31 w - Translate

(၁၁.၂.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၄၉၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၆၃၀,၀၀၀ ကျပ်
အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၁၀ ကျပ်(ဝယ်)၊ ၄၅၁၀ ကျပ်(ရောင်း)
စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၁၆၀ ကျပ်
Octane 95 - ၃၂၂၀ ကျ​ပ်
Premium Diesel - ၃၃၇၀ ကျပ်
Diesel - ၂၇၃၅ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image

#funny

#အမျိုးသား၊အမျိုးသမီးတိုင်းအတွက် သဘာဝ အားဆေးတစ်လက်

ကြက်သွန်ဖြူ နွားနိူ့ ဟာ စသောက်ချိန်မှာ တမျိုး ကြီးဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒါကိုသောက်ခြင်းအားဖြင့် _

(1) ခြေလက်တုန်ရောဂါ

(2) အဆစ်အမြစ် ကိုက်ခဲ ခြင်း။

(3) သွေးဆုံးခါနီးဖြစ်တတ်သော ရောဂါများ

(4) တီဘီ ရောဂါ။

(5) နှလုံး နှင့်ပါတ်သက်သောရောဂါ။

(6) အိပ်မပျော် တဲ့ ရောဂါ

(7) အာရုံကြောအားနည်းရောဂါများ

(😎 အိမ်ထောင်သုခ မပြည့်ဝတဲ့ အမျိုးသား၊အမျိုးသမီး (၂)ဦးလုံး သောက်လို့ရပါတယ်။

ပါဝင်ပစ္စည်

(1) အခွံ နွှာထားတဲ့ ကြက်သွန်ဖြူ ၁၀ စိတ်။

(2) နွားနို့ 500ml။

(3) သကြား လ္ဘက်ရည်ဇွန််း 2~3 ဇွန်း။

(4) ရေ 250 ml။ပြုလုပ်ပုံ ရေ ၊ နွားနို့၊ ကြက်သွန်ဖြူ တို့ကိုအိုးထဲထည့်ပြီး မီးအတော်နေ ဖြင့်ကျိုပါ။ မကြာခဏ မွှေပေးရပါမယ်။ဆူပွက်လာတဲ့ အထိကျိုပါ။ သကြား ထည့်လိုက်ပါ။သတိပြုရန် နွေးနေတဲ့ အချိန် သောက်ရန်။ ။
#crd

image

ပလိုင်းမောက်အသင်းနည်းပြမီရွန်မုစလစ်ချ်က ကြိုးကြာနီအသင်းကို ၁-၀ နဲ့အနိုင်ရခဲ့ပြီးနောက် အက်ဖ်အေဖလားနောက်တဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့ပြီးနောက်စကားပြောလို့ မထွက်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။ဒီပွဲစဉ်မတိုင်ခင်ရည်မှန်းချက်အရတော့ အနိုင်ရလဒ်ရယူဖို့ဖြစ်ပြီး ဒီပွဲစဉ်အကြောင်းနဲ့ပတ်သက်ပြီးပြောဆိုလာခဲ့ပါတယ်။

ပုံမှန်အားဖြင့်တော့ကျနော်ပြောတာအရမ်းတော်ပေမဲ့ လက်ရှိမှာတော့ ကျနော်ပြောမထွက်ပါဘူး။ကျနော်အရမ်းစိတ်လှုပ်ရှားနေပါတယ်။ဒီဟာက ကျနော့်ရဲ့နည်းပြဘ၀မှာအကြီးကျယ်ဆုံးကာလဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးသံသယဖြစ်စရာမရှိပါဘူး။ဒီဟာကအက်ဖ်အေဖလားပွဲစဉ်ဖြစ်ပြီး ပြိုင်ဘက်ကတော့လီဗာပူးလ်အသင်းဖြစ်တာကြောင့်ပါ။

ဖြစ်စဉ်အတော်များများကိုငါတို့ကာကွယ်ရမယ်ဆိုတာငါတို့သိပါတယ်။ဒီဟာက သူတို့အသင်းကိုငါတို့ဂိုးကနေဝေးဝေးမှာရှိနေစေရမယ်ဆိုတဲ့ကြီးမားတဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။ဒါပေမဲ့ငါတို့မှာအနိုင်ရဖို့ယုံကြည်ချက်ရှိပါတယ်။ငါတို့အနေနဲ့ဒီပွဲစဉ်မှာပိုကောင်းအောင်လုပ်ဆောင်ချင်ပါတယ်။ဘာမှကြောက်စရာမရှိပါဘူး။ငါတို့ဘာမှဆုံးရှုံးစရာမရှိဘဲ အနိုင်ရလဒ်အတွက်အကုန်လုပ်ဆောင်ရမယ်လို့ကစားသမားတွေကိုကျနော်ပြောဆိုခဲ့ပါတယ်။

ဒီဟာကပလိုင်းမောက်အသင်းရဲ့နေ့ရက်ဖြစ်ပါတယ်။သူတို့အနေနဲ့ဒီဟာကိုရဖို့ထိုက်တန်မှုရှိပြီး သူတို့ကိုရာနှုန်းပြည့်ဖြစ်စေချင်ခဲ့ပါတယ်။ကျနော်အိမ်ပြန်ပြီးတော့ဒီပွဲစဉ်ကိုနောက်တကြိမ်ပြန်ကြည့်ဦးမှာပါလို့ ဟာလ်ဒီးက ပြောဆိုလာခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image

မဲဆောက်ကို စက်သုံးဆီသွားဝယ်တဲ့ ကားတွေကြောင့် မြဝတီ ကနေ မဲဆောက် အဝင်လမ်း အရင် ၃မိနစ်ကြာရာက ခု နာရီနဲ့ချီကြာလာ

ဖေဖော်ဝါရီ ၁၁

ကရင်ပြည်နယ်၊ မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို မော်တော်ယာဉ်နဲ့ဖြတ်သန်းသွားရောက်ရာမှာယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေတာကြောင့် ထိုင်း-မြန်မာနယ်စပ်‌ဂိ‌တ်ပေါက်ဖြစ်တဲ့ ချစ်ကြည်ရေး တံတားကိုဖြတ်သန်းချိန် ယခင်၃မိနစ်ခန့်ကနေ ယခုအခါ ၃နာရီခန့်ကြာလာကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။

မြဝတီမြို့ကို ထိုင်းဘက်မှ စက်သုံးဆီနဲ့လျှပ်စစ်မီးဖြတ်တောက်လိုက်ခြင်းရဲ့နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ မြဝတီဒေသခံတွေက မဲဆောက်မြို့သို့သွားရောက်ကာ စက်သုံးဆီဝယ်ယူခြင်းနဲ့ပြန်လည်ရောင်းချတာတွေကြောင့် နယ်စပ်ဂိတ်ဖြတ်သန်းရာနေရာတွေမှာ ဖေဖော်ဝါရီလ၅ရက်နောက်ပိုင်းမှစပြီး ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။

ဒါကြောင့် ယနေ့ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းမှစတင်ကာ မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို မော်တော်ယာဉ်ဖြင့်သွားရောက်ခွင့်အားကားတစီးကိုတနေ့လျှင် တကြိမ်သာ ခွင့်ပြုရန် ဒေသအာဏာပိုင်အဖွဲ့မှ ကန့်သတ်လိုက်ကြောင်းသိရပါတယ်။

" ယာဉ်ကြောပိတ်တာကအဓိကတော့ စက်သုံးဆီဂယက်ပေါ့ ၊ မြဝတီမြို့ထဲကစက်သုံးဆီဆိုင်တွေပိတ်တော့ တဖက်ကမဲဆောက်ထဲသွားဝယ်ကြတယ်။ အဲ့ဒီမှာတချို့က ကိုယ်သုံးဖို့လိုတာထက် ဒီဘက်မှာ ဈေးကြီးနဲ့ပြန်ရောင်းဖို့ပါ ။နယ်စပ်ဂိတ်တံတားကိုအကြိမ်သုံးလေးကြိမ်ဖြတ်ကြတာတွေလည်းရှိလာတော့ ယာဉ်ကြောပိတ်လာတယ်။ အရင်က မဲဆောက်ကို မြဝတီကနေ တံတားဖြတ်လိုက်လို့၃မိနစ်နဲ့ရောက်တာက အခုတော့၃နာရီလောက်ကြာသလိုဖြစ်လာတယ်"လို့ မြဝတီမြို့ဒေသခံတယောက်ကပြောပါတယ်။

မြဝတီနဲ့မဲဆောက်နယ်စပ်ဂိတ်ချစ်ကြည်ရေးတံတားဖြတ်သန်း ခမှာ မြန်မာဘက်အခြမ်းက ကားတစီးကို၅၀၀၀ကျပ်နဲ့ လူဖြတ်သန်းခွင့်တဦးကို ၅၀၀ကျပ်ကောက်ခံပြီး ထိုင်းဘက်အခြမ်းမှာ လူရောကားပါ၂ခုပေါင်း ဘတ် ၁၀၀နှုန်း ကောက်ခံတယ်လို့သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီနဲ့ရွှေကုက္ကိုဒေသရှိ ကျားဖြန်းလုပ်ငန်းများ နှိမ်နင်းရန် ထိုင်းအစိုးရက လျှပ်စစ်မီး၊ စက်သုံးဆီနဲ့အင်တာနက်လိုင်းများ ပေးဝေမှုရပ် ဆိုင်းခဲ့တာကြောင့် ကျားဖြန့်လုပ်ငန်းများနဲ့မသက်ဆိုင်တဲ့ဒေသခံပြည်သူများမှာပါ အခက်အခဲများဖြစ်ပေါ်လျက်ရှိနေရာ ယာဉ်ကြောပိတ်ဆို့မှုကလည်း အပါအဝင်ဖြစ်နေတယ်လို့ဆိုပါတယ်။

" ယာဉ်ကြောပိတ်တော့ကျန်းမာရေးအတွက် မဲဆောက်သွားမယ့်သူအရေးပေါ်ဆေးရုံတက်ရမယ့်သူတွေအတွက်ဆို ကားတွေပိတ်တာနဲ့ လူနာပါသေမယ့်ကိန်း ကျောင်းတက်နေတဲ့ကျောင်းသားကျောင်းသူတွေလည်းအချိန်နဲ့သွားတက်နေရတာအခက်ခဲရှိတယ်။ ကားတစီးကိုဆီအရောင်းအဝယ်လုပ်စားသူက တ‌နေ့၆ခေါက်သွားတာတဲ့၊ ဆီပုံးဝါတပုံးကို၃၀၀၀ရတယ်တဲ့ ဒီနေ့ညနေ၅နာရီထိ ကားအဝင်အထွက်စာရင်းအရေအတွက်၁၄၀၀ပြည့်တော့မယ်တဲ့ ဘယ်လိုလုပ်ကြမလဲ သူများတွေဒုက္ခရောက်နေချိန်ခေတ်ပျက်သဌေးတွေလုပ်စားနေကြတာလား"လို့ လူမှုကွန်ယက် သုံးစွဲသူ မြဝတီဒေသခံတဦးကပြောထားပါတယ်။

ထိုင်းနိုင်ငံဘက်က မြန်မာနယ်စပ်မြို့များဖြစ်တဲ့ မြဝတီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်မြို့များကို စက်သုံးဆီတင်ပို့မှုအား (၆) လအထိ ပိတ်သိမ်းထားမယ် လို့ထိုင်းကာကွယ် ရေးဝန်ကြီးချုပ် ဖှုန်ထမ် ဝေချယချိုင်က ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၇ ရက်တွင် ထိုင်းသတင်းမီဒီယာများအား ပြောကြားမှုတွေရှိခဲ့ရာ လတ်တလောမှာ မြဝတီမြို့အတွင်း စက်သုံးဆီအခက်ခဲကကြီးမားနေတာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ မြဝတီမြို့ရဲ့ စက်သုံးဆီအခက်ခဲအတွက်ဘားအံမြို့ကတဆင့် သယ်ယူလာရန်ပြည်နယ်အစိုးရက စီစဉ်‌နေကြောင်းလည်း ဒေသတွင်းသတင်းေတွအရ သိရပါတယ်။

Photo:CJ

#သတင်းဟင်းလေးအိုးကြီး

image

ထမင်းနှဲအချိူ (ရွှေထမင်း)
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ထမင်းနှဲကို အဆိမ့်မကြိုက်တတ်ပဲ
အချိူ ပဲကြိုက်တတ်သူရယ်ပါ။
အိမ်မှာလုပ်စားတဲ့ အလွယ်နည်းလေး
ပြောပြမယ်နော်။
ကောက်ညှင်းဆန် ..နို့ဆီဗူးတဘူး
ထန်းလျက် ....၁၀ သား
ဆား ..လက်ဖက်ရည်ဇွန်းဝက်
အုန်းသီးခြစ် .အနည်းငယ်တို့ပါဝင်ပါတယ်

ပြုလုပ်ရန်အတွက်
..........................
ကောက်ညှင်းဆန်ကို ရေခနစိမ်၊ရေဆေးပြီး
ထမင်းပေါင်းအိုးထဲထည့် ထားပါ။
ရေကို ကောက်ညှင်းဆန်အထက်
လက်တဆစ်အလိုထည့်ပါ၊
ထမင်းချက်သလိုခလုတ်နှိပ်ပြီးချက်ပါ
ထန်းလျက်ကို ကျိူ မည့်အိုးထဲထည့်၊
ရေအနည်းငယ်ထည့်ပြီးကျိူ ပါ။
အရည်ပျစ်မလာခင်
သဲတွေကို နှစ်ခါလောက်စစ်ထုတ်ပါ
ပြီးရင်ဆက်ကျိူ ပါ။
ဆားလက်ဖက်ရည်ဇွန်းဝက်ထည့်ပေးပါ။
အရည်ပျစ်ပြီး.အစေးကျလာပါက ရပ်ထားပါ။ ကောက်ညှင်းဆန် ကျက်တာနဲ့
ပေါင်းအိုးထဲထန်းလျက်ရည်လောင်းထည့်ပြီး
ယောင်းမဖြင့်မွှေပါ
ပေါင်းအိုးခလုတ်မပိတ်သေးပဲမွှေပေးပါ။
အပူရှိန်ဖြင့် စေးလာအောင်ပါ။
မွှေတာနှံ့သွားပါက ခလုတ်ပိတ်ပါ။
လင်ပန်းအခြေထဲဆီအနည်းငယ်သုတ်ပြီး
ကောက်ညှင်းထည့်ပါ။
အပေါ်ကနေ ယောင်းမဖြင့်ဖိပြားပေးပါ။
ပြီးရင် အအေးခံထားပါ။
တောင့်တောင့်လေးရချင်ပါက
အအေးခန်းထဲထည့်ထားပါ။
ပြီးမှ အုန်းသီးခြစ်လေးဖြူးပြီး စားသုံးနိုင်ပါပြီ။
အုန်းနို့ကြိုက်တတ်ပါက
ကောက်ညှင်းပေါင်းချိန်တွင်
အတူရောထည့်မွှေပေးပါ။
Credit: မိုးကုတ်သူ

image

ကျားဖြန့်နှိမ်နင်းရန် မြန်မာ့အဖွဲ့အစည်းများကို သက်ဆင် တိုက်တွန်း

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၁

ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်စင်တာများကို နှိမ်နင်းရာတွင် ကူညီပေးရန် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများအား ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) က တိုက်တွန်းခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။

ထိုကျားဖြန့်စင်တာများကို နှိမ်နင်းပြီးချိန်တွင် ထိုင်းက မြန်မာနယ်စပ် ဒေသများသို့ လျှပ်စစ်ဓာတ်အားများနှင့် အင်တာနက်လိုင်းများ ပြန်လည်ထောက်ပံ့ပေးမည်ဟုလည်း သက်ဆင်က ပြောသည်။

မြန်မာနိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခ၊ လူမျိုးစု ပဋိပက္ခများနှင့် ရင်ဆိုင်နေရပြီး လက်နက်ကိုင်အဖွဲ့အချို့သည် ကျားဖြန့်စင်တာများနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများမှ ရန်ပုံငွေများ ရရှိနေကြောင်း သက်ဆင်က ပြောသည်။

“အမြစ်ပြတ် မချေမှုန်းနိုင်မခြင်း ဒီပြဿနာက ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက အဖွဲ့အစည်းတွေ အနေနဲ့လည်း ကျားဖြန့်ဂိုဏ်းတွေကို ထောက်ပံ့မပေးသင့်ဘူးဆိုတာ နားလည်ရပါမယ်”ဟု သက်ဆင်က ပြောကြား ခဲ့သည်။

“အဲဒီ ကျားဖြန့်တွေကို အမြစ်ပြတ် ချေမှုန်းလိုက်မယ်ဆိုရင် ကျနော်တို့ကလည်း မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အား နဲ့ အင်တာနက်တွေ ပြန်လည်ထောက်ပံ့ပေးသွားမှာပါ”ဟု သမီးဖြစ်သူ ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ဦးဆောင်သည့် အာဏာရဖြူးထိုင်းပါတီကို နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု ယူဆခံထားရသော သက်ဆင်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကြောင့် မြန်မာနိုင်ငံသည် လာအိုနိုင်ငံထံမှ လျှပ်စစ်ဓာတ်အားများ ဝယ်ယူရန် ပြင်ဆင်နေသည်။

သက်ဆင်ကမူ မြန်မာသို့ လောင်စာဆီ ထောက်ပံ့မှု ဆိုင်းငံ့ခြင်းသည် မီးစက်များတွင် အသုံးပြုပြီး လျှပ်စစ် ဓာတ်အား ရယူမည့်အရေးကို တားဆီးရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်း၏ ဆာ ကေအို (Sa Kaeo) ပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် ကမ္ဘောဒီးယား၏ ပွိုင်ပက် (Poipet) မြို့ရှိ အဆောက်အအုံတစ်ခု၏ ၂၅ ထပ်တွင် ကျားဖြန့်စင်တာရှိကြောင်း သတင်းရရှိထားသည်ဟု သက်ဆင်က ပြောကြားခဲ့သည်။

“ကျနော်တို့အနေနဲ့ ကမ္ဘောဒီးယားနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။ အဲဒီအဆောက်အအုံ ပိုင်ရှင်က ဘယ်သူလဲဆို တာ ကျနော်တို့ သိပါတယ်။ သူက ထိုင်းနိုင်ငံသား ခံယူထားပါတယ်။ အချိန်တန်ရင်တော့ သူ့ရဲ့ ထိုင်းနိုင်ငံသား ခံယူမှုကို ရုပ်သိမ်းသွားမှာပါ”ဟု သက်ဆင်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်

ပုံ - ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
31 w - Translate

ဇန်နဝါရီလအတွင်း မိသားစုထံ လွှဲပို့ခဲ့တဲ့ ငွေစာရင်းတွေ မတင်ပြနိုင်တဲ့ အေဂျင်စီတွေကို အလုပ်ခေါ်စာအသစ် တင်ပြခွင့် ဆိုင်းငံ့မယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထားတင်ပြရမှာဖြစ်ပြီး လက်ရှိအချိန်ထိ အေဂျင်စီ ၄၄ ခု တင်ပြဖို့ လိုသေးကြောင်း ထုတ်ပြန်ထားပါတယ်။

image
31 w - Translate

One Piece Live-Action Season 2 ဟာ လက်ရှိမှာ ရိုက်ကူးမှုတွေ အကုန်ပြီးသွားပြီဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာထွက်ရှိမယ်လို့လည်း ခန့်မှန်းရပါတယ်။
အဲ့အပြင် Season 2 မထွက်ခင်မှာပဲ Season 3 အတွက်လည်း Production ပိုင်းလုပ်ဖို့ စလုပ်နေပြီလို့သိရပါတယ်။

image

သင်္ကြန်မရောက်မှီ မိမိတို့ရွာ အခြေအနေ🥲👍🏿

image