သက်ဆင်၏ ရန်ဘက် ပြန်ပေါ်လာ

ဒီဇင်ဘာ ၂

ထိုင်းနိုင်ငံတွင် တစ်ချိန်က ဩဇာကြီးမားခဲ့သည့် နိုင်ငံရေးအုပ်စုဖြစ်သည့် ပြည်သူ့ဒီမိုကရေစီမဟာမိတ် (PAD) အဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သည့် ဆွန်ဒီ လင်မ်သွန်ကူလ် (Sondhi Limthongkul) သည် အစိုးရအတိုက်အခံ တစ်ဦးအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

အသက် ၇၇ နှစ် အရွယ်ရှိပြီဖြစ်သည့် ဆန္ဒပြ ခေါင်းဆောင်ဟောင်း ဆွန်ဒီက လက်ရှိဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) လက်ထက်တွင် အားနည်းချက် အများအပြားရှိကြောင်း ထောက်ပြခဲ့သည်။

ပေတုန်တန် အစိုးရအဖွဲ့သည် အမျိုးသားရေး အကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင်နေခြင်း မရှိကြောင်းလည်း ဆွန်ဒီက ဝေဖန်ခဲ့သည်။

ဆွန်ဒီက သူသည် ကမ္ဘောဒီးယားနှင့် ထိုင်းအကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာနှင့် ပတ်သက် ပြီး အစိုးရထံမှ ရှင်းလင်းတင်ပြချက်များကို တောင်းခံရန် ဒီဇင်ဘာ ၉ ရက်တွင် အစိုးရအိမ်တော်သို့ သွားရောက် မည်ဟု ပြောကြားခဲ့သည်။

ထိုနားလည်မှု စာချွန်လွှာကို သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) လက်ထက် ၂၀၀၁ ခုနှစ်က လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး ထိုနားလည်မှု စာချွန်လွှာတွင် ကမ္ဘောဒီးယားနှင့် ပင်လယ်ရေကြောင်း နယ်နိမိတ်ပိုင်ဆိုင်ရေး အငြင်းပွားမှုကို ညှိနှိုင်းဆောင်ရွက်ရန် အစီအစဉ်များ ပါဝင်သည်။

အဆိုပါ နားလည်မှု စာချွန်လွှာသည် ထိုင်းပင်လယ်ကွေ့တွင် ကမ္ဘောဒီးယား၏ ပိုင်ဆိုင်ကြောင်း ထွက်ဆိုချက်ကို လက်ခံထားသဖြင့် ထိုနေရာတစ်ဝိုက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ထိုင်းဘက်က လက်လွှတ်ဆုံးရှုံး ရနိုင်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။

အာဏာရ ဖြူးထိုင်းပါတီကမူ ၎င်းတို့၏ ရန်သူဖြစ်သည့် ဆွန်ဒီသည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုက လူအများအပြား ပါဝင်သည့် ဆန္ဒပြမှုကို ဦးဆောင်နိုင်ခဲ့သော်လည်း လက်ရှိတွင် နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲကြောင့် လူအများအပြားကို စည်းရုံးနိုင်ခြေမရှိကြောင်း ပြောကြားခဲ့သည်။

ဆွန်ဒီသည် ထိုင်းနိုင်ငံရေးလောကတွင် ၂၀၀၀ ပြည့်နှစ် အစောပိုင်းများကတည်းက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

၂၀၀၈ ခုနှစ်က ဆန္ဒပြမှုများ အရှိန်အမြင့်ဆုံး ကာလများတွင် ရှပ်ဝါဆန္ဒပြသူများသည် ဘန်ကောက်မြို့တော်ရှိ လေဆိပ်နှစ်ခုနှင့် အစိုးရအိမ်တော်တို့ကို ဝင်ရောက်စီးနင်းခဲ့သည်။

၂၀၀၉ ခုနှစ်တွင်မူ ဆွန်ဒီသည် ၎င်း၏ ရုံးခန်းအနီး ဗန်ကားထဲတွင် ရှိနေချိန်၌ လက်နက်ကိုင်များ၏ ခြုံခို တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

Source: Thai PBS World

ပုံ - အတိုက်အခံ ဆွန်ဒီကို တွေ့ရစဉ်

#centralnewsnaypyitaw

image
24 w - Translate

Red 🍒

image
24 w - Translate

Red 🍒

image
24 w - Translate

Red 🍒

image
24 w - Translate

Red 🍒

image
24 w - Translate

Red 🍒

image
24 w - Translate

Red 🍒

image
24 w - Translate

Red 🍒

imageimage
+4
24 w - Translate

ဂျာမန်အဓိပတိသည် အံ့အားသင့်ဖွယ် အလည်အပတ် ခရီးစဉ်အဖြစ် ကိယက်ဗ်မြို့သို့ ရောက်ရှိ

ဂျာမနီနိုင်ငံ အဓိပတိ Olaf Scholz သည် ၂ နှစ်ခွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ကိယက်ဗ်မြို့သို့ အလည်အပတ်ရောက်ရှိခဲ့ကြောင်း DPA သတင်းဌာနက ယနေ့ တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

ဂျာမန်အစိုးရ အကြီးအကဲသည် ယူကရိန်းနိုင်ငံသမ္မတ ဗလာဒီမာ ဇယ်လင်စကီးနှင့် တွေ့ဆုံမည်ဖြစ်သည်။ Scholz သည် ရထားဖြင့် ကိယက်ဗ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး လုံခြုံရေး အကြောင်းပြချက်ဖြင့် ၎င်း၏ ခရီးစဉ်ကို အစောပိုင်းတွင် ကြေညာခဲ့ခြင်း မရှိကြောင်း အဆိုပါ သတင်းဌာနက ဆိုသည်။

ဂျာမနီအဓိပတိသည် ယခုဒီဇင်ဘာလအတွင်းတွင် ယူကရိန်းသို့ ယူရိုသန်း ၆၅၀ တန်ဖိုးရှိ လက်နက်များ ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့ဖူးသည်။

image
24 w - Translate

ကမ္ဘာတစ်ဝန်းမှ အကူအညီလိုအပ်နေသည့် ကလေ-းသူငယ်များအား လှူဒါန်းနိုင်ရန် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများကို အပြည်ပြည်ဆိုင်ရာ ဈေးရောင်းပွဲတော်တွင် ပါဝင်ရောင်းချခဲ့

ကမ္ဘာတစ်ဝန်းမှ အကူအညီလိုအပ်နေသည့် ကလေ-းသူငယ်များအား လှူဒါန်းနိုင်ရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာဈေးရောင်းပွဲတော်တွင် မြန်မာ့ရိုးရာ အဝတ်အထည်များနှင့် လက်မှုပစ္စည်းများကို ပါဝင်ရောင်းချခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗီယင်နာအခြေစိုက် ကုလသမဂ္ဂအမျိုးသမီးများအသင်း (UNWG)က ကြီးမှူးကာ နိုဝင်ဘာ (၃၀)ရက်က ဩစတြီးယားစင်တာ၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဈေးရောင်းပွဲတော်တွင် ဗီယင်နာမြို့ရှိ မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲတော်တွင် မြန်မာသံရုံး/အဖွဲ့ရုံးသည် ဗီယင်နာမြို့အခြေစိုက် အခြားအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် အဖွဲ့အစည်းများနှင့်အတူ ကမ္ဘာ့တစ်ဝန်းရှိ အကူအညီ လိုအပ်နေသည့် ကလေ-းသူငယ်များအား လှူဒါန်းနိုင်ရန်အတွက် မြန်မာ့ရိုးရာ အဝတ်အထည်များနှင့် လက်မှု ပစ္စည်းများကို ရောင်းချခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံများအလိုက် ကမ္ဘာ့ဝတ်စား ဆင်ယင်မှုပြပွဲနှင့်ရိုးရာအကဖျော်ဖြေပွဲများတွင်လည်း ပါဝင်တင်ဆက်ပြသခဲ့ကြောင်း သိရသည်။

UNWG သည် ကမ္ဘာတစ်ဝန်းရှိ အကူအညီလိုအပ်နေသည့် အမျိုးသမီးနှင့် ကလေ-းသူငယ်များအား အကူအညီပေးအပ်ရေး အစီအစဉ်များ၊ ပညာရေးနှင့် မရှိမဖြစ်လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် ရန်ပုံငွေ ရှာဖွေပေးသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့မှ ဩစတြီးယားနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်ပူးပေါင်း၍ ဒေသတွင်းနှင့် ကမ္ဘာ့အရပ်ရပ်ရှိ လှူဒါန်းမှုများကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

image