15 w - Translate

Ho-tel La-ke (202

ယူမီ ဆိုတဲ့ကောင်မလေးက မိဘတွေမရှိတော့တာကြောင့် တစ်ယောက်ထဲ ရုန်းကန်နေရပြီး သူမရဲ့ အမေတူအဖေကွဲ ညီမလေးတစ်ယောက်ကိုလည်း စောင့်ရှောက်ရပါတယ်။ အလုပ်တစ်ဖက်နဲ့ဆိုတော့ ညီမဖြစ်သူကို မစောင့်ရှောက်နိုင်တာကြောင့် သူမအမေရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ဟော်တယ်မှာ သွားရောက်အပ်နှံခဲ့ပါတယ်။ ဒီဟော်တယ်ကြီးထဲမှာတော့ သူတိုမသိသေးတဲ့အကြောင်းအရာတွေ လည်းရှိနေခဲ့ပါတယ်။ သူမကို ဟော်တယ်ပိုင်ရှင်က တစ်ရက် နှစ်ရက်နေဖို ပြောခဲ့ပါတယ်။ ဝန်ထမ်းကလည်း တစ်ယောက်ပဲရှိပါတယ်။ စရောက်ထဲက ထူးဆန်းတာတွေကို သတိထားမိလာပါတယ်။ ဝန်ထမ်းကလည်း ဘာကြောင့်မမြဲရတာလဲ။ မကောင်းဆိုးဝါးတွေကို အိမ်မက်လိုက် မြင်လိုက်ဖြစ်ပြီး နောက် သူမ ရဲ့ညီမလေးဟာလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။ ဘယ်လိုအရာတွေကများ ထူးဆန်းနေတာလဲ။ ညီမနှစ်ယောက် ဒီကြောက်စရာ ဟော်တယ်ကြီးထဲက အသက်ရှင်လျက် ထွက်ပြေးနိုင်ကြမလား။ နောက်ကွယ်မှာရော ဘယ်လိုဖုံးကွယ်ထားတာတွေ ရှိနေလဲ။ ဟော်တယ်ပိုင်ရှင် မိန်းမကြီးနဲ့ရော ဘယ်လိုပတ်သက်နေလဲ။ ဘာတွေဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုပါ။

image