တချို. ၈နာရီ အိပ်စက်ကြသော်လည်းနိုးလာတဲ့အခါ အိပ်ချင်မူးတူး ဖြစ်နေသေးတယ်။ စိတ်မကြည်လင်၊ မလန်းဆန်းဘူးဖြစ်နေတယ်။

ဘာကြောင့်အဲဒီလိုဖြစ် ရတာလည်းဆိုရင်
စိတ်မှာတင်းကျပ်မှု၊
ခန္ဓာကိုယ်တင်းကျပ်မှုတွေနဲ. အိပ်သွားလို့ဖြစ်ပါတယ်။
ဒါကြောင့်
အားပြန်ပြည့်မှု မဖြစ်နိုင်တော့ဘူး။

သတိမထားပဲ ဆက်သွားလို့ အခန့်မသင့်ခဲ့လျှင် nervous
break down ဖြစ်နိုင်ပါတယ်။

ဆေးပညာ၏လက်တွေ့စမ်းသပ်ချက်။
အမေရိကမှာ ဆေးပညာရှင် တစ်ယောက်၊ ခန္ဓာကိုယ်မှာ electronicsenser တွေ
တပ်ထားပြီ ကွန်ပြူတာနှင့် ဆက်သွယ်ကာ၊ screenမှာ
စောင့်ကြည့် နေခဲ့ပါတယ်။

ခန္ဓာကိုယ်ကို relax လုပ်လိုက် ရင် blood pressure ကျသွားတာ တွေ.ရတယ်။

စိတ်နည်းနည်း ပူတာနဲ
heart beat က တက်လာပြီး၊ စိတ်နည်းနည်းအေးသွားတာနဲ heart beat က လျော့ကြသွားတယ်။

အိပ်ပျော်နေတဲ့အချိန်မှာလည်း အနည်းငယ်သာ လျော့ကြသွားပြီး၊tension တွေရှိနေတာ တွေ.ရတယ်။
၄င်းကို residual tension
လို.ခေါ်တယ်။
" လက်ကျန် တင်းကျပ်မှု " လို.ခေါ်တယ်။

ဘယ်လို အိပ်ကြမလဲ ?

( Enough is enough )

မအိပ်ခင်မှာ အချိန်နည်းနည်း တရားရှုမှတ်ပါ။
( ထိုင်၍ဖြစ်စေ၊လှဲ၍ဖြစ်စေ )

အိပ်မှတ်တဲ့အခါ
ကိုယ့်အသက်ရှုသံကပင် အကျယ်ကြီး
ဖြစ်နေတတ်တယ်။

မှတ်ရင်း၊ မှတ်ရင်း ရှုသံက နူးညံ့လာတယ်။
နောက်ကျရင် အသက်မှ
ရှုရဲ.လားထင်မှတ် ရလောက်အောင် နူးညံ့လာပါတယ်။

စိတ်ဆိုတာက တရားမှတ်နေရင်း အလုပ်ကိစ္စတွေးလိုက်၊ ဟိုတွေးလိုက်၊ သည်တွေးလိုက် ဖြစ်နေတတ်တယ်။
တစ်နေကုန် တွေးခဲ့
လုပ်ခဲ့ပြီးပြီ။ Enough is enough.

ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားအောင် ကြိုးစားမယ်လို့ဆုံးဖြတ်၍ တရားမှတ်အိပ်လိုက်ပါ။

***အကျိုးကျေးဇူများ***

အနည်းငယ် တရားရှုမှတ်၍ အိပ်စက်ခြင်းသည်

ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားတတ်ပေသည်။

အိမ်မက်ဆိုးများ မမက်ပေ။ သောက အိမ်မက်များမမက်ပေ။
၄ နာရီခန်.အိပ်လိုက်ရလျှင် အားပြန်ပြည့်သွားပေသည်။

*** တရားရှုမှတ်ရင်းနဲ့
ခန္ဓကိုယ်ရော၊ စိတ်ကိုရော လျှော့ပြီးတော့
ငြိမ်းချမ်းသွားတဲ့အခါမှာ အိပ်ပျော်သွားလို့ရှိရင် လက်ကျန်တင်းကျပ်မှု ( residual tension )က အောက်ဆုံးအထိ
ရောက်သွားတယ်။ ၄င်း tension အကျွင်းအကျန်
မရှိမှသာ
အိပ်တဲ့အခါ ခန္ဓာကိုယ်ရော၊ စိတ်ပါ အားပြန်ပြည့်လာကြတယ်။
အိပ်တတ်ကြပါစေ။

🙏အရှင်နန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီး🙏

ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
#creditပေးပါသည် 🙏🙏🙏
#ကျန်းမာရေးဗဟုသုတများ
#crdphoto

image
23 w - Translate

Mechamato movie (2022)
====================

IMDb - 8/10

Big Hero 6 ဇာတ်ကားလိုvibe မျိုးပြန်ရစေမဲ့ စက်ရုပ်လူစွမ်းကောင်းအန်နီမေးရှင်းဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။Mechamato စီးရီး ရဲ့ prequel ဇာတ်လမ်းဖြစ်လို စီးရီးမကြည့်ဖူးဘူးဆိုရင်တောင် ဒီကားကနေစကြည့်နိုင်ပါတယ်။ ဒီကားမှာ အာမန်တိုက အသွင်ပြောင်းစက်ရုပ် မတ်ချာဘော့တ်နဲ့ဘယ်လိုစတင်တွေ့ခဲ့တယ်ဆိုတာ ကြည့်ရှုရမှာပါ။စက်ရုပ်တွေကိုခုံမင်တဲ့ အာမန်တိုဟာ ကျောင်းကပရောဂျက်အတွက် စက်ရုပ်ကိုသူ့သူငယ်ချင်း ပီရန်နဲ့ ကြိုးစားပမ်းစားတီထွင်နေကြပါတယ်။ တစ်နေ့မှာတော့ ဂလက်ဆီပေါ်မှာတိုက်ပွဲဖြစ်ရင်း ကိုယ်ပျောက်ယာဉ်တစ်စီးဟာ ကမ္ဘာပေါ်ကိုပျက်ကျလာခဲ့ပါတယ်။ အဲ့နေ့မှာပဲ ပရောဂျက်အတွက် စိတ်လှုပ်ရှားနေတဲ့အာမန်တိုတစ်ယောက်အိမ်ပြန်လမ်းမှာ ယာဉ်ပျက်တစ်စီးကို မထင်မှတ်ဘဲတွေ့လိုက်ရတဲ့အချိန်မှာတော့ စူးစမ်းလေ့လာစိတ်ပြင်းပြတဲ့ အာမန်တိုဟာ ဘာဆက်ဖြစ်မယ်ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/animezatcar/318

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
23 w - Translate - Youtube

ဖဲ ဝိဇ္ဖာ ကြီး သွက်လက် ဘာတွေ ရှုပ်အုံးမလည်းကွာ

23 w - Translate

The Elfkins Baking a Difference (2019)

ဂျာမန်ကာတွန်းကားလေးပါ

မြေအောက်မှာပဲ နှစ်ပေါင်းများစွာနေလာတဲ့ မှင်စာလေး အဲလ်ဖီဟာ လူသားတွေနေတဲ့အပေါ်ကိုတက်လာပြီး ပညာရပ်တစ်ခုခုကိုသင်ချင် နေပါတယ်။ တက်လာပြီးနောက် မုန့်ဖုတ်ဆရာ သီအိုနဲ့တွေ့ခဲ့ပါတယ်။သူ့ရဲ့မုန့်တိုက်ကိုလိုချင်နေတဲ့ ညီဆီကနေကယ်တင်ဖိုလိုနေတဲ့သူပေါ့။မှင်စာလေးဟာ သူတက်ချင်တဲ့ပညာကိုတက်သွားနိုင်မလား လူသား သီအိုကရော သူ့မုန့်တိုက်ကို ကယ်တင်နိုင်မလား ဘာအပြောင်းအလဲတွေ လုပ်နိုင်သွားမလဲ

😍ကြည့်ရန်နှိပ်ပါ👇

t.me/animezatcar/298

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
23 w - Translate - Youtube

ငါ့ထက်မိုက်တဲ့ လူမိုက်ကြီး နဲ့ တွေ့ပြီလေ ဟီးဟီး

23 w - Translate

The Monkey King [2023]

အားလုံးသိကြတဲ့ မျောက်ဘုရင် စွန်းဝူခုံးရဲ့ ဇာတ်လမ်းကို အခြေခံထားတဲ့ animationဇာတ်ကားပဲဖြစ်ပါတယ်
ဒီထဲမှာတော့ ကျောက်တုံးကနေမွေးလာတဲ့ မျောက်လေးတစ်ကောင်က နဂါးမင်းသုံးဖိုကြံနေတဲ့ လက်နက်ကိုသွားခိုးတာကစပါတယ် အားလုံးသိကြတဲ့အတိုင်း အဲ့ဒီလက်နက်က သူ့ရဲ့ရွှေကြိမ်တုတ် ဖြစ်လာတာပါပဲ
စည်းမျဉ်းတွေမရှိ၊လုပ်ချင်ရာလုပ်လိုရတာက မျောက်တစ်ကောင်အတွက်မဟုတ်ပဲ မသေမျိုးတွေသာလုပ်နိုင်တဲ့အရာလို သိပြီးနောက် မသေမျိုးဖြစ်ဖို ကြိုးစားရင်း တစ်ဖက်မှာလည်း သူ့လက်နက်ကိုခိုးလို မကျေနပ်တဲ့နဂါးမင်းနဲ့ ရန်ဖြစ်ကြပါတော့တယ်
Animationကားဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးကြည့်နိုင်ပါတယ်

😍ကြည့်ရန်နှိပ်ပါ👇

t.me/animezatcar/297

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
23 w - Translate - Youtube

ဂုန်းဆင်း official video အစအဆုံး

23 w - Translate

ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ ဥယျာဉ်စောင့်လေးတွေကို လိုက်ရှာပေးမယ့် ရှားလော့ဟုမ်းစ် မဟုတ်တဲ့ ရှားလော့နုမ်းစ် ... ⭐

Sherlock Gnomes ( 2018 ) 📱

ဒီဇာတ်ကားလေးမှာတော့ ဥယျာဉ်စောင့်နုမ်းလေးတွေဟာလန်ဒန်ကိုပြောင်းရွေ့ခဲ့ကြပါတယ် ..

ဒီအချိန်မှာပဲ လန်ဒန်မှာထူးဆန်းတဲ့အမှုတစ်ခုဖြစ်ပွားခဲ့တယ်…

အဲ့ဒါကတော့ ဥယျာဉ်စောင့်နုမ်းတွေ ထူးဆန်းစွာပျောက်ဆုံးသွားခြင်းပါ …

လန်ဒန်ရဲ့ အကျော်ကြားဆုံး စုံထောက်ကြီး ရှားလော့ခ်နုမ်းစ်နဲ့ သူ့မိတ်ဆွေဒေါက်တာ ဝက်ဆန်ဟာ နုမ်းတွေပျောက်ဆုံးမှုကို စုံစမ်းရင်း နိုမီယို ဂျူးလိယက်တိုနဲ့ ဆုံတွေ့ခဲ့ကြပါတယ်…

လျိုဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့ နုမ်းတွေရဲ့ပျောက်ဆုံးမှုကို သူတိုလေးယောက်ဘယ်လိုဖြေရှင်းကြမလဲ …

ဘယ်လိုထူးဆန်းမှုတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဆက်လက်ရှူစားရမှာပဲဖြစ်ပါတယ် …
 
😍ကြည့်ရန်နှိပ်ပါ👇

t.me/animezatcar/280

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
23 w - Translate - Youtube

အောင်ကြီးကလည်း အစအဆုံး official video

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
------------------------------------------------
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
==========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်းပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ ဂျက်ခမ်းပြည်နယ် နှင့် ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းတို့သို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
--------------------------------------------------------------
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
============================
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀ အထိ။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၈ ပေမှ ၁၁ ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
------------------------------------------------------------------------
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
==============================
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀ အထိ။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၈ ပေမှ ၁၁ ပေခန့်။