တံခါးနောက်ကကောင်ကလေး (၂၀၂၀)
လက်မလွှတ်ဘဲ ကြည့်သင့်တဲ့ကားလို ညွှန်းချင်ပါတယ်။ ရုပ်ရှင် ရဲ့ စွန့်စားခန်းတွေ၊ နောက်ခံတီးလုံးတွေ၊ လျပ်တပြတ်ဇာတ်ဝင်ခန်းတွေကြောင့် ဇာတ်လမ်းအဆုံးအထိ ထိုင်ရာမထကြည့်ရှုရမယ့် ကားကောင်းလေးပါ။ ခရမ်းချဉ်သီးကစလို တခြား rating တွေကလည်း အကောင်းဆုံးအမှတ်ပေးထားတော့ ဒေါင်းကြည့်လို မမှားတဲ့ကားကောင်းလေးပါခင်ဗျာ။ ရုပ်ရှင် မှာ ကလေးဇာတ်ဆောင်နှစ်ယောက်ကိုပဲ အဓိကထားပြီး ရိုက်ကူးထားပါတယ်။ ကလေးနှစ်ယောက်ကလည်း ရုပ်ရှင် ရိုက်တာနဲ့မတူပဲ သူတိုတကယ်ကြုံတွေ့ရသလို သရုပ်ဆောင်ပိုင်နိုင်ကြပါတယ်။ ဘော်ဘီ နဲ့ ကယ်ဗင် တိုက အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ သူတိုနှစ်ယောက် ပြန်ပေးဆွဲခံရပေမယ့် ဘော်ဘီ ကတော့ ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ အပြင်ကို ရောက်ပြီးမှ ကယ်ဗင် ရဲ့ “ကယ်ကြပါဦး” ဆိုတဲ့အသံကို ကြားပြီးတဲ့နောက်မှာ ဘော်ဘီ ရဲ့ခြေလှမ်းတွေက ဘယ်ကို ဆက်ဦးတည်မှာလဲ။ ကယ်ဗင် ကရော တကယ်အဆင်ပြေရဲ့လား
