1 y - Translate

၁၈ လက်မ Foldable Laptop မိတ်ဆက်လိုက်တဲ့ Huawei
Foldable လောကမှာ ဆရာကြီးဖြစ်နေတဲ့ Huawei ရဲ့ အလန်းစား Laptop ပါ။
MateBook Fold Ultimate က ဈေးကွက်ဝင် ကမ္ဘာ့ပထမဆုံး Foldable Laptop ဆိုလည်း မမှားပါဘူး။ မတ်လတုန်းက Windows လိုင်စင် သက်တမ်းကုန်ပြီးတဲ့နောက် ကိုယ့် OS နဲ့ ကိုယ်လာတဲ့ Huawei ရဲ့ တကယ့်အထင်ကရ Laptop ပါ။
ခေါက်လိုက်ရင် ၁၃ လက်မ Screen ထွက်ပြီး ဖြန့်ထားရင် ၁၈ လက်မဆိုဒ် ရှိတဲ့ ဒီ Laptop က အလေးချိန် 1.16kg ရှိပြီး Unfolded အနေအထားမှာ အထူ 7.3mm နဲ့ ပိတ်ထားချိန် 14.9mm ထု ရှိပါတယ်။ three-layer အလူမီနီယမ် structure နဲ့ ultra-thin printed circuit board (PC သုံးထားလို့ တော်တော်လေး ပါးနေတာပါ။
Creative သမားတွေ ဘက်စုံသုံးလို့ရအောင် ဖန်တီးထားတာ ဖြစ်ပြီး wireless keyboard နဲ့ ချိတ်ပြီး laptop လို သုံးနိုင်သလို physical keyboard မလိုဘဲ ခေါက်ပြီးလည်း သုံးနိုင်မှာပါ။ Laptop လို သုံးဖို့အတွက် နောက်ဘက်မှာလည်း kickstand တစ်ခု ထည့်ပေးထားပါတယ်။
သုံးထားတဲ့ panel က screen အပြည့်အနေအထားမှာ 4:3 aspect ratio ပါပြီး 3.3K (3296 x 2472p) ရုပ်ထွက်ရှိပါမယ်။ တစ်ဝက်ခေါက်အနေအထားမှာ 3:2 ratio နဲ့ 2472 x 1648p ရုပ်ထွက် ရှိပါတယ်။ 1440Hz PWM dimming နဲ့ screen တောက်ပမှုအမြင့်ဆုံး 1600 nits ရှိပြီး ပုံမှန် OLED screen ထက် ပါဝါအစား ၃၀% သက်သာပြီး ၃ ဆပို ရေရည်ခံမယ်လို့ ဆိုပါတယ်။
အတွင်းထဲမှာ Vapour Chamber တစ်ခု slim fan နှစ်ခုနဲ့လည်း အပူထိန်းပေးထားပါတယ်။ မိုက်ခရိုဖုန်း ၄ ခု ၊ စပီကာ ၆ ခု ၊ USB-C port ၂ ခု နဲ့ 74.69Wh ဘက်ထရီတွေ သုံးထားပြီး dual-band WiFi 6 နဲ့ Bluetooth 5.2 ဆက်သွယ်ရေးစနစ်တွေ ပါပါမယ်။ ကာလာသုံးရောင်နဲ့ လာပြီး ဗူးထဲမှာ keyboard , carrying cases တွေ နဲ့ 140W fast charger ၊ အားသွင်းကြိုးပါပါမယ်။
RAM 32GB/ SSD 1TB နဲ့ 2TB ဗားရှင်းနှစ်မျိုးနဲ့ ထွက်ပြီး တရုတ်မှာ ယွမ် ၂၃၉၉၉ (ဒေါ်လာ ၃၃၀၀ ဝန်းကျင်) ဈေးနဲ့ စရောင်းသွားမှာပါ။

image

ဘယ်သူမဆို ဒီလိုပဲ တစ်လောကလုံး အမှောင်ကျသွားသလိုမျိုး ကိုယ့်ကမ္ဘာပျက်သွားသလိုမျိုး ခံစားရတဲ့အချိန်တော့ရှိမှာပဲ သမီးရဲ့ ။
အဲဒီအချိန်ကို ဘယ်တော့မှ မကျော်ဖြတ်နိုင်တော့ဘူး ။ တစ်သက်လုံး ခံစားသွားရတော့မှာပဲလို့လည်း ထင်ရင် ထင်ခဲ့ကြမှာပဲ ။
ဒါပေမယ့် အချိန်တန်လာတဲ့အခါ အချိန်တစ်ခုကို ရောက်တဲ့အခါကျတော့လည်း အားလုံး ပြီးသွားတာပဲ အဲဒီတုန်းက ကိုယ်ဟာကိုယ် မဟုတ်သလိုပဲ ။
အဲဒီအချိန်ဟာ ဘဝမှာ အလှဆုံးအချိန်ပဲ ။ အစမရှိသလို အဆုံးလည်းမရှိနိုင်တဲ့ အချိန်မျိုးပေါ့ ။ တော်ပြီလေ အဲဒီတစ်ချိန်ကို ပိုင်ဆိုင်ခဲ့ဖူးပြီလေ ။
တော်ပြီပေါ့လို့ပဲ တွေးတယ် ။ အဝေးမှာပဲ နေခဲ့တယ် ။
နေလည်း နေသင့်တယ် ဘယ်လိုပြောရမလဲဆိုတော့
အဲဒီအချစ်ဟာ ငှက်ကလေးတစ်ကောင်
ပန်းကလေးတစ်ပွင့်ကို ချစ်တဲ့ အချစ်နဲ့လည်း တူတယ် ငှက်ကလေး ကောင်းကင်မှာ ပျံနေတဲ့အခါ
ပန်းကလေး လှလှပပ ပွင့်တဲ့အခါ
အဝေးကနေ ကျေနပ်တယ် ဒါပါပဲ ဒီလောက်ပါပဲ .....
#ရှေးရှေးတုန်းကကံ့ကော်ပွင့်တွေ #စံပယ်ဖြူနု

image

ဦးနုရဲ့ ဒုတိယအကြိမ်မြောက်အနေနဲ့ ဖတ်ဖြစ်တဲ့စာအုပ်
ကျတော် စာအုပ်ဖတ်ပြီးပြီးချင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ် ။ တခြားကြောင့် မဟုတ်ဘူး ။ ဒီလို အနှစ်သာရရှိတဲ့ ဘာသာရေးစာပေတွေကို အစောပိုင်းကာလတွေထဲက ဘာကြောင့် မဖတ်ခဲ့ရလေခြင်းဆိုတဲ့
နောင်တတရားကြောင့်ပါပဲ ။ ဘယ်လိုဖြစ်ဖြစ်ပါ ။ ပညာဆိုတာက သင်ယူလေ့လာဆည်းပူးလို့ ပြီးဆုံးသွားသည်ဟူ၍မျှမရှိပဲ ။ ကကျွန်တော့်အတွကတော့ ဦးနု ရေးသားခဲ့တဲ့ စာပေတွေကို ဖတ်ရတာ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေဖက်မှာ အတော်ကိုပင် ပြုပြင်ပြောင်းလဲတတ်လာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားမိလာတယ် ။
ကျတော် ဒီစာအုပ်ကိုဖတ်ပြီး အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုရခဲ့ပါတယ် ။ အဲ့တာကတော့ သစ္စာတရားအကြောင်းပါပဲ ။ သစ္စာတရားဟာ အင်မတန်ကို ထက်မြတ်တယ် ။ စူးရှတယ် ။ အာနုဘော်ကြီးတယ် ။ ဘုရားရှင်လက်ထက်က ဖြစ်ပေါ်ခဲ့တဲ့ သစ္စာတရားနဲ့ ပတ်သက်တဲ့ သာဓကများစွာလည်း ဤဝတ္ထုထဲမှာ ဖတ်ရှုသိမြင်နိုင်ပါတယ် ။ ဘာသာရေးရှုထောင့်က ကြည့်ရင်လည်း အင်မတန် အဖိုးတန်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ ။ ဝတ္ထုထဲမှာတော့ အဓိကဇာတ်ဆောင် လူမိုက်ကြီး မိုးအောင်အကြောင်းကို အဓိက အသားပေးရေးဖွဲ့ထားတယ် ။ မိုက်ချက်ကတော့ ကမ်းကုန်ဆိုတဲ့အတိုင်း မိုးအောင်ရဲ့မိုက်ချက်တွေကတော့ လက်ကော ခြေကော ခါလောက်ပါတယ် ။ ကလေးဘဝထဲက မိုက်ခဲ့တဲ့မိုးအောင် အသက်အရွယ်ရလာတော့လည်း သေရည်သေရက်သောက်စား ၊ သူ့အသက်သက် ၊ သူ့ဥစ္စာခိုး ၊ သူတစ်ပါးသားမယားကို စော်ကား ကာမတဏှာထဲနစ်မွန်း ၊ မကောင်းမှုဒုစရိုက်မှန်သမျှနှင့် ပျော်မွေ့နေတဲ့ မိုးအောင် နောက်ဆုံး သူ့ ဘိုးဘိုးဦးစန္ဒောဘာသ ချွတ်မှ တရားထူးတရားမြတ်တွေရသွားတဲ့ မိုးအောင်
ဘုရားရှင်လက်ထက်က အင်္ဂုလိမာလ လိုပေါ့ ။ အင်္ဂုလိမာလည်း သံသရာ အစိတ်အပိုင်းတစ်ခုမှာ မကောင်းမှုဒုစရိုက်တွေ ကျူးလွန်ခဲ့ပြီး ဘုရားရှင် ကယ်ပေလို့သာ တရားထူးရသွားပြီး ရဟန္တာဖြစ်သွားတာ ။ ဗုဒ္ဓတရားတော်တွေဟာ လူမျိူး ဘာသာမရွေး အမှန်တကယ်လိုက်နာကျင့်သုံးမယ်ဆိုရင် တရားထူး တရားမြတ်တွေအထိရပြီး နိဗ္ဗာန်ထိ မျက်မှောက်ပြုနိုင်ပါတယ် ။ ဒီလိုဘာသာရေး စာပေတွေ ဖတ်ပါများတော့ စိတ်တွေထားတတ်လာတယ် ။ အရှိကို အရှိအတိုင်းလက်ခံတတ်လာတယ် ။ ငါးပါးသီလကိုလည်း တတ်နိုင်သလောက် ခါးဝတ်ပုဆိုးကဲ့သို့မြဲအောင်လည်း ကြိုးစားရပေဦးမည် ။
#ငရဲဆိုချိုနဲ့လားဗျို့ #ဦးနု

image
1 y - Translate

#knowledge #ဗဟုသုတ

image
1 y - Translate

#knowledge #ဗဟုသုတ

image

တစ်ယောက်တည်းနေတတ်ပြီဆို
တစ်ယောက်ယောက် ရောက်လာတယ်
သိပ်မကြာတဲ့အချိန်အတွင်းမှာပဲ
အဲ့တစ်ယောက်ယောက်က အဝေးကြီးထွက်သွားတယ်။

ငါ့မှာတစ်ယောက်တည်း ပြန်နေသားကျအောင်
ပြန်ပြီးပုံသွ၊င်းယူရတယ်။

အရာရာကို ဘဝကြီးနဲ့ချီပြီး
မျှော်လင့်တတ်တဲ့ငါ့အတွက်တော့
တော်တော်လေးစော၊က်လုပ်ရှုပ်ရတယ်။

image

ချစ်ခြင်း မေတ္တာကို ယုံလား လို မေးရင်“အင်း”လိုပဲ ကျွန်တော်ဖြေမိမှာပါ
ဒါပေမဲ့… ကျွန်တော် တကယ် မယုံပါဘူး
ကျွန်တော်တိုဟာ တစ်ဖက်လူက
ကိုယ့်ကို တကယ် ချစ်တာလား
မချစ်တာလား မသိနိုင်ဘူးလေ
ပါးစပ်က ချစ်တယ်လို တစ်ဖွဖွ ပြောနေပေမယ့်
တကယ်တမ်းကျ မချစ်တာလည်း ဖြစ်နိုင်တာပဲ ။

image

မှားနေရင်တောင်
ဖိနှိမ် မပြောရက်တဲ့
နှလုံးသားမျိုးကမှ နွေးထွေးမှုရှိတာပါ။

လွဲနေရင်တောင်
မသိမသာလေး တည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ ကြင်နာတတ်တာပါ။

ချိုယွင်းနေရင်တောင်
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာမပေးတတ်တဲ့
နှလုံးသားမျိုးကမှ တကယ်မွန်မြတ်တာပါ။

အဆိုးတွေရှိရင်တောင်
အကောင်းလေးတွေနဲ့ ထေပြီး
မြင်တတ်နားလည်တတ်တဲ့
နှလုံးသားမျိုးကမှ တကယ့်ကိုရင့်ကျက်တာပါ။

လိုအပ်နေရင်တောင် လိုလိုဖြည့်ပေးတယ်ဆိုတဲ့
သဘော မသက်ရောက်အောင်
စေတနာသီးသန့်နဲ့ ဖြည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ တကယ့်ကို လေးစားထိုက်တာပါ။

image
1 y - Translate

အိမ်ထောင်တခုမှာ
စီးပွား တိုးတက်ဖို့ဆိုရင်
လင်နဲ့မယား နှစ်ယောက်လုံး မှာ
တာဝန်ရှိပါတယ် သို့ပေမဲ့
အမျိုးသမီးတွေက ပိုပြီး စီးပွားဥစ္စာ
ထိန်းသိမ်းတတ်ဖို့လိုပါတယ်
စီးတဲ့ရေ ဆည်တဲ့ကန်သင်းလိုပေါ့
ယောကျာ်းရှာသမျှ ငွေတွေကို စီမံတတ်ရမယ်
လက်မဖွားရဘူး သုံးသင့်မှသုံး
ကိုယ့်မိသားစုအတွက် ငွေကြေးတွေ
စီမံတတ်ရင် အဲ့မိသားစု က
ဆင်းရဲဒုက္ခတွေကြုံဖို့နည်းပါတယ်
ဘယ်လောက်ပဲပိုက်ဆံရှာရှာ
အမျိုးသမီးငွေကြေးတွေ
မစီမံတတ်ရင် ငွေတွေကုန်သွားမှာပေါ့
ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ငွေကြေး
ကောင်းမွန်စွာ စီမံတတ်ဖို့ အလွန်အရေးကြီးပါတယ်

image
1 y - Translate

လူတိုင်းကို အားမနာ မိစေနဲ့ !
လူတိုင်းကတော့ သူတို့ကို
တစ်ခုခုလုပ်ပေးတာ
လိုက်လျောပေးတာ
ကူညီပေးတာ
အခွင့်အရေးပေးတာကို
ကြိုက်ကြသူတွေချည်းပါပဲ။
ဒါပေမဲ့ ပေးပါများလာတဲ့အခါ
အဲ့ဒါက သူတို့ရပိုင်ခွင့်လို့ထင်လာတယ်
လုပ်ပေးနေတာက သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ လုပ်ပေးရမှာက မင်းတာဝန်ဖြစ်လာတယ်။
မလုပ်ပေးနိုင်တဲ့အခါ
မင်းက တာဝန်မကျေတော့ဘူး
သူတို့အတွက် မိတ်ဆွေကောင်းမဟုတ်တော့ဘူး
အရင်က မင်းလုပ်ပေးခဲ့သမျှဟာ
မင်းမလုပ်ပေးနိုင်တဲ့နောက်
အလကားဖြစ်သွားပြီ။
အဲ့ဒီအခါ
အရင်လို စေတနာသန့်သန့်နဲ့လုပ်ပေးတာမျိုးထက်
သူတို့ကြည်ဖြူအောင်
သူတို့နဲ့တည့်အောင်
အဆင်ပြေအောင်
သူတို့စိတ်ကျေနပ်အောင်
မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ် မနိုင်ဝန်ဖြစ်လာမယ်။
မလုပ်ပေးနိုင်တဲ့အခါ
အရင်ကကောင်းခဲ့တဲ့ မင်းတို့ဆက်ဆံရေးတွေ
အဆုံးသတ်မယ်။
အရာအားလုံးဟာ
မင်းအားနာတာကနေ စခဲ့တာပါ
ဒါကြောင့်
ဘဝမှာ မလိုအပ်ဘဲ
ဘယ်သူ့ကိုမှ အားမနာမိပါစေနဲ့
တစ်နေ့မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်။
ဆုထူးပန်- အသျှင်ဉာဏိဿရ

image