တစ်ခါတလေမှာ ကျွန်တော်တို့ဟာ တစ်ဖက်သား တန်ဖိုးထားတာတွေကို လျစ်လျူရှုလိုက်ကြတာမျိုးတွေ ရှိတတ်ကြတယ် ။ အဲ့ဒါဟာ နှစ်ကိုယ့်တစ်စိတ် ဖြစ်နေတဲ့ သူအပေါ် ပြုမူလိုက်မိပြီဆိုရင် တစ်ဖက်သားကို အများကြီး ဝမ်းနည်း နာကျင်စေပါတယ် ။ ပျော်ရွှင်မှုရဲ့ ပုံစံတွေဟာ အမျိုးမျိုး ကွဲပြားကြပေမယ့် ချစ်တဲ့သူကြောင့် ရတဲ့ ခံစားမှုကို ပိုပြီး တန်ဖိုးထားဖို့ သေချာပေါက် လိုအပ်တယ်။ တစ်ခါတလေမှာ အချစ်ကို အကြောင်းရင်းတစ်ခုအနေနဲ့ထားပြီး ကိုယ့်ရဲ့သတ်မှတ်ချက် တန်ဖိုးထဲမှာ တစ်ဖက်သားကို ပေါင်းထည့်ဖို့ ကြိုးစားလိုက်မယ်ဆိုရင် ကျန်းမာခိုင်ခံ့တဲ့ အချစ် ဖြစ်လာမှာ မဟုတ်ပါဘူး။ ချစ်ရတဲ့ ချစ်သူကို စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တာဟာ တစ်ဖက်သားကို လုံးဝမလေးစားရာ ရောက်ပြီး ဆက်ဆံရေးကိုပါ ပျက်စီးစေတဲ့ လုပ်ရပ်ပါပဲ ။ (ဒီနေရာမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆိုရင်တော့ ပြောစရာကို မရှိတော့ပါဘူး။)
ကိုယ်တန်ဖိုးထားရတဲ့ သူကို လက်လွှတ်ရတော့မလို ဖြစ်နေပြီဆိုရင် အတတ်နိုင်ဆုံး ပြန်လည် ဖမ်းဆုပ်ရမှာပါ ။ အထင်လွှဲမှုတွေ ရှိနေပြီဆိုရင်လည်း ပြန်ဖြေရှင်းရမှာပါ ။ တစ်ခါတလေမှာ ကျွန်တော်တို့တွေဟာ ဖြေရှင်းရမယ့် နည်းလမ်းကို သိနေပေမယ့်လည်း အသုံးမပြုဘဲ နေတတ်ကြတယ် ။ အခြားသောသူတွေရဲ့ လူမှုရေးပြဿနာ ၊ စိုးရိမ်ပူပန်မှု စတဲ့ ကိစ္စတွေကို ဆွေးနွေးအကြံပေးခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်ရေး ပြဿနာဟာလည်း အလားတူ ပုံစံမျိုးပါပဲ ။ အများသူငါ အထင်ကြီးလေးစားခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အချစ်ရေးဟာလည်း အများသူငါနဲ့ ကွာခြားတာ ဘာမှမရှိပါဘူး ။
အချစ်ရေးမှာ တွေးထားတဲ့ အရာတွေထက် ကိုယ်တိုင် တွေ့ကြုံရတဲ့အရာကသာ လက်တွေ့ကျတဲ့ ကိစ္စပါ ။ အချို့သော သူတွေကတော့ ကိုယ်တိုင် သေသေချာချာ မသိပါ ဘဲ တစ်ဖက်သားရဲ့ အပြုအမူ ၊ စကားလုံး နဲ့ မျက်နှာထားတွေကို ကြည့်ပြီး အဓိပ္ပာယ် ကြီးကြီးမားမား ယူဆလိုက်တာမျိုးတွေလည်း ရှိကြတယ် ။ “အချစ်ရေးနဲ့ လူမှုဆက်ဆံရေးမှာ ကောင်းမွန်တဲ့ အနေအထားတစ်ခု တည်ဆောက်မယ်ဆိုရင် ကိုယ်တိုင်က အတွေးကို ကျယ်ကျယ်ပြန့်ပြန့် တွေးနိုင်ဖို့နဲ့ ဘယ်အရာကိုမှ စိတ်တိုင်းကျ ကျော်လွန်ပြီး ခန့်မှန်းမတွေးဆဖို့ လိုပါတယ် ။ ပြီးတော့ သံယောဇဉ်တွေ ဘယ်လောက်ပဲ ခိုင်မာအောင် တည်ဆောက်ထားပါစေ ကိုယ် မဟုတ်တဲ့ အခြားသူရဲ့ စိတ်အတွင်းကို အလုံးစုံ မသိနိုင်တာမို့ ကြိုးစားတည်ဆောက်ထားရတာတွေကို ဥပက္ခာ မပြုဖို့ လိုပါတယ် ။
” ကျွန်တော်ကတော့ ပြီးခဲ့တဲ့ ကိစ္စဖြစ်ဖြစ် ရှေ့ဆက်လုပ်ရမယ့် အရာတွေ ဖြစ်ဖြစ် ဘယ်အရာမဆို အမှားမရှိအောင် အတတ်နိုင်ဆုံး စီမံတာပဲ ။ တစ်ဖက်သားအပေါ် ကျွန်တော်ပေးနိုင်သမျှ ချစ်ခြင်းမေတ္တာကိုပေးပြီး နောင်တ သေးသေးလေးတောင် မရှိအောင် နေချင်တဲ့သူ ၊ တစ်ဖက်သားအပေါ် လေးစားတဲ့သူ ၊ ဦးစားပေးတဲ့သူ ၊ ဘယ်လိုအရာမဆို အတူ မျှဝေသွားချင်တဲ့သူပါ ။

image

"သုခမြို့တော်" ဖတ်ပြီးသွားရင် ဘဝမှာကြုံလာရမဲ့ ပြဿနာတွေ ၊ ဒုက္ခတွေအတွက် ငါ့ဒုက္ခတွေဟာ သုခမြို့တော်ထဲက ဇာတ်ကောင် ဟာစရီပါးလောက်တော့ မဆိုးသေးပါဘူးလေ လို့ပြန်တွေးရင်း ကိုယ့်ဘဝကိုယ် ဖြေသိမ့် အားတင်းလို့ရနိုင်တယ် ။
၁၉ရာစု အိန္ဒိယပြည်ခေတ်ကာလနောက်ခံနဲ့ ဇာတ်အိမ်တည်ထားတဲ့ ဝတ္ထုရှည်ကြီး ။ "သုခမြို့တော်" လို့ အမည်ပေးထားတဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုထဲက
ဆင်းရဲချွတ်ခြုံကျမှုတွေ ၊ အိန္ဒိယပြည် ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုတွေနဲ့ ကိုးကွယ်ယုံကြည်မှုတွေ ၊ စုတ်ပြတ်ညံ့ဖျင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နိမ့်ကျတဲ့လူနေမှုအဆင့်အဆန်းတွေအပြင် ကျီးကန်းတွေပါ နှလုံးကွဲသေနိုင်တဲ့ အပူချိန် ခွေးသေပုပ်တွေကစလို့ တစ်ခါတရံ
လူသေအလောင်းတွေပါ မျောပါလာနိုင်တဲ့ ရေကြီးရေလျှံမှုတွေစတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့
လူမဆန်တဲ့မြို့တော်ကြီးတစ်ခုအကြောင်းပါပဲ ။
သုခမြို့တော်ထဲက ဇာတ်ကောင် ဟာစရီပါးကရဲ့
လှည်းသန်နှစ်ခုကြား တဘဝလုံး ခက်ခဲပင်ပန်းစွာရုန်းကန်ခဲ့ရခြင်းတွေ လမ်းဘေးပလက်ဖောင်းမှာ အိပ်ရတဲ့
သူ့မိသားစုလေးအတွက် ခန္ဓာကိုယ်က သွေးကိုဖောက်ထုတ်ရောင်းချပြီး ငွေရှာခဲ့ရခြင်းတွေကစလို့ အိန္ဒိယပြည်ရဲ့
အစဥ်အလာတစ်ခုဖြစ်တဲ့ မင်္ဂလာဆောင်တွေမှာ သမီးရှင်ဘက်က သတို့သားကိုတင်တောင်းရတာကြောင့် မသေခင်ထဲကသူ့အရိုးကို စာချုပ်ချုပ်ရောင်းစားခဲ့ရတာတွေစတဲ့
စာဖတ်သူတွေရဲ့ထိလွယ်ရှလွယ် အသည်းတွေကို ရိုက်ခွဲစေမဲ့အကြောင်း တရားတွေအများအပြားပါဝင်တာပါပဲ ။
ဆင်းရဲချွတ်ခြုံကျမှုတွေ နိမ့်ကျတဲ့လူနေမှုစရိုက်တွေကြားထဲက ဆင်းရဲသားရပ်ကွက်လေးဟာ ကိုးကွယ်ရာဘာသာမတူတဲ့ လူဆင်းရဲအချင်းချင်း မေတ္တာထားကြပုံ၊ ဒုက္ခရောက်လျှင်အချင်းချင်းကူညီ စောင့်ရှောက်ကြပုံတွေကတော့ ကြည်နူးစရာပါပဲ ။ သာသနာပြုဘုန်းတော်ကြီး ကိုဗာစကီးရဲ့ ဆင်းရဲမွဲတွေမှုတွေထဲ ဝင်ရောက်နေထိုင်ပုံ လူတွေကိုကူညီကယ်ဆယ်ခဲ့ကာ မေတ္တာဓာတ်တွေမျှဝေခဲ့ပုံနဲ့ ကမ္ဘာကျော်မာသာထရီဇာရဲ့ ပရဟိတဖြတ်သန်းမှုတွေကို လေးစားစွာ ဖတ်ရှုရမဲ့စာအုပ်ကြီးပါပဲ ။
လူ့ဘဝဇာတ်ခုံပေါ်က ဆင်းရဲမွဲတေမှု နင်းပြားတွေအကြောင်း သိချင်ရင်တော့ ဒီ့ထက်ပိုပြီးပြည့်စုံတဲ့ ဝတ္ထု
မရှိနိုင်တော့တာ အသေချာပဲ ။ "သုခမြို့တော် " စာအုပ်ထဲက ကိုယ်တသက်လုံးအမှတ်ရနေမဲ့ စကားတစ်ခွန်းရှိတယ်။ အဲဲဒါက "ဘုရားဟာကျွန်တော်တို့ဆုတောင်းသံတွေကို
မကြားရတော့ဘူးထင်တယ်" တဲ့ ။
#မြသန်းတင့်
#သုခမြို့တော်

image

ဒီစာအုပ်လေးထဲမှာဆိုရင် မေတ္တာ ၊ အလင်း နဲ့ စွမ်းအား ဆိုတဲ့ ကဏ္ဍသုံးမျိုးကို တွေ့ရမှာဖြစ်ပြီး ကဏ္ဍတစ်ခုချင်းစီဟာ တစ်ဆင့်ထက် တစ်ဆင့် မြင့်လာလို့ စာဖတ်ပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် ဒီစာအုပ်ဖတ်ရတာ ကောင်းလိုက်တာ ၊ အချိန်တွေ အကျိုးရှိ ၊ တန်ဖိုးရှိလိုက်တာလို့ ခံစားရစေတယ် ။
မေတ္တာဆိုတဲ့ ကဏ္ဍမှာ မေတ္တာမျိုးစေ့တွေ စိုက်ပျိုးပြီး ကရုဏာ နဲ့ ဥပေက္ခာ အတွေး၀င်လိုက်တဲ့အခါ ခွင့်လွှတ်ခြင်းဆိုတဲ့ ငြိမ်းအေးမှုတစ်ခု ရသွားပြီး နောက်ဆုံးမှာတော့ ကိုယ့်ရဲ့စိတ်ဟာ ကိုယ့်ရဲ့ မိတ်ဆွေ ဖြစ်သွားစေတယ်ဆိုတဲ့ အချက်ကို မိမိကိုယ်ကို အတည်ပြုမိသွားစေတာကို တွေ့ရပါလိမ့်မယ် ။
အလင်းကဏ္ဍ အမှောင်တွေ အားကောင်းလာတဲ့အခါ အလင်းရောင်တွေ ဖြစ်ပေါ်လာဖို့ လိုအပ်လာတယ် ။ အလင်း‌ရောင် အားနည်းနေသေးရင်တောင် အလင်းတစ်ခုဖြစ်ပေါ်လာပြီဆိုရင် အမှောင်တွေက အလင်းကို မလွှမ်းမိုးနိုင်ဘူး မဟုတ်လား ။ ဒီအခန်းလေးကိုလည်း သေချာလေး ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် အလင်းတစ်ခုဖြစ်လာအောင် ကြိုးစားရမယ် ။ အလင်းတွေ များလာမှ အမှောင်တွေ ပျောက်ဆုံးသွားပါလိမ့်မယ် ။
အလင်းတစ်ခု ဖြစ်ပေါ်လာပြီဆိုရင် အားကောင်းတဲ့ အလင်းရောင်ဖြစ်ဖို့ စွမ်းအားတွေ လိုလာပါပြီ ။ စွမ်းအားကောင်းရင် ကောင်းသလို ပတ်၀န်းကျင်ဟာ လင်းထင်းလာပါလိမ့်မယ် ။
#မေတ္တာအလင်းနှင့်စွမ်းအား #မွန်ဟော်စီ #စာညွှန်းအိမ် #pyaearkar

image
22 w - Translate

#knowledge #ဗဟုသုတ

image
22 w - Translate

#knowledge #ဗဟုသုတ

image
22 w - Translate

#knowledge #ဗဟုသုတ

image
22 w - Translate

#knowledge #ဗဟုသုတ

image

ကြည်လင်တဲ့ ညကောင်းကင်ကို ကြည့်တဲ့အခါ ကြယ်တွေ တလက်လက် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာကို ကျွန်တော်တို့ တွေ့ရတတ်ပါတယ်။
နေဟာလည်းကြယ်တစ်လုံးပေမယ့် သူ့ဆီက လာတဲ့ အလင်းတန်းကကော ဘာကြောင့် twinkling မဖြစ်ရတာပါလဲ?
ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာ့လေထု Earth's Atmosphere ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို သိပ္ပံနည်းကျအားဖြင့် Astronimical Scintillation လို့ ခေါ်ဆိုပါတယ်။
နေအဖွဲ့အစည်းအပြင်ဘက်ကနေ လာတဲ့ ကြယ်တွေရဲ့အလင်းဟာ အလွန်ဝေးကွာတဲ့ ခရီးကို ဖြတ်သန်းလာတာ ဖြစ်ပါတယ်။နေပြီးရင် ကျွန်တော်တို့နဲ့ အနီးဆုံးကြယ်တစ်လုံးဖြစ်တဲ့ Proxima centauri ဆိုတဲ့ကြယ်တောင် အလင်းနှစ် ၄.၂ နှစ်ခန့်ကွာဝေးပါတယ်။
ဒီလို ကြယ်တွေဆီက အလင်းတန်းတွေဟာ အာကာသထဲမှာ ကျွန်တော်တို့ဆီလာတဲ့ အခါ လေဟာနယ်ထဲကိုဖြတ်လာရတာကြောင့် လွတ်လွတ်လပ်လပ် ခရီးဆန့်လာကြပါတယ်။
ဒါပေမယ့် ဒီအလင်းတန်းတွေဟာ ကျွန်တော်တို့ ကမ္ဘာရဲ့ လေထုထဲကို စတင်ဝင်ရောက်လာတဲ့အခါမှာတော့ စတင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပါတယ်။
ကျွန်တော်တို့ ကမ္ဘာ့လေထုဟာ တည်ငြိမ်တဲ့ ဖန်သားလွှာကြီးလို မဟုတ်ပဲ အပူချိန်၊ သိပ်သည်းဆနဲ့ ဖိအားတို့ မတူညီတဲ့ လေထုအလွှာပေါင်းများစွာနဲ့ ဖွဲ့စည်းထားပါတယ်။
ဥပမာအားဖြင့်၊ မြေပြင်နဲ့ နီးတဲ့ လေထုက ပိုပူပြီး အပေါ်ပိုင်းလေထုက ပိုအေးပါတယ်။ ဒီလို အပူချိန် ကွာခြားမှု (Temperature Differences) တွေကြောင့် လေထုဟာ အမြဲတမ်း လှုပ်ရှားပြောင်းလဲ နေပါတယ်။
ဒါကို ကျွန်တော်တို့ဟာ ပူနေတဲ့ ကတ္တရာလမ်းမကနေ ထွက်လာတဲ့ လေလှိုင်းတွေကြောင့် အဝေးက အရာဝတ္ထုတွေ ဝေဝါးနေတာကို ကြည့်ခြင်းဖြင့်လည်း နားလည်နိုင်ပါတယ်။
ကြယ်ကလာတဲ့ အလင်းတန်းလေးတွေဟာ ဒီလိုလှုပ်ရှားနေတဲ့ လေထုအလွှာတွေကို ဖြတ်သန်းတဲ့အခါ လေထုရဲ့ အပူချိန်နဲ့ သိပ်သည်းဆ ကွာခြားမှုတွေကြောင့် အလင်းယိုင်ခြင်း (refraction) ဖြစ်ပေါ်ပါတယ်။ လေထုရဲ့ ကွာခြားတဲ့ သိပ်သည်းဆတွေက အလင်းတန်းကို မတူညီတဲ့ ဒီဂရီတွေနဲ့ ကွေးညွှတ်စေပါတယ်။ ဒါဟာ ရေထဲမှာ ခဲတံတစ်ချောင်းထည့်ကြည့်လိုက်တဲ့အခါ ကွေးသွားသလိုမျိုးနဲ့စမ်းကြည့်လို့ရပါတယ်။
ဒီလို အလင်းယိုင်ခြင်းကြောင့် ကြယ်ရဲ့အလင်းဟာ ကျွန်တော်တို့ မျက်လုံးဆီ ဝင်ရောက်တဲ့အခါ သူရဲ့လမ်းကြောင်းက မတည်ငြိမ်တော့ပဲ အနည်းငယ်စီ ပြောင်းလဲရွေ့နေပါတယ်။
ကျွန်တော်တို့ မျက်လုံးတွေဟာ အလင်းကို အမှတ်တစ်ခုအဖြစ် မြင်ရတာကြောင့် အလင်းလမ်းကြောင်းလေး နည်းနည်းလေး တိမ်းစောင်းသွားတာနဲ့ ကြယ်က မှိန်သွားတာ ဒါမှမဟုတ် တောက်ပလာတာလိုမျိုး မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတယ်လို့ မြင်ရတာပါ။
တကယ်တမ်းတော့ ကြယ်ရဲ့အလင်းက အချိန်တိုင်း ထွက်ပေါ်နေပေမယ့် လေထုက အလင်းတန်းကို တစ်ချိန်လုံး နေရာရွှေ့ပြောင်း နေတာကြောင့်သာ ကျွန်တော်တို့က မှိတ်တုတ်မှိတ်တုတ် မြင်ရတာ ဖြစ်ပါတယ်။
နေအဖွဲ့အစည်းထဲက ဂြိုဟ်တွေကကော ဘာလို့ မမှိတ်တုတ်မှိတ်တုတ် မဖြစ်ရတာလဲ ?
အဲ့ဒါကတော့ သူတို့တွေရဲ့ အရွယ်အစား (Apparent Size) ကြောင့်ပဲ ဖြစ်ပါတယ်။
ကြယ်တွေဟာ ကျွန်တော်တို့နဲ့ အလွန်ဝေးကွာတဲ့အတွက် သူတို့ကို အလင်းအစက်ကလေးတစ်ခုလိုပဲ မြင်ရပါတယ်။
ဒါပေမယ့် ဂြိုဟ်တွေကတော့ ကြယ်တွေထက် အများကြီး ပိုနီးတာကြောင့် ကျွန်တော်တို့ မျက်လုံးအတွက် သေးငယ်တဲ့ အပြားဝိုင်း disk ပုံစံမျိုး မြင်ရပါတယ်။နေဟာလည်းကြယ်တစ်လုံးပဲဖြစ်ပေမယ့် သူ့ဆီက လာတဲ့ အလင်းတန်းဟာ ကျွန်တော်တို့နဲ့နီးနေတာရယ် အရွယ်အစားကြီးတာကြောင့် twinkle ဖြစ်နေတယ်လို့မမြင်ရတာပါ။
ဂြိုဟ်တွေ ကနေလာတဲ့ အလင်းဟာ ပိုကျယ်တဲ့ ဧရိယာကနေ လာတာဖြစ်လို့ လေထုရဲ့ လှုပ်ရှားမှုက ကြယ်တွေလောက် သိသိသာသာ သက်ရောက်မှု မရှိပါဘူး။
ဥပမာအားဖြင့်၊ အလင်းအစက်ကလေးတစ်ခု ကြယ် ကို လေထုက အလွယ်တကူ တိမ်းစောင်းနိုင်ပေမယ့် ပိုကြီးတဲ့ အပြား (ဂြိုဟ်) တစ်ခုကလာတဲ့ အလင်းတွေကိုတော့ လေထုရဲ့ လှုပ်ရှားမှုကို ပိုမို ညီညီညာညာ သက်ရောက်မှုရှိတာကြောင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်တာကို မမြင်ရပါဘူး။ ဒါကြောင့် ဂြိုဟ်တွေလတွေ ဟာ တည်ငြိမ်တဲ့ အလင်းရောင်နဲ့သာ မြင်ရပြီး မှိတ်တုတ်မှိတ်တုတ် မဖြစ်ပါဘူး။
ကြယ်အလင်းများဟာ ကမ္ဘာ့လေထုရဲ့ Troposphere, Stratosphere စတဲ့ အလွှာများစွာကို ဖြတ်သန်းလာရပါတယ်။ ဒီအလွှာတိုင်းမှာ မတူညီတဲ့ လေထုလှုပ်ရှားမှုတွေ ရှိတာကြောင့် အလင်းယိုင်မှုတွေ ပိုများစေပါတယ်။
အားကောင်းတဲ့ နက္ခတ်ကြည့်မှန်ပြောင်းတွေနဲ့ ကြည့်ရင်တောင် လေထုရဲ့ မငြိမ်သက်မှုကြောင့် ကြယ်တွေက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် နက္ခတ္တဗေဒပညာရှင်တွေဟာ ကမ္ဘာ့လေထုရဲ့ သက်ရောက်မှုကို ရှောင်ရှားနိုင်ဖို့ အာကာသထဲမှာ Hubble Space Telescope လိုမျိုး မှန်ပြောင်းတွေကို လွှတ်တင်ထားကြတာ ဖြစ်ပါတယ်။
ကြယ်တွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတယ်လို့ မြင်ရတာဟာ ကြယ်တွေရဲ့ ကိုယ်ပိုင်အလင်းကြောင့် မဟုတ်ဘဲ ကျွန်တော်တို့ ကမ္ဘာရဲ့ လေထုထဲက လှုပ်ရှားပြောင်းလဲနေတဲ့ အလင်းယိုင်မှု ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဟာ ညဘက် ကောင်းကင်မှာ မြင်ရတဲ့ လှပတဲ့ သဘာဝဖြစ်စဉ်တစ်ခုနောက်ကွယ်အကြောင်းတရား ပဲ ဖြစ်ပါတယ်။

image

🌠👽 ဂြိုဟ်သားတွေက ကမ္ဘာမြေကို ဆက်သွယ်လာတော့မလား ။
ဒီ မေးခွန်းရဲ့အဖြေကို ကယ်လီဖိုးနီးယား တက္ကသိုလ်မှာရှိတဲ့ နက္ခတ္တဗေဒ ပညာရှင်တွေကတော့ ၂၀၂၉ လောက်မှာ ဂြိုဟ်သားတွေဆီက ဆက်သွယ် အချက်ပြမှုတွေကို ရရှိနိုင်တော့မယ်လို့ ပြောလိုက်ပါပြီ။ 🚀📻
၁၉၇၂ ခုနှစ်က လွှတ်တင်ခဲ့တဲ့ " ပိုင်အိုနီးယား အမှတ် ၁၀ " အာကာသယာဉ်ကို ဂိုင်ရာ တယ်လီစကုပ် သုံးပြီး ဒေတာအချက်ပြမှုတွေကို စဉ်ဆက်မပြတ် ထောက်လှမ်းနေကြတာပါ။ ကမ္ဘာကနေ သူ့ဆီကို ရေဒီယိုလှိုင်းကတဆင့် ဒေတာအချက်အလက် နောက်ဆုံး ပေးပို့ခဲ့တာ ၂၀၀၂ /၂၀၀၃ ခုနှစ်မှာ ဖြစ်ပြီး အာကာသယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီ ဆိုပေမဲ့ အဲ့ဒီ အချက်အလက်တွေဟာ ကမ္ဘာကနေ အလင်းနှစ် ၂၇ နှစ် အကွာက ကြယ်ကြီးတလုံးဆီကိုလည်း ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ သက္ကရာဇ် ၂၃၀၀ ကျော်မှာတော့ ဒီယာဉ်က အချက်အလက်တွေဟာ ကြယ်ပေါင်း ၂၂၂ လုံးအထိ ရောက်ရှိသွားလိမ့်မယ်လို့ ခန့်မှန်းထားပြီး သက်ရှိ ဒါမှမဟုတ် ဂြိုဟ်သားတွေရဲ့ အစောဆုံး ပြန်လည်တုံံပြန်အချက်ပြမှုကိုတော့ ၂၀၂၉ မှာ ကမ္ဘာက လက်ခံရရှိလိမ့်မယ် ဆိုပါတယ်။
လက်ရှိမှာတော့ ကမ္ဘာကနေ 137.3 AU အကွာအဝေး (1AU = ကမ္ဘာနဲ့ နေအကြား အကွာအဝေး) မှာ ရှိနေပါတယ် ။ အကယ်၍သာ ဂြိုဟ်သားအဖွဲ့အစည်းတခု ရှိခဲ့ပြီး ကမ္ဘာက ပို့လိုက်တဲ့ အချက်ပြမှုတွေကို နားလည်တုံ့ပြန်ခဲ့မယ်ဆ်ုရင် သူတို့ဆီကလာမယ့် ဆစ်ဂနယ်တွေဟာ မြေကမ္ဘာကို
သိပ်မကြာတော့တဲ့အချိန်အတွင်း ရောက်လာတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် "ပိုင်အိုနီးယား အမှတ် ၁၀ " ထက် ပိုအဝေးရောက်နေတဲ့ Voyager 2 လို တခြား အာကာသစူးစမ်းရေးယာဉ်တွေကနေ တဆင့်လည်း အလင်းနှစ် ၂၄နှစ် အကွာက ဂြိုဟ်တွေ၊ ကြယ်တွေဆီက အချက်ပြမှုတွေကို ၂၀၃၃ ခုနှစ်မှာပဲ ပြန်လည် ရရှိတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Voyager 2 ဟာ ၂၃၃၆ ခုနှစ်အရောက်မှာ ကြယ်ပေါင်း ၂၇၂ လုံးကို စူးစမ်းလေ့လာဆက်သွယ်ပြီးစီးမှာ ဖြစ်ပါတယ်။ Voyager 1 ကလည်း အားကျမခံ ကမ္ဘာကြီးရဲ့ ဆက်သွယ်အချက်ပြမှုတွေကို ၂၀၄၄ ခုနှစ်မှာ ကြယ်ကြီးတလုံးဆီ ပေးပို့နိုင်မှာဖြစ်ပြီး ကြယ်ကြီးပေါ်က သက်ရှိနေထိုင်ခဲ့တယ်ဆိုရင် သူတို့ရဲ့ တုံ့ပြန်မှုကို ကမ္ဘာက ၂၁၀၉ ခုနှစ်မှာ လက်ခံရရှိမှာ ဖြစ်ပါတယ်။
မခွဲခြားနိုင်သေးတဲ့ အဖြစ်အပျက်တွေနဲ့ ဆက်မလေ့လာဖြစ်တဲ့ အရာတွေအပါအဝင် ၊ရှာဖွေတွေ့ရှိရသမျှ အချက်အလက်အားလုံးကို အဆင့်မြင့် လွှတ်တော်အမတ်တွေထံ အချိန်နဲ့တပြေးညီ လျှို့ဝှက်အစီရင်ခံဖို့ သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်မှာ ၂၀၂၃ ခုနှစ် အမျိုးသား ကာကွယ်ရေးဥပဒေပြဌာန်းလိုက်ပါတယ်။
တကယ်ပဲ တခြားဂြိုဟ်မှာ သက်ရှိတွေ တည်ရှိသလားဆိုတဲ့ အဖြေကို လူသားတွေ သက်သေနဲ့တကွ သိနိုင်တော့မလား။ ခေတ်သစ်အသိပညာကို ပြောင်းလဲစေနိုင်မယ့် အချက်ပြမှုတွေ လက်ခံရရှိတော့မလား ၊ တကယ်လို့ ဂြိုဟ်သားရှိတာ အတည်ပြုနိုင်ခဲ့ပြီဆိုရင် လူသားတွေအတွက် အနာဂတ်က ဘယ်လိုဖြစ်လာလေမလဲ။ အဖြေကို သိရဖို့ သိပ်မလိုတော့ပါဘူး။

image

အဖ သုက်ပိုး၊ အမိ မျိုးဥ၊ သားအိမ် မပါပဲ လူသန္ဓေသားလောင်းကို စတင်တီထွင်
ကမ္ဘာ့သမိုင်းတွင်သာမက သိပ္ပံပညာအတွက်ပါ ပထမဆုံးအကြိမ်အဖြစ် အစ္စရေးနိုင်ငံ ၊ ဝေ့ဇ်မန်းသိပ္ပံပညာသင်ကျောင်း၌ သုတေသနပညာရှင်များက အဖ သုက်ပိုး၊ အမိ မျိုးဥ၊ သားအိမ် ၊ မျိုးဥပြွန် ၊ လိင်ဆက်ဆံမှု၊ ပုံတူကူး ကလုန်းနည်းပညာ၊ Implant နည်းပညာ စတာတွေ ဘာတခုမှ မပါပဲ လူသန္ဓေသားလောင်းကို စတင်တီထွင်နိုင်ခဲ့ကြောင်း သိရသည်။
ထိုမျှမကသေး၊ ၄င်းသားလောင်းကို ဖန်ပြွန်ပေါင်းချောင်တခုအတွင်းထား၍ ဦးနှောက်၊ နှလုံး၊ သားဥအိတ် ကဲ့သို့ လူသားအားလုံး၏ ကနဦး ကိုယ်အင်္ဂါများကို ၁၄ ရက်အတွင်း ဖန်တီးနိုင်ခဲ့ပြီဖြစ်သည်။ ယခင်က တိရစ္ဆာန်ပုံတူပွါးမှုများ၊ လူသားမွေးဖွားခြင်းဆိုင်ရာ လေ့လာတုပမှုများ၊ သုက်ပိုးနှင့်မျိုးဥကို သားအိမ်တုအတွင်းပေါင်းစပ် မျိုးအောင်စေမှုများ ရှိခဲ့သော်လည်း ယခုလောက်ထိတော့ မည်သူမျှ မဖန်တီး(နိုင်)ခဲ့ကြသေးပေ။
ပုံတူကူး နည်းပညာမလို၊DNA ပြင်စရာမလို၊ ဗီဇကုတ် ပွါးခြင်း မလိုအပ် ပဲ ပညာရှင်များက လူသား၏ ပင်မဆဲလ် (Stem Cell) တမျိုးတည်းကိုသာ သုံးပြီး လူသားသန္ဓေသားလောင်းပုံစံကို ပီပီပြင်ပြင် ထုတ်လုပ်နိုင်ခဲ့ကြခြင်းဖြစ်သည်။ ဤနည်းလမ်းသစ်သည် ခန္ဓာကိုယ်အစိတ်အပိုင်း တည်ဆောက်မှုများအတိုင်း သဘာဝ ဖွံ့ဖြိုးမှုကို ပိုမို တိကျစွာ အတုယူထားသည်။ လူ့ခန္ဓာကိုယ်အင်္ဂါများနှင့် ခြေလက်များကို ဖြစ်ပေါ်စေသော သဘာဝတရား၏ စည်းချက်ကျပြောင်းလဲခြင်း
(symmetry)၊ ဆဲလ်အချင်းချင်း ဆက်သွယ်မှုနှင့် ခန္ဓကိုယ် အလိုအလျောက် ဖွံံ့ဖြိုးတိုးတက်လာမှု အထိ အနှစ်သာရ အစစ်တစ်ခု ဖွဲ့စည်းပုံကို အတိအကျ ဖန်တီးပေးနိုင်မှာ ဖြစ်သည်။
ပုံမှန်အားဖြင့် သားအိမ်အတွင်း မမြင်ရသော လူသား၏ ပထမဆုံးသော ၁၄ ရက် အတွင်း ဖွံ့ဖြိုးမှုကို အသေးစိတ် ကြည့်နိုင်သည့် နည်းလမ်းရှိလာပြီဖြစ်သည့်အပြင် ကိုယ်ဝန်ပျက်ကျခြင်း၊ သားအိမ်နံရံတွင် သန္ဓေသား မကပ်နိုင်ခြင်းအပြင် ၊ အချို့ကလေးတို့၏မွေးရာပါရောဂါများ (မွေးရာပါ သွေးအားနည်းခြင်း၊ ကိုယ်လက်အင်္ဂါ မစုံခြင်း၊ ပုံမှန်ထက် သန်စွမ်းမှု ထူးခြားနေခြင်း၊မွေးရာပါ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကွဲပြားနေခြင်း ကဲ့သို့သော) နောက်ကွယ်ရှိ အကြောင်းရင်းကို ဖော်ထုတ်လေ့လာနိုင်တော့မှာဖြစ်ကြောင်း သိရပါသည်။
သို့သော် သိပ္ပံ၏ တီထွင်နိုင်စွမ်း နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းမေးကြသူတချို့အပါအဝင် ဘာသာရေးခေါင်းဆောင်များ၏ အပြင်းအထန် ကန့်ကွက် ဝေဖန်မှုများအပြင် ၊ အနောက်နိုင်ငံများတွင်ပင် ဥပဒေအရ တားမြစ်ပိတ်ပင်မှုများလည်း ရှိနေပေရာ
“မလုပ်သင့်” ဟု ထင်မြင်ယူဆထားကြသူများအကြား ပဋိပက္ခ ကြီးမလာအောင် ရှောင်ရှားသည့် သဘောပေလားမသိ။ ယခု သန္ဓေသားလောင်းသည် လူသားတယောက်အဖြစ် ဆက်လက်ကြီးထွားလာမှာတော့ မဟုတ်ဟု ဆိုပါသည်။
Page ရဲ့ စာဖတ်သူတွေရော အမြင်ဘယ်လိုရှိပါသလဲ။
လူသားအစစ် နဲ့ လူသားပုံစံတူ ကြားက ကွာခြားမှုကရော ဘာတွေဖြစ်မလဲ။ တကယ်လို့ ကိုယ်သာ အဲ့လိုဖန်တီးပြီး လူဖြစ်လာရရင် ဘယ်လိုခံစားချက် ရှိမလဲ။ လူ့ကျင့်ဝတ်ရှုထောင့်ဆိုတာရော ဘာပါလဲ။ ဒီ ဖန်တီးနိုင်မှုကနေ ကောင်းကျိုးနဲ့ဆိုးကျိုး ဘာပိုများနိင်မလဲ။ ဆွေးနွေးပေးကြပါဦး။ သိပ်မကြာခင်မှာတော့ အနည်းငယ်သော နည်းပညာတိုးတက်မှုလေး ဖြစ်လိုက်တာနဲ့ ဒီတီထွင်ဖန်တီးမှုကနေ ရောဂါကုသရေးလိုနေရာမှာ သုံးမလား၊ လူ့အသက်ကို (ဖန်တီး၊ဖျက်ဆီး၊ဆွဲဆန့် တာလို) ထိန်းချုပ်ဖို့သုံးမလားဆိုတာတော့ နောက်ဆယ်စုနှစ်တွေအတွင်း အဖြေပေါ်လာတော့မှာပဲ ဖြစ်ပါတယ်။

image