1 နှစ် - ဘာသာပြန်ပါ။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း ၈ သောင်းကျော်တွင် လုပ်သားဦးရေ ၄ သိန်းခွဲကျော် လုပ်ကိုင်လျက်ရှိ
********************
(ပြည်တွင်း) မေလ ၂၁
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများအပါအဝင် MSME လုပ်ငန်းပေါင်း ၈ သောင်းကျော်မှာ လုပ်သားဦးရေ ၄ သိန်းခွဲကျော် လုပ်ကိုင်လျက်ရှိတယ်လို့ နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှ မေလ ၂၀ ရက် နံနက်ပိုင်းက ပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ် တို့မှာ MSME လုပ်ငန်းများထိခိုက်မှုရှိခဲ့တာကြောင့် ထိခိုက်မှုများရှိခဲ့တဲ့ အဆိုပါလုပ်ငန်းများ ပြန်လည်လည်ပတ် နိုင်ရေးအတွက် လိုအပ်တဲ့အကူညီများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရေး၊ ပြည်တွင်းကုန်ထုတ် လုပ်ငန်းများ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေး၊ စိုက်ပျိုးရေးစွမ်းအား၊ ကုန်ထုတ်စွမ်းအားနှင့် ကုန်သွယ်မှု၊ ကူးသန်း ရောင်းဝယ်မှုများ တိုးတက်ကောင်းမွန်စေရေး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ အစိုးရများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် အမျိုးသားရေးတာဝန်အဖြစ်ခံယူ၍ ဟန်ချက်ညီညီဖြင့် ဆက်လက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမယ်လို့ နစက ဒုတိယဥက္ကဋ္ဌက တိုက်တွန်းပြောကြား ခဲ့ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(မေ - ၂၁ ရက်)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၃၀၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၇၃၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၅၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၀၆၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၃၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၃၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၉၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၉၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၃၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၂၀ ကျပ်
ဝယ်ဈေး - ၃၃၇၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၈၅ ကျပ်
ဝယ်ဈေး - ၄၈၈၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၁၄ ကျပ်
ဝယ်ဈေး - ၁၃၂.၄၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၀ ကျပ်
ဝယ်ဈေး - ၁၀၁၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၀ ကျပ်
ဝယ်ဈေး - ၅၉၈ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၀.၅၉ ကျပ်
ဝယ်ဈေး - ၂၉.၉၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၃၆ ကျပ်
ဝယ်ဈေး - ၅၀.၃၆ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၈ ကျပ်
ဝယ်ဈေး - ၃.၁၁ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၀၅ ကျပ်
ဝယ်ဈေး - ၅၇၉၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၂၅ ကျပ်
ဝယ်ဈေး - ၂၇၇၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၁၀၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၂ ကျပ်
ဝယ်ဈေး - ၅၅၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၈ ကျပ်
ဝယ်ဈေး - ၁၁၇၄ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

ကမ္ဘာ့မိုးသစ်တောတွေ အလျင်အမြန်ပြုန်းတီးမှု စံချိန်တင်နေ
လန်ဒန်၊ မေ -၂၁-၂၀၂၅
ရတီ(VOM)
ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးမှာ အရေးပါတဲ့ ကမ္ဘာ့အပူပိုင်းမိုးသစ်တောတွေ အလျင်အမြန် ပျက်စီးပြုန်းတီးမှုဟာ ၂၀၂၄ ခုနှစ်အတွင်း စံချိန်တင်ခဲ့ကြောင်း သုတေသီတွေက သတိပေးထားပါတယ်။
အပူပိုင်းမိုးသစ်တောတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း အိုင်ယာလန်နိုင်ငံအရွယ်အစားနီးပါး နှစ်သောင်းခြောက်ထောင် စတုရန်းမိုင်အထိ ဆုံးရှုံးခဲ့တယ်လို့ ဂြိုဟ်တုပုံရိပ်အချက်အလက်တွေအရ သုတေသီတွေက ခန့်မှန်းထားပါတယ်။
မီးလောင်ကျွမ်းမှုဟာ သစ်တောပြုန်းတီးခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး စံချိန်တင်မိုးခေါင်မှုတွေနဲ့ အတူ အမေဇုန်သစ်တောဟာလည်း ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် မြေယာတွေ အလွန်အကျွံချဲ့ထွင်လာမှုတွေကလည်း အခြားသော အကြောင်းတရားတွေဖြစ်တယ်လို့ ဆိုပါတယ်။
အရှေ့တောင်အာရှဒေသတွေမှာတော့ အစိုးရတွေက သစ်တောပြုန်းတီးမှု လျှော့ချမယ့် မူဝါဒတွေနဲ့အတူ အခြားဒေသတွေထက် အခြေအနေကောင်းမွန်တယ်လို့ သုတေသီတွေက ပြောပါတယ်။ အပူပိုင်း မိုးသစ်တောတွေဟာ သူတိုရဲ့ရဲ့ သစ်တောနဲ့ မြေဆီလွှာတွေမှာ ကာဗွန်တန်ချိန် ရာနဲ့ချီပြီး သိုလှောင်ထားကြပါတယ်။
အမေဇုန်မိုးသစ်တောလို အချို့သော သစ်တောတွေဟာ ဆက်လက်ပြုန်းမှုတွေဟာ ရပ်တန့်မရနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ သုတေသီတွေက သတိပေးပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်တဲ့ သီးခြားလေ့လာမှုတခုမှာတော့ ကမ္ဘာကြီးပူနွေးလာမှု ကန့်သတ်ချက် ၁ ဒဿမ ၅ ဒီဂရီစင်တီဂရိတ် ကျော်လွန်မယ်ဆိုရင် အမေဇုန်သစ်တော သိသိသာသာပြုန်းတီးနိုင်ကြောင်း သတိပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ်မှာတော့ အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အမေဇုန်မှာ စံချိန်တင် မိုးခေါင်ရေရှားမှုကို ကြုံခဲ့ရပါတယ်။ ဒါဟာ ဇီ၀မျိုးကွဲပေါင်းစုံနဲ့ တောရိုင်းတိရိစာ္ဆန်တွေရဲ့ အသက်ရှင်နေထိုင်မှုကိုသာမက ကမ္ဘာ့ရာသီဥတုအပေါ်လည်း ဆိုးရွားစွာ သက်ရောက်မှုတွေရှိလာမယ်လို့ သုတေသီတွေက ပြောပါတယ်။
Ref:BBC
Photo:Getty Images

image

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲတွင် အဲမွီနှင့် ထိုင်းဖိုက်တာထိုးသတ်မည်
ဝမ်းချန်ပီယံရှစ်အဖွဲ့အစည်းကကျင်းပမည့် ONE Lumpinee-109 ပွဲစဉ်၏ ဒုခေါင်တွဲဆိုင်းနေရာတွင် မြန်မာဖိုက်တာအဲမွီနှင့် ထိုင်းဖိုက်တာ Wuttikrai Wor Chakrawut တို့ မေ ၂၃ ရက် ည ၇ နာရီခွဲတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာဖိုက်တာ အဲမွီအနေဖြင့် ဝမ်းချန်ပီယံရှစ်တွင် အတွေ့အကြုံကောင်းများရရှိနေပြီး လေးပွဲထိုးသတ်ခဲ့ရာ နှစ်ပွဲနိုင် နှစ်ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားသူဖြစ်သည်။
မွေထိုင်းဖိုက်တာဖြစ်သူ Wuttikrai Wor Chakra -wut သည် ဝမ်းချန်ပီယံရှစ်တွင် တစ်ပွဲထိုးတစ်ပွဲနိုင် ရလဒ်ပိုင်ဆိုင်ထားသည်။
၎င်းဝမ်းချန်ပီယံရှစ် ONE Lumpinee-109 ပွဲစဉ်အတွင်း တွဲဆိုင်းပေါင်း ၁၂ ဆိုင်း ပါဝင်မည်ဖြစ်ပြီး မွေထိုင်း ဖိုက်တာအများဆုံး ပါဝင်သည့် ပွဲစဉ်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ထိုင်းနှင့် အင်ဒိုနီးရှားတို့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်မြှင့်တင်မည်
ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြားဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ်အဆင့်မြှင့်တင်ရန် ဝန်ကြီးချုပ် ပေတွန်တန်ရှင်နာဝပ် နှင့် အင်ဒိုနီးရှားသမ္မတပရာဘိုဝိုတို့ မေ ၁၉ ရက်တွင် သဘောတူလိုက်ကြသည်။
အာဆီယံကိုတည်ထောင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံနှင့် ဒေသတွင်း အဓိက စီးပွားရေးနိုင်ငံများအနေဖြင့် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သည် ကမ္ဘာ့စီးပွားရေးနှင့်နိုင်ငံရေး မသေချာမှုများကြားတွင် အာဆီယံအဖွဲ့ကိုခိုင်မာအားကောင်းစေရန် လက်တွဲလုပ်ဆောင်မည်ဟု ထိုင်းဝန်ကြီးချုပ်ကပြောသည်။
ထို့ပြင်ခေါင်းဆောင်အဆင့်နှင့် ဝန်ကြီးဌာနအဆင့် အလည်အပတ်ခရီးစဉ်နှင့် ဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့်အွန်လိုင်းလိမ်လည်မှုများ၊ လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းများကို နှိမ်နင်းရေးအရှိန်မြှင့်ကြမည်ဟု အင်ဒိုနီးရှားသမ္မတပရာဘိုဝိုက ဆိုသည်။
မကြာသေးမီကာလများအတွင်း အရှေ့တောင်အာရှတွင် သံတမန်ရေးရာ လှုပ်ရှားမှုများခြေလှမ်းစိပ်စိပ်ရှိခဲ့ပြီး စင်ကာပူနှင့် ဗီယက်နမ်တို့သည် ၎င်းတို့၏ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် မတ်လအတွင်းက တိုးမြှင့်ခဲ့သည်။ ထိုင်းနှင့်ဗီယက်နမ်တို့သည် လွန်ခဲ့သည့်သီတင်းပတ်က အလားတူ လုပ်ဆောင်ခဲ့သည်။ ယင်းမှာအခွန်ကောက်ခံမှုအပါအဝင် ထရန့်အစိုးရလက်ထက်တွင် မရေရာသော အမေရိကန်နိုင်ငံခြားရေးမူဝါဒကို တုံ့ပြန်သည့်အနေဖြင့် အာဆီယံအတွင်း ပိုမိုနီးကပ်သော မိတ်ဖက်ဆံဆက်ရေး တွန်းအားပေးမှုအဖြစ် အကဲခတ်များက ရှုမြင်ထားသည်။
အင်န်အိတ်ချ်ကေ

image

Put your focus into yourself.

BACK WORKOUT

Flexibility is ?

Full body workout for strength and stamina.

How to build an aesthetic V-Taper physique