22 w - Translate

မိတ်ဆွေ ဝိတ်ချဖို့သက်သက်ပဲ
လေ့ကျင့်ခန်းလုပ်တာဆိုရင် ခင်ဗျားအဖြစ်ဟာ
သီးချင်းနားထောင်ချင်လို့ ကားအသစ်ကြီးဝယ်လိုက်
တာနဲ့တူနေတယ်။ yes ခင်ဗျားကားပေါ် ခင်ဗျား
သီချင်းနားထောင်ခွင့်ရှိပါတယ်။ဒါပေမဲ့ အကျိုးကျေးဇူးတောင်ပုံယာပုံရှိနေသေးတယ်လေဗျာ။
ပြောချင်တာကို မြင်မယ်ထင်ပါတယ်။
လေ့ကျင့်ခန်းကဆေးဝါးပဲလို့ဆိုကြတယ်မဟုတ်လား?

22 w - Translate

မိသားစုဝင်ငွေ အမြဲတိုးပွားစေနိုင်တဲ့
ဂန္ဓမာပန်းစိုက်ပျိုးနည်း🌸🌸🌸🌸
=================100%
ဂန္ဓမာပန်းအမျိုးမျိုးရှိပြီး စိုက်ပျိုးတဲ့အခါမှာတော့ အကိုင်းကို စိုက်ပျိုးလေ့ရှိပါတယ်။ ဂန္ဓမာပန်းပျိုးပင် တွေကို တစ် လခန့်ပျိုးထားပေးဖို့လိုပါတယ်။ ပျိုးမယ့်နေရာကလည်း လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်ကို သင့်တင့် မျှတစွာရရှိဖို့လည်း လိုအပ်ပါတယ်။ ဂန္ဓမာပန်းတွေဟာပူလွန်း၊ အေးလွန်း တဲ့ရာသီဥတုကို မနှစ်သက်ပါ။ မြေဆီ သြဇာထက်သန်တဲ့မြေတွေမှာ ပိုပြီး ဖြစ်ထွန်းပါတယ်။
ရေဝပ် တာကို မကြိုက်တဲ့အတွက် ရေဝပ်တဲ့မြေတွေမှာ စိုက်ဘောင်ဖော်ပြီး စိုက်ပျိုးဖို့လိုပါတယ်။ တစ်ပင်နဲ့ တစ်ပင် (၆)လက်မကွာ စိုက်ပျိုးပေးရပါတယ်။ ဂန္ဓမာပန်း စိုက်ပျိုးတဲ့အခါမှာလည်း အရမ်ကြီးစိုက်စရာ မလိုပဲ တစ်လက်မလောက် မြေကြီးထဲကို ဝင်အောင် စိုက်ရင်အ ဆင်ပြေနိုင်ပါတယ်။
ရာသီဥတု၊ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ရေလောင်းပေးရ ပါတယ်။ ရေလောင်းတဲ့အခါမှာလည်း အထူးဂရုစိုက်ဖို့လိုပါတယ်။ ရေလောင်းတဲ့ အရှိန်အရမ်းပြင်းရင် အရှိန်ကြောင့် မြေအောက်အနက်ကိုရောက်သွားရင် အပင်ကောင်းကောင်းမရှင်သန်နိုင်ပါ။
ဒါကြောင့် ရေကို ဖြည်းဖြည်းနဲ့ မှန်မှန်လောင်းပေးဖို့လိုပါတယ်။ အပင်တွေကောင်းကောင်းရှင်သန်ကြီးထွားကျန်း မာနေပြီး ပိုးမွှားရောဂါဒဏ်ခံ နိုင်အောင် စတင်စိုက်ပျိုးချိန်ကတည်းက အထူးဂရုစိုက်ဖို့လိုပါတယ်။
စိုက်ပျိုးပြီး (၁)လခွဲကြာတဲ့အခါ အဓိကလုပ်ဆောင်ပေးရမယ့် အခ်က္တစ္ခုကေတာ့ ပေါင်းရှင်း တဲ့လုပ်ငန်းဖြစ်ပါ တယ်။ ပြီးရင်အစာထပ်ပြီးကျွေးပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျေွးလိုက်တဲ့ အစာတွေကို ကြားထဲက ပေါင်းမြက်တွေလုယူမစားသုံးပဲ ပန်းပင်က အပြည့်အဝရအောင် ပေါင်းဂရု စိုက်ရှင်းဖို့ လိုအပ်ပါတယ်။
စိုက်ပျိုးပြီး (၃)လကျော်ကြာတဲ့အချိန်မှာတော့ အဖူးလေးတွေကို ချွေပေးရမှာဖြစ်ပါတယ်။ အဖူးခြွေတဲ့ လုပ်ငန်းဟာ ဈေးကွက်ဝင်တဲ့ ပန်းတွေရဖို့အတွက် အဓိကကျတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ (၄) လကျော်ကြာတဲ့ အခါ ဈေးကွက်ဝင်ရောင်းပန်းလှတဲ့ ပန်းတွေကို ခူးဆွတ်နိုင်ပြီဖြစ်ပါတယ်။
ဂန္ဓမာ ပန်းတစ်ခါစိုက်ရင် အနည်းဆုံး (၂-၃)ကြိမ်ခန့်အထိ ပွင့်လေ့ရှိသလို (၃)ကြိမ်မြောက်ပွင့်ပြီးရင် အပွင့် တွေသေးငယ်သွားတာကြောင့် ဖယ်ရှားပြီး ထပ်မံစိုက်ပျိုးဖို့ လိုအပ်ပါတယ်။ ဂန္ဓမာပန်းဟာ ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ပြုစုပေးသလောက် ဝင်ငွေရစေတဲ့ ပန်းဖြစ်ပါတယ်။

image

imageimage
22 w - Translate

တဖြည်းဖြည်းနဲ့လုံးပါး ပါးသွားစေသော အလေ့အကျင့် ၃၆ ခု
၁။ အိပ်ချိန် နည်းလွန်းခြင်း/များလွန်းခြင်း
၂။ ဆေးဝါးများကို လွန်ကဲစွာ သုံးစွဲခြင်း
၃။ လေ့ကျင့်ခန်း မလုပ်ခြင်း
၄။ အစားအစာ လွန်ကဲစွာ စားခြင်း
၅။ လူမှုရေးလုပ်ငန်းများ နည်းပါးခြင်း
၆။ ဖုန်းကို အလွန်အကျွံသုံးစွဲခြင်း
ရ။ မကျန်းမာသော (unhealthy RS)ဆက်ဆံရေးတွင် နေထိုင်ခြင်း
၈။ နေရောင်ခြည်ကို ရှောင်ရှားခြင်း
၉။ အဆိုးမြင်စိတ်များ
၁၀။ သကြား/ဆား အလွန်အကျွံ စားသုံးခြင်း
၁၁။ အလုပ်များလွန်းခြင်း
၁၂။ ကိုယ်ပိုင်နယ်နိမိတ်များ(personal boundries)ကို လျစ်လျူရှုခြင်း
၁၃။ အချိန်ကြာကြာ ထိုင်ခြင်း
၁၄။ ခန္ဓာကိုယ်နေဟန်ထာ posture မမှန်ခြင်း
၁၅။ ငွေမဝင်ငွေမီ ငွေကြိုသုံးခြင်း
၁၆။ အရက်အလွန်အကျွံ သောက်သုံးခြင်း
၁၇။ စက်ရုပ်လို အသက်ရှင်နေခြင်း
၁၈။ အမြဲရန်လိုသော အပြုအမူ
၁၉။ ရေဓာတ် မလုံလောက်ခြင်း
၂၀။ စိုးရိမ်သောက အလေ့အကျင့်များ (လက်သည်းကိုက်ခြင်း၊ စသည်)
၂၁။ မိမိကိုယ်ကိုအခြားသူများနှင့် အဆက်မပြတ် နှိုင်းယှဉ်ခြင်း
၂၂။ အိပ်ရာမဝင်မီ ဖုန်း/ကွန်ပျူတာ အလွန်အကျွံကြည့်ခြင်း
၂၃။ အနားမယူခြင်း
၂၄။ အသင့်စားအစားအစာများကို လွန်ကဲစွာ စားသုံးခြင်း
၂၅။ ရန်ငြိုးဖွဲ့ခြင်း
၂၆။ ငွေကြေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း
၂၇။ အလုပ်များကို နောက်ဆုတ်ခြင်း
၂၈။ အကူအညီ သို့မဟုတ် အထောက်အပံ့ ရယူရန် ရှောင်ရှားခြင်း
၂၉။ ကျန်းမာရေးစစ်ဆေးမှုများ မလုပ်ခြင်း
၃၀။ ကိုယ့်ကိုယ်ကို အဆိုးမြင်စွာ ပြောဆိုခြင်း
၃၁။ စိတ်ကျန်းမာရေး လိုအပ်ချက်များကို လျစ်လျူရှုခြင်း
၃၂။ ကတိကဝတ် လွန်ကဲခြင်း
၃၃။ အတင်းအဖျင်း ပြောခြင်း
၃၄။ နာတာရှည် နောက်ကျခြင်း သို့မဟုတ် စည်းကမ်းမရှိခြင်း
၃၅။ ရင်ဆိုင်ဖြေရှင်းမှုကို ရှောင်ရှားခြင်း
၃၆။ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း ကင်းမဲ့ခြင်း

22 w - Translate

လေ့ကျင့်ခန်း/အားကစား လုပ်ခြင်းမှ ပိုမိုကောင်းမွန်သော ရလဒ်များ ရလိုပါသလား။မီးဖိုချောင်မှ စတင်ပါ! သင့်လျော်သော အာဟာရဓာတ်ဖြင့် စမတ်ကျကျ စွမ်းအင်ဖြည့်တင်းပါ၊ ပိုမိုမြန်ဆန်စွာ(recovery) ပြန်လည်နာလန်ထူပါ၊ သင့်ပန်းတိုင်များကို အောင်မြင်စွာ ရယူပါ
📚 ကိုးကားချက်များ-
International Society of Sports Nutrition. (2017). Position Stand: Protein and Exercise.
Aragon, A. A., & Schoenfeld, B. J. (2013). Nutrient timing revisited: is there a post-exercise anabolic window? Journal of the International Society of Sports Nutrition.

22 w - Translate

ဤ သို့ရေဓာတ်ပြည့်ဝအောင်နေနည်းက ကျွန်တော့် ကျန်းမာရေး ကို ပြောင်းလဲစေခဲ့သည်။
💧 မနက် ၆:၀၀-၇:၀၀ နာရီ: ရေ ၂ ဖန်ခွက်
💧 မနက် ၈:၀၀-၉:၀၀ နာရီ: ရေ ၁ ဖန်ခွက်
💧 မနက် ၁၁:၃၀ - နေ့လည် ၁၂:၀၀ နာရီ: ရေ ၁ ဖန်ခွက်
💧 နေ့လည် ၁:၀၀ - ၂:၀၀ နာရီ: ရေ ၁ ဖန်ခွက်
💧 နေ့လည် ၃:၀၀-၄:၀၀ နာရီ: ရေ ၂ ဖန်ခွက်
💧 ညနေ ၅:၀၀-၇:၀၀ နာရီ: ရေ ၁ ဖန်ခွက်
💧 ည ၉:၃၀-၁၀:၀၀ နာရီ: ရေ ၁ ဖန်ခွက်

22 w - Translate

ဒူးရင်းသီးတလုံးတစ်သိန်းခွဲနှစ်သိန်းနဲ့ဝယ်မစားနဲ့ကိုယ်ပိုင်အိမ်ထဲစိုက်စားစိုက်နည်းဖော်မြူလာပေးမယ် စိုက်ကြမယ်‌နော်💁🌳🌳
ပူအိုက်၊စိုစွတ်၊ဘယ်နေရာမဆိုစိုက်လို့ရတယ် 🌤🌧နှစ်ပေခွဲအကျယ်နှစ်ပေခွဲအနက်တူးမယ်👩‍🌾👩‍🌾
ကြက်ခြေးတစ်ဘူး နွာခြေးတစ်ဘူး ဖွဲပြာ၃ပြည်
မြေဆွေး၃ပြည် ထုံးဘူးတစ်ဝက် 👩‍🌾
အပင်သန်အောင်အရိုးမူန်မြေဩဇာတစ်ဘူး👩‍🌾👩‍🌾
မြေဆီ၁၅ပတ်လည်ဘူးတစ်ဝက် ရောပြီ နှံအောင်မွှေ
မြေကျင်းထဲထည့်ရေလောင်းထားပေး👩‍🌾👩‍🌾
၃ရက်နေရင်အိတ်မကွဲအောင်ထုတ်ပြီးစိုက်လိုက်👍👍
ဒူးရင်းအရွက်က နုတော့အပေါ်ကနေ လေးထောင့်စပ်ကျ
အပေါ်ဘေး မိုးကြီးရင်အရွက်မကြွေအောင်ပလပ်စတစ်အုပ်ကာထားပေးလိုက် စစစိုက်ခြင်းပမို့ နောက်နှစ်တွေမလိုဘူး ရှယ်ကြီးလာမှာတစ်နှစ်တည်းနဲ့
နောက်နှစ်မှာမိုးအစ မိုးအလယ် မိုးအနှောင်း🌳
၁၅ပတ်လည်မြေဆီဘူးတစ်ဝက်ကြက်ခြေး၃ဘူး 🌴ဖွဲပြာ၁ပြည်မြေဆွေးတစ်ပြည် ပုလဲဘူးဝက်အရိုးမူန်၁ဘူး
ကြွေးလိုက်ရှယ်ကြီးရှယ်သီးမှာ ၃နှစ်ခွဲ၄နှစ်ဆိုသီးပြီ🌳
မိသားစုလိုက်စားမလားဆွေမျိုးတွေပေးမလား🌳🌴🎄
ရောင်းစားမလားကြိုက်တာလုပ်တော့👨‍👨‍👧‍👦👨‍👨‍👦‍👦
သေခြာပြုစုရင်ဘယ်နေရာမဆိုစိုက်လို့ရပါတယ်💦
ငါးဆူတောင် ပန်းတစ်ပွင်တောင် လှည်ကူး ဧရာဝတီတိုင်း
နေပြည်တော် တိုက်ကြီးဖက်တွေမှာ စသီးနေပါပြီ
ရေကြိုက်ပါတယ် ရေဝပ်တာကိုမကြိုက်ဘူး💦💦
အပူကြိုက်ပေမယ် မြေကြီးစိုပြီးဧမြတာကိုကြိုက်ပါတယ် မြေအမျိုးအစားအမျိုးမျိုးရှိပေမယ်မြေပြင်စိုက်ရင်
ရေပေးနိူင်ရင် ကန္တာရ လိုနေရာမျိုးမှာတောင်အပင်တွေပေါက်နိူင်စိုက်နိူင်သီးနိူင်သေးတာဘဲ စိုက်လို့ရပါတယ်💧
အနည်ငယ်ကွာခြာမူပြောင်းလဲမူတော့ရှိပါတယ်💦
နေရောင်လုံလောက်စွာရမယ် နွေရာသီရေကောင်း
ကောင်းရမယ် အစာလုံလောက်စွာကြွေးမယ်ဆိုရင်🍲🍕
သီးပါတယ် အချိုအလေးအပြု အသီးအကြီးအသေးတော့အနည်ငယ်ကွာခြာမူရှိပါမယ်
ပိုးကျတာများတယ်အသေအပျောက်များတယ်လိုပြောနေကြတယ်🦚🌴🌳
အာဟာရပြည့်မယ် လုံလောက်တဲ့နေရေမယ်ဆိုကျန်မာတဲ့အပင်တစ်ပင်ဖြစ်ရင်ဘယ်ရောဂါမှသိပ်မမူပါဘူး
လူတစ်ယောက်လိုဘဲကျန်မာမယ်သန်စွမ်းမယ်ဆိုတော်ရုံရောဂါတွေမဝင်ရောက်နိူင်ပါဘူး🌳🦚
အဓိကက မိုးရာသီအိုးများတဲ့အချိန် အရွက်ကိုမိုးရေမထိဖို့ဘဲအရေးကြီးတယ်🦚🌳
အပင်ကြီးလာရင်သိပ်ပြသာနာမရှိတော့ပါဘူး🌳🦚
ဒူးရင်စိုက် ရင်မင်းဂွတ်ကြက်မောက်စိုက် အတွဲလိုက်စား
တက်စာရော အဖြေစာရောရောစိုက် အကြိုက်တွေ
သီးလာရင်ပွဲလှပြီလေ 😘🥰😍
နှင်းဆီပန်းခင်းကြီးဖြစ်ဖို့မလွယ်ပေမယ်အိမ်မှာစိုက်ထားတဲနှင်ဆီတစ်ပင်နှစ်ပင်ဖြစ်ဖို့နဲ့ပန်းပွင့်ဖို့ကလွယ်ပါတယ်
တစ်ချို့စိုက်ပျိုးရမလွယ်ဘူး 🌷🌹🌷🌷🌹
ပြောတာလွယ်တယ် ဒူရင်းစိုက်စားမယ်ပြောပါတယ်👍
ဘယ်အပင်မှစိုက်ပျိုးလို့မလွယ်ပါဘူး။
ဂရုမစိုက်ရင်ဘယ်အပင်မှမရှင်ပါဘူး။

image
22 w - Translate

အမျိုးသမီးများအတွက်၊ တင်းရင်းလှပတဲ့ ခန္ဓာကိုယ်ကို ဖန်တီးဖို့ နည်းလမ်း (၉) ခု
-ကာဒီယိုကို စွဲလမ်းတာ လျှော့ပါ။
အဆုံးမရှိပြေးတာ/ကာဒီရိုလုပ်နေတာတွေက ကြွက်သားတွေကို ပျက်စီးစေတယ်။ အလေးမတာကို ပိုလုပ်ပါ။ လမ်းလျှောက်တာကိုဒုတိယ၊ ကာဒီယိုကို နောက်ဆုံးထားလုပ်ပါ။
-တည်ဆောက်မထားရင် ပုံဖော်လို့ မရဘူး။
ကြွက်သားတွေကသာ ခန္ဓာကိုယ်ကို "တင်းရင်းပြီး လှပတဲ့" ပုံစံကို ဖန်တီးပေးတာ။
-အဆီကျဖို့ HIIT ထက် လမ်းလျှောက်တာ ပိုကောင်းတယ်။
နေ့စဉ် လမ်းလျှောက်တာက စိတ်ဖိစီးမှုဟော်မုန်း (cortisol) ကို လျှော့ချပြီး အဆီတွေကို ကြွက်သားမလောင်ကျွမ်းဘဲ လောင်ကျွမ်းစေတယ်။
-အလေးမတာက အမျိုးသမီးဆန်တယ်။
တင်ပါး၊ ပေါင်၊ လက်မောင်း၊ ခါးတွေအားလုံးကို ဝန်သုံးလေ့ကျင့်ခန်းနဲ့ ပုံဖော်လို့ရတယ်။ အလေးမတာက သင့်ကို ကြွက်သားအမြောက်အများနဲ့ ထွားကြိုင်းစေမှာ မဟုတ်ဘူး။
-ကာဗိုဟိုက်ဒရိတ် လျှော့တာထက် (မလျော့နဲ့) ပရိုတင်း ပိုစားပါ။
ပရိုတင်းက ကြွက်သားကိုတည်ဆောက်ပေးတယ်။ ကာဗိုဟိုက်ဒရိတ်က လေ့ကျင့်ခန်းလုပ်ဖို့ အားဖြည့်ပေးတယ်။ နှစ်မျိုးစလုံးကို နည်းနည်းစားပဲရင် ရလဒ်တွေ ပျက်စီးနိုင်တယ်။
-နေချင်သလိုနေခဲ့တာတွေကြောင့် အပြစ်ရှိတယ်လို့ ခံစားရလို့ လေ့ကျင့်တာ ရပ်ပါ။
တစ်ရက်လောက် လေ့ကျင့်ခန်းမလုပ်ဖြစ်ရင် ကောင်းတယ်။ သင့်ခန္ဓာကိုယ်က အနားယူဖို့ လိုအပ်တာ ဖြစ်နိုင်တယ်။ ကြွက်သားတွေက နားနေချိန်မှာ ပိုကြီးထွားတယ်။
-ကိုယ်ဟန်ထားရော/လေ့ကျင့်ခန်း form ရောမှန်ဖို့ အလေးထားပါ။
ကျန်းမာကြံ့ခိုင်ခြင်းမှာ အရေအတွက် များတာထက် အရည်အသွေး ကောင်းတာက ပိုအရေးကြီးတယ်။
- ချွေးဘယ်လောက်ထွက်တာကို မဟုတ်ဘဲ၊ ကြံ့ခိုင်မှုကို မှတ်တမ်းတင်ပါ။
တိုးတက်မှုဆိုတာပိုသန်စွမ်းလာတာ၊ လှုပ်ရှားမှု ပိုကောင်းလာတာကို ဆိုလိုတယ်။ ချွေးဆိုတာ ရေပဲ။ ကြံ့ခိုင်မှုက ထာဝရပဲ။
-ခန္ဓာကိုယ်က လှပချင်တယ်ဆိုရင် မှားယွင်းတဲ့ အချက်အလက်တွေ နောက်လိုက်မနေနဲ့။ ဟော်မုန်းတွေအပေါ်သက်ရောက်နေတဲ့ lifestyle ကိုပြုပြင်ပီး၊ကြွက်သားတွေ တည်ဆောက်လိုက်ရင် ခန္ဓာကိုယ် ပုံစံလှပလာတာကို တွေ့ရပါလိမ့်မယ်။ခန္ဓာကိုယ်ပြောင်းလဲရေးခရီးစဉ်မှာ သိပ်အများကြီးမလိုဘူး။ လိုတိုရှင်းပြောရရင် အလေး ပိုမပါ။ ဂရုတစိုက် အနားယူပါ။ပါးစပ်အရသာခံစားသောက်တဲ့အကျင့်ပြင်ပါ။ဒီ၃-ချက်ကခန္ဓာကိုယ်ကို တကဲ့ပုံဖော်ပေးတဲ့အရိုးရှင်းဆုံးနည်းလမ်းပါပဲ။

22 w - Translate

အပင်စိုက်တယ် ဆိုတာ လွယ်လွယ်လေးပါလို့ များသောအားဖြင့် ပြောတတ်ကြပေမယ့် တကယ်စိုက်ကြည့်တဲ့ အခါမှ
-ဘာလို့ အပင်လေးက ကြီးမလာတာလဲ ?
-ဘာလို့ အသီးလေးကသေးနေတာလဲ ?
-အရွက်တွေက အစက်အပြောက်တွေ ဘာလို့ ထနေရတာလဲ ?
-အရွက်တွေက ဘာလို့ အားမရှိတာလဲ ?
စတဲ့ မေးခွန်းပေါင်းစုံ ပေါ်လာတက်ပါတယ်။ ဘယ်အပင်အမျိုးအစား စိုက်စိုက် အကြမ်းအားဖြင့် အပင်အကုန်လုံး က သူတို့ ခံစားနေရတာကို အရွက်ပေါ်မှာ ပြတက်ပါတယ်။
ကိုယ်ချစ်တဲ့ အပင်တွေ အတွက် ဘယ်အချက်တွေ လိုအပ်နေလို့ ကိုယ့်အပင်လေးတွေ ဒီလိုဖြစ်ရတာလဲ ဆိုတာ အဖြေရှာရပါတယ်။
အပင်တွေအတွက် ဒီအခြေခံ အချက်တွေထဲက တစ်ခုခုအဆင်မပြေရင် အပင်တွေက သူတို့မကြိုက်တဲ့လက္ခဏာ ပြတက်ပါတယ်။
တကယ်ဆို အပင်တွေဆိုတာလဲ သက်ရှိလိုပဲ မို့လို့ သူတို့အကြိုက်လိုက်ပေးရင် အပင်ပိုလှတယ် ပိုသန်တယ်၊ အသီးပိုကြီးပိုများပါတယ်၊ တော်ရုံရောဂါခံနိင်ပါတယ်။
အပင်စိုက်နည်း အခြေခံ ကို အပြည့်အစုံ ရေးထားတာမို့လို့ အပင်အကြောင်းစိတ်ဝင်စားသူများ အပင်ချစ်သူများ ယခု ( သီးပင်စားပင်များ စိုက်ပျိုးနည်းများ ) Post ကို Share လုပ်ထားခြင်းဖြင့် အားလပ်ချိန်မှ အေးဆေး ဖတ်ရှုလို့ရပါတယ်။
အပင်တွေ ရှင်သန်ဖို့နဲ့ အသီးသီးဖို့ အတွက် အခြေခံလိုအပ်ချက်တွေကတော့
၁။ အလင်း
၂။ လေ
၃။ ရေ
၄။ အာဟာရ နဲ့
၅။ နေရာ ပါပဲ။
၁။ အလင်း
အပင်တွေဟာ အစာချက်ဖို့အတွက် အလင်းကို လိုအပ်တယ်ဆိုတာ အကုန်သိပါတယ်။ ဒါပေမယ့် အပင်အတွက် အလင်း ဘယ်လောက်လိုတာလဲ ဆိုတာကို သေချာသိဖို့ အရေးကြီးပါတယ်။
အပင်ငယ်ဆို အလင်းအားနည်းနည်းလောက်ရ ရင် အဆင်ပြေပြေ ရှင်သန်နိင်ပါတယ် ။ဒါပေမယ့် အပင်ကြီးမျိုးက အလင်းအားနည်းနည်းပဲ ရရင် အပင်ကြီးထွားမူ နှေးကွေးတာဖြစ်တက်ပါတယ်။ အပင်ပေါက်အရွယ်ဆိုရင် အလင်း အနည်းငယ်လောက်ရ ရင်အဆင်ပြေပါတယ်။ အလင်းအရမ်းများရင် အပူဒဏ်ကြောင့် အပင်လောင်နိင်ပါတယ်။
အလွယ်တကူ မှတ်ထားချင်ရင် အပင်ကြီး အရွယ်ရောက်ရင် အလင်းများများ လိုမယ် အပင်ငယ်ရင် အလင်းနည်းနည်းလောက်လဲ အဆင်ပြေတယ်။ အလင်းရောင်က အပင်တွေအတွက်အရေးကြီးတဲ့ အာဟာရ ဖြစ်လို့ အသီးများများလိုချင်ရင် အလင်းကောင်းကောင်းရဖို့ လိုအပ်ပါတယ် တစ်ပင်ထဲ နေပူထဲမှာ ပေါက်နေတဲ့ သရက်ပင်ကြီးတွေဟာ အသီးပိုသီးတက်ပါတယ်။
( ဒီအခြေခံ အပင်စိုက်နည်း ကို စာရေးသူရဲ့ ပညာနဲ့ ကြိုးစားအားထုတ်မူကို လေးစားသောအားဖြင့် အခြားနေရာများတွင် ပြန်လည် ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ မေတ္တာရပ်ခံပါတယ်။)
နောက်ထပ် သီးပင်စားပင် စိုက်ပျိုးနည်းတွေကို တစ်နေရာထဲမှာ ထပ်လေ့လာနိင်အောင် ` သီးပင်စားပင် စိုက်ပျိုးနည်းများ ´ Page ကို See First and Follow လေးလုပ်ပေးထားပါအုံး
၂။ လေ
အပင်တွေဟာ oxygen နဲ့ Carbon dioxide ရူသွင်းရူထုတ်လုပ်ပါတယ်။ အပင်တွေအတွက် လေဝင်လေထွက် ကောင်းမွန်ဖို့လဲ လိုအပ်ပါတယ်။ လေဝင်လေထွက် မကောင်းရင် ပိုးကျတက်ပါတယ်။ မှိုကျတက်ပါတယ်။ ဒါကြောင့် အကိုင်းအခက်တွေ အရမ်းများနေရင် ဖြတ်ပေးသင့်ပါတယ်။ အကိုင်းအခက် လိုသလောက်ဖြတ်ပေးတာက အပင်ကို ပိုသန်စေပါတယ်။
၃။ ရေ
အပင်တွေအတွက် ရေဟာ အလွန်အရေးကြီးပါတယ်။ ရေကို အမြစ် ကနေတဆင့် အပင်တွေအတွက် လိုအပ်တဲ့ အာဟာရ ( Nutrients ) နဲ့ အစိုဓာတ်ကို ထိပ်ဖြားက အရွက်တွေ အထိရောက်အောင် သယ်ဆောင်ပါတယ်။
ဒါကြောင့် ရေနည်းရင် အပင်ထိပ်က အရွက်တွေ ငြိုးခြောက်နေတာ အဖျားခြောက်တာတွေ ဖြစ်တက်ပါတယ်။ ရေများရင်တော့ အရွက်ပျော့အိအိနဲ့ ငြိုးတက်ပါတယ် အမြစ်ပုပ်တက်ပါတယ်။ ပန်းအိုးက ရေဝပ်ရင် အမြစ်ပုပ်တက်ပါတယ်။
နေအရမ်းပူရင် အပူချိန်ကိုလျော့ချဖို့အတွက် အပင်တွေက ရေပိုလိုအပ်ပါတယ် လိုအပ်တဲ့ ရေပမာဏကို မပေးနိင်ရင် အရွက်အနားအဖျားတွေ စတင်ကြွပ်ခြောက်လာပါလိမ့်မယ်။
( နောက်ထပ် ဗဟုသုတ ရစေနိင်တဲ့ စိုက်ပျိုးနည်းသစ်တွေ လေ့လာနိင်ဖို့ ` သီးပင်စားပင် စိုက်ပျိုးနည်းများ ´ page ကို See First Follow လေးလုပ်ထားကြပါအုံးနော် )
၄။ Nutrients ( အာဟာရ ၊ မြေသြဇာ )
အပင်တွေ ကြီးထွားဖို့ အသီးသီးဖို့ ရှင်သန်နေဖို့ အတွက် Nutrients အာဟာရ ကို လိုအပ်ပါတယ်။ ရေမှာပျော်ဝင်နေတဲ့ Nutrients အာဟာရ ကို အပင်တွေက အမြစ်ကနေတဆင့် အရွက်ကနေတဆင့် စုပ်ယူ စားသုံးကြပါတယ်။
အပင်တွေအတွက် လိုအပ်တဲ့ Nutrients အာဟာရ များမှာ အများလို အာဟာရ ဖြစ်တဲ့ N ,P ,K ,Ca ,Mg ,S နဲ့ အနည်းလို အာဟာရ ဖြစ်တဲ့ Cu,Zn,Mn,B,Fe အစရှိတဲ့ အရာတွေကိုလိုအပ်ပါတယ်။ Nutrients အာဟာရတွေဟာ သူ့ လုပ်ငန်းစဥ်နဲ့ သူ အလုပ်လုပ်ရပါတယ်။ အပင်တွေအတွက် Nutrients အာဟာရဓာတ် အကုန်ပြည့်စုံနေဖို့ လိုအပ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ အပင်ရဲ့ အသီးက အရသာပိုပြည့်စုံပါတယ်။ ပိုးဒဏ် မှိုဒဏ် ပိုခံနိင်ပါတယ်။
၅။ နေရာ
အပင်တွေအတွက်နေရာက အရမ်းအရေးကြီးပါတယ်။ အပင်ကြီးရင် အပင်ရဲ့ အမြစ်တွေ အေးအေးချမ်းချမ်းနေနိင်ဖို့ အိုးကြီးကြီး သုံးသင့်ပါတယ်။ အပင်တွေ အရမ်း ပြည့်ကြပ်နေရင် အမြစ်တွေ ရှုပ်ထွေးပြီး ရေ အာဟာရ နဲ့ အလင်းကို လုံလောက်စွာ မရတာမျိုး ဖြစ်ပြီး အပင်ရှည်ထွက်လာတာ ပိန်လှီလာတာ၊ အပင်ပုသွားတာ၊ ထပ်မကြီးထွားတော့တာ၊ အညွန့်ကြွေတာ စတဲ့ ပြသာနာတွေ ဖြစ်တက်ပါတယ်။
ဒီလောက်ဆို အပင်တွေ ရှင်သန်ဖို့အတွက် အရေးကြီးတဲ့ အချက်တွေကို နားလည်မယ်လို့ ထင်ပါတယ်

image