#prawn Pizza Bread
..............................
Pizza အောက်ခံကို ရိုးရိုးပေါင်မုန့်နဲ့ လုပ်ထားတာပါ။
တစ်ယောက်တစ်ခုစာ အနေတော်လေးတွေပေါ့။
ဆီပူထိုးထားတဲ့ ပုစွန်လေးနဲ့ ပန်းငရုတ်ပွကိုပဲ Topping အဖြစ်
ရိုးရိုးလေးသုံးထားပါတယ်။

ပါဝင်ပစ္စည်းများ
......................
• ဆီပူထိုးထားသောပုစွန် - အနည်းငယ်
• ခရမ်းချဉ်သီးဆော့စ်
• ပန်းငရုတ်ပွ - အနည်းငယ်
• Mozzarella Cheese
• ငရုတ်ကောင်း
• ဆား

ပြင်ဆင်နည်း
၁။ အောက်ခံပေါင်မုန့်သားမှာ ခရမ်းချဉ်သီးဆော့စ်ကို ပုံပါအတိုင်း ခပ်ပါးပါးဖြန့်ပေးပါ။

၂။ ပုစွန်၊ ပန်းငရုတ်ပွများနဲ့ ချိစ်ကိုလည်း တင်ပေးပါ။

၃။ ငရုတ်ကောင်း၊ ဆားဖြူးကာ ၁၉ဝ ဒီဂရီအပူပေးထားသော အာဗင်တွင်
၁၅ မိနစ်ခန့် ဖုတ်လိုက်ရင်တော့ လွယ်ကူတဲ့ တစ်ယောက်စာ ဏငဖဖေ များရနိုင်ပါပြီ။

image