Vice Pres. J.D. Vance has expressed his support for the president amid the public dispute between Donald Trump and Musk.
https://abcnews.go.com/Politic....s/live-updates/trump
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Vice Pres. J.D. Vance has expressed his support for the president amid the public dispute between Donald Trump and Musk.
https://abcnews.go.com/Politic....s/live-updates/trump
Photo News
ချင်းပြည်နယ် ဟားခါးမြိုမှာ ဇွန်လ ၅ ရက်နေ့ ညပိုင်း ၁၂ နာရီလောက်က နေအိမ် ၁ လုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်လိုသိရပါတယ်။
ဟားခါးမြိုပေါ်ဈေးသစ်ရပ်ကွက် ၊ ဟားခါး - မတူပီလမ်းမပေါ်မှာရှိတဲ့ နေအိမ်တစ်လုံးရဲ့မီးဖိုချောင်ဘက်ကနေ မီးလောင်ခဲ့တာဖြစ်ပြီး တခြားနေအိမ်တွေကို ကူးစက်လောင်တာမျိုးတော့ မရှိဘူးလို ဒေသခံတွေဆီကနေ သိရပါတယ်။
Photo News
ချင်းပြည်နယ် ဟားခါးမြိုမှာ ဇွန်လ ၅ ရက်နေ့ ညပိုင်း ၁၂ နာရီလောက်က နေအိမ် ၁ လုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်လိုသိရပါတယ်။
ဟားခါးမြိုပေါ်ဈေးသစ်ရပ်ကွက် ၊ ဟားခါး - မတူပီလမ်းမပေါ်မှာရှိတဲ့ နေအိမ်တစ်လုံးရဲ့မီးဖိုချောင်ဘက်ကနေ မီးလောင်ခဲ့တာဖြစ်ပြီး တခြားနေအိမ်တွေကို ကူးစက်လောင်တာမျိုးတော့ မရှိဘူးလို ဒေသခံတွေဆီကနေ သိရပါတယ်။
Photo News
ချင်းပြည်နယ် ဟားခါးမြိုမှာ ဇွန်လ ၅ ရက်နေ့ ညပိုင်း ၁၂ နာရီလောက်က နေအိမ် ၁ လုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်လိုသိရပါတယ်။
ဟားခါးမြိုပေါ်ဈေးသစ်ရပ်ကွက် ၊ ဟားခါး - မတူပီလမ်းမပေါ်မှာရှိတဲ့ နေအိမ်တစ်လုံးရဲ့မီးဖိုချောင်ဘက်ကနေ မီးလောင်ခဲ့တာဖြစ်ပြီး တခြားနေအိမ်တွေကို ကူးစက်လောင်တာမျိုးတော့ မရှိဘူးလို ဒေသခံတွေဆီကနေ သိရပါတယ်။

ပဲခူးတိုင်းထဲကရေထုကို တလ ၁၂ ကြိမ် တိုင်းတာမယ်
(ပြည်တွင်း) ဇွန် ၆
ပဲခူးတိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ရေထုအရည်အသွေး တိုင်းတာခြင်းလုပ်ငန်းတွေကို တစ်လလျှင် ၁၂ ကြိမ်နှုန်းနဲ့ စုစုပေါင်း ၁၄၄ ကြိမ်လျာထားပြီး ဆောင်ရွက်နေလို့ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနကသိရပါတယ်။ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများအနေနဲ့ လစဉ်စီမံချက်များရေးဆွဲပြီး တိုင်းဒေသကြီးအတွင်း သတ်မှတ်ထားသောနေရာများ၌ ရေထုအရည်အသွေးတိုင်းတာခြင်း လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်းမှာ ပဲခူးတိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ရေထုအရည်အသွေး တိုင်းတာခြင်းလုပ်ငန်းတွေကို တစ်လလျှင် ၁၂ ကြိမ်နှုန်းနဲ့ စုစုပေါင်း ၁၄၄ ကြိမ်လျာထားပြီး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
ရေထုညစ်ညမ်းမှတွေ ဖြစ်ပေါ်လာတဲ့အခါ ပြည်သူလူထုကို သတိပေးချက်ထုတ်ပြန်နိုင်ဖို့၊ သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ရေထုညစ်ညမ်းမှုတွေကို လျှော့ချနိုင်မယ့်အစီအစဉ်တွေကို ချမှတ်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။
အဆိုပါ ပတ်ဝန်းကျင်ရေထုအရည်အသွေး တိုင်းတာခြင်းလုပ်ငန်းတွေကို မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အင်းအတွင်းစီးဝင်လျက်ရှိသော ဘုရားကလေးချောင်း၊ ဝမ်းဘဲအင်းချောင်းနဲ့ ပျဉ်ပုံချောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း စီးဆင်းနေသော ဧရာဝတီမြစ်၊ စစ်တောင်းမြစ်နဲ့ ပဲခူးမြစ် တို့အပြင် ကန်တော်ကြီး ရေဝေရေလဲဧရိယာ၊ လိပ်ပြာကန်၊ ဟံသာဝတီကျုံးနဲ့ တောင်ငူကျုံးတို့မှာ လစဉ်ဆောင်ရွက်ရှိတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနကပြောပါတယ်။
လက်ရှိမှာ ပဲခူးတိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ရေထုအရည်အသွေး တိုးတက်ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာအစိုးရဌာနတွေနဲ့အတူ ဒေသခံပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ ပဲခူးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မှာကြားထားတယ်လို့ သိရပါတယ်။
တက်စ်တိုစတီရုန်းနှင့် အမျိုးသားတို့ရဲ့ ခန္ဓာကိုယ် အချိုးအစား
ကြွက်သားထုထည်အတွက် ပင်မဗိသုကာ
တက်စတိုစတီရုန်းဟာ ကြွက်သားဖွံ့ဖြိုးမှုအတွက် အဓိကသော့ချက်ပါ။ ဒီဟော်မုန်းနည်းပါးလာတဲ့အခါ အားနည်းလာတာကို သတိမပြုမိဘဲ၊ ကြိုးစားလေလေ ရလဒ်နည်းလေလေ ဖြစ်နေတတ်ပါတယ်။ အအိပ် အစား ကစား မှန်ပါလျက် ကြွက်သား တိုးတက်မှုမရှိဘူးဆိုရင် ကြိုးစားမှုပြဿနာမဟုတ်ဘဲ၊ ဟော်မုန်းပြဿနာဖြစ်နေနိုင်ပါတယ်။
ဝမ်းဗိုက်ဆီများအတွက် မမြင်နိုင်သော ရန်သူ
ဘယ်လောက်ပဲ ဝမ်းဗိုက်ကြွက်သားပေါ်အောင် ကြိုးစားနေပါစေ၊ တက်စ်တိုစတီရုန်းအဆင့်နိမ့်နေရင် ခန္ဓာကိုယ်က အဆီသိုလှောင်ရန် ပိုပြင်းထန်စွာ အလုပ်လုပ်နေမှာပါ။ အထူးသဖြင့် ဝမ်းဗိုက်ပတ်လည်မှာ အဆီစုပုံလာပြီး သင့်ကြိုးစားအားထုတ်မှုတွေ အရာမရောက်ဖြစ်နေတတ်ပါတယ်။ခန္ဓာကိုယ်ထဲမှ တက်စ်တိုစတီရုန်းဟာ အဆီတွေဖြိုချဖို့ အဓိကအခန်းကဏ္ဍမှပါဝင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ချင်စိတ်ရဲ့ ပဲ့ကိုင်ရှင်
"ဒီနေ့ကျွန်တော် လေ့ကျင့်ခန်းလုပ်ချင်စိတ် လုံးဝမရှိဘူး" - ဒါဟာ တက်စ်တိုစတီရုန်းလျော့ကျခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ခုပါ။ဒီဟော်မုန်းဟာ စွမ်းအင်အဆင့်၊ ဆန္ဒနှင့် လေ့ကျင့်ခန်းလုပ်ချင်စိတ်ကို တိုက်ရိုက်သက်ရောက်စေပါတယ်။ သင့်စိတ်က "မလုပ်ချင်ဘူး" လို့ပြောနေပေမယ့် တကယ်တော့ သင့်ရဲ့ဟော်မုန်းက "ငါမကူညီနိုင်ဘူး" လို့ တိတ်တဆိတ်ပြောနေတာဖြစ်ပါတယ်။ စိတ်ဓာတ်ကျဆင်းမှု၊ မော်ဒီဗေးရှင်းလျော့နည်းမှုဟာ ကြွက်သားတည်ဆောက်မှုလမ်းကြောင်းမှာ အကြီးမားဆုံး အဟန့်အတားဖြစ်စေပါတယ်။
တက်စ်တိုစတီရုန်းဟာ သင်မမြင်နိုင်သော်လည်း သင့်ပုံရိပ်ကို ပုံဖော်နေတဲ့ ဇီဝဓာတုပစ္စည်းတစ်ခုသာမက၊ တကယ်တော့ သင့်ကြိုးစားမှုအတွက် မြေသြဇာကောင်းတစ်ခုလဲဖြစ်ပါတယ်။ တက်စ်တိုစတီရုန်းကို သဘာဝကျကျ အထောက်အကူပြုနိုင်မယ့် လေ့ကျင့်ခန်း၊ အစားအသောက်နှင့် အနားယူခြင်းတို့ကို ဟန်ချက်ညီညီ ပေါင်းစပ်လိုက်ပါက သင့်ကြိုးစားမှုရလဒ်များ အဆမတန်တိုးတက်လာမှာ ဖြစ်ပါတယ်။
ဒေါ်နယ်ထရန့်နဲ့ ဘီလျံနာ အီလွန်မာ့ခ်တို့ အပြန်အလှန် ဝေဖန်တိုက်ခိုက်ပြီး တင်းမာမှု မြင့်တက်နေ
ဝါရှင်တန်၊ ဇွန်-၆-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် သူ့ရဲ့ အနီးကပ်လက်ထောက်ဖြစ်ခဲ့ဖူးသူ ဘီလျံနာ အီလွန်မာ့ခ် တို့အကြား အပြန်အလှန် ဝေဖန်တိုက်ခိုက်မှုတွေနဲ့အတူ တင်းမာမှုတွေ မြင့်တက်နေပါတယ်။
အမေရိကန်အစိုးရနဲ့ အီလွန်မာ့ခ်ရဲ့ ကုမ္ပဏီတို့ ချုပ်ဆိုထားတဲ့ အစိုးရစာချုပ်တွေကို ဖျက်သိမ်းမယ်လို့ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ခဲ့ပြီး အီလွန်မာ့ခ်ကလည်း ဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်သင့်တယ်လို့ ဆိုပါတယ်။
မိမိတို့ရဲ့ အသုံးစရိတ် ဒေါ်လာဘီလီယံများစွာကို စုဆောင်းဖို့ အလွယ်ဆုံးအလုပ်က အီလွန်မာ့ခ်အတွက် အစိုးရထောက်ပံ့ကြေးတွေနဲ့ စာချုပ်တွေကို ရပ်စဲဖို့ ဖြစ်တယ်လို့ ထရန့်ကပြောပါတယ်။ အီလွန်မာ့ခ်ဟာ စိတ်ပျက်စရာကောင်းတယ်လို့ ထရန့်က အိမ်ဖြူတော်မှာ ဂျာမနီဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။
ထရန့်ရဲ့ အခွန်ကောက်ခံမှုနဲ့ အသုံးစရိတ်ဥပဒေမူကြမ်းအပေါ် အီလွန်မာ့ခ်က ဝေဖန်ပြီးနောက်မှာ သူတို့နှစ်ယောက်အကြာ ပြဿနာဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ စတင်ခဲ့ပါတယ်။ အီလွန်မာ့ခ်ကလည်း ထရန့်ဟာ သူမပါရင် ရွေးကောက်ပွဲ ရှုံးလိမ့်မယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲမှာ ထရန့်နဲ့ အခြား ရီပတ်ဘလီကန်တွေကို ထောက်ပံ့ဖို့ ဒေါ်လာသန်း ၃၀၀ အသုံးပြုခဲ့ပြီး ဒီကျေးဇူးတရားတွေကို မေ့တယ်လို့ အီလွန်မာ့ခ်က ဝေဖန်ပါတယ်။ ဒါအပြင် ထရန့်ရဲ့ အခွန်စည်းကြပ်မှုတွေဟာ အမေရိကန်ကို ယခုနှစ်နှောင်းပိုင်းမှာ စီးပွားရေးကျဆင်းမှု ချောက်ထဲကို တွန်းပို့နေတယ်လို့ ဆိုပါတယ်။
ထရန့်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အမေရိကန်အစိုးရရဲ့ အာကာသအစီအစဉ်မှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ Space X ရဲ့ Dragon အာကာသယာဉ် မစ်ရှင်တွေကို စတင်ဖျက်သိမ်းတော့မယ်လို့ အီလွန်မာ့ခ်က ပြောပါတယ်။
ဒီအာကာသယာဉ်ဟာ အာကာသစခန်းကို ယာဉ်မှူးတွေစေလွှတ်နိုင်တဲ့ အမေရိကန်ရဲ့ တခုတည်းသော အာကာသယာဉ်ဖြစ်ပါတယ်။ လက်ရှိမှာတော့ အီလွန်မာ့ခ်ရဲ့ တက်စ်လာ လျှပ်စစ်ကားရှယ်ယာတွေဟာ နယူးယောက်စျေးကွက်မှာ ၁၄ ဒဿမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တက်စ်လာသမိုင်းမှာ တနေ့တည်း ဒေါ်လာ ၁၅၀ ဘီလီယံ စျေးကွက်တန်ဖိုး ဆုံးရှုံးမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အီလွန်မာ့ခ်ဟာ ဇန်နဝါရီလမှာ ရာထူးတက်လာတဲ့ ဒေါ်နယ်ထရန့်အစိုးရလက်ထက်မှာ ဘက်ဂျက်တွေ စီမံခန့်ခွဲ လျှော့ချနိုင်တဲ့ အစိုးရစွမ်းဆောင်ရည်ဌာန အကြိးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မကြာသေးခင်မှာ ရာထူးကနေ ထွက်ခွာခဲ့ပါတယ်။
Ref:CNA
Photo:Reuters
ကျန်းမာရေး - ပိုပြောတာတွေနဲ့ လျော့တွက်ကြတာတွေ
• creatine — လျော့တွက်ခံရတယ်
• smoothies — ပိုပြောလို့ နေကြတယ်
• magnesium — လျော့တွက်ခံရတယ်
• fitness tracker — ပိုပြော နေကြတယ်
• သဘာဝထဲ လမ်းလျှောက်ခြင်း — လျော့တွက်ခံရတယ်
• ပရိုတိန်းပေါင်ဒါ — လျော့တွက်ခံရတယ်
• အစားအစာအစားထိုး juiceများ — ပိုပြောနေကြတယ်
• ပိစတာချီယို icecream 😜 — အရမ်းလျော့တွက်ခံရတယ်
• ကောင်းမွန်သောဆက်ဆံရေးများ — လျော့တွက်ခံရတယ်
• အားကုန်သည်အထိ လေ့ကျင့်ခြင်း — ပိုပြော နေကြတယ်
• တစ်ယောက်တည်း ခရီးသွားခြင်း — လျော့တွက်ခံရတယ်
• ရေအေးစိမ်ခြင်း — ပိုပြော နေကြတယ်
• ဒိုင်ယာရီရေးခြင်း — လျော့တွက်ခံရတယ်
• ဖြတ်လမ်း အမြန်ဖြေရှင်းနည်းများ — ပိုပြော နေကြတယ်
• နေရောင်ခြည် — အရမ်းလျော့တွက်ခံရတယ်
ကျွန်တော်တို့ရော ဘာတွေပိုပြော၊ လျော့တွက်နေကြသေးလဲ?
လေးစားလျက်-
#နိုင်ငံတကာသမိုင်းရက်စွဲ
လန်ဒန်တွင် အစ္စရေးသံအမတ်ကြီး တိုက်ခိုက်ခံရမှုမှ အစပြုခဲ့သော လက်ဘနွန်စစ်ပွဲသည် ၁၉၈၂ ခုနှစ် ဇွန် ၆ ရက်တွင် အစ္စရေး၏တိုက်ခိုက်မှုမှ စတင်ခဲ့ပြီး သုံးနှစ်တာကာလအတွင်း အရပ်သားထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။