"တချို့အချစ်တွေကလူချင်း
မဆုံစည်းဖြစ်ခဲ့ကြပေမယ့် ...
မချစ်ခဲ့ကြတာလားဆိုလည်းမဟုတ်ဘူး
မချစ်ကြတော့တာလည်းမဟုတ်ပြန်ပါဘူး ...
အဲ့လူဘဝထဲမှာ
တစ်စုံတစ်ယောက်ဟာတိတ်ဆိတ်စွာဖြင့်
ထာဝရ ရှင်သန်သွားတော့တာပါပဲ..."
" ကျွန်မ သိချင်လှပါရဲ့
မောင် ကျွန်မအပါးမှ ထွက်ခွာခဲ့စဉ်က
မောင့် ခြေလှမ်းတို့ နာကျင်ခဲ့သေးသလား ။
တွန့်ဆုတ်ခဲ့သေးလား ၊ ဝေခွဲရခက်ခဲ့သေးလား ။
နည်းနည်းလေးဖြစ်‌ဖြစ်လေ ။ "
" ဒါဟာ အချစ်လား မဟုတ်ပါဘူးနော်
ဒါဟာ မေတ္တာသာ ဖြစ်ပါသည် "
နှလုံးသားရဲ့အလိုဆန္ဒ ကို ဦးနှောက်ရဲ့ ထိန်းချုပ်
မှုကြောင့် ရပ်တန့်ပစ်လိုက်ရတဲ့အချိန်တိုင်း
အမှတ်ရနေမိတဲ့ ဇာတ်ကောင်ဟာ
" အင်ကြင်းဝေ " တဲ့ ။
ဧရာဝတီမြစ်ရေလျှံတဲ့နေ့မှာ စတွေ့ခဲ့ကြတဲ့
ဆုံတွေ့မှုတစ်ခု ။ ချောင်းထဲကျသွားတဲ့
စာအုပ်လေးကို လိုက်ဆယ်ပေးခဲ့တဲ့ ကလေးလေး
တစ်ယောက် နဲ့ ကလေးလေးခြေထောက် ငုတ်စူးသွားလို့ စိတ်ပူခဲ့တဲ့ အသက် ၇ နှစ်ကြီးတဲ့
ကလေးမလေးတစ်ယောက် ။
မောင်သက်ဝေ နဲ့ အင်ကြင်းဝေ တဲ့ ။
"အင်ကြင်းဝေ"ဆိုတာ စိတ်ပညာကိုလေ့လာနေတဲ့ ကျောင်းဆရာမတစ်ဦးရဲ့ သမီး ။
"မောင်သက်ဝေ"လေးက အမေမရှိတော့ဘဲ ဘုန်းကြီးကျောင်းမှာကပ်နေရတဲ့ ကလေးလေး ။
ပိုးတုံးလေးကနေ လှပတဲ့လိပ်ပြာကလေး
ဖြစ်အောင် မောင်သက်ဝေ ဘဝကို ပြောင်းလဲ
ပေးချင်တဲ့ အင်ကြင်း ။ စိတ်နှလုံးသားနူးညံ့အောင် ကဗျာတွေ စာတွေပေးဖတ် ပြောပြပြီး
လူတော်လေးဖြစ်အောင် လုပ်ပေးခဲ့တဲ့ အင်ကြင်း။မောင်လေးတစ်ယောက်လို
ချစ်မြတ်နိုးစွာဂရုစိုက်ပြုစုခဲ့တဲ့ အင်ကြင်း ။
" မမ ကျနော် မမနဲ့ မင်္ဂလာဆောင်ချင်လိုက်တာ "
" မမ နဲ့ ကျနော် တစ်အိမ်တည်းနေရရင်
ကောင်းမှာပဲနော် "
အဖေရဲ့ မေတ္တာအကြင်နာကို မရခဲ့တဲ့
သက်ဝေဟာ အင်ကြင်းရဲ့ အကြင်နာတွေကို
ခံစားခဲ့ရပါတယ် ။ အဲ့ဒါကြောင့် သူ သိပ်ချစ်ရတဲ့သူဟာ မမ ။
မမ အင်ကြင်းကို တွေ့ချင်လို့ အင်ကြင်းတို့
အိမ်နားက ပွဲရုံတွေမှာ အလုပ်ဝင်လုပ်ခဲ့တဲ့
သက်ဝေ ။
" ဘာဖြစ်လို့ ဂုဏ်ရောင်လမ်းက ပွဲရုံတွေမှာ ကျွန်ခံချင်ရတာလဲဆိုရင် မမရဲ့ အိမ်ရှိလို့ပေါ့ " တဲ့လေ ။
အင်ကြင်းကို မမတစ်ယောက်ထက် ပိုပြီး
ချစ်မိခဲ့တဲ့ မောင်သက်ဝေ ။ မမဟာ သူ့အတွက်အစစအရာ ဂရုစိုက်ပေးခဲ့တော့ ပြန်ချစ်မှာပဲ
ထင်ပြီး မမဖြစ်စေချင်သလို ပညာတတ်ဖြစ်အောင် အင်္ဂလိပ်စာကျွမ်းအောင် လုပ်ခဲ့တာ ။
မောင်လေးတစ်ယောက်လို ချစ်မိရာက
သည်ထက်ပိုပြီး ချစ်မိဖို့ရာ ရှေ့ဆက်မတိုးရဲတော့တဲ့ အင်ကြင်း ။
" ကိုယ့်ထက် အသက်ငယ်တဲ့သူတွေကို
မချစ်ရဘူးတဲ့ ။ သမီးနဲ့သူဟာ မထိုက်တန်ဘူး ။ "
ပတ်ဝန်းကျင်နဲ့ ကိုယ် ကိုယ်တိုင်ရဲ့ ကန့်သတ်ချက်တွေကြားမှာ ရှေ့ဆက်မရတော့တဲ့ အဖြစ် ။
သိပ်ကို နာကျင်စရာ ကောင်းလှပါတယ် ။
မမက လာဗင်ဒါပန်းကြိုက်တယ်ဆိုလို့ လာဗင်ဒါပန်းခင်းဆီအရောက်ပို့ပေးခဲ့တဲ့ မောင်လေး ။
မောင်လေးဘဝကို မြင့်စေချင်တယ်ဆိုလို့
အမွှေးရနံ့ကုထုံးပညာရှင်ဖြစ်တဲ့အထိ မမ ဖြစ်စေချင်သလို ကြိုးစားခဲ့တဲ့ မောင်လေး ။
မေတ္တာ နဲ့ ချစ်ခြင်းကြားက အလွှာလေး ။
ဒီအလွှာလေးကို မကျော်နိုင်လို့ ရပ်တန့်လိုက်ရတဲ့ အချစ်တစ်ခုလေ ။ ဒီအဖြစ်ကို မမေ့နိုင် ဘယ်တော့မှ မမေ့ ။
ချစ်နေပေမဲ့ မေတ္တာပါလို့ ခေါင်းစဉ်းပြောင်းတပ်ပြီး နေရတာ ဘယ်လောက် အသည်းနှလုံးက နာကျင်စရာကောင်းပါလိမ့် ။ အင်ကြင်းဝေ ရဲ့ ခံစားချက်ကို ရင်နာနာနဲ့ နားလည်ခဲ့ရတာ ။
လာဗင်ဒါပန်းခင်းတွေမြင်တိုင်း ချစ်နေပေမဲ့
မဆုံဖြစ်ခဲ့ကြတဲ့ သက်ဝေ နဲ့ အင်ကြင်းတို့ကို
မြင်ယောင်နေမိတော့တာ ။
" တချို့အချစ်တွေက မဆုံစည်းခဲ့ကြပေမယ့်
မချစ်ခဲ့ကြတာ မဟုတ်ပါဘူး "
ဖတ်မိတိုင်း ရှေ့ဆက်မတိုးနိုင်တဲ့ အင်ကြင်းဝေရဲ့ အဖြစ်ကိုသိပြီး စိတ်မောခဲ့ရတာ ။ တခါတခါ အင်ကြင်းဝေရဲ့ ခံစားချက်ကို နားလည်ပြီး တခါတခါ ချစ်နေတာပဲ ပတ်ဝန်းကျင်ကို ဂရုမစိုက်နေပါနဲ့လို့ ပြောချင်နေမိတာ ။ ဒါပေမဲ့
ဒီလိုလုပ်ဖို့ကလည်း သိပ်ကို ခက်ခဲလှပါတယ် ။
" မနက်လည်းဆုံ ညလည်းဆုံ ဆုံနေရက်နဲ့လွမ်းလေခြင်း "
#ဂျူး
#ဆုံနေရက်နဲ့လွမ်းလေခြင်း
Lwin's Books Diary
Khant Hmu Lwin

image

တရားဟာ တရားအတိုင်း
အမှားဟာ အမှားအတိုင်း
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ် ။
သမိုင်းဆိုတာ နှေးချင်နှေးပြီး
မြန်ချင်လည်းမြန်တတ်တယ် ။
မီးရထားဘူတာရုံမှာ ရထားစောင့်သလို
ငါစောင့်ခဲ့တယ်။
ပါလာမလား မပါဘူးလား
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ် ။
ငါတို့နေနေသော နေ့ရက်များဟာ
အံ့ဩစရာ ။
အလိုမပြည့်ရင်းနဲ့
ထပ်၍ထပ်၍ အလိုရှိခဲ့ကြ
ဒါကြောင့် ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ် ။
ငါတို့ ကစားခဲ့ကြ
ငါတို့ ကစားကြည့်ခဲ့ကြ
ပြီး ဘာတွေဖြစ်လာမလဲ ။
အချစ်ဆိုတာမှာလည်း နစ်နာစရာရှိလာတယ်
ဘဝမှာ ဒဏ်ရာအနာတရ
အမာရွတ်တွေ ထပ်ထပ်တိုးလာတယ်။
တက်တူးထိုးဖို့လို လိုအုံးမလား
ဒါကြောင့် ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။
ဘယ်လမ်းမှမရွေးဘဲ
ဒီလမ်းကိုပဲ ရွေးခဲ့တယ်။
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။
လူတွေ အသက်ဝင်လာလို့
သွားကြ လာကြ
ကြံကြ ရှာကြ
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။
ဒီလိုနဲ့
တစ်နေ့ဟာ တစ်နေ့ပြီးတစ်နေ့
ငါတို့ဟာ တရွေ့ပြီးတရွေ့ရွေ့
ငါတို့ဟာ တငွေ့ငွေ့။
ငါတို့ဟာ
ဘယ်ရထားမှာ လွဲခဲ့လဲ
တစ်ခါလွဲရင်
နှစ်ပေါင်း ဘယ်လောက်ကြာတတ်လဲ
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။
တစ်ရက်ကို
ငါဘာလို့မစောင့်နိုင်ရမှာလဲ
မီးလျှံလို ကြိုးတန်းမှာ
လိမ်ညှစ်ထားတဲ့ အဝတ်လို
ပျောက်ဆုံးနေသော အရာလို
ငါ စောင့်ခဲ့တယ်
ခင်ခင်ပျိုရေ ငါ စောင့်ခဲ့တယ် ။
ကိုယ်ကသာ ပြောစရာရှိပြီး
သူက ပြောစရာမရှိသော
ယတိပြတ်မှုကို
ငါ ချိန်းခဲ့ပါတယ်
ငါ စောင့်ခဲ့ပါတယ် ။
#အောင်ချိမ့် #မင်းကအောင်ချိမ့်လား

image

“ချစ်ခြင်းဟာ…
အိမ်ပြန်လာတဲ့ အမျိုးသားချည်းပဲရှိလို့
ပြည့်စုံသွားမှာ မဟုတ်ဘူး ။
စောင့်ကြိုတဲ့ အမျိုးသမီးချည်းပဲ ရှိလို့လည်း
ရုပ်လုံးပေါ်လာမှာ မဟုတ်ပါဘူး။
အိမ်ပြန်လာတဲ့ အမျိုးသားကို
စောင့်ကြိုတဲ့ အမျိုးသမီး ရှိနေတာကမှ
ချစ်ခြင်းမေတ္တာအတွက် လုံလောက်တဲ့
ရုပ်လုံးပေါ်မှု ဖြစ်လာမှာပါ ။
ဒါကြောင့် ချစ်ချင်သေးရင်
နှစ်ဦးနှစ်ဖက်ဆိုတဲ့ စည်းမျဉ်းကို
ဘယ်တော့မှ မမေ့ပစ်လိုက်နဲ့ “ တဲ့ ။
“ ချစ်နည်းများစွာ “ဆိုတဲ့ စာအုပ်နာမည်လေးအတိုင်း သင်ယူခဲ့ရသမျှ ပိုကောင်းမယ်လို့ထင်တဲ့ ချစ်နည်းပေါင်းများစွာကို စကားလုံးလှလှလေးတွေနဲ့ ဝေမျှထားတဲ့
စာအုပ်လေး ဖြစ်ပါတယ် ။
သို့သော် ခံယူချက်နဲ့ အတွေးအမြင်တွေဆိုတာကလည်း ကျင်လည်ရာ ဝန်းကျင်အပေါ် မူတည်သေးတာလို့ ကြားဖူးနေကျလိုပဲ ။ ကိုယ်နဲ့ကွက်တိ အံကိုက်အဆင်ပြေတဲ့ အကြံဉာဏ်တွေရှိမယ် ။ တွေးဆပြီး ပြန်ညှိရတဲ့ အကြံဉာဏ်တွေလည်း ရှိမယ် ။
အဓိကကတော့ အဲဒီလို ကိုယ်တိုင် အားတစ်ဝက်
လေ့လာမှု အားတစ်ဝက် နဲ့ ဆက်ဆံရေးကောင်းတွေဖြစ်ဖို့ တည်ဆောက်အားထုတ်ကြတဲ့အခါမှာ အထောက်အကူဖြစ်စေဖို့အတွက် ချစ်နည်းများစွာကို ရည်ရွယ်ခဲ့တာပဲ ဖြစ်ပါတယ် ။
“ တခြားသူရဲ့ အတွေ့အကြုံကနေရတဲ့ သင်ခန်းစာ ၊ ဖြေရှင်းခဲ့တဲ့ နည်းလမ်း ၊ အကြံဉာဏ်တွေကို တစ်ဆင့် မျှယူ လေ့လာတယ်ဆိုတာက ကိုယ်တိုင်ရဲ့ ပေးဆပ်ရမယ့် အရင်းအနှီးကို ခပ်ပါးပါးလေး လျှော့ချနေတာပါ “ တဲ့ ။
ချစ်နည်းများစွာကလည်း အဲဒီလို ပံ့ပိုးမှုမျိုး ပေးနိုင်ဖို့ ၊
ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ ကူညီမှုမျိုးပေးနိုင်ဖို့ မျှော်လင့်ပါတယ် ။
#ချစ်နည်းများစွာ #နေမီကျော်

image
48 w - Translate

#knowledge #ဗဟုသုတ

image
48 w - Translate

ဆွစ်ဇာလန်နဲ့ ဩစတြီးယားနိုင်ငံ ကြားမှာ တည်ရှိပြီး အယ်လ်ပိုင်းတောင်တန်းတွေနဲ့ ဝန်းရံထားတဲ့ လစ်ချ်တန်စတိန်း (Liechtenstein) လို့ခေါ်တဲ့ သေးငယ်တဲ့နိုင်ငံလေးမှာ ရာဇဝတ်မှုတွေဟာ အလွန်ကို ရှားပါးတာကြောင့် လူအများစုဟာ သူတို့ရဲ့ အိမ်တံခါးတွေကိုတောင်မပိတ်ဘဲ ဒီတိုင်းထားကြပါတယ်

ဒီနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ လူသxတ်မှုမဖြစ်ပွားခဲ့သလို အကြမ်းဖက်မှုတွေကလည်း လုံးဝနီးပါး မရှိပါဘူး ပြည်သူတွေကလည်း တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ယုံကြည်ကြပြီး သူတို့ရဲ့ အိမ်နီးချင်းတွေသာမက ရဲတပ်ဖွဲ့ဝင်တွေ နဲ့ သူစိမ်းတွေကိုပါ ယုံကြည်ကြပါတယ်

ဒါကြောင့် အကြောက်တရားတွေနဲ့ ကမ္ဘာကြီးကို ထိန်းချုပ်နေတဲ့ခေတ်ထဲမှာ လစ်ချ်တန်စတိန်းနိုင်ငံ မှာ ငြိမ်းချမ်းစွာနေထိုင်နေရတာလည်း ကံကောင်းခြင်းတစ်ခုပါ

#knowledge #ဗဟုသုတ

image
48 w - Translate

သက်တံမှာ အရောင် 7 ရောင် မက ပါဝင် ပါတယ် သက်တံ့တွေဟာ အရောင်အမျိုးအစားပေါင်း တစ်သန်း လောက်အထိရှိတဲ့ ရောင်စဉ် တစ်ခုနဲ့ ဖွဲစည်းထားတာဖြစ်ပြီး အများစုကိုတော့ လူ့မျက်စိနဲ့ မမြင်နိုင်ပါဘူး

#knowledge #ဗဟုသုတ

image
48 w - Translate

ကမ္ဘာပေါ်မှာ အကြီးဆုံးတိရစ္ဆာန်ဖြစ်တဲ့ အပြာရောင်ဝေလငါးတစ်ကောင်ဟာ တစ်ကြိမ်တည်းနဲ့ ကယ်လိုရီ သန်း ၄၈၀ ရှိတဲ့ ပမာဏကို စားသုံးနိုင်ပါတယ်

၎င်းဟာ ခရု တွေ ပုစွန်တွေလို သေးငယ်တဲ့ သတ္တဝါများစွာ စုဝေးနေတဲ့ နေရာများဆီသို့ လျင်မြန်စွာ ရွေ့လျားသွားပြီး သတ္တဝါပေါင်း အကောင်ရေ သန်း ၄၀ အထိကို တစ်ကြိမ်တည်း ပါးစပ်ဖြင့် မျိုချခြင်းဖြင့် ဒီလိုကယ်လိုရီပေါင်းများစွာကို ရရှိတာဖြစ်ပါတယ် ဒီလိုများပြားတဲ့ ကယ်လိုရီပမာဏဟာ တန် ၂၀၀ အထိ အလေးချိန်ရှိတဲ့ ဝေလငါးရဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်

#knowledge #ဗဟုသုတ

image

မမြင်ဖူးမကြားဖူးတဲ့ရှေးခေတ်အလုပ်အကိုင်များ

ဒီဆရာဝန်ကလူနာပေါင်း၂၀၀ကျော်လောက်ကိုသတ်ခဲ့တာပါ Doctor death

ဂျပန်လူသားစားကွင်းဆက်လူသတ်သမား