရမ်းကြောက်ဖို့ ကောင်းနေပါပြီ)
ရန်ကုန် စံရိပ်ငြိမ် ဂမုန်းပွင့်နားမှာ ပျောက်ဆုံးသွားခဲ့တဲ့ အမျိုးသမီးကို ၄၈ နာရီကြာမှာ ပြန်လည်တွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့ (၃-၂-၂၀၂၅) မနက် ၁၁ နာရီ ၁၅ မိနစ်မှာ ခဝဲခြံဈေးနားမှာ အသိစိတ်ပျောက်လျက် အနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ပြန်တွေ့ချိန်မှာ အကြောက်လွန်နေပြီး အတင်းရုန်းကန် တုန်လှုပ်နေတာကြောင့် လူအများကြီး ဝိုင်းဝန်းချု-ပ်ကိုင်ကာ ခေါ်ယူလာရတယ်လို့ သိရပါတယ်။ လတ်တလောမှာ မည်သည့်အကြောင်းရာမျှ မေးလို့ မရသေးဘူးလို့ သိရပါတယ်။
လက်ရှိအချိန်မှာ အမျိုးသမီး အများအပြား ပျောက်ဆုံးနေတာကြောင့် အထူး ဂရုပြုကြရန် လိုအပ်ပါတယ်။ ပြည်သူကို ကာကွယ်ပေးရမယ့် အဖွဲ့အစည်းတွေ ကိုယ်တိုင် ကိုယ့်အဖွဲ့အစည်းကို မကာကွယ်နိုင်တဲ့အချိန်မှာ ပြည်သူ အချင်းချင်းပဲ ကာကွယ်ရမယ့် အချိန် ဖြစ်နေပါပြီ။ အမျိုးသမီးများ တဦးတည်း လုံးဝ အပြင်မထွက်သင့်တော့ပါဘူး။ လူတွေ အများကြီး ရှိတဲ့ နေရာမှာတောင် အခုလို ပျောက်ဆုံးသွားနိုင်ကြောင်း အသိပေးလိုက်ရပါတယ်။

image
33 ပတ် - ဘာသာပြန်ပါ။

ပေါ့ပေါ့ပါးပါး သားသားမီးမီးတိုကြည့်ဖိုကာတွန်းကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။

Johnny Puff Secret Mission (2024)

ကာတွန်းကားလေးရဲ့
နာမည်ကတော့ Johnny Puff : Secret Mission ဖြစ်ပြီး
2020 တုန်းက ထွက်ရှိခဲ့တဲ့ Puffins ဆိုတဲ့ တီဗီ Series လေးရဲ့
အဆက်ဖြစ်ပါတယ်။ဇာတ်ကားနာမည်က Johnny Puff ဖြစ်သလို
အသံသရုပ်ဆောင်ကလည်း ဂျက်စပဲရိုးသရုပ်ဆောင် Johnny Depp ပဲ
ဖြစ်ပါတယ်။
ဒီကာတွန်းကားလေးရဲ့အဓိကဇာတ်ဆောင်တွေကတော့ ပင်လယ်ပျော်
ငှက်ကလေး ၄ ကောင်နဲ့ သူတိုရဲ့ရန်သူတော်အင်ဂျင်နီယာ ဖျံကြီးတိုပဲ
ဖြစ်ပါတယ်။အဲ့ဒီပင်လယ်ပျော်ငှက်ကလေး ၄ ကောင်ကစွန့်စားခန်းတွေ
ထွက်ရတာကြိုက်ပြီး တစ်နေ့မှာတော့ ဥက္ကာခဲကြီးတစ်ခုနဲ့တွေ့ကာ
တစ်ကောင်ကိုအစွမ်းတစ်မျိုးစီရခဲ့တဲ့စူပါငှက်ကလေးတွေဖြစ်တဲ့အတွက်
သူတိုရဲ့ရန်သူတော် လူဆိုးဖျံကြီးက သူတိုကိုနှောင့်ယှက်ဖိုပစ္စည်းတစ်ခု
တီထွင်လိုက် မအောင်မြင်လိုက်နဲ့လုံးလည်ချာလည်လိုက်နေပုံတွေကို
ရယ်စရာရိုက်ကူးထားတာဖြစ်တဲ့အတွက် သားသားမီးမီးတွေသဘော
ကျမဲ့ကာတွန်းကားလေးတစ်ကားပဲဖြစ်ပါတယ်။

image
33 ပတ် - ဘာသာပြန်ပါ။

Durg.....amati-The M.....yth(202
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

၆လအတွင်း တန်ခိုးကြီးဘုရားကျောင်း၁၂ကျောင်းက အဖိုးမဖြတ်နိုင်တဲ့  ရှေးဟောင်းဘုရားဆင်းတုတော်တွေ အခိုးခံလိုက်ရတယ်။ ဒါကို ဝန်ကြီးတစ်ယောက်က လုပ်တယ်လို ယူဆရလို အထက်အရာရှိတွေနဲ့ စီဘီအိုင်အရာရှိတွေပေါင်းပြီး စုံးစမ်းဖေါ်ထုတ်ဖို လုပ်ကြတယ်။

သူတိုစစ်ဆေးမေးမြန်းချင်တဲ့ ဝန်ကြီးက ပြည်သူ့ရှေ့မှာ ဘုရားတစ်ဆူလိုထင်ပေါ်ကျော်ဇောပြီး ဂုဏ်သိက္ခာရှိ ရိုးသားဖြောင့်မတ်တဲ့သူဖြစ်နေလေတော့ ဝန်ကြီးရဲ့အတွင်းရေးမှူးမ ဖြစ်ခဲ့ဖူးတဲ့သူကို စစ်မေးဖို ဖြစ်လာခဲ့တယ်။

သူမကလည်း ခေသူမဟုတ် အိုင်အေအက်စ်အရှာရှိတစ်ယောက် လောလောလတ်လတ် လူသတ်မှုတစ်ခုကျူးလွန်ထားသူ...ဆိုတော့ သိုသိုသိပ်သိပ်စစ်ဆေးမေးမြန်းချင်တာနဲ့ သူမကို ပုဏ္ဏကတိုက် သရဲခြောက်တယ်လို နာမည်ကြီးနေတဲ့ အိမ်ကြီးဆီကို ခေါ်လာခဲ့ပါတော့တယ်...
ကဲ..ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့ဇာတ်ကားထဲမှာဆက်လက်ကြည့်ရှုပေးကြပါအုန်း

image
33 ပတ် - ဘာသာပြန်ပါ။

ငယ်ရွယ်စဥ်မှာအသည်းကွဲခဲ့ခြင်း (သို့) Bodyguard from Beijing
ခေါင်းစဥ်ဖတ်ပြီး ဒီကောင်ဘယ်တုန်းကအသည်းကွဲတာတွေကို ဒီမှာလာတင်တာလဲလို့တော့ မတွေးကြပါနဲ့။
များသောအားဖြင့် ငယ်ငယ်တုန်းက ကျွန်တော်ကြည့်ဖြစ်တာက ဝူရှသိုင်းဇာတ်လမ်းတွဲတွေ၊ အက်ရှင်တွေ၊ Cantonese ဟာသနဲ့အက်ရှင်ကားတွေလောက်ကိုပဲအဓိကကြည့်ဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက ကျွန်တော့်ဉာဏ်ရည်က တစ်ယောက်နဲ့တစ်ယောက် ထိုးတာကြိတ်တာ၊ ပစ်ကြခတ်ကြတာလောက်ကိုပဲ လက်ခံနိုင်ခဲ့တာကိုး။
အဲဒီတုန်းက ခုလို Telegram မပြောနဲ့၊ အိမ်မှာမီးလာရင်တောင်ကံကောင်းတဲ့ကာလဆိုးတစ်ခုမှာ ရုပ်ရှင်ကြည့်ဖို့ဆိုရင် မီးနဲ့ တီဗွီနဲ့ DVD စက်နဲ့ ခွေကိုပဲအားကိုးရတဲ့ကာလ။ ခွေတွေဝယ်ရင်လဲ ခြောက်ကားတစ်ခွေတို့၊ လေးကားတစ်ခွေတို့၊ တစ်ခါတလေမှ ကိုယ့်လက်ထဲပိုက်ဆံလေးနည်းနည်းပိုရင် တစ်ကားတစ်ခွေလောက်ဝယ်ပြီးကြည့်တာပေါ့။
Jet Li ရုပ်ရှင်တွေကို အရမ်းသဘောကျပြီး Jet Li မှ Jet Li ဖြစ်နေတဲ့အချိန်တွေမှာ Bodyguard from Beijing ကို သွားကြည့်မိတာပါပဲ။ သရုပ်ဆောင်တွေကတော့ Collin Chou, Kent Cheng နဲ့ Christy Chung တို့ ပါပါတယ်။ ချောင်ကြီးတို့ကားတွေကြည့်ဖူးတဲ့သူတွေဆိုရင် ဒီလူတွေကိုသိမှာပါ။
ဇာတ်လမ်းကတော့ ဒုစရိုက်ဂိုဏ်းတစ်ခုရဲ့လူသတ်မှုကို မျက်မြင်သက်သေသုံးယောက်မြင်သွားတယ်။ အဲမှာ ပထမနှစ်ယောက်ကို အဲဒီဂိုဏ်းကသတ်ပစ်လိုက်ပြီး နောက်ဆုံးကျန်တဲ့ မီရှဲလ်ဆိုတဲ့ကောင်မလေးကိုလည်း လိုက်သတ်ဖို့ကြိုးစားနေချိန်မှာ ပြည်မကြီးက တပ်နီတော်ထဲက စစ်သည်ဟွိုင်ကို မီရှဲလ်ကိုကာကွယ်ပေးဖို့ သက်တော်စောင့်အနေနဲ့ ဟောင်ကောင်ကိုပို့လိုက်တယ်။ အဲဒီကနေမှ ဇာတ်လမ်းကနေဆက်ကြည့်ကြပါပေါ့။
ဇာတ်လမ်းတင်ဆက်ပုံနဲ့ ဇာတ်အိမ်တည်ပုံတွေက ရိုးရိုးရှင်းရှင်းလေးပဲ။ ကောင်မလေးကိုလူဆိုးတွေကလိုက်သတ်တယ်၊ အဲဒါကိုသက်တော်စောင့်က ကာကွယ်ပေးရတယ်။ ကောင်မလေးက ဂျစ်တိဂျစ်ကန်၊ ခပ်ဆိုးဆိုး၊ သူ့သက်တော်စောင့်က ကာကွယ်ပေးတာကိုလဲ လက်မခံဘူး၊ ကလန်ကဆန်ပြန်လုပ်တယ်၊ နောက်ဆုံးကျ တကယ့်တကယ်ပြဿနာတွေတက်ပြီဆိုမှ ကောင်မလေးက အသိစိတ်ဝင်သွားတာမျိုး။ မေးစရာရှိတာက မီရှဲလ်ကိုလည်း ဟွိုင်ကတကယ်ချစ်သွားရဲ့လား၊ ဒါမှမဟုတ် အလုပ်တာဝန်တစ်ခုအနေနဲ့ပဲဆက်ဆံခဲ့လား ဆိုတာပါပဲ။
ဇာတ်သိမ်းပိုင်းကလည်း လုံးဝကိုရိုးရိုးရှင်းရှင်းလေး။ ပြောရရင်ဗျာ ဘာမှအလှည့်အပြောင်းတွေမပါပဲနဲ့ ရိုးရိုးလေးပဲအဆုံးသတ်ပေးသွားတယ်။ ရိုးရှင်းတဲ့အဆုံးသတ်တစ်ခုကို ဘာလို့တက်မက်နေရလဲလို့ပြောရရင် လူတွေက အချစ်ပုံပြင်တစ်ပုဒ်မှာ ချစ်ရသူတွေကိုပေါင်းစေချင်ကြတယ်မလား၊ ဖြစ်ချင်သလိုဖြစ်မလာတဲ့အခါမှာ အဲဒီအဖြစ်အပျက်ကို တနုံ့နုံ့နဲ့ခံစားနေရတတ်တာကလည်း ဖြစ်တတ်ကြတာပါပဲ။
Bodyguard from Beijing က အက်ရှင်ဒရာမာတစ်ခုအနေနဲ့ ကောင်းမွန်တဲ့တင်ဆက်မှုတစ်ခုရှိခဲ့တယ်လို့ ပြောချင်မိတယ်။ Jet Li ဆိုတာကလဲ ဟောင်ကောင်အက်ရှင်ရုပ်ရှင်နယ်ပယ်မှာ ဆရာကြီးတစ်ယောက်၊ Collin Chou ဆိုတာကလဲ underrated ထိုင်ဝမ်မင်းသားတစ်လက်၊ Keanu Reeves ရဲ့ Matrix မှာတောင် ပါခဲ့ဖူးတဲ့သူတစ်ယောက်၊ ဒီနှစ်ယောက်ရဲ့သူသေကိုယ်သေ တိုက်ကြခိုက်ကြတဲ့ ပြကွက်တွေကလည်း Bodyguard from Beijing ရဲ့ အသက်လို့ပြောလို့ရတာပါပဲ။
မီရှဲလ်တစ်ယောက် ဟွိုင်ရဲ့စေတနာတွေကိုကောင်းကောင်းနားလည်သလို ဟွိုင်ကိုလဲ သူ့ရင်ထဲမှာနေရာတစ်နေရာပေးမိခဲ့မိပြီ၊ ဒါပေမယ့် အားလုံးပြီးခဲ့ပြီလေ။
ဒီထက်ပိုလေးနက်တဲ့ရုပ်ရှင်တွေပေါသောထနေချိန်မှာ ဒီကားကိုဘာလို့အဲလောက်အမွှန်းတင်ရလဲဆိုရင် လူတစ်ယောက်က အဖြစ်အပျက်တစ်ခုကိုပထမဆုံးကြုံမိရင် မမေ့တတ်ကြသလို အသည်းကွဲခြင်းနဲ့ကွေကွင်းရခြင်းကို ဒီရုပ်ရှင်မှာ ပထမဆုံးနားလည်ခဲ့ရလို့လို့ပဲပြောပါရစေ။
ဖိုက်တင်ကားတွေကိုပဲအသားပေးကြည့်မိတဲ့အချိန်တစ်ခုမှာ မတော်တဆကြည့်ခဲ့မိတဲ့ ဟောင်ကောင်ရုပ်ရှင်တစ်ကားရဲ့ဇာတ်သိမ်းက တွေးမိတိုင်း ဒီနေ့အထိအသည်းကွဲရဆဲပါပဲ။

image
33 ပတ် - ဘာသာပြန်ပါ။

၉ နှစ်တာ ဝဋ်ကြွေးတွေဆပ်ပြီးတဲ့နောက် ဆိုတဲ့စကားကြောင့် ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ယွန်းဝတီလွင်မိုး
သူမတို့ရဲ့ အိမ်ထောင်ရေးသက်တမ်းအမှန်ဟာ ၇ နှစ်ပဲရှိသေးတာဖြစ်ပါတယ်။ 2018 ခုနှစ်ရဲ့ ဇန်နဝါရီလ လွတ်လပ်ရေးနေ့မှာ ထိမ်းမြားလက်ထပ်ခဲ့တာပါ။ ထို့နောက်မှာတော့ သားဦးလေး Liam ကိုမွေးဖွားခဲ့ပါတယ်။ သူမရဲ့ ယခုနောက်ပိုင်း Activities တွေမှာ ခင်ပွန်းဖြစ်သူပါမလာတာရယ် သူမနဲ့အတူ ခင်ပွန်းကို တွဲဖက်မတွေ့ရတော့တာကြောင့် ကွဲသွားကြပြီလားဆိုတဲ့ ကောလဟာလတွေလည်းရှိခဲ့တာပါ။ သူမ Tiktok မှာတင်ထားတဲ့ ၉ နှစ်တာဝဋ်ကြွေးတွေဆပ်ပြီးတဲ့နောက် ဆိုတဲ့စကားလုံးရဲ့အနောက်မှာတော့ သူမဟာ ခင်ပွန်းဖြစ်သူ ထက်ဦးလှိုင်နဲ့ လုံးဝကွာရှင်းလိုက်ပြီဖြစ်တယ်လို့ ပရိသတ်တွေရဲ့ သေချာတဲ့ မှတ်ချက်ပေးမှုတွေကိုပါ ရလာခဲ့တာပါ။

image
33 ပတ် - ဘာသာပြန်ပါ။

မိုးကုတ်ပတ္တမြား (သဘာဝတွင်းထွက်)❤️

#gems

image
33 ပတ် - ဘာသာပြန်ပါ။

မိုးကုတ်ပတ္တမြား (သဘာဝတွင်းထွက်)❤️

#gems

image
33 ပတ် - ဘာသာပြန်ပါ။

မိုးကုတ်ပတ္တမြား (သဘာဝတွင်းထွက်)❤️

#gems

imageimage