မေမြို့က နှင်းဆီဥယျာဉ်မှာ မင်္ဂလာညစာစားပွဲကျင်းပခဲ့တဲ့ ကျော်ကျော်နဲ့ #ဆုမြတ်နိုးဦး
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မေမြို့က နှင်းဆီဥယျာဉ်မှာ မင်္ဂလာညစာစားပွဲကျင်းပခဲ့တဲ့ ကျော်ကျော်နဲ့ #ဆုမြတ်နိုးဦး
ခရမ်းချဉ်သီးပန်ထွေဖျော် မေးထားသူအတွက်
ပန်ထွေဖျော်လုပ်ဖို့လိုတာလေးတွေက
ကိုင်းခရမ်းချဉ်သီး
ငရုတ်သီးစိမ်း
မျှင်ငပိ
ကြက်သွန်ဖြူ
ကြက်သွန်နီ
ဆား
အရသာမှုန့်
ငံပြာရည်
နံနံပင်
ကိုင်းခရမ်းချဉ်သီးနဲ့ငရုတ်သီးကို ရေဆေးပြီး အိုးတလုံး
ထဲကို ရေ၊ခရမ်းချဉ်သီး၊ငရုတ်သီး၊ကြက်သွန်ဖြူ၊ဆား
အရသာမှုန့်၊ငံပြာရည်၊မျှင်ငပိထည့်ပြီး ပြုတ်ပါ။ရေကို
အများကြီးထည့်ဖို့ မလိုပါ။သောက်ရေခွက်တခွက်စာ
လောက်ဆိုရပါပြီ။ခရမ်းချည်သီးနူးရင်တော့ အအေးခံထားပါ။အိုးထဲမှာ ပြုတ်ထားတဲ့အရည်ကျန်ရပါ
မယ်။အေးသွားရင် ခရမ်းချဉ်သီးကို အခွံခွာပါ။ခွာပြီးရင်
စဉ့်တီတုံးသန့်သန့်အပေါ်မှာ ခရမ်းချဉ်သီးတွေကို စင်းပါ
ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထောင်းပါ။ထောင်းထားတဲ့အထဲကို ခရမ်းချည်သီးထည့်ထောင်းပါ။ပြုတ်ထားတဲ့အရည်တွေကိုထည့်ပါ။နံနံပင်ညှပ်ထည့်ပါ။ကြက်သွန်နီပါးပါးလှီး
ထည့်ပါ။အရသာမြည်းပါ။လိုရင် ငံပြာရည်လေးထပ်
ထည့်ပါ။
ဒါဆို ထမင်းမြိန်တဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်လေးရပါပြီ
🥔 အာလူးမဆလာ အစပ်ကြော် 🥔
*********************************
စားဖူးသူတိုင်း အကြိုက်တွေ့စေရမယ့်
အာလူးမဆလာ အစပ်ကြော်နည်းလေး တင်ပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
**************
၁- အာလူး ( ပြုတ်ပီး ထောင်းထားပါ )
၂- ကြက်သွန်နီ ( နုတ်နုတ်စင်းထားပါ )
၃- ငရုတ်သီးစိမ်း ( ပါးပါးလှီးထားပါ )
၄- ကြက်ဥ ( ခေါက်ထားပါ )
၅- ကော်မှုန့်
၆- မဆလာ
၇- ဟင်းခပ်မှုန့်
၈- ဆား
ပါဝင်ပစ္စည်း ၈ မျိုးကို ရောနယ်လိုက်ပီး
အရသာစပ်ပီး မြည်းကြည့်ပါ။
ပီးရင် နှစ်သက်ရာ အရွယ်လုံး၍
ဆီပူပူထဲထည့်၍ မီးအားပြင်းပြင်းနဲ့ ကြော်ပါ။
နီရဲလာရင် ဆယ်ပြီး
ဆီစစ်စက္ကူပေါ်တင်၍ ဆီစစ်ပီးနောက်
ပူပူနွေးနွေး စားသုံးပါလေ။
မှတ်ချက်
********
အာလူး ၃၀ သား မှ ကြက်ဥ ၁ လုံးသာထည့်ပါ။
အာလူး နည်းနေရင် ခေါက်ထားတဲ့ကြက်ဥကို
တဝက်လောက်သာ ထည့်ပါ။
နောက်ဆုံးမှ ကော်မှုန့်ကို လုံးကောင်းရုံမျှ ထည့်နယ်ပေးပါ။
ပီးမှ လိုသလို အရွယ်အစားလေး လုံးပေးပီး ကြော်ပါ။
အာလူး ၃၀ သား
ကွကျဥ ၁ လုံး
ကော်မှုန့် ထမင်းစားဇွန်း ၃ ဇွန်းဆို ရပါပြီ။
ကြက်ကလယ်ချက်
စီပီကြက်နဲ့ချက်တယ်
ကြက်သားတွေကိုတုံးပြီးဆားနနွင်းနယ်ထား
ကြက်သွန်ဖြူကြက်သွန်နီဂျင်းငရုတ်သီးတို့ကို
ညက်အောင်ထောင်းပြီးဆီသပ်
နွမ်းရင် ဇီယာစေ့လှော်ထောင်း ကရဝေးရွက်
လေးညှင်းပွင့်ထောင်း တွေထည့်ကြော်
မွှေးလာရင်ကြက်သားတွေထည့်ချက်
ရေကိုလိုမှထည့်
ဒီအတိုင်းဆီနဲ့ချက်လည်းကျက်တယ်
မီးမများစေနဲ့
နူးလို့ဆီပြန်မှဂေါ်ရင်ဂျီမဆလာနဲ့ငရုတ်သီးအလှော်မှုန့်ထည့်တယ်
စပ်စပ်မွှေးမွှေးအရသာရှိတယ်
ချဉ်ပေါင်မျှစ်ကြော်
ချဉ်ပေါင်ရွက်တွေကိုအိုးထဲထည့်ရေအနည်းငယ်ထည့်ပြီးကြေသွားအောင်အရင်မွှေပါ
ပြီးရင်ထွက်လာတဲ့ရေတွေသွန်ပြီးစစ်ထားပါ
ကြက်သွန်ဖြူကြက်သွန်နီငရုတ်သီးတို့ကို
မညက်တညက်ထောင်းပြီးဆီသပ်ပါ
နွမ်းရင်စိမ်းစားငပိနဲ့ပုစွန်ခြောက်မှုန့်ထည့်ကြော်ပါ
မွှေးလာရင်မျှစ်တွေအရင်ထည့်ကြော်ပါ
မျှစ်ကြော်နံ့မွှေးလာမှ
ချဉ်ပေါင်တွေထည့် ငန်ပြာရည်ထည့်ပြီး
ကြာကြာလေးမွှေကြော်ပါတယ်
ငရုတ်သီးစိမ်းအုပ်ပါတယ်
ငါးခြောက်မွှသုပ်စပ်စပ်လေး
ငါးခြောက် (အသားခြောက်) ကို ရေနှစ်ရေလောက် ပြုတ်လိုက်တယ်
ငြုပ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို လှော်ထားတယ်
လှော်ထားတဲ့ ငြုပ်သီးစိမ်း ကြက်သွန်ဖြူနဲ့ ငြုပ်သီးအလှော်မှုန့် တို့ကို ထောင်းတယ်
ပြုတ်ထားတဲ့ ငါးခြောက် နဲ့ အကုန်ရောပြီးထောင်းလိုက်တယ်
အရသာ လိုသလိုထည့်ပါ
ပြီးရင် သံပုရာသီးလေးစမ်းပြီးစား 😋
ဆားဘဲဥသုပ်
ဆားဘဲဥဆိုတာ ဘဲဥကို ဆား ၁ပုံ ရေ၃ပုံ နဲ့ရောပြီး အလုံပိတ်ဗူးထဲ တစ်လခွဲလောက် စိမ်ပြီးနောက်မှာ ရလာတဲ့ ဘဲဥပါ။ စားကောင်းတဲ့ ဘဲဥလေးမို့ ခနခနသုပ်စားဖြစ်တယ်။ ကြက်သွန်နီ နံနံပင် ငရုတ်သီးစိမ်း ဆားဘဲဥတို့ကို ပါးပါးလှီး ဆီ ကြက်သားမှုန့် ထည့် အပေါ်ကနေ သံပုရာရည်လေးရွဲရွဲလေးဆမ်းပြီး ထမင်းပူပူလေးနဲ့ စားရင် လွှန်ကောင်းတဲ့ ဆားဘဲဥသုပ်လေးပါ။