ကန်စွန်းရွက်ကို
ပုစွန်နဲ့ကင်းမွန် ချဉ်စပ်လေး ရောကြော်ထားတာပါ

ကင်းမွန်
ပုစွန်
ကန်စွန်းရွက်
ခရမ်းချဉ်သီး
ပြုတ်သီးတို့ကို အဆင်သင့်ပြင်ထား

ကြော်မယ့်အိုးထဲ ဆီနည်းနည်းပဲထည့်
ကြက်ဖြူထည့် ဆီသတ်
မွေးပီဆို ခရမ်းချဉ်သီးထည့်
ကင်းမွန်ထည့် ပုစွန်ထည့်
အရာသာထည့်
မွှေပေး..ခဏနေ ကန်စွန်းရွက်ထည့်
ငြုပ်သီးထည့်..မီးပိတ်..ရပါပီ 😊😊😊

image

ကိုက်လန်ကြော်
..........................
ကိုက်လန်တွေကို အရိုးပိုင်း အခွံခွာသင်ပြီး
အပင်လိုက်ရေဆေးထားပါ။
ပွက်ပွက်ဆူနေတဲ့ ရေထဲsec30ခန့်
ထည့်ပြုတ်ပြီး ပြန်ဆယ်ထားပါ။
ပန်းကန်တခုထဲ
ကြက်ပြုတ်ရည်(chicken stock)နှစ်ဇွန်း၊
သကြား၊ ဆားနှင့် ကော်မှုန့်အနည်းငယ်ထည့်၍
ပျစ်လာအောင်ကျိူ ပါ။
ပြီးရင် ပြုတ်ထားသောကိုက်လန်ပေါ်လောင်းချ၊၊
ကြက်သွန်ဖြူ အနည်းငယ်နှုတ်နှုတ်စင်း၍
ဆီကျက်သတ်ကာ ကိုက်လန်ပေါ်ဖြူ းပေးပါ။
ကြက်ပြု တ်ရည်အလွယ်တကူ မရှိပါက
ခရုဆီသုံးနိုင်ပါတယ်။

image

#သိပ္ပံနည်းကျ ဓမ္မရသ..(၁၁)
**************************
(#နိဗ္ဗိန္ဒဉာဏ်...သိဖို့ရန်)
နိဗိန္ဒဉာဏ်ဆိုတာ #ငြီးငွေ့ခြင်းပဲ။
ဘာကိုငြီးငွေ့တာလဲဆိုတော့ ဘဝဖြစ်နေခြင်းကို
ငြီးငွေ့တာ။.
ဒီနေရာမှာ အထူးသတိထားဖို့က ဘဝဖြစ်နေခြင်း
ထဲမှာ သုခတွေလဲ ပါနေတာကို နားလည်ရမယ်။
အဲဒီသုခတွေကိုပါ တကယ်ငြီးငွေ့လာမှ #နိဗိန္ဒဉာဏ်
လို့ခေါ်ပါတယ်။
ငြီးငွေ့ခြင်းက အခြေခံအားဖြင့် နှစ်မျိုးရှိတယ်။
တဏှာနဲ့ဒုက္ခကို ငြီးငွေ့ကြတယ်ပေါ့။ဒါက လူတွေဖြစ်နေကျပဲ။တရားကျင့်စရာ မလိုဘူး။
...တစ်မျိုးက တဏှာကို ငြီးငွေ့တာ။အဲဒါက တဏှာတစ်မျိုးကို ငြီးငွေ့လို့ နောက်တစ်မျိုးပြောင်းချင်တဲ့
သဘောပဲ။ဘဝကို ငြီးငွေ့တာ မဟုတ်ဘူး။
....နောက်တစ်မျိုးက ဒုက္ခတွေကို ငြီးငွေ့တာပေါ့။
ဆင်းရဲတွေကြောင့် ဘဝဟာ ပျော်စရာမဟုတ်ဘူးလို့
ထင်လာတာမျိုးပေါ့။
အထက်ပါ ငြီးငွေ့ခြင်း သဘောတွေကို နိဗိန္ဒလို့
မခေါ်ပါဘူး။
ကိုယ့်ခန္ဓာရဲ့ သဘာဝကို နှလုံးသွင်းပြီး အဖြစ်မှန်ကို သိပြီး၊ဒုက္ခသစ္စာအခြေခံတဲ့ ဉာဏ်ကိုမှ နိဗိန္ဒဉာဏ်လို့ ခေါ်ပါတယ်။
#ဝိပဿနာဉာဏ်
-------------------------
ဒီဉာဏ်က ဝိပဿနာဉာဏ်တွေထဲမှာ အဓိကကျတဲ့ အဆင့်တစ်ခုပဲ။ရှင်းအောင်ပြောရရင် မဂ်ဉာဏ်
အဆင့်ထိတက်ဖို့ ဒီဉာဏ်ပေါ်မှရတယ်။
ဝိပဿနာဉာဏ်စဉ်တွေထဲမှာ #နာမရူပပဋိစ္စေဒ
ဉာဏ်က အစပြုပြီး ဒီဉာဏ်ရောက်ဖို့ လိုတယ်။
(ဉာဏ်စဉ်တွေကိုတော့ စာရှည်မှာစိုးလို့ အကျယ်မရေးတော့ပါ)
လိုရင်းပြောရရင် ဘဝဖြစ်နေမှုကို ငြီးငွေ့မှသာလျှင် ဘဝချုပ်ဆုံးရာ မဂ်ဉာဏ်ပေါ်မှာပေါ့။
မိုးကုတ်ဆရာတော်ကြီးရဲ့ စကားနဲ့ဆိုရင်တော့
#ဖြစ်ပျက်မုန်း ဆိုတဲ့အဆင့်လို့ ထင်တာပဲ။
#နိဗ္ဗာန်ချမ်းသာ
------------------------
နိဗ္ဗာန်ကို ချမ်းသာနဲ့တွဲသုံးတဲ့ စကားရပ်မှာ
ချမ်းသာဟာ ရုပ်နာမ်တွေနဲ့ မဆက်စပ်ဘူးဆိုတာ
အထူးသတိပြုရမယ်။ဆိုလိုတာက နိဗ္ဗာချမ်းသာဆိုတာ ဘဝနဲ့တွဲနေတာ မဟုတ်ဘူး။
လူတွေက ချမ်းသာလို့ဆိုရင် ဘဝနဲ့တွဲတဲ့ ချမ်းသာတွေကိုပဲ အာရုံပြုတတ်တာကိုး။အဲဒီနေရာမှာ အာရုံပြုမှုလွဲနေရင် မဂ်ဉာဏ်မပေါ်နိုင်တော့ဘူး။
ဒါ့ကြောင့် အရိယာအရှင်မြတ်တွေက နိဗ္ဗာန်ဆိုတာ အာရုံပြုရတာ မဟုတ်ကြောင်း ဟောကြားထား
တာလည်း ကြားဖူးပါတယ်။
ထားပါတော့ ဒီစာဟာ နိဗ္ဗာန်အကြောင်း ခွဲခြမ်းစိတ်ဖြာဖို့ ရည်ရွယ်တာလည်း မဟုတ်ပါဘူး။
ငြီးငွေ့ခြင်း အကြောင်းကိုပဲ နားလည်လွယ်အောင်
ခွဲခြမ်းစိပ်ဖြာကြည့်ဖို့ ဖြစ်ပါတယ်။
#သုခကိုလည်း ငြီးငွေ့ရမယ်
----------------------------------------
ဘဝကိုငြီးငွေ့တယ်ဆိုတာ ဘဝထဲမှာပါနေတဲ့
သုချမ်းသာတွေကိုလည်း ငြီးငွေ့ရမယ်။ဘယ်ဉာဏ်ကို အခြေခံတာလဲဆိုရင် ခန္ဓာရဲ့ ဒုက္ခသစ္စာကို သိတဲ့
ဉာဏ်ပဲ။
ခန္ဓာဒုက္ခကို သိတယ်ဆိုတိုင်းလည်း ဒုက္ခသစ္စာသိပြီလို့ မဆိုနိုင်သေးဘူး။...ဥပမာ
ရောဂါဖြစ်လို့ ဆင်းရဲဝေဒနါ ခံစားရတာကိုသိတာက သစ္စာသိတဲ့ဉာဏ်မဟုတ်ဘူး။ သိစ္စာသိတဲ့ဉာဏ်ဆိုတာ အထူးရှုမှတ်ပြီး သိတဲ့ဉာဏ်ကိုမှ ခေါ်တာပါ။
အဲလို ခန္ဓာရဲ့သဘာဝကို အမှန်တိုင်းသိလာတဲ့အခါ
မမြဲတဲ့သဘောတွေနဲ့ အစိုးမရတဲ့သဘောတွေကြောင့် ဘဝဖြစ်ပြီး ခန္ဓာရနေခြင်းကို ငြီးငွေ့လာမယ်။
ငြီးငွေ့ပြီး ခန္ဓာမရှိခြင်းရဲ့သဘောကို ကျေနပ်လာမယ်။
သင်္ခါရတွေကနေ လွတ်မြောက်ချင်လာမယ်။
သင်္ခါနယ်ထဲက #သုခတွေဟာ ဒုက္ခတွေသာဖြစ်ကြောင်း ကိုယ်တွေ့နားလည်လာမယ်။
ဒါမျိုးတွေ ဖြစ်လာပြီဆိုမှ နိဗိန္ဒဉာဏ်ဖြစ်ပြီလို့
ဆိုနိုင်ပါတယ်။
(ဆက်လက်ရေးသားပါမည်)
#အရှင်တေဇနိယ (တောမှီရဟန်း)

image

သရဏဂုံ+ဂုဏ်တော်+ပဌာန်း ပုတီးစိပ် အဓိဌာန် 🙏🏻📿
ဒီ ပုတီးစိတ်နည်းလေး တကယ် အကျိုးထူးလို့ ထပ်ပြီး မျှဝေပေးတာပါ 🙏🏻🙏🏻🙏🏻
သေချာလေး လုပ်ကြည့်ကြပါနော် 🙏🏻🙏🏻🙏🏻
မခက်ပါဘူး တစ်ထိုင်ထဲစိတ်ရင်တောင် ၁၅မိနစ် ၂၀ မိနစ်လောက်ပဲ ကြာပါတယ် 🙏🏻🙏🏻🙏🏻
ဘဝမှာအခက်အခဲတခုခုကြုံလာရင်
အလွန် အမင်း လိုအပ် တာ တစ် ခုခု ရှိ လာ မယ်ဆိုရင် ဒီ ပုတီး လေး ကိုဆွဲ ပြီး
တနေ့ (၉)ပတ် (၉)ရက်အဓိဋ္ဌာန်ဝင်ပြီးစိပ်ကြည့်ပါ။
တထိုင်တည်း အဆင်မပြေ လျှင် ခွဲစိပ်လို့ ရပါတယ်
ဥပမာ _ မနက် ၃ပတ်
နေ့လည် ၃ ပတ်
ည ၃ ပတ်
စိပ်လို့ရပါတယ်
ပထမအကြိမ် မထူးခြားလျှင်
ဒုတိယအကြိမ် ဆက်လုပ်လိုက်ပါ
ကိုယ့်ဘဝရဲ့ ကံဇာတာတွေ
ထူးခြား လာပါလိမ့်မယ်
သရဏဂုံ + ဂုဏ်တော်+ ပဌာန်း ပုတီးစိပ်နည်း
စိပ်နည်း + အကျိုးကျေးဇူး
ပုတီးစိပ်နည်းလေးက
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ. .....ပုတီး ၁လုံး ချ
ဓမ္မံ သရဏံ ဂစ္ဆာမိ ...........ပုတီး ၁လုံး ချ
သံဃံ သရဏံ ဂစ္ဆာမိ. .....ပုတီး ၁လုံး ချ
အရဟံ...........................ပုတီး ၁လုံး ချ
သမ္မာသမ္ဗုဒ္ဓေါ ......................ပုတီး ၁လုံး ချ
ဝိဇ္ဇာစရဏသမ္ပန္နော ......................ပုတီး ၁လုံး ချ
သုဂတော ......................ပုတီး ၁လုံး ချ
လောကဝိဒူ ......................ပုတီး ၁လုံး ချ
အနုတ္တရောပုရိသဓမ္မသာရထိ ........ပုတီး ၁လုံး ချ
သထ္ထာဒေဝမနုဿ ာနံ ......................ပုတီး ၁လုံး ချ
ဗုဒ္ဓေါ...................... ပုတီး၁လုံး ချ
ဘဂဝါ.. ...................... ပုတီး ၁လုံး ချ
ဟေတုပစ္စယော.. ......................ပုတီး ၁လုံး ချ
အာရမ္မဏ ပစ္စယော ......................ပုတီး ၁လုံး ချ
အဓိပတိပစ္စယော.. ......................ပုတီး ၁လုံး ချ
အနန္တရ ပစ္စယော.. ......................ပုတီး ၁လုံး ချ
သမနန္တရပစ္စယော......................ပုတီး ၁လုံး ချ
သဟဇာပစ္စယော... ......................ပုတီး ၁လုံး ချ
အညမညပစ္စယော......................ပုတီး ၁လုံး ချ
နိဿ . ယပစ္စယော......................ပုတီး ၁လုံး ချ
ဥပနိဿ ယပစ္စယော... ......................ပုတီး ၁လုံး ချ
ပုရေဇာတပစ္စယော......................ပုတီး ၁လုံး ချ
ပစ္ဆာဇာတပစ္စယော....................ပုတီး ၁လုံး ချ
အာသေဝနပစ္စယော......................ပုတီး ၁လုံး ချ
ကမ္မ ပစ္စယော......................ပုတီး ၁လုံး ချ
ဝိပါကပစ္စယော......................ပုတီး ၁လုံး ချ
အာဟာရပစ္စယော... ......................ပုတီး ၁လုံး ချ
ဣနြ္ဒိယပစ္စယော.. ......................ပုတီး ၁လုံး ချ
စျာနပစ္စယော......................ပုတီး ၁လုံး ချ
မဂ္ဂပစ္စယော......................ပုတီး ၁လုံး ချ
သမ္ပယုတ္တ ပစ္စယော......................ပုတီး ၁လုံး ချ
ဝိပ္ပယုတ္တ.ပစ္စယော. ......................ပုတီး ၁လုံး ချ
အတ္ထိ.ပစ္စယော. ......................ပုတီး ၁လုံး ချ
နတ္ထိ.ပစ္စယော... ......................ပုတီး ၁လုံး ချ
ဝိဂတ..ပစ္စယော......................ပုတီး ၁လုံး ချ
အဝိဂတ.ပစ္စယော.. ......................ပုတီး ၁လုံး ချ
ပြီးရင်
သရဏဂုံသုံးပါးကနေ ပြန်စိပ်လိုက်ပါ။
တစ်ခေါက်လျှင် ပုတီး ၃၆ လုံးဖြစ်ပြီး သုံးခေါက်စိပ်လျှင် ပုတီးတစ်ပတ် ၁၀၈ လုံး ပြည့် ပါ ပြီ။
တစ်နေ့လျှင် ပုတီး(၉)ပါတ် နှုန်းဖြင့်
(၉)ရက် အဓိဌာန် ဝင်ကြည့်ပါ ရှင်...
ကံဇာတာတွေ ထူးခြားပြီး
ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင် ကြပါစေ🙏
မူရင်းရေးသားပူဇော်သူအားCredit ပေးပါတယ်ရှင်...
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#ဆရာမဂျုးဂျူးကံကြမ္မာဟောပြသူ 🍀
#အောင်မင်္ဂလာလိုတရဓာတ်နန်း

image

👏💖ရတနာဃရ သတ်တာဟ💖👏
🙏ပဋ္ဌာန်းအဓိပ္ပါယ် ၊ ပဋ္ဌာန်း(၂၄)ကျမ်း ၊ 🙏
💐အဘယ်ကြောင့် ပဋ္ဌာန်းမည်သနည်း။
(၁) အထူးထူး အပြားပြား ရှိသော ပစ္စည်းရှိသောကြောင့် -
(၂) အထူးထူး အပြားပြားရှိသော ဟေတု စသော
ပစ္စည်းတို့၏ အစွမ်းဖြင့် ဟောတော်မူအပ် သောကြောင့်-
(၃) ကုသိုလ်အစရှိသော တရားတို့ကို
ဟေတုပစ္စည်း အစရှိသည်တို့၏ အစွမ်းဖြင့်
ဝေဖန်ရာ ဖြစ်သောကြောင့် -
(၄) ဟေတု အာရမ္မဏ အစရှိသော (၂၄) ပစ္စည်းတို့ဖြင့်
ကုသိုလ်စသော တရားတို့ကို အကျယ်ချဲ့ဖို့ရာ
နည်းကိုရသောကြောင့် ငြိစွန်းခြင်း မရှိ
သဗ္ဗညုတဉာဏ်တော်၏ ဖြစ်ရာဖြစ်သောကြောင့် -
ပဋ္ဌာန်းမည်ပါသည်။
(ဆောင်ပုဒ်)
* ပစ္စည်းကောင်းဆိုး အမျိုးမျိုးဖြင့်
ကြောင်းကျိုးဆက်သွယ် နည်းစုံခြယ်
အံ့ဖွယ်မြတ်ပဋ္ဌာန်း။
* တရားကောင်းဆိုး အမျိုးမျိုးကို
ကြောင်းကျိုးဆက်ကာ ဝေဖန်ရာ
ထူးတာ မြတ်ပဋ္ဌာန်း။
* တရားလုံးစုံ အကုန်သိမြင်
ဘုရားရှင်၏ ဉာဏ်အသိ
တည်ရှိ မြတ်ပဋ္ဌာန်း။
(တိပိဋက ယောဆရာတော်
အရှင်သိရိန္ဒာဘိဝံသ)
👏ပဋ္ဌာန်း(၂၄)ကျမ်း 👏
1. တိက-ပဋ္ဌာန်း
တစ်ပုဒ်လျှင် ၃-မျိုးပါဝင်သည်။
ပုံစံ။ ၁ ။(က)ကုသလာ ဓမ်မာ
(ခ) အကုသလာ ဓမ္မာ
(ဂ) အဗျာကတာ ဓမ္မာ
ထို ၃- မျိုးကို အပြန်အလှန် ရောနှော၍
ဟေတု ပစ္စယော စသော ၂၄-ပစ္စည်းနှင့် ဟောသည်။
ဒီလို အပုဒ်ပေါင်း -၂၂-ပုဒ် ရှိသည်။
2. ဒုကပဋ္ဌာန်း
တစ်ပုဒ်လျှင် ၂- မျိုး ပါဝင်သည်။
ပုံစံ။ ၁ ။(က)ဟတေု ဓမ်မာ
( ခ ) န ဟေတု ဓမ္မာ
ဒီလို အပုဒ်ပေါင်း -၁၀၀-ပုဒ် ရှိသည်။
3.ဒုက-တိက ပဋ္ဌာန်း
ဒုက-၁၀၀ နှင့် တိက-၂၂ ပုဒ်ကို ရောနှော၍ ဟောသည်။
4.တိက-ဒုက ပဋ္ဌာန်း
တိက-၂၂နှင့် ဒုက ၁၀၀ ပုဒ် ကို ရောနှောသည်။
5.တိက-တိက ပဋ္ဌာန်း
တိက-၂၂နှင့်တိက-၂၂ ပုဒ်ကို ရောနှောသည်။
6.ဒုက-ဒုက ပဋ္ဌာန်း
ဒုက-၁၀၀ နှင့် ဒုက-၁၀၀ ပုဒ်ကို ရောနှောသည်။
နည်း(၄)မျိုး-
(၁) အနုလောမနည်း
- ဟေတုပစ္စယော စသည် ..........
(၂) ပစ္စနိယနည်း
- န ဟေတုပစ္စယော စသည်........
(၃) အနုလောမ ပစ္စနိယနည်း
- ဟေတုပစ္စယော န အာရမ္မဏပစ္စယော စသည်.......
(၄) ပစ္စနိယာနုလောမနည်း
- န ဟေတုပစ္စယော အာရမ္မဏပစ္စယော စသည်.......
👏 တစ်နည်း၌ တိကစသည် (၆)ကျမ်းစီ
၄x၆= ၂၄ ကျမ်းဖြစ်သည်။
🙏 ပဋ္ဌာန်း (၂၄) ကျမ်း ပုစ္ဆာ(အမေး)ပေါင်းချုပ်🙏.
၁။ တိက ပဋ္ဌာန်း ၈ ၃ ၄ ၅ ၂ ရ ၂ ၃ ၂
၂။ ဒုက ပဋ္ဌာန်း ၆ ၉ ၆ ရ ၂ ၉ ၆ ၀ ၀
၃။ ဒုက-တိက ပဋ္ဌာန်း ၄ ၅ ၉ ၈ ၄ ၁ ၅ ၃ ၆ ၀ ၀
၄။ တိက-ဒုက ပဋ္ဌာန ၁ ၆ ၆ ၉ ၀ ၅ ၄ ၄ ၆ ၄ ၀ ၀
၅။ တိက-တိက ပဋ္ဌာန်း ၅ ၂ ၅ ရ ၅ ၂ ၁ ၅ ၆ ၁ ၆
၆။ ဒုက- ဒုက ပဋ္ဌာန်း ၁ ၃ ရ ၉ ၅ ၂ ၄ ၆ ၀ ၈ ၀ ၀
ပဋ္ဌာန်း (၂၄)ကျမ်း
ပုစ္ဆာပေါင်းချုပ် ၄ ၀ ၄ ၉ ၄ ၈ ၅ ၃ ၃ ၂ ၄ ၈
👏ပုစ္ဆာများရွတ်ဆိုကြာမြင့်ချိန် (ခန့်မှန်း) - 👏
👏သိယာ ကုသလံ ဓမ္မံ ပဋိစ္စ ကုသလော ဓမ္မော
ဥပဇ္ဇေယျ ဟေတုပစ္စယာ
🍄၉ စက္ကန့်ခန့်ကြာသည်။
🌲ပုစ္ဆာပေါင်း - ၄၀၄၉၄၈၅၃၃၂၄၈ x ၉စက္ကန့်
= ၃၆၄၄၅၃၆၇၉၉၂၃၂ စက္ကန့်
🌳မိနစ်ဖွဲ့သော်
🌳၃၆၄၄၅၃၆၇၉၉၂၃၂ စက္ကန့် -:- ၆၀
=၆၀၇၄၂၂၇၉၉၈၇.၂မိနစ်
🌵နာရီဖွဲ့သော်
🌵၆၀၇၄၂၂၇၉၉၈၇.၂မိနစ် -:- ၆၀
= ၁၀၁၂၃၇၁၃၃၃.၁၂နာရီ
🌷ရက်ဖွဲ့သော်
🌷၁၀၁၂၃၇၁၃၃၃.၁၂နာရီ -:- ၂၄
= ၄၂၁၈၂၁၃၈.၈၈ရက်
🎄 နှစ်ဖွဲ့သော်
🎄၄၂၁၈၂၁၃၈.၈၈ရက် -:- ၃၆၅
= ၁၁၅၅၆၇.၅၀၃၇၈၀၈၂၁၉နှစ်
🏆ပုစ္ဆာအမေးကိုပင် (အဖြေမပါသေး)ရွတ်ဆိုချိန်မှာ
🏆 နှစ်ပေါင်း ၁သိန်း၁သောင်း၅ထောင်၅ရာ၆ဆယ်ရနှစ်
၁၈၃ရက် ၂၁နာရီ ကြာမြင့်မည်ဖြစ်သည်။
🎖အဖြေမှာ အမေးပုစ္ဆာထက်ရှည်သည်။
အကယှ၍ ဆတူဘဲ ထားပါဦး။
စုစုပေါင်း ကြာမြင့်ချိန်မှာ -
🎖 နှစ်ပေါင်း- ၂သိန်း၃သောင်း၁ထောင်၁ရာ
၃ဆယ်၅နှစ် ၂ရက် ၁၈နာရီ ကြာမြင့်မည်။
💖ဘယ်ကလောက် အံဖွယ်ကောင်းပါသနည်း။
💗သဗ္ဗညုတဉာဏ်တော်၏ အရာသာဖြစ်ပေသည်။
💖သဗ္ဗညုတဉာဏ်တော်၏ အစွမ်းသည်
—အဘယ်မျှ အံ့ဖွယ်ဖြစ်ပါသနည်း။
✍သဗ္ဗညုတဉာဏ်တော်အစွမ်းသုံးပါးကို
—အရကျက်၍ ပူဇော်ဆောင်ထားနိုင်လျှင်
—စကြာဝဠာ၌ အကြီးမြတ်ဆုံးစေတီကို
—သင့်နှလုံးသားမှာ တည်ပြီးဖြစ်ပါလိမ့်မည်။
✍ထိုအခါ သင့်၏ ဘုန်းတန်ခိုးတော်သည်လည်း
—အံ့ဖွယ်ဖြစ်ပေါ်လာပါလိမ့်မည်။
—လိုတရ နှလုံးသားကို သင်ပိုင်ဆိုင်လာလိမ့်မည်။
🙏သဗ္ဗညုတဉာဏ်တော် အစွမ်း 🙏
၁။​သိရန်မှန်က၊ မကျန်ရအောင်၊
လုံးဝစုံလင်၊ အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။
၂။​သိသည့်တရား၊ များအပြား၌၊
ဟောထားစဖွယ်၊ နည်းသွယ်သွယ်ကို၊
ခြယ်လည်စုံလင် အကုန်မြင် ၊
သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။
၃။​ကျွတ်ထိုက်ကြပေ၊ များဝေနေ၏၊
ဣန္ဒြေစရိုက်၊ သူ့အကြိုက်ကို၊
နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။
👏ဉာဏ်တော်စွမ်းပကား ဤသုံးပါးကြောင့်
အများဝေနေ ကျွတ်လွတ်စေဖို့
မနေမနား သက်တော်အားဖြင့်
ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍
ပရိနိဗ္ဗာန်စံသည့်တိုင်အောင် သယ်ယူဆောင်
ဘုန်းခေါင် ငါတို့ဘုရားတည်း။
👏ပါရမီအပေါင်း ဆင့်ဆင့်လောင်းမှ
အကောင်းဆုံးဖြစ်ပေါ်
ထိုသဗ္ဗညုတဉာဏ်တော်မြတ်၏
အစွမ်းသုံးဖေါ် အာနုဘော်ဖြင့်
ထိုထိုကိစ္စ မမှားရအောင်
နိစ္စပုံသေ ညွှန်ပြစေတော်မူပါဘုရား။
( ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ )

image

ဒေါ်နယ်ထရန့်နဲ့ ရှီကျင်းပင်တို့ ကုန်သွယ်ရေးကိစ္စ ဆွေးနွေးတော့မယ်
ဝါရှင်တန်၊ ဇွန်-၂-၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ဟာ နှစ်နိုင်ငံကုန်သွယ်ရေး ပြဿနာနဲ့ပတ်သက်ပြီး ယခုသီတင်းပတ်အတွင်းမှာ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးကြဖွယ်ရှတယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတယောက်က ပြောပါတယ်။
မေလမှာ အမေရိကန်နဲ့ တရုတ်တို့ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကုန်သွယ်ရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ထပ်ဆောင်းအခွန်ကောက်ခံမှုတွေကို ၁၁၅ ရာခိုင်နှုန်းလျှော့ချဖို့ သဘောတူခဲ့ကာ တရုတ်နိုင်ငံဟာ သဘောတူညီချက်အချို့ကို ချိုးဖောက်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမေရိကန်က စွပ်စွဲထားပါတယ်။
အရေးကြီးဓါတ်သတ္တုတွေအတွက် သွင်းကုန်အခွန်တွေနဲ့ ကုန်သွယ်ရေးကန့်သတ်ချကေတွေကို ဖြေလျော့ဖို့ နှစ်နိုင်ငံသဘောတူညီချက်ကို ချိုးဖောက်နေတာလို့ ဒေါ်နယ်ထရန့်က စွပ်စွဲထားပါတယ်။ ဒီကိစ္စကို သမ္မတရှီကျင်းပင်နဲ့ ဆွေးနွေးပြီး သဘောတူညီချက်ရမယ်လို့ ယုံကြည်ကြောင်း ထရန့်ကပြောပါတယ်။
သဘောတူညီချက်ကို တရုတ်နိုင်ငံရဲ့ ချိုးဖောက်မှုဟာ ဥရောပ၊ အိန္ဒိယတို့ရဲ့ စက်မှုထောက်ပံ့ရေးကွင်းဆက်တွေအတွက် မရှိအဖြစ်ထုတ်ကုန်တွေကို ကန့်သတ်ထားပြီး ဒါဟာယုံကြည်စိတ်ချရတဲ့ မိတ်ဖက်ကောင်း လုပ်ရပ်မဟုတ်ဘူးလို့ သူကဝေဖန်ပါတယ်။
ဒေါ်နယ်ထရန့်နဲ့ ရှီကျင်းပင်တို့ ဆွေးနွေးမယ့် နေ့ရက်ကို ထုတ်ပြန်ခြင်းမရှိပေမယ့် ကုန်သွယ်ရေးအငြင်းပွားမှုတွေကို ဆွေးနွေးမှာဖြစ်ပြီး အံ့ဩဖွယ် ဆွေးနွေးမှုများရှိလာလိမ့်မယ်လို့ အိမ်ဖြူတော်စီးပွားရေးအကြံပေး ကီဗင်ဟတ်ဆက်က ပြောပါတယ်။
Ref:CNA
Photo:Reuters

image
23 w - Translate

#ပြည်တွင်းသတင်း
◼ငလျင်ကြောင့်ပြိုကျခဲ့သည့် IBEC ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပြန်လည်ဖွင့်လှစ်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့သည့် စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် IBECဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့၌ ယာယီ ကျောင်းဆောင်များဆောက်လုပ်ပြီးစီးခဲ့ကာ ယနေ့( ဇွန် ၂ ရက်)တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ထံ မှ သိရသည်။
အဆိုပါ စာသင်ကျောင်းများသည် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော်လည်း IBEC ဆရာတော်၏ဦးဆောင်မှုဖြင့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အား အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ခဲ့ခြင်း၊ အလှူရှင်များ၏ စာသင်ကျောင်းများဆောက်လုပ်နိုင်ရန် အလှူငွေများလှူဒါန်းခဲ့ခြင်း၊ စာသင်ကျောင်းများအချိန်မီပြီးစီးရန် ကျောင်းတိုက်နေသံဃာများကိုယ်တိုင်နေ့စဉ်လုပ်အားပေးဆောက်ရွက်ခြင်းတို့ကြောင့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"လက်ရှိယာယီစာသင်ကျောင်းဆောင်တွေကို Street Structure တွေနဲ့အမြန်ဆောက်လုပ်ခဲ့တာပါ။အလှူရှင်များကလည်း ကျောင်းဆောင်တစ်စောင်ကို ငွေကျပ်သိန်း(၂၀၀)နှုန်းနဲ့ လှူဒါန်းခဲ့ကြပြီး လက်ရှိအချိန်ထိကျောင်းဆောင်(၂၂)ခု​အထိရှိပြီစီးသွားပြီ။ ဒါကြောင့်၂၀၂၅-၂၀၂၆ ပညာသင်နှစ်အမီကျောင်းဖွင့်စာသင်နိုင်တဲ့ အခြေအနေသို့ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်"ဟုအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကျောင်းဖွင့်ပွဲအခမ်းအနားအား လာမည့် ဇွန် ၃ ရက်တွင်ကျင်းပသွားမည်ဖြစ်ကာ အခမ်းအနားတွင် IBEC ဆရာတော်မှ အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ IBEC ဘင်ခရာတပ်ဖွဲ့မှ တီးမှုတ်ဖျော်ဖြေခြင်းများဖြင့်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - IBEC

image
23 w - Translate

#ပြည်တွင်းသတင်း
◼မြစ်ကြီးနားမြို့၌ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ထားဟုဆို
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၌ ရေကြီးရေလျှံမှုကြောင့် ကချင်ပြည်နယ်အစိုးရမှ ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ပေးထားကြောင်း နစက၏ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။
မိုးသည်းထန်စွာ ရွာသွန်း၍ဧရာဝတီမြစ်‌ရေမြင့်တက်မှုကြောင့် ပြီးခဲ့သည့် (မေ ၃၁ ရက်)၊ည ၉နာရီ ၂၀ မိနစ်အချိန်မှစ၍ မြစ်ကြီးနားမြို့ရှိ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူ၊ မြို့သစ်ကြီး နှင့် ရေကြည်ရပ်ကွက်များ၏ မြေနိမ့်ပိုင်းရှိ‌ နေအိမ်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သီတာတံတား၊ ကြက်ပေါင်ခြံရပ်ကွက်၊ အောင်တံတား (လယ်ကုန်း - ကြက်ပေါင်ခြံအစပ်)၊ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းအနီး၊ မနောဥပိန် တံတား (အနောက်လယ်ကုန်း - ကြက်ပေါင်ခြံအစပ်) နှင့် ကျွန်းပင်သာစက်လှေဆိပ်များတွင် ရေဘေး ရှာဖွေကယ်ဆယ်ရေးစုရပ်အဖြစ် စုစုပေါင်း နေရာ(၆)နေရာ ဖွင့်လှစ်ပြီး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် ကြက်ပေါင်ခြံ ရပ်ကွက်အတွင်း ရွှေဆုပန်ဘုန်းတော်ကြီးကျောင်း နှင့် အ.မ.က(မူလွန်)ကျောင်း၊ လယ်ကုန်းရပ်ကွက်အတွင်း အမှတ်(၁) မူလွန်ကျောင်း၊ အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း(ဇီးလွန်)၊ ရမ်ပူရပ်ကွက်အတွင်း မာမက ဘုန်းတော်ကြီးကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အောင်သဒ္ဒိဘုန်းတော်ကြီးကျောင်း နှင့် ရွှေဘိုကျောင်း၊ မြို့သစ်ကြီးရပ်ကွက်အတွင်း အောင်ဇေရန် အောင်ဘုန်းကြီးကျောင်း၊ မြေမြင့်ရပ်ကွက်၊ မြေမြင့်ဘုန်း တော်ကြီးကျောင်း အစရှိသည့်နေရာများတွင်လည်း ကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်၍ ‌ရေဘေးသင့်ပြည်သူများအား ပြောင်းရွှေ့ပေးထားကြောင်း ၊အဆိုပါ ကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စု (၈၁၀)စု၊ လူဦးရေ ၄၀၂၀ တို့အား ကူညီကယ်ဆယ်ထားပြီး စားသောက်ကုန် နှင့် ရေသန့်များ ထောက်ပံ့ပေးထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ရေက ၃၁ ရက်တည်းကကြီးတာ။ဒီနေ့အခြေအနေက ၁၂ နာရီ နောက်ပိုင်းလောက်ထိမှာတော့ ရေကဖြည်းဖြည်းချင်း ပြန်ကျနေပါတယ်။ကျွန်တော်တို့ ကချင်ပြည်နယ်ရုံးကတော့ အဖွဲ့ ၃ ဖွဲ့ ခွဲပြီး ရေအမြဲဝင်နေကြနေရာတွေကို ကယ်ဆယ်ရေးလုပ်ဖို့စောင့်ဆိုင်းနေတာအခုထိပါပဲ။နေရာတွေကတော့ အများကြီးပဲ နေရာခွဲပြီး ရပ်ကွက်ခွဲပြီးလုပ်နေတာပေါ့။စက်လှေတွေနဲ့ပစ္စည်းတွေ၊လူတွေကို ရေလွတ်တဲ့နေရာတွေကို ၃၁ ရက် ညတည်းကစပြီး ရွှေ့ပြောင်းပေးနေပါတယ်။မိုးတွင်းရောက်တိုင်း အနိမ့်ပိုင်းတွေကဖြစ်နေကြပါပဲ။ဒါပေမယ့် ဒီနှစ်ကစိုးရိမ်ရတာက မနှစ်ကရေကြီးထားတဲ့အရှိန်ရယ်၊မြစ်ဖျားဘက်မှာ ခါတိုင်းထပ်ပိုပြီး ရေကြီးတဲ့အနေအထားလေးရှိတော့ အားလုံးကစိုးရိမ်နေကြတာပေါ့။ လိုအပ်ချက်အနေနဲ့ စက်လှေ နဲ့ အသက်ကယ်အင်္ကျီကတော့ အသင်းမှာလုံလုံလောက်လောက်မရှိလို့ အပြင်က ဌားရတာရှိတယ်။အခက်အခဲကတော့ စက်သုံးဆီပေါ့။ဒီမှာက စက်သုံးဆီ စျေးတအားမြင့်တဲ့ အခက်အခဲတစ်ခုပါပဲ”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ကချင်ပြည်နယ်(မြစ်ကြီးနား)၏ ဥက္ကဌဖြစ်သူမှ စံတော်ချိန်သို့ပြောသည်။
မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ (ဇွန်လ ၂ ရက်)‌၊မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီနားမြို့၏ စိုးရိမ်ရေအမှတ် ဖြစ်သည့် (၁၂၀၀) စင်တီမီတာရှိသည့်အနက် နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ် (၁၂၁၀)သို့ စင်တီမီတာသို့ရောက်ရှိနိုင်၍ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ‌ရေဘေးလွတ်ရာသို့ ရှောင်ရှားကြရန် မိုးဇလမှ အသိပေးချက်ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-MFSD