The Haun-ted Apart-ment “Mi-ss K” (2024)
ကြောက်စရာကောင်းလွန်းလို မီးဖွင့်ပြီးမှကြည့်ရမဲ့ ဖြစ်ရပ်မှန်သည်းထိပ်ရင်ဖိုသရဲကားသစ်လာပါပြီ။ သရဲဇာတ်လမ်းအပြင် လူသတ်မှုတွေကို စုံထောက်ဆန်ဆန် လိုက်လံစုံစမ်းကြတာတွေကို စောင်ခြုံပြီးကြည့်ရမဲ့ အင်ဒိုကားသစ်လေးပါ။ ဒီဇာတ်လမ်းဟာ အင်ဒိုတိုက်ခန်းတစ်ခုမှာ သရဲခြောက်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းအပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ အယ်မာတို ညီမနှစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် ဆူရာဘာယာမြိုကို ပြောင်းလာခဲ့ရပါတယ်။ အယ်မာက တိုက်ခန်းကြီးတစ်ခုမှာ မန်နေဂျာဝင်လုပ်ရင်း အဲဒီမှာနေကြပါတယ်။ တစ်ရက်မှာ ငါးလွှာကလူတစ်ယောက်က ရေယိုလို ကွန်ပလိန့်လာတက်လို မသွားဖို ပိတ်ပင်ထားတဲ့ ခြောက်လွှာက အခန်းတစ်ခန်းကို ညီမနှစ်ယောက် ဝင်သွားပြီးကြတဲ့နောက် သရဲက လိုက်လံခြောက်လှန့်ပါတော့တယ်။ အဲဒါအပြင် ခြောက်လွှာကိုတက်မိတဲ့သူတိုင်း ထူးဆန်းစွာသေဆုံးကုန်ကြတာမို အယ်မာတိုညီအစ်မနှစ်ယောက် ဒါတွေကိုလိုက်လံစုံစမ်းဖို ဖြစ်လာပါတော့တယ်။
