ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒီနေ့ကတော့ အချစ်ရုပ်ရှင်ကောင်တစ်ခုကို ပြောပြချင်ပါတယ်။ပေါ့ပေါ့ပါးပါး လေးကိုမှ 90s လောက်က အငွေ့အသက်လေးတွေနဲ့ ဇာတ်အိမ်တည်ထားတာမလို့ တစ်မျိုးတစ်ဖုန်ကြည့်လို့ကောင်းမှာ အသေအချာပါပဲ။
ဇာတ်လမ်းလေးကတော့ Na Boraက သူငယ်ချင်းက သူကြိတ်ကြိုက်နေတဲ့ Crush လေးကြောင့် နှလုံးရောငါဖြစ်နေတာတောင် အမေရိက ကို မသွားဘဲ ပေကပ်နေနေတာကြောင့် သူငယ်ချင်းဖြစ်တဲ့ Na Bora မှာ သူ့သူငယ်ချင်း Crush အကြောင်းကို လိုက်စုံစမ်းပေးရင်း အခြားလူတစ်ယောက်နဲ့ လူမှားပြီး အလွဲလွဲ အချော်ချော်ဖြစ်တာတွေ၊နောက်ပိုင်းမှာတော့ ရင်နာစရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ခုနဲ့ အဆုံးသတ်မယ့်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။အချစ်ရုပ်ရှင်လေးတစ်ခုဖြစ်နေတော့လည်း အကျယ်ချဲ့လေ ကြည့မကောင်းလေ ဖြစ်တော့မှာစိုးတာကြောင့်မလို့ ဇာတ်ညွှန်းလေးကတော့ ဒီလောက်ပါပဲ။
နှလုံးသားထဲကို အမြစ်တစ်ခုလို တယ်ကပ်စေတဲ့အချစ် အချစ်ဦးဆိုတဲ့ နာမ်စားလေးအကြောင်း ပြန်တွေးတိုင်းဆွေးရလောက်အောင် ဒီရုပ်ရှင်လေးနဲ့ အလွမ်းသယ်ရင်းကြည့်လို့ရမှာဖြစ်ပါတယ်။အဲ့တာကြောင့် ကိုရီးယားရုပ်ရှင်တစ်ခုဖြစ်တဲ့ "20th Century Girl(2022)" ဆိုတဲ့ ရုပ်ရှင်လေးကို ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
"နင်ဧ၀ရတ်တောင်ကို တက်ခဲ့သူအကြောင်းသိလား
အဲလူပြုတ်ကျပြီး သေသွားတယ်
ကမ္ဘာ့ကုန်သွယ်မျှော်စင်တွေကြား ကြိုးတန်းလမ်းလျှောက်တဲ့ သူရောပေါ့
ဒီလူတွေ ဘာလို့ရူးမိုက်တဲ့အလုပ်လုပ်လဲဆိုတာ
ငါနားမလည်ခဲ့ဘူး
မင်းနဲ့မတွေ့ခင်ထိပေါ့
ငါတို့တစ်ခုခုကိုအရမ်းချစ်မြတ်နိုးလာတဲ့အခါ
အကြောင်းပြချက်တွေမလိုတော့ဘူး
အချစ်ကငါ့တို့ကိုမိုက်မဲတာတွေ လုပ်ရဲဖို့
သတ္တိတွေပေးလာတယ်
နင်ကငါ့ဧ၀ရတ်တောင်ပဲ
နင်ကငါဖြတ်သန်းရမယ့် ကုန်သွယ်မျှော်စင်ဟိုဘက်ခြမ်းပဲ"
One Day (2016)
ထိတ်လန့်သည်းဖိုဇာတ်ကားကြိုက်သူတွေ သေချာပေါက်အကြိုက်တွေ့နိုင်မယ့် Horror စီးရီးအသစ်တစ်ခုကို ညွှန်းပေးချင်ပါတယ်။ စီးရီးရဲ့အမည်က Chapelwaite ဖြစ်ပြီး IT, Shining, The Mist နဲ့ Pet Sematary တို့လို ဇာတ်ကားတွေရဲ့ မူရင်းဝတ္ထုဖန်တီးသူ နာမည်ကျော်ထိတ်လန့်သည်းဖိုစာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုတိုတစ်ပုဒ်ဖြစ်တဲ့ Jerusalem’s Lot ကို မှီငြမ်းရိုက်ကူးထားတာပါ။ ကျွန်တော်တို့ရဲ့စန္ဒယားဆရာ အော်စကာဆုရှင်မင်းသားကြီး Adrien Brody ကတော့ ဒီဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင် ချားလ်စ်ဘွန်း(Charles Boone)အဖြစ် သရုပ်ဆောင်ထားပါတယ်။
(ဇာတ်လမ်းအကျဉ်း -*Spoil မပါပါ)
ငယ်စဉ်ကလေးဘဝကကြုံခဲ့ရတဲ့ အတိတ်ဖြစ်ရပ်ဆိုးကနေ ရှောင်ရှားချင်တဲ့အတွက် မိခင်ရဲ့ဆန္ဒအတိုင်း ကုန်းမြေနဲ့ဝေးရာ ပင်လယ်ပြင်မှာပဲ ဝေလငါးဖမ်းသင်္ဘောကပ္ပတိန်အဖြစ် လုပ်ကိုင်ရင်း ဘဝကိုဖြတ်သန်းနေတဲ့ ချားလ်စ်ဘွန်း(Adrien Brody)ဟာ ၎င်းရဲ့ဇနီးဖြစ်သူ သင်္ဘောပေါ်မှာပဲ ဆုံးပါးသွားပြီးနောက်မှာတော့ ကွယ်လွန်သူဇနီးသည်ရဲ့ ဆန္ဒအတိုင်း သားသမီး(၃)ယောက်နဲ့အတူ သူအမွေရထားတဲ့ မိန်းပြည်နယ်မှာရှိတဲ့ ပရီချာကော်နာမြို့လေးအနီးက ချပ်ပယ်လ်ဝိတ်(Chapelwaite)စံအိမ်ကြီးဆီကို ပြောင်းရွှေ့လာခဲ့တယ်။ ချားလ်စ်ဘွန်းကို အမွေပေးခဲ့သူကတော့ Chapelwaite စံအိမ်ကြီးရဲ့ မူလပိုင်ရှင် သူ့ရဲ့အကိုဝမ်းကွဲ စတီဖင်ဘွန်းပဲဖြစ်ပြီး စတီဖင်ကတော့ သူ့သမီးမာဆယ်လာသေဆုံးမှုကြောင့် စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာပဲဖြစ်တယ်။ ချားလ်စ်တို့မိသားစု Chapelwaite ကိုရောက်ရှိတဲ့အခါမှာတော့ ပရီချာကော်နာမြို့ကလူတွေဟာ သေဆုံးသွားကြပြီဖြစ်တဲ့ သူ့အကိုစတီဖင်နဲ့ ဦးလေးဖြစ်သူဖိလစ်ဘွန်းတို့အပေါ် အမြင်မကြည်ကြပဲ Chapelwaite အိမ်ကြီးကိုလည်း နိမိတ်မကောင်းတဲ့အိမ်ကြီးအဖြစ်သတ်မှတ်ကာ ဝေးဝေးကရှောင်ကြဉ်နေကြတာကို တွေ့လာရတယ်။ ပရီချာကော်နာမြို့ထဲမှာလည်း ထူးဆန်းတဲ့ရောဂါတစ်မျိုး ပျံ့နှံ့ဖြစ်ပွားနေပြီး အဲ့ဒီရောဂါဟာ Chapelwaite အိမ်ကြီးနဲ့ ဘွန်းမျိုးနွယ်တွေကြောင့် ဖြစ်လာတာလို့ ယူဆနေကြကာ နောက်ရောက်လာတဲ့ ချားစ်လ်တို့မိသားစုကိုပါ ဆိုးဆိုးရွားရွား ပြောဆိုဆက်ဆံတာခံကြရတယ်။ ချားစ်လ်ကိုယ်တိုင်လည်း ညဘက်တွေမှာ Chapelwaite အိမ်ကြီးရဲ့ နံရံတွေကနေပြီး ရွေ့လျားကုတ်ခြစ်သံတွေ ကြားလာရသလို နေအိမ်မြေအောက်ခန်းရဲ့ ထုပ်တန်းတွေအပေါ်မှာလည်း တီကောင်တွေအများအပြား တွဲလောင်းကျနေတာကို တွေ့ရတယ်။ ဒါ့အပြင် ချားစ်လ်ရဲ့ကလေးဘဝက ဖြစ်ရပ်တွေကပါ အိပ်မက်ဆိုးတွေအဖြစ် သူ့အပေါ် ထပ်မံခြောက်လှန့်လာတဲ့အခါမှာတော့.....
လောလောဆယ် အပိုင်း(၄)ပိုင်းထိ ပြသပြီးဖြစ်တဲ့ Ongoing စီးရီးဖြစ်ကာ Season(1)မှာ အပိုင်း(၁၀)ပိုင်း ပါဝင်မှာဖြစ်တယ်။ IMDB Rating လည်း (7.5)ထိ ရရှိထားသလို reviews တွေလည်း ကောင်းမွန်ပါတယ်။ Cinematography တွေလည်း အရမ်းမိုက်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကြည့်ပြီးသလောက်ထိတော့ တော်တော်အားရပြီး သဘောကျမိတယ်။ စီးရီးဖြစ်တဲ့အတွက် ရုပ်ရှင်ကားတွေလောက် ဇာတ်ရှိန်တက်တာမမြန်ဘူးလို့ ဆိုနိုင်ပေမယ့် ဇာတ်အိမ်ရှည်ရှည်ကိုပဲ ချောက်ချားဖွယ်ရသအပြည့်နဲ့ နောက်ဆုံးပိုင်းထိ ကြည့်ရှုသူတွေကို ခေါ်ဆောင်သွားမယ့်ပုံ တွေ့ရတယ်။ Stephen King's Fan တွေအတွက်ကတော့ The Outsider နောက်ပိုင်း ကျေနပ်အားရမှုပေးနိုင်မယ့် စီးရီးတစ်ခုဖြစ်သလို ထိတ်လန့်သည်းဖိုကိုမှကြိုက်တဲ့ ပရိသတ်တွေအတွက်လည်း မဖြစ်မနေကြည့်သင့်တဲ့ စီးရီးကောင်းတစ်ခုဖြစ်လို့ recommend ပေးလိုက်ပါတယ်။
Jacky Cheung ရဲ့ Goodbye Kiss ကို ဒီရုပ်ရှင်ရဲ့
last scene မှာ သုံးသင့်တယ်။
ကျွန်တော်လက်မခံနိုင်တဲ့ အရာတစ်ခုရှိတယ်။
ချစ်လျက်နဲ့ လမ်းခွဲတာဆိုတာ မရှိနိုင်ဘူးဆိုတာပါ။
တကယ်ချစ်ရင် ဘာပဲဖြစ်နေဖြစ်နေ ရင်ဆိုင်နိုင်ရမှာပေါ့။
ကျွန်တော် ဒီရုပ်ရှင်ကြည့်ပြီးတော့ ချစ်လျက်နဲ့လမ်းခွဲတာကို လက်ခံနိုင်ခဲ့တယ်။ လက်ခံပေးနိုင်တယ်ဆိုတဲ့စကားသုံးရင် ပိုမှန်မလားဘဲ။
တကယ်တော့ ဘဝဆိုတာ မရိုးရှင်းခဲ့ဘူး။
စာအုပ်လေးဖတ်မယ် ဆွေးနွေးမယ်။
ဂိမ်းလေးဆော့မယ်။
ရုပ်ရှင်တွေကြည့်ပြီး ငိုမယ်။ အဲ့ဒီအကြောင်းတွေကို ညလုံးပေါက်စကားတွေပြောကြမယ် ဆိုတာ အသက်ကြီးလာတဲ့အခါ အချိန်တွေ
မပေးနိုင်တော့ဘူး။ ခံစားချက်တွေထက် အခြားအရာတွေ ဦးစားပေးလာခဲ့မိကြတယ်။
အသက်ကြီးလာတော့ တာဝန်ယူမှု တာဝန်ခံမှုတွေကြားမှာ ကျွန်တော်တို့ရဲ့ နှလုံးသားတွေ ပျောက်ဆုံးကုန်ကြတယ်။ ခံစားချက်မဲ့လာခဲ့တာကို သတိမထားမိကြဘူး။
အဲ့ဒါကြောင့်
The Breakfast Club မှာ Allison Reynolds က
When you grow up , your heart dies လို့ ပြောခဲ့တာပေါ့။
ဒါပေမဲ့
ကျွန်တော်ကတော့ မသေခင်အထိ ခံစားတတ်တဲ့နှလုံးတစ်စုံ
မပျောက်မပျက်တည်ရှိချင်နေပြီး
ချစ်လျက်နဲ့ လမ်းခွဲတယ်ဆိုတာ မရှိဘူးဆိုတဲ့ အယူကို
ဆက်လက်ကိုင်စွဲထားတဲ့သူ ဖြစ်ချင်ပါသေးတယ်။