23 ပတ် - ဘာသာပြန်ပါ။

ဖြည်းဖြည်းမှန်မှန်သည်သာ အကောင်းဆုံးပါ
ကျွန်တော်တို့ရဲ့ ကိုယ်တွင်းမှာအဆီပြင်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ ကျွန်တော်တို့ ခပ်ငယ်ငယ် တုန်းက ဆ၇ာဦးသာအောင် ကိုမေးခဲ့ဖူးပါတယ်။ လူကလည်း ဆယ်ကျော်သက် ခပ်သာသာဆိုတော့ ဆရာကလည်း ကျွန်တော်တို့ နားလည်လွယ်အောင် မင်း အဆီတက်တဲ့ အစာတွေ စားမယ် အရက်ဘီယာ တွေသောက်ရင် တက်မှာပေါ့ကွတဲ့ ဆိုပြီး ဆရာကတော့ သူ့ထုံးစံအတိုင်း ခပ်ပြတ်ပြတ်ပဲပြောခဲ့သည်။
ကွှန်တော်တို့လည်း ထပ်ပြီး အထွန့်မတက်ရဲ
ဒီလောက်နှင့်သာကျေနပ်ခဲ့သည်။ တဖြည်းဖြည်းနှင့် အရွယ်တွေ လွန်မြောက်လာပြီး ဟိုစာဖတ်ဒီစာဖတ်နဲ့ကျမှ နားလည်လာသည်။ကာဘိုဟိုက်ဒရိတ် ပရိုတင်း အဆီ စတာတွေ ရဲ့ သဘောတရားတွေကို နားလည်လာချိန်မှာတော့ အာဟာရပိုင်းသည် အရမ်းကို နက်နဲခက်ခဲသည်ဆိုတာ သိမြင်လာသည်။
လေ့ကျင့်မှုအပိုင်းကို ကျွှန်တော်တို့ လစ်ဟင်းမှု မရှိအောင် ဂရုစိုက်ပြီး လေ့ကျင့်နိုင်သည်။ အာဟာရပိုင်းကိုတော့ မလွယ်ကူနိုင်ပေ။ အလုပ်တစ်ဖက် နှင့် မိသားစုအရေး ရုန်းကန်နေရသည့် ခေတ်ကြီးထဲမှာ ၀ါသနာပါရာ ကာယဗလအားကစားကို ကျွန်တော်တို့တွေ လုံလုံလောက်လောက် အချိန်မပေးနိုင်ဖြစ်နေရသည်။အာဟာပိုင်းဆိုလျင်ကား ပြောဖွယ်ရာမရှိ။သို့သော် သိထားသင့်သည်။ ဒါမှလည်း လိုအပ်ချက် အားနည်းချက်များကို လိုက်နာရှောင်ရှားနိုင်မည်။
တစ်နေ့ တစ်နေ့ Gymထဲမှာ အသက်ထွက်မတတ် အားစိုက်ထုတ်၍ လေ့ကျင့်နေသော်လည်း ရလဒ်မထူးခြားသည့် အဖြစ်အပျက်များရှိနေသည်။ နည်းပြဆရာ ဘယ်လောက်ကောင်းကောင်း သင်ကိုယ်တိုင်ကလည်း လေ့ကျင့်မှု ဘယ်လောက်အားစိုက်နေပါစေ အာဟာရ ပိုင်းတွင် စည်းမရှိ ကမ်းမရှိ ဆိတ်ပါးစပ်လို တွေ့ရာ စားနေရင် သင်အတွက် ပေးဆပ်ထားသည့် အချိန် ငွေ တို့သည် အလဟဿပင်။
ကျွန်တော်တို့တစ်တွေ ခွန်အားအတွက် ကာဘိုဟိုက်ဒရီတ်ကိုမှီဝဲသည်။ ကြွက်သားကြီးထွားဖို့အတွက် ပရိုတိန်း၊ ဆဲလ်များတည်ဆောက်ဖို့ ဟော်မုန်းများထုတ်လုပ်မှုမှန်ကန်စေဖို့ စတာတွေအတွက် အဆီသည်လည်း မရှိမဖြစ်။သို့သော် ဘယ်အရာမဆို အချိန်အဆ လိုသည်။ကာဘိုဟိုက်ဒရီတ်ကို ဂလူးကိုစ့် အဖြစ်ပြောင်းပြီး ခွန်အားအတွက် အသုံးပြုတယ်။မသုံးဖြစ်တာတွေကို ကြွက်သားနှင့်အသည်းများမှာ စုဆောင်းတယ်။ဒီထက်ပိုနေသေးတယ်ဆိုရင်တော့ သင်မလိုချင်နေတဲ့ အဆီပို အဖြစ် နေရာအနှံမှာ စုဆောင်းပါတော့တယ်။ကာဘိုဟိုက်ဒရီတ် တစ်ခုတည်းပဲလားဆိုတော့ မဟုတ်သေး ကျန်သည့် ပရိုတင်း အဆီ စတာတွေသည်လည်း ဒီသဘောတရားအတိုင်းပင်။
အဆိုပါ ၃မျိုးလုံးကို လိုတာထက်ပိုစားရင် တစ်နည်းအားဖြင့် အသုံးပြုတဲ့ အင်အားဓာတ်ပမာဏ ကနည်းနေပြီး စားတာကများနေ ရင် သင့်ကိုယ်တွင်းမှာ အဆီပြင်တွေ တိုးလာမှာ မလွဲသေချာပါ။တစ်နေ့မှာ ၅၀၀ကယ်လိုရီပိုစားတိုင်း တစ်ပတ်မှာ ကိုယ်အလေးချိန် ၁ပေါင်တက်လာနိုင်တယ်ဆိုတာ သိပြီးသားပါ။ကယ်လိုရီတွက်နည်းတွေလည်း page ထဲမှာ ရေးပေးပြီးသားတွေရှိပါတယ်။
ကျွန်တော်တို့ မြန်မာတွေအတွက်ကတော့ အဓိက အ၀လွန်စေတာ ပရိုတိန်းတော့ဖြစ်မယ်မထင်ပါဘူး အခုလိုဈေးကြီးတဲ့ ခေတ်ကြီးထဲမှာ သားငါးဆေးကလည်း မိုးပေါ်မှာရောက် နေချိန် ဆန် ဂျုံ ပြောင်း အာလူးပိန်းဥ စတဲ့ ဈေးသက်သာတဲ့ အစား
အသောက် တွေ အရက် ဘီယာ စတဲ့ နေရာတိုင်းမှာ အလွယ်တကူ သောက်လို့ရတဲ့အရာတွေ နောက်ဆုံးခပ်ရှင်းရှင်းပြောရရင် ခွန်အားဖြည့်အချိုရည် ဆိုတဲ့ အရာတွေပါပဲ ။
ဒီအပြင် အခုလို ခေတ်မှီ အစားအစာတွေ အမြန်စာတွေမိုးဦးကျ မှိုလို ပေါများနေတော့ အဆီတက်ဖို့ ဆိုတာ သိပ်မဆန်းတော့ပေ။ ကိုယ်တွင်းမှာ တက်လာတဲ့ အဆီကို မြန်မြန်ကျနိုင်ဖို့အတွက် တစ်ချို့ကလည်း အလွယ်လမ်းကနေ ချကြပါတယ်။
မှန်ကန်ပါသလား?
တစ်ချို့သောသူများဟာ အစားလျှော့စားတဲ့နည်းနဲ့ ကိုယ်အလေးချိန်ကို အမြန်ဆုံးချနိုင်ကြတယ်။ရလဒ်လည်းထူးခြားပါတယ်။ မိမိရဲ့ ကိုယ်အလေးချိန်ကျသွားပါတယ် သို့သော် အဆီချည်းပဲလားဆိုတာ သေချာသလား?အစားလျှော့စားပြီး ကိုယ်အလေးချိန်ကျသွားခြင်းရဲ့ ရလဒ်ထဲမှာ မိမိကိုယ်တွင်းမှ ပရိုတင်းများလည်း ပါသွားတယ်ဆိုတာ သတိမပြုမိကြပါဘူး။
ဆိုးကျိုးဘယ်လိုရှိသလဲ?
နှလုံးခုန်နှေးခြင်း အားအင်ကုန်ခမ်းမောပန်းလွယ်ခြင်း ဆံသားခြောက်သွေ့ခြင်း စိတ်ကျဝေဒနာ ဦးနှောက်နှင့် အာရုံကြောအားနည်းခြင်းစတာတွေအပြင် အခြားသောဆိုးကျိုးများစွာရှိပါတယ်။
ဒီလိုဆို ဘယ်လိုမျိုး အလေးချိန်ချခြင်းသည် အကောင်းဆုံးလဲ?
နည်းစနစ်တကျဖြင့် လေ့ကျင့်ခန်းနှင့်အစားအသောက်ဆင်ခြင်ပြီး ကိုယ်အလေးချိန်ကို တဖြည်းဖြည်းချင်းချသွားခြင်းသည်သာ အကောင်းဆုံးဖြစ်သလို ၀ိတ် ပြန်မတက်အောင် ဆက်လက် ထိန်းသိမ်းရာမှာလည်း လွယ်ကူပါတယ်။လေ့ကျင့်မှုလည်းမှန်ကန်စွာပြုလုပ်သင့်သလို တစ်ဖက်ကလည်း စားသုံးမှု အာဟာရပိုင်းနှင့်ပတ်သက်၍ အမူအကျင့်ကိုပြောင်းလဲရမည်။အရင်လို တစ်ခါစား သုံးပန်းကန်နေရာမှာ တစ်ပန်းကန်မျိုး အဆိပါဝင်မှုများတဲ့အစားအစာလျှော့စားတာမျိုး တစ်ခွက်တစ်ဖလား လောက်ပါဆိုရာမှ ပေပါကိုင်းတပ်သောက်တတ်သည့်အကျင့်မျိုးတွေကိုပါပြောင်းလဲဖို့ကြိုးစားသင့်သည်။
အစားအစာရဲ့ ပမာဏ( PORTION SIZE) ကိုလျှော့ချခြင်း အာဟာဖြစ်စေသည့် အစားအသောက်မျိုးကို တွဲဖက်စားသောက်တတ်ခြင်းစသည့်အမူအကျင့် မျိုးကိုတတ်နိုင်ရင် ရေရှည်ကျင့်သုံးသင့်သည်။ သို့မဟုတ်ပါက ကိုယ်အလေးချိန်ကျသွားပြီဆိုတာနှင့် အရင်လို ပြန်စားမယ် လေ့ကျင့်မှုလည်း ရပ်လိုက်မယ်ဆို အရင်လို ပြန်တက်လာဖို့ ပိုလွယ်နိုင်ပါတယ်။ အဓိကပြင်ရမှာက ပါးစပ်အလိုလိုက်ပြီး ကယ်လိုရီပါဝင်မှုများသည့်အရာများ ဆီကြော်မုန့်များ အရက် ဘီယာများ သောက်စားခြင်းနှင့် လှုပ်ရှားမှုနည်းပြီး ထိုင်ရာမထ TVကြည့်လိုက် ဂိမ်းဆော့လိုက်ဆိုတာတွေပင်ဖြစ်သည်။
မြန်မြန်ပိန်ချင်ဇောနှင့်ရေရှည်မကျင့်သုံးနိုင်လာက်သည့် ကယ်လိုရီ လျှော့ချမှုမျိုလည်း မပြုလုပ်သင့်ပေ။ထို့ကြောင့် လျှော့တာတော့ လျှော့ပါ သို့သော် အလျှော့လွန်ပြီး ရှော နိုင် တယ် ဆိုတာလည်း မမေ့ပါနှင့် ဖြည်းဖြည်းမှန်မှန်သည်သာအကောင်းဆုံးပါ။ လေ့ကျင့်မှု နှင့် အစားအသောက်အမူအကျင့် ပြောင်းလဲခြင်း တွဲဖက်ဲ၍ အလေးချိန်လျှော့ချခြင်းသည်သာ အကောင်းဆုံးဖြစ်သည်ဆိုတာတော့ မမေ့ပါနှင့်။ဖြည်းဖြည်းမှန်မှန်သည်သာ အကောင်းဆုံးပါ။
#အောင်အောင်_လှိုင်

image
23 ပတ် - ဘာသာပြန်ပါ။

အလေးမပြီး မူးလဲကျတာ မနိုင်ဝန်ထမ်းလို့လား???
သည်မေးခွန်းကို မေးကြတာ muscle professor ဂရုထဲမှာ ၂၀၁၆ ကနေ ယနေ့တိုင်ပါပဲ။ ကျွန်တော်ကလည်း ဝင်မဖြေဘူး။ တိုတိုလေး ဖြေလို့ရပေမဲ့ အဲသည့်အဖြေထဲက အသုံးအနှုံးတွေကို လိုက်ရှင်းရင် အရှည်ကြီး ဖြစ်ကုန်မှာမို့လို့။ သည်တော့ Superego ကနေ အတိုချုံး ရှင်းပြပါမယ်။ နည်းပညာရပ်ဆိုင်ရာ စကားလုံးတွေ သည်းခံကြပါ။
အလေးမရင်း မူးလဲတာ video တွေ ရှိပါတယ်။ အထူးသဖြင့် deadlift နဲ့ squat တွေပေါ့။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ခုလုံးမှာ တူညီတဲ့ နည်းစနစ်တစ်ခုကို သုံးရလို့။ အဲတာကတော့ အသက်ရှု အောင့်ခြင်းပါ။
Valsalva Maneuver ဆိုတာ ရှိတယ်။ လေမထွက်အောင် အသက်ရှုထုတ်ခြင်းပေါ့။ လွယ်လွယ်ပြောရင် အီးညှစ်သလိုပါပဲ။ အဲ... ဝိတ်မတဲ့အခါကြတော့ ဖင်ပါ ပိတ်ပြီး ညှစ်ရတာပေါ့။ နို့မို့ဆို အီးပါထွက်ကျကုန်မယ်။ သည်ယန္တယားကို ထိန်းချုပ်တာ vagus ဆိုတဲ့ အာရုံကြော။ သည်အာရုံကြောကို လှုံ့ဆော်ရင် သူထိန်းချုပ်တဲ့ နှလုံးပါ ခုန်နှုန်း နှေးသွားတယ်။ ဒါဟာ သွေးပေါင်ချိန်မှာ ကျစေတယ်။ အဲ သည်လောက်ဆိုရပြီ။ ဝိတ်မခြင်းဆီ ပြန်သွားကြစို့။
အလေးများများမတဲ့အခါ အထူးသဖြင့် deadlift လုပ်တဲ့အခါ valsalva maneuver (VM) သုံးရပါတယ်။ ဒါဟာ ဝမ်းဗိုက်အတွင်း ဖိအားတိုးစေပြီး ခါးရိုးကို လွဲထွက်မသွားအောင် ပတ်ပတ်လည်ကနေ ဖိအားပေးထားစေပါတယ်။ အလေးအရမ်းများလာတဲ့အခါ VM သုံးတဲ့အချိန်ကာလ ပိုကြာလာတယ်။ အလေးက မြန်မြန်မရွေ့တော့ဘူးကိုး။ VM ကြာလာတဲ့အခါ သွေးပေါင်ချိန်ကျတဲ့ကာလ ကြာမြင့်လာပြီး ဦးနှောက်ဆီ သွေးထောက်ပံ့မှု လျော့ကျသွားတယ်။ သည်မှာ ခေတ္တ သတိလစ်ခြင်း syncope ပါ ရကုန်ပါတယ်။ syncope ဟာ ရောဂါမဟုတ်ဘဲ ဦးနှောက်ဆီ သွေးရောက်အောင် ခန္ဓာကိုယ်က ဖန်တီးထားခြင်းပါ။ သတိလစ်သွားတဲ့အခါ လူဟာ ပြုတ်ကျသွားပြီး ဦးနှောက်နဲ့ နှလုံး တစ်တန်းထဲ ဖြစ်ပြီး သွေးထောက်ပံ့ဖို့ လွယ်သွားလို့ပါ။ ဒါကြောင့် deadlift လုပ်ရင်း သတိလစ်လဲကျသွားတဲ့အခါ လူတွေ ဝိုင်းလာတုန်း သတိပြန်လည်လာကြတာပါ။
ကဲ ဘယ်လို သတိလစ်ရသလဲ သိပြီးတဲ့အခါ ဘာ အန္တရာယ် ရှိလဲ ကြည့်ရအောင်။ နှလုံးရောဂါ သွေးကြောနံရံ မူမမှန်တဲ့ aneurysm လို ရောဂါ သမားတွေ လုံးဝ မလုပ်သင့်ပါ။ နောက်ပြီး လဲကျချိန်မှာ ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။
သည်တော့ မနိုင်တဲ့အလေး မခြင်းထက် အလေးမတဲ့အခါ VM ကို ကြာကြာ မလုပ်ဖို့ပါပဲ။ ဒီလိုပြောလို့ မနိုင်တဲ့အလေးကို မကြပါလို့ ပြောတာမဟုတ်ဘူးနော်။ မနိုင်တဲ့အလေးကိုမရင်း အရိုးနဲ့ ကြွက်သား အရွတ်တွေ ထိခိုက်နိုင်ပါတယ်။ သည် မူးမေ့လဲခြင်းကတော့ အလေး အရမ်းအရမ်း မများဘဲ VM ကြာရင် ဖြစ်တတ်တာကို ပြောချင်တာပါ။
level 2 မေးခွန်း။ ။ အဲလို လဲကျတာက အလေးမနေတုန်းမဟုတ်ဘဲ အလေးချလိုက်ပြီးမှ ပိုဖြစ်ကြတာ ဘာလို့လဲ။
အဲဒါ ဘာလို့လဲဆိုတော့ အလေးပစ်ချပြီးချိန် ညှစ်ထားတဲ့ ကြွက်သားတွေ လျှော့ချလိုက်ချိန်မှာ ရုတ်တရက် ရင်ခေါင်းနဲ့ ဝမ်းဗိုက်အတွင်းက ဖိအားကျဆင်းမှုကြောင့် ခြေထောက်ကသွေးတွေ ရင်ခေါင်းနဲ့ ဝမ်းဗိုက်အတွင်း ခိုအောင်းသွားပြီး နှလုံးဆီ သွေးသွားမှု လျော့သွားတာကြောင့် VM ကြောင့် ကျတဲ့ သွေးပေါင်ချိန် ကို ပိုမို ဆိုးရွားစေတာပါ။
level 3 မေးခွန်း။ ။ Superego ရော အဲလို ဖြစ်ဖူးလား။
ဟုတ်ကဲ့ ဖြစ်ဖူးပါတယ်။ ဘာကြောင့်ဖြစ်မှန်း သိလို့ ကြိုတင် စီမံပြီးတော့ အလးမ ပါတယ်။ Deadlift ကို 1RM မတဲ့အခါ သည် VM ကြာမြင့်ခြင်းကို တိမ်းရှောင်လို့တော့ မရဘူးလေ။ ကျွန်တော်ကတော့ အလေးပစ်ချပြီးတာနဲ့ ထိုင်ချလိုက်ပြီး VM ကို ဖြည်းဖြည်းခြင်းလျှော့ ( အသက်ကို ဖြည်းဖြည်းဖြင်း ပြန်ထုတ်) ပြီးတော့ barbell ကို ကိုင်ထားပါတယ်။ လဲကျမသွားအောင်ပါ။ မျက်လုံးကို ဖွင့်ထားရပါတယ်။ ရေဓာတ်လုံလောက်နေပါစေ။ သွေးတွင်းသကြားဓာတ် လုံလောက်နေပါစေ။ ဒါတွေက မူးမေ့ခြင်းကို ပိုဆိုးစေပါတယ်။ ဒါဆို အလွန်ဆုံး စက္ကန့်ပိုင်း မျက်စိ ပြာခနဲ ဖြစ်သွားပြီး ပြန်ကောင်းသွားပါတယ်။ ( လိုက်လုပ်ကြဖို့ ပြောနေတာ မဟုတ်ပါ။ တကယ်လို့ ကျွန်တော့်လို deadlift ကို အကွဲအပြဲ ဆွဲချင်တဲ့သူတွေအတွက် ကျွန်တော့် နည်းနိဿယ လေးပါ။) safety first အကောင်းဆုံးကတော့ ရှောင်ရှားကြပါ။
#superego

image

ရှမ်းပဲပုတ်လေးကျွန်တော် // စိုင်းထီးဆိုင်

မုန်းမေ့ဖို့ခက်တယ် အချစ်ရယ် // ဂျေမောင်မောင်

သစ္စာ // ဘန်နီဖြိုး၊ဆိုတေး

အောက်ပြည်၊အောက်ရွာက ကလျာပျိုအညာချောတွေကို <br>ကျွန်ုပ်တို့ရဲ့တောင်ပေါ်ဒေသဆီကိုလာခဲ့ဖို့ ကြိုဆိုပါတယ်ဗျာ <br>မြေပြန့်သူလေး // ဦးထီး

မိုးတွေရွာတုန်း // Y wine

တစ်မူးရှိလို့ တစ်ပဲလှူ // စိုင်းထီးဆိုင်

ဂျက်မြသောင်း // နှလုံးသွေးများရပ်တန့်သွားပါစေ <br>???? ?? ???? ?????\? ?? ????????

ဇော်ဝမ်း // ကျောက်ခဲ <br>-?️စေလိုရာစေ ဇာတ်ဝင်တေး(1971)