15 ပတ် - ဘာသာပြန်ပါ။

{ နည်းစနစ်ကျ နဂါး‌မောက်‌စိုက်‌ပျိုးခြင်း }
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
( ဖတ်ကြည့်ပါ မဖတ်အားရင် ပြန်ရှယ်ထားပါ )
နဂါးမောက်သီးမှာ မြန်မာနိုင်ငံ အတွက် သစ်သီးပင် အသစ် တစ်မျိုးဖြစ်သည် ။ စျေးကွက် အလားအလာကောင်း သဖြင့်စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံ တစ်မျိုးဖြစ်ပါသည်။
အသီး ပုံသဏ္ဍာန်နှင့် အသီးအခွံ အရောင်(အနီနှင့်ပန်ရောင်) မှာ ဆွဲဆောင်မှု ရှိသဖြင့် အိမ်နှင့် စားသောက်ဆိုင်များပန်းခြံများတွင် အလှပင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။
မူရင်းဒေသ မျိုးစု(Hylocerus) အောက်တွင်မျိုးစိပ်ပေါင်း(၂၆)ခုရှိ ရာ မျိုးစိန်အလိုက်မူရင်းဒေသ ကွဲပြားပါသည်။ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသော မျိုးများ၏ မူ ရင်ဒေသမှာ မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းဒေသဖြစ်သည်။ ရာသီဥတု ရေငတ် ဒဏ်ခံနိုင်သော ရှားစောင်းနွယ်၀င် အပင်မျိုးဖြစ်သည်။
ပူနွေးသော ရာသီဥတု ကိုကြိုက်နှစ်သက် သည်။ နေရောင်ခြည်ကောင်းစွာ ရရှိသောနေရာဒေသ များ တွင်ကောင်းစွာဖြစ် ထွန်းသည်။
အနိမ့်ဆုံးအပူချိန်( -၂) ဒီဂရီ စင်တီဂရိတ် အထိ ခံနိုင်ရည် ရှိပါသည်။ မြေအမျိုးအစား နဂါးမောက်ပင် စိုက်ပျိုးရန် သင့်တော်သောမြေချဉ်ငံကိန်း pH မှာ(၆)ဖြစ်သည်။
ရေစီးစိမ့်မှုကေင်းသောမြေမျိုး တွင်ကောင်း စွာဖြစ် ထွန်း သည်။ အပင်အမျိုးအစား တွယ်တက်ပင်နှင့်မြေပေါ်တွားသွား ၍ပေါက်သောရေငတ် ဒဏ်ခံနိုင်သော ရှားစောင်း မျိုးနွယ်၀င်အပင်ဖြစ်သည်။ ပင်စည်သုံးမြှောင့်ပုံရှိသည်။ ပင်စည် အနားတွင် ဆူးငယ် များ ရှိသည်။
မျိုးအလိုက် ဆူး အတိုအရှည်နှင့် ဆူး အရေအတွက် ကွာခြားသည်။ ပင်မပင်စည်၏ အဖူးမှ ထွက်လာသောပင်စည်သစ်သည် သက်တမ်း နှစ်နှစ်သား ရှိလာလျှင် ပန်းပွင့်သည် ။
နေထွက်လျှင် ပန်းပွင့် ငုံသွားသည်။ ပွင့်ဖတ်သည် အစိမ်းရောင် သမ်းသောအဝါရောင် ရှိသည်။ပွင့်ချပ် သည်နို့နှစ်ရောင်ဖြစ် သည်။
အသီးအရောင်မှာ မျိုးအလိုက် အနီရောင်၊ ပန်းရောင်၊ အဝါရောင် သမ်းသော ပန်းရောင် စသည့်ဖြင့် ရှိသည်။
အသီးလုံးပတ်လည်တွင် နဂါးအမောက် ကဲ့သို့ကော့ပြန်နေသောအဖတ်များ ရှိသည်။ အတွင်းသား အရောင်အဖြူရောင် မျိုးနျင့်အနီရောင် မျိုးများကို စီးပွားဖြစ် စိုက်ပျိုးသည်။
အစေ့မှာအမဲရောင်ဖြစ်သည်။ မျိုးရွေးချယ်ခြင်း မျိုးတူသော်လည်း ပန်းပွင့်ခြင်း၊ အသီးသီးခြင်းနှင့် အသီးအရည် အသွေး တို့ကွာခြားနိုင်သည်။
သို့ဖြစ်၍ကျန်းမာ သန်စွမ်းပြီး သီးထွက်ကောင်းသော အပင်မှ အစိမ်းရင့်ရောင် ရှိ ရှည်လျားသော ပင်စည်ကိုဖြတ်ယူ မျိုးပွားပါ။
ပျိုးပင် ထုတ်လုပ်ရန် အပင် ကိုထားရှိပါ။ စီးပွားဖြစ်စိုက်ပျိုးရန် ပျိုးပင်များ ကို ၎င်း အပင်မှ ပွားများ ရယူပါ။
စိုက်ပျိုးခြင်း
********
၁။ ပင်ခြား၊ တန်းခြား ၉x၁၂ ပေထား၍ ၄x၄ လက်မ(သို့) လုံးပတ်ထွာ ဆိုင် ရှိမျောတိုင်(သို့)အချင်း (၆) လက်မရှိ ကွန်ကရိပြွန် အခြေကို အင်္ဂတေဖြင့်လုံအောင် ပိတ်ပြီးမှ တိုင်စိုက်ပါ။
ကွန်ကရိပြွန် အတွင်းရေထည့်ပေးနိုင် ရန်ဖြစ်သည်။ တိုက်ထိပ်တွင် အကိုင်းများ တွဲခိုရန် (၄) ပေပတ်လည် သစ်သားခွေပြုလုပ်ပေးပါ။
၂။ (၃x ၃) ပေရှိ စိုက်ကျင်းကို တူးပြီး စိုက်ကျင်းများ ထဲသို့ N-P-K (၁၅း၁၅း၁၅)ဓါတ်မြေသြဇာ ဟင်းစားဇွန်း (၂)ဇွန်း၊ သဘာဝမြေဆွေး (၈)ပြည်ခန့်ကို အပေါ်ယံမြေနှင့်မြေအောင်း ပိုးသတ်ဆေး တစ်မျိုးမျိုး (Furadan,Regent, Losban) နှင့် သမအောင်ရောမွှေ ၍ဖြည့်ပေးပါ။
စိုက်ကျင်း အထက် (၆) လက်မအမြင့် သို့ဘောင်ပြုလုပ်ပါ ။ရေ၀ပ်ပါ က ရေနုတ်မြောင်းပြုလုပ်ပေးရန်လိုပါသည်။
၃။ ကျင်း အလယ်တွင်မျောတိုင် စိုက်ပေး၍ မိခင်ပင် မှဖြတ်ထားသော နဂါးမောက် ပင်စည်ကိုင်းဖြတ် ကို ၄ လက်မခန့်မြေမြုပ် စိုက်ပျိုးပါ။
တစ်ကျင်းလျှင် ၂ပင်စိုက်ပါ။ ပင်စည်ကိုင်းပြတ်သည် အလျားအနည်းဆုံး ၈ လက်မရှိ သင့်သည်။ စိုက်ပျိုးပြီး အပင်ကိုနှစ်ပတ် အထိအရိပ်ပြုလုပ်ပေးပါ။
၄။ မျှောတိုင် တွင် မှီနေသာ အကိုင်းတစ်ကိုင်း သာရှိစေရန် ဘေးတက်များ ကို ဖဲ့ပေးပြီးတိုင်တွင် အကိုင်းအား ပလတ်စတစ်စဖြင့်ချည်ပေးပါ။
၅။ ရေ တစ်ပတ် တစ်ခါ ရွဲရွဲလောင်းပေးပါက လုံလောက်ပါသည်။ အပင်ပြုစုခြင်း ပေါင်းမြက် ကင်းရှင်းစေရန် တူရွင်း၊ပေါက်ပြား တို့ဖြင့် ရှင်းလင်းပေးခြင်း၊
အပင်ခြေပတ်လည် တွင်ကောက်ရိုး ၊မြက်ခြောက် စသောမြေဖုံး ပစ္စည်းများဖြင့် ဖုံးအုပ်ပေးခြင်း ၊ပေါင်းသတ်ဆေး အသုံးပြု၍နှိမ်နှင်းပေးခြင်း များဖြင့်ဆောင် ရွက်နိုင် ပါသည်။
သဘာဝမြေသြဇာရွက်ဖျန်းဆေးများ အသုံးပြုခြင်း စိုက်ပြီး ၁-၂ လ ကြာပြီး နောက် သဘာဝမြေသြဇာများ၊ ဘိုကာရှီ များကို ပင်စည်အားမထိစေဘဲဘေးပတ်ပတ်လည်မှ မြေဆွ၍ ကျွေးပေးပါ။
မိမိခြံမှ ထွက်သော သစ်ရွက်ခြောက်များ၊ ကောက်ရိုးများကိုအပင်ပတ်ပတ်လည်တွက် ဖုံးအုပ်ထားပေးခြင်းဖြင့် ရေလိုအပ်ချက် လျော့နည်းရုံမျှမက
မြေကြီးအတွင်းမှ အဟာရဓာတ်များ အငွေ့ပျံ ပျောက်ဆုံးမှုမှ သက်သာစေသည့်အပြင် မြေကြီးတွင်းရှိ အကျိုးပြု အဏုဇီဝများ၏ ကောင်းမွန်သောလုပ်ဆောင်ချက်ကြောင့် အပင်ကြီးထွား သန်မာပြီး ရောဂါဒဏ်ခံနိုင်ရည်မြင့်တက် လာမည်ဖြစ်သည်။
သဘာဝရွက်ဖျန်းဆေးများ၊ အချဉ်ဖောက်ထားသော အရွက်ရည်/အသီးရည်၊ ဝါးပေါင်းခံရည်၊ အဏုဇီဝရည်များကိုလည်း ၁ ပတ် တစ်ခါ သို့မဟုတ် ၂ ပတ် တစ်ခါ ဖျန်းပေးသင့်ပါသည်။
ဓါတ်မြေသြဇာထည့်သွင်းပေးခြင်း အပင်စိုက်ပြီး (၂) လကြာသော အချိန်မှစ၍ NPK အချိုး (၁၅း၁၅း၁၅) ရှိသော ဓါတ်မြေသြဇာကို တစ်ပင်လျှင် ဟင်းစားဇွန်း (၂) ဇွန်းနှုန်း ထည့်သွင်းပေးပါ။
(၅) နှစ်သားကျော်ပါကNPK အချိုး ( ၁၃း၁၃း၂၁) နှင့် (၅း၂၄း၂၄) ဓါတ်မြေသြဇာ ကို တစ်ပင်လျှင် ဟင်းစားဇွန်း(၃) ဇွန်းနှုန်းဖြင့် (၂) လခြား တစ်ကြိမ် တစ်လှည့်စီ ထည့်သွင်းပေးပါ။

image