1 w - Translate

၁၉၉၉ ခုနှစ်တုန်းက Shigetaka Kurita ဟာ ကမ္ဘာပေါ်ကဆက်သွယ်ရေးပုံစံကို တိတ်တဆိတ်ပြောင်းလဲစေမဲ့ အရာတစ်ခုကို မိတ်ဆက်ခဲ့ပါတယ် အဲဒါကတော့ emojis တွေဘဲဖြစ်ပါတယ်
ဂျပန်နိုင်ငံရဲ့ အစောပိုင်း မိုဘိုင်းအင်တာနက်ပလက်ဖောင်းမှာ ဒီဇိုင်နာတစ်ယောက်အနေနဲ့ အလုပ်လုပ်နေတဲ့ Kurita ဟာ စကားလုံးအများကြီးမသုံးဘဲ သုံးစွဲသူတွေရဲ့ စိတ်ခံစားမှုနဲ့ အိုင်ဒီယာတွေကို ဖော်ပြနိုင်မယ့် ရိုးရှင်းတဲ့နည်းလမ်းတစ်ခုကို ဖန်တီးချင်ခဲ့ပါတယ် သူဟာ အသည်းပုံ၊ မျက်နှာပုံ၊ ရာသီဥတုပုံစံနဲ့ သင်္ကေတတွေပါဝင်တဲ့ 12x12-pixel icon တစ်ခုကို ဒီဇိုင်းထုတ်ခဲ့ပါတယ်
ဒီကနေ့ခေတ်မှာတော့ emojis တွေဟာ ဘာသာစကားအတားအဆီးတွေကို ကျော်လွန်ပြီး ကမ္ဘာတစ်ဝန်းက ဘီလီယံနဲ့ချီတဲ့လူတွေ အပြန်အလှန်အသုံးပြုနေကြပါပြီး ရယ်မောနေတာဖြစ်စေ၊ ငိုကြွေးနေတာဖြစ်စေ ဒါမှမဟုတ် လှောင်ပြောင်နေတာဖြစ်စေ စိတ်ခံစားချက်နဲ့ ကိုက်ညီတဲ့ emoji တစ်ခုတော့ ရှိနေပါလိမ့်မယ်
ဆယ်စုနှစ်နှစ်ခုကျော်ကြာပြီးနောက် အခုဆိုရင် အဲဒီပုံလေးတွေဟာ ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး အသုံးပြုနေကြပါတယ်
#knowledge #ဗဟုသုတ

image