Fe-ar (1996)
စိတ္တဇလူသတ်သမားဇာတ်လမ်းအမျိုးအစားတွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ထပ်ပြီး ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ ၁၉၉၆ ခုနှစ်က အမေရိကန်ရုပ်ရှင်ဖြစ်ပါတယ်။ အသက်ဆယ့်ခြောက်နှစ်အရွယ် နစ်ခိုးလ် ဟာ သူ့အဖေရဲ့ အိမ်ထောင်အသစ်နဲ့အတူ ဝါရှင်တန်မှာ အတူနေကြတယ်။ အလုပ်တွေပဲ အမြဲများနေတတ်တဲ့ အဖေဖြစ်သူ စတီဗင် က ဒုတိယအိမ်ထောင်ဆက်မှာတော့ သာယာတဲ့ မိသားစုလေးကို တည်ထောင်ဖို ကြိုးစားနေချိန်မှာပဲ နစ်ခိုးလ် က အန္တရာယ်အနံ့အသက်တွေအပြည့်နဲ့ ကောင်လေးနဲ့ တွဲလာတယ်။ အစပိုင်းမှာ ယောက်ျားပီသပြီး အရာရာကို ကူညီတတ်တယ်လို သူထင်ထားတဲ့ သူ့ကောင်လေးက တဖြည်းဖြည်း စိတ္တဇဆန်လာပြီး လူသတ်ကောင်လိုမျိုး သားရဲဆန်လာတာကို နစ်ခိုးလ် တွေ့လာရတယ်။ အဲဒီအချိန်မှာ နစ်ခိုးလ် က ဒီကောင်လေးနဲ့ ပတ်သက်သမျှကို အဆက်ဖြတ်နိုင်ပါ့မလား။ သူကစတဲ့ မီးပွားဟာ သူ့မိသားစုဆီမှာပါလာစင်မလားဆိုတာ သည်းထိတ်ရင်ဖိုဖွယ် ဇာတ်ဝင်ခန်းများနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
