စျေးပိုသက်သာတဲ့ Flip ဖုန်းကို Samsung ထုတ်ထားတယ်
Z Flip7 FE တဲ့ စျေးပိုသက်သာတယ်ဆိုပေမယ့် Z Flip7 ထက် $200 ပဲသက်သာတယ်
Flip7 က $1100
Flip7 FE က $899 ပါ
FE Version ဆိုပေမယ့် Z Flip7 FE က အရင် Z Flip6 ကို နာမည်ပြောင်းခေါ်ပြီး စျေးလျှော့ရောင်းထားတာပါပဲ
Cover Display က အရင်ပုံစံအတိုင်းဖြစ်မယ် RAM က 12GB အစား 8GB ကိုပဲသုံးပေးထားမယ်
Exynos 2400 ကိုသုံးပေးထားပြီး AI Feature တွေကတော့ Z Flip7 နဲ့တန်းတူသုံးနိုင်မယ် ဒါတွေပါပဲ
Z Flip6 နဲ့သွားတူနေတာက ပြသနာမဟုတ်ပေမယ့် FE Version ပြောထားပြီး $899 ဖြစ်နေတာက ပြသနာပါ Samsung ရဲ့ FE Lineup ထဲ စျေးအကြီးဆုံးလို့ တောင်ပြောရမလိုပါပဲ
ဒါပေမယ့် တစ်ခုရှိတာက Foldable လမ်းကို စဖောက်တဲ့ Samsung အနေနဲ့ စျေးပိုသက်သာတဲ့ ခေါက်ဖုန်းတွေထုတ်ဖို့ တော့ လမ်းစရှိလာပြီလို့ ပြောနိုင်ပါတယ်
စျေးသက်သာတဲ့ Flip ဖုန်းတွေ စျေးတန်းက $700 ဝန်းကျင်ပါ ဒီစျေးတန်းမှာ Motorola ရဲ့ Razr 2025 ရှိနေပါတယ်
Z Flip7 FE က Z Flip7 ကို ဝိတ်လျှော့ထားသလိုပဲ Razr 2025 က Razr Ultra ရဲ့ ဝိတ်လျှော့ထားတဲ့ Version ပါပဲ
ဒီနေရာမှာပြောဖို့ရှိလာတာက စျေးတန်းသတ်မှတ်ချက်ပါပဲ
Razr Ultra က $1300 ပါ Razr 2025 က $700 ပါ Motorola ရဲ့ စျေးကွာခြားမှုက Z Flip7 FE လိုမဟုတ်ပဲ $600 ဆိုတော့အတော်လေးများပါတယ်
