40 w - Translate

စိတ်အသစ်နဲ့ နေပါ
`````````````````````````

နောင်တတွေနဲ့ မနေပါနဲ့
ပြီးခဲ့တာတွေ ပြီးသွားပါပြီ။
ဒီနေ့ဟာ အသစ်ပဲ
အသစ်က ... ပြန်စပါ။
ဒီနေ့ကို စိတ်ကောင်းကောင်းနဲ့
စိတ်ချမ်းချမ်းသာသာ နေပါ။
ဒီနေ့ကို
အကောင်းဆုံးဖြစ်အောင် နေချင်ရင်
မနေ့က စိတ်မကောင်းစရာတွေကို
ပြီးခဲ့တာတွေက ပြီးပြီလို့
သဘောထားပါ ။
နေ့သစ်ကို
စိတ်သစ်နဲ့နေမယ်လို့ ဆုံးဖြတ်ပါ ။

လူတစ်ယောက်ကို ''မုန်း'' မိတာ
သူ့ကို ''ရှုံး ''သွားတာနဲ့အတူတူပဲ ။

သူတို့ထက် မသိမသာ သာနေတဲ့အခါ
မင်းကို မနာလို ဖြစ်လိမ့်မယ်။
အဆပေါင်းများစွာ သာသွားတဲ့အခါ
မင်းကို အားကျလိမ့်မယ်။
လူတိုင်းမှာ လျှောက်စရာနှစ်လမ်းရှိတယ်။
တစ်လမ်းက လျှောက်ကိုလျှောက်ရမယ့်လမ်း
နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း...

မလျှောက်မနေ
လျှောက်ကို လျှောက်ရမယ့်လမ်းကို
လှလှပပလျှောက်ပြီးမှ
ကိုယ်လျှောက်ချင်တဲ့
လမ်းကိုလျှောက်လို့ ရပါလိမ့်မယ်။

ဝိုးတဝါး ဖြစ်နေတဲ့
မနက်ဖြန်အတွက် စိုးရိမ်မနေပဲ
ရှင်းရှင်း လင်းလင်းဖြစ်နေတဲ့
ယခု အတွက်ပဲ အစွမ်းကုန်ကြိုးစား
အားထုတ်လိုက်စမ်းပါ ။

ဒါ့ကြောင့် နေ့သစ်မှာ
'' စိတ်အသစ်နဲ့နေပါ ''
သူငယ်ချင်း။

image
40 w - Translate

ဘဝမှာ ကိုယ့်အားကိုယ်ကိုးရမှာ
မကြောက်နဲ့ ။ 🙅‍♂️

သူများကို အားကိုးချင်တဲ့
စိတ်လေးဖြစ်ပေါ်နေတာကမှ
ကြောက်ဖို့ကောင်းတာပါ။

ဘဝမှာ ဆင်းဆင်းရဲရဲနဲ့
နေရမှာ ကိုမရှက်နဲ့။

စိတ်ဓာတ်တွေ
အောက်တန်းကျနေတာကမှ
ပိုရှက်ဖို့ကောင်းတာပါ။

ဘဝမှာ သူများဝေဖန်မှာကို
မကြောက်နဲ့ ။

သူများဝေဖန်မှာကို ကြောက်ပြီး
ဘာမှ မလုပ်ပဲ အချိန်တွေ
အလကားဖြစ်မှာကိုပဲ
တွေးကြောက်ပါ။

ဘဝမှာမဖြစ်နိူင်တာမရှိဘူး
ဖြစ်အောင် မလုပ်နိူင်တာပဲရှိတာပါ။
ကြိုးစားရင် အရာအားလုံးက
ဖြစ်နိူင်တာချည်းပါပဲ။

(1) ကြောက်စိတ်တွေ
(2) တွေဝေမှုတွေ
(3) ပူပန်မှုတွေနဲ့
(4) ဘဝကို မရှင်သန်ပါနဲ့
(5) လွတ်လပ်စွာ ပျံသန်းပါ။

ဘဝလေ အဟုန်မှာ
ကိုယ် ခွန်အား စိုက်ရင်
စိုက်သလောက်တော့
အမြင့်ရောက်ပါတယ်။

ဒါပေမယ့် ဘဝင်တော့မမြင့်ပါနဲ့
အကျနာ တတ်ပါတယ်။ 🌿🍀🍀

image
40 w - Translate

ဒေါသ မထိန်းနိုင်ရင်
တန်ဖိုးရှိဆုံး အရာတွေ
ဆုံးရှုံးရတတ်တယ်
ပွင့်လင်းမှု မရှိပြန်ရင်
နားလည်မှုတွေ လွဲတတ်တယ်
ဆုံးဖြ၊တ်ချက် မပြ၊တ်သားရင်
အခွင့်အရေးတွေ လက်လွှတ် ဆုံးရှုံးရတတ်တယ်
မာနချင်း ပြိုင်မိရင်တော့
ကိုယ့်အပေါ် အကောင်းဆုံးသူတွေကို ဆုံးရှုံး ရတတ်တယ်
ဘယ်သူမဆို သည်းမခံ နိုင်တော့တဲ့
တစ်နေ့တော့ လွှတ်ချတတ်ကြတာပါပဲ...
“မလုံလောက်တဲ့ လောကလူသား" 🌿🍀🍂

image
40 w - Translate

At least six people were killed and 22 injured in Kyiv overnight as Russian drone and missile attacks again rocked Ukraine's capital, Mayor Vitali Klitschko said early on Monday, describing Moscow's latest attack as "terrible."
https://abcnews.go.com/Interna....tional/6-killed-kyiv

image
40 w - Translate

LATEST: The Israel Defense Forces said in a statement posted to X on Monday morning that it detected the launch of a new barrage of ballistic missiles from Iran, urging citizens to head to safe areas and shelters.
https://abcnews.go.com/Interna....tional/live-updates/

image
40 w - Translate

One person was injured in a shooting as Oklahoma City was celebrating the Thunder winning the NBA Finals championship, police say.
https://abcnews.go.com/US/1-in....jured-shooting-downt

image
40 w - Translate

မိုးညှင်း နန့်စီးအောင်ဂိတ်မှာ စစ်ဆေးရေး တင်းကြပ်ထားလို့ ကားတွေ နှစ်မိုင်ကျော်အထိ တန်းစီပိတ်မိနေ
ဇွန် ၂၃၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ မန္တလေး - မြစ်ကြီးနား လမ်းမပေါ်၊ နန့်စီးအောင် နစက ဂိတ်မှာ စစ်ဆေးရေး တင်းကြပ်ထားလို့ လတ်တလော ကားတွေ နှစ်မိုင်ကျော်အထိ တန်းစီ ပိတ်မိနေကြောင်း ယာဉ်မောင်း တွေဆီက သိရပါတယ်။
"နန်ဆီးအောင်က ကား တအားကြပ်တယ်။ ကားတန်းကြီးနဲ့လေ။ ကျနော်တို့ မနက် ကတည်းက ရောက်တာ တရက်နဲ့ မဖြတ်နိုင်ဘူး။" လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
စစ်ဆေးရေး တင်းကြပ်နေတာကြောင့် ကားတွေက နှစ်မိုင်ကျော်ခန့် တန်းစီကာ ကြန့်ကြာ သောင်တင် နေကြရတယ်လို့ သူက ပြောပါတယ်။
"မနေ့က နဘားလမ်းဆုံမှာ လေကြောင်း ဗုံးလာကြဲတယ်။ လူတော့ မထိဘူး။ ဘုန်းကြီးကျောင်းထိသွားတယ်။" လို့ သူက ပြောပါတယ်။
ကားတွေက လေယာဉ်တက်လာတော့ တောက အဖွဲ့က အင်းတော်မှာ ပိတ်ပြီး စောင့်ထားခိုင်းပြီးတော့ လေယာဉ် ဗုံးကြဲပြီးမှ ပြန်သွားရတာလို့ သူက ထပ်ပြောပြပါတယ်။
"နန့်စီးအောင်မှာ ကား အရမ်းကြပ်နေတာ ဟုတ်တယ်။ ပိုက်ဆံလည်း အရမ်းတောင်းတယ်။ Export ကုန်မဟုတ်ပဲနဲ့ ပြည်တွင်းကုန် ရိုးရိုး စားသောက်ကုန် ကုန်စုံကို ကုန်ကား တစီးကို ၁၇ သိန်း သိန်း ၂၀ လောက်ပေးရတယ်။" လို့ နောက်ထပ် ကုန်တင် ယာဉ်မောင်း တယောက်က ပြောပါတယ်။
ရွာသာကြီး တောဘက်ထဲ တိုက်ပွဲ ဖုစ်နေလို့ မန္တလေး - ရွှေဘို လမ်း ပိတ်ထားတော့ ပတ်ပြီး သွားရလို့ ကြန့်ကြာတဲ့ အပြင် လမ်းကြောင်းတလျှောက် ဂိတ်တွေကလည်း ခါတိုင်းထက် ပိုများတာကြောင့် ကုန်ကျစရိတ်ကလည်း ပိုများနေတယ်လို့ ဆိုပါတယ်။
မန္တလေး - မြစ်ကြီးနား လမ်းမပေါ်ရှိ တချို့ လမ်းပိုင်းတွေမှာ စစ်ရေးအခြေအနေကြောင့် ပိတ်ထားလို့ ပတ်ပြီး သွားရကာ မိုးရွာရက် လမ်းဆိုးတာကြောင့် ကားတွေ မကြာခဏ ပိတ်မိ ကြန့်ကြာနေတာတွေ ဖြစ်နေကြောင်း ကုန်တင် ယာဉ်မောင်းတွေက ပြောပါတယ်။
Photo Crd# ယာဉ်မောင်း တယောက်

image
40 w - Translate

လာမည့်ရွေးကောက်ပွဲတွင် မဲပေးစက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြု၍ မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ
ဇွန်လ ၂၀ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် မှန်ကန်လွယ်ကူစေရန်နှင့် မဲမသမာမှုများ မဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် မဲပေးစက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြု၍မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲအတွက်လိုအပ်သည့် မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့်မဲပေးစက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ သယ်ယူပို့ဆောင် ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိ စေရေး စနစ်တကျသိမ်းဆည်း စီမံဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမှာဖြစ်လို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့် တစ်ခုအကြား သတ်မှတ်ကာလအတွင်း မဲပေးစက်များအား လုံခြုံစွာဖြင့် စနစ်တကျရွှေ့ပြောင်းပေးနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နည်းလမ်းများ ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌက ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးစက်များ ကိုင်တွယ်အသုံးပြုမည့် မဲရုံဝန်ထမ်းများ ဆင့်ပွားသင် တန်းပေးမည့်အစီအစဉ်များနှင့် MEVM စက်များ မြို့နယ်များသို့ ရွှေ့ပြောင်းရာတွင် ကြိုတင်စီမံထားရန် လိုအပ်သည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီး များနှင့် ကျွမ်းကျင်သူပညာရှင်များက မဲပေးစက်ကိုင်တွယ် အသုံးပြု နည်းသင်တန်းများပို့ချရေး၊ မဲပေးစက်များကို ရွေးကောက်ပွဲအပိုင်းလိုက် ရွှေ့ပြောင်းရေးဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

image
40 w - Translate

ပြည်မြိုကိုဗဟိုပြု၍ အင်အား ၃ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်

ပဲခူးတိုင်း၊ ပြည်မြိုကိုဗဟိုပြု၍ ယနေ့ ဇွန် ၂၃ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

နံနက် ၆ နာရီ ၃၂ မိနစ် ၃၃ စက္ကန့်က ပြည်မြို၏ အရှေ့ဘက်(၉)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၈ ဒသမ ၈၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၃၄)ဒီဂရီ၊ အနက်(၁၇)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကို တောင်ငူမြေငလျင်စခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

image

#နိုင်ငံတကာသတင်း
◼ အမေရိကန်တိုက်ခိုက်မှုများအား လက်တုံ့ပြန်ရန် အီရန် စဉ်းစားနေ
နျူကလီးယားအဆောက်အအုံများအားအမေရိကန်ကတိုက်ခိုက်ခဲ့မှုအတွက်အီရန်၏လက်တုံ့ပြန်မှုကို ရင်ဆိုင် ရန် ကမ္ဘာကြီးကပြင်ဆင်နေစဉ်အတွင်းအီရန်နှင့်အစ္စရေးက အပြန်အလှန် လေကြောင်းနှင့်ဒုံးကျည်ဖြင့် တိုက်ခိုက် နေကြပြီး အမေရိကန်သမ္မတ ‌ဒေါ်နယ်ထရန့်ကလည်း အီရန်တွင် အစိုးရအဖွဲ့အ ပြောင်းအလဲ ဖြစ်‌ပေါ်ရေးစိတ်ကူးကို မြှင့်တင်နေသည်။
၁၉၇၉ ခုနှစ်၊အီရန်အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း အီရန်အပေါ် အနောက်တိုင်း၏ အကြီးမားဆုံးစစ်ရေးတွင် အမေရိကန်ကအစ္စရေးနှင့်ပူးပေါင်းခဲ့ပြီးနောက်တစ်ရက်ယမန်နေ့တွင်မိမိကိုယ်ကိုယ်အစွမ်းကုန် ကာ ကွယ်သွားမည်ဖြစ်ကြောင်း အီရန်က ကြုံးဝါးခဲ့သည်။
အီရန်က ဖြစ်နိုင်ခြေရှိသော တုံ့ပြန်မှုအားလုံးကို စဉ်းစားသွားမည်ဖြစ်ကာ လက်တုံ့ပြန်မှုပြီးသည့်အချိန်အထိ သံတမန်ရေးဆီ ပြန်သွားမည်မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီက ယမန်နေ့တွင် တူရကီနိုင်ငံ၌ ရောက်ရှိနေစဉ် ပြောကြားခဲ့သည်။
အစောပိုင်းတွင်လက်တုံ့ပြန်မှုကို မစဉ်းစားရန် နှင့် ငြိမ်းချမ်းရေးရယူရန် အီရန်အား ထရန့်က ပြောကြားပြီး သို့မဟုတ်ပါက အနာဂတ်တွင် ဖြစ်ပေါ်လာမည့် တိုက်ခိုက်မှုများမှာ ပိုမိုကြီးမား၊ ပိုမိုလွယ်ကူမည်ဖြစ်ကြောင်း ထရန့် ကဆိုသည်။
အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် အီရန်၏နျူကလီးယားအဆောက်အအုံများ အားလုံး၌ ကြီးမားသော ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ထရန့်က ၎င်း၏ Truth Social လူမှုမီဒီယာ တွင် ပြောကြားသည်။
ဘန်ကာခွင်းဗုံးများအပါအဝင် တိကျမှုစနစ်ပါ လက်နက်ခဲယမ်း ၇၅ ခု အပြင် တိုမာဟော့ခ် ပဲ့ထိန်းဒုံးကျည် နှစ်ဒါဇင်ကျော်ဖြင့်နျူကလီးယားအဆောက်အအုံများအား တိုက်ခိုက်ခဲ့ကြောင်း အမေ ရိကန် ပူးတွဲ စစ်ဦး ချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
လောလောဆယ်တွင် မြေအောက် နျူးကလီးယားစခန်းများ၏ ပျက်စီးမှုအတိုင်အတာ ကို ခန့်မှန်းတွက်ချက်ရန် မဖြစ်နိုင်သေးကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ( IAEA ) အကြီးအကဲ ရာဖေးလ်ဂရော့စီ ကပြောကြားသည်။
အမေရိကန်က မတိုက်ခိုက်မီ ၎င်းတို့၏ ‌ဖော်ဒိုး မြေအောက်နျူးကလီးယားစ ခန်းမှ အဆင့်မြင့်သန့်စင်ပြီးသား ယူ‌ရေနီယံများအား အခြားနေရာသို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း အီရန် ထိပ်တန်းသတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သော်လည်း ယင်းကို အတည်မပြုနိုင်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
အမေရိကန်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တွင်လည်း ငြိမ်းချမ်းရေးအတွက်သာ နျူကလီးယားအစီအစဉ် ထားရှိ ကြောင်းပြောသည့် အီရန် က အစ္စရေးအား ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကာ တဲလ်အဗစ်မြို့တွင် အဆောက်အဦး အများအပြားပျက်စီးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။
သို့သော် အမေရိကန်၏ဒေသတွင်းစစ်စခန်းများအား ပစ်မှတ်ထားမည်၊ ရေနံတင်သင်္ဘောများ မသွားနိုင်အောင် ဟောမုဇ် ရေလက်ကြားအား လည်မျိုညှစ် ပိတ်ဆို့ထားမည် ဆိုသော ၎င်းတို့၏ အဓိကခြိမ်းခြောက်မှုများကို အီရန် က အကောင်အထည် ဖော်ခြင်းမရှိသေးပေ။
ဟောမုဇ်ရေလက်ကြားအား ပိတ်ပစ်ရေးအစီအစဉ်ကို အီရန် ပါလီမန် က အတည်ပြုထားဖြစ်ကြောင်း သိရသည်။
သို့သော်ယင်းလုပ်ရပ်များအတွက် ထိပ်သီးခေါင်းဆောင်အယာတိုလာအလီ ခါမေနီ ဦးဆောင်သော အမျိုး သားထိပ်သီးလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက် လိုအပ်ကြောင်း အီရန် Press TV သတင်းဌာနက ပြောကြားသည်။
အီရန်တွင် အစိုးရ အပြောင်းအလဲလုပ်ရန် စိတ်ကူးအကြောင်း လူမှုမီဒီယာပေါ်တွင် ရေးသားရာ၌ “ ‘အစိုးရအပြောင်းအလဲ’ ဆိုတဲ့စကားကို ပြောရတာ နိုင်ငံ‌ရေးအရမှန်ကန်တာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လက်ရှိအီရန် အစိုးရက အီရန်ကိုတစ်ဖန်ပြန်ပြီးကြီးကျယ်အောင် (MAKE IRAN GREAT AGAIN) မလုပ်နိုင်ဘူးဆိုရင် ဘာကြောင့်အစိုးရအပြောင်းအလဲ မရှိနိုင်ရမှာလဲ။ MIGA!!! ” ဟု ထရန့်က ၎င်း၏ မဲဆွယ်ပွဲကြွေးကြော်သံ နှင့် သံတူကြောင်းကွဲ သုံးနှုန်းပြောကြားခဲ့သည်။
အီရန် က ၎င်းတို့၏ ရွေးချယ်စရာများအား ချိန်ဆနေစဉ် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီသည် ယနေ့မှာပင် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် မော်စကိုမြို့တွင် ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်တိုက်ခိုက်မှုများအား ရှုတ်ချပြောဆိုခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် နျူကလီးယားလက်နက်များမပြန့်ပွားရေးစာချုပ်ကိုအားနည်းသွားစေခဲ့ကြောင်းနှင့်ပဋိပက္ခက အရှေ့ အလယ် ပိုင်း တွင် ကူးစက်နေကြောင်း ရုရှားကပြောသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image