Land of the Dead (2005) 
Horror, Sci-Fi, Thriller IMDB: 6.2/10  
 
Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့နောက် Old but gold zombie ကားကောင်းတစ်ကားကို တွေ မကြည့်ဖူးမရှိရအောင် တင်ဆက်ပေးလိုက်ပါတယ် 
2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။  
 
အမျိုးအမည်မသိရတဲ့ကပ်ဘေးတစ်ခုကြောင့် တစ်ကမ္ဘာလုံးက လူအများစု ဖုတ်ကောင်တွေ ဖြစ်သွားတဲ့နောက် လူကုံထံတွေက လုံခြုံရေးအထပ်ထပ်နဲ့ မြိုသစ်တွေတည်ပြီးနေထိုင်ကြပါတယ်၊ 
ကပ်ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲတွေကိုတော့ မြိုရဲ့အစွန်ဆုံး၊ ခြံစည်းရိုးတွေနဲ့ အနီးဆုံးမှာပဲ ပေးနေပါတယ်၊ 
 
ရိက္ခာကိုတော့ ကြေးစားလူစွန့်စားတွေကို ငှားရမ်းပြီး ဖုတ်ကောင်တွေပြည့်နေတဲ့ မြိုပျက်ငယ်တွေမှာ ရှာဖွေခိုင်းပြီး အသက်ဆက်နေကြတာပါ။ရိုင်လေ နဲ့ ချိုလိုဒယ်မိုရာတိုက အဆိုပါ ကြေးစားအဖွဲဝင်တွေပဲ ဖြစ်ပါတယ်၊ 
အစပိုင်းမှာတော့ ဖုတ်ကောင်တွေက လမ်းလျှောက်တတ်တဲ့ လူသေကောင်သာသာပဲမိုလို စားနပ်ရိက္ခာ ရှာဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် 
တစ်နေ့မှာတော့ ဆင့်ကဲပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို ကမ္ဘာဦးလူသားတွေလို အစာရှာဖို၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို နားလည်လာပြီး မြိုပျက်တွေကနေ လူကုံထံ မြိုသစ်တွေဆီကို အစာရှာဖို တက်လာကြပါတော့တယ်၊ 
 
ဒီလိုနဲ့ပဲ ရိက္ခာရှာပေးရတဲ့ ရိုင်လေတိုအဖွဲဟာ ဖုတ်ကောင်တွေရဲ့ ရန်ကိုပါ ကာကွယ်ရမယ့် တာဝန်ရှိလာပါတော့တယ်။ 
 
သွေးသံရဲရဲနဲ့ 2005ထွက် ဇာတ်ကားနဲ့ မတူအောင် ပြကွက်တွေက အတော်လေးကြမ်းလို သွေးလန့်တတ် သူတွေ၊ ရွံစရာတွေကို sensitiveဖြစ်သူတွေ သတိထားပြီး ကြည့်ဖို ပြောချင်ပါတယ်။ 
 
😍ကြည့်ရန်နှိပ်ပါ👇 
 
https://t.me/MM_SUB2/539 
 
🎬 Main channel 🔗 
 
t.me/addlist/43SAvNGGjGExNWVl