◼ ကမ္ဘောဒီးယားတပ်မဌာနချုပ်များအားထိုင်း F-16 တိုက်လေယာဉ်များဖြင့်တိုက်ခိုက်
ထိုင်းလေတပ်မှ F-16 တိုက်လေယာဉ်များက ကမ္ဘောဒီးယား ၏ အမှတ် (၈) နှင့် အမှတ်(၉) ခြေမြန်တပ်မဌာနချုပ်ကို ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း Khaosod သတင်းအရသိရသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များအကြား ယနေ့(ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုင်းဘုရင့်လေတပ်က F-16 တိုက်လေယာဉ် ခြောက်စီးကို ဖြန့်ကြက်ထားရန် အမိန့်ပေးခဲ့သည်။
ထို့နောက်ကမ္ဘောဒီးယားဘက်မှပစ်ခတ်သော BM-21 ဒုံးကျည်ထိမှန်မှုကြောင့်ထိုင်းနိုင်ငံ၊ဆီဆာကတ် ခရိုင် ဘန်ဖွေဒေသရှိ PTT ဓာတ်ဆီဆိုင်ကို ထိမှန်ခဲ့ပြီးလူနှစ်ဦးသေဆုံးကာ ကျောင်းသားများနှင့် အရပ်သားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဗုံးခိုကျင်းများသို့ ရွှေ့ပြောင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း Khaosod သတင်းအရသိရသည်။
ယင်းမတိုင်ခင်ကမ္ဘောဒီးယားစစ်သားများက BM-21 အတွဲလိုက်ဒုံးကျည်များဖြင့် ထိုင်းဘက်သို့ ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင်ရွာသား သုံးဦး ဒဏ်ရာရခဲ့ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေရသည်။
ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ဘူရီရမ်နှင့် ဆူရင်ပြည်နယ်များအနီးရှိ နယ်စပ်တလျှောက်တွင် ထိုင်းတပ်ဖွဲ့များကို အမြောက်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ကျည်ဆန်များက အရပ်ဘက်သို့ ကျရောက်ခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ နေရာခြောက်ခု၌ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက်တွင်ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များကBM-21 ဒုံးကျည်အပါအဝင် လက်နက်အမျိုးအစားအားလုံးကို အသုံးပြု၍ တိုက်ခိုက်ခဲ့ပြီး ထိုင်းစစ်တပ်ကလည်း လက်နက်ကြီးများဖြင့် အစီအစဉ်တကျ တုံ့ပြန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် စစ်ရေးပစ်မှတ်မဟုတ်သောနယ်မြေများတွင် နောက်ထပ် ကျည်များ ကျ ရောက် နိုင်သောကြောင့် အဆိုပါဒေသခံများအား အုပ်ချုပ်ရေးတာဝန်ရှိသူများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။
သတင်း-လင်းခေတ်
ကိုးကား- Khaosod
#နိုင်ငံတကာသတင်း

image
image
image
image
image