29 ပတ် - ဘာသာပြန်ပါ။ - Youtube

Fisherman Dagang boiled lobster, conch, abalone, octopus, and prawns with beer

29 ပတ် - ဘာသာပြန်ပါ။ - Youtube

How to make crispy pork belly?

29 ပတ် - ဘာသာပြန်ပါ။ - Youtube

တောချက်မုန့်ဟင်းခါး အီကြာကွေးနဲ့ တစ်ပွဲ အချိုမှုန့်ရှောင် 🤤. . . . . အတူတူစပ်စုကြည့်မယ် 😬

29 ပတ် - ဘာသာပြန်ပါ။ - Youtube

မော်လမြိုင် မုန့်ဟင်းခါး နဲ့ ဘူးသီးကြော် စားမယ်

29 ပတ် - ဘာသာပြန်ပါ။

မင်္ဂလာနံနက်ခင်းလေးပါရှင်
⚜️ 🌹 ⚜️ 🌹 ⚜️ 🌹 ⚜️
နမောတဿ ဘဂဝတော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ 🙏🙏🙏
ဘုရား တရား သံဃာ
ရတနာမြတ်သုံးပါးနှင့်တကွ
အနန္တောအနန္တငါးပါး
ခင်ပွန်းကြီးဆယ်ပါးတို့အား
ရိုသေမြတ်နိုးလက်စုံမိုး၍
ရှိခိုးပူဇော်ဖူးမျှော်မာန်လျှော့
ကန်တော့ပါ၏အရှင်ဘုရား🙏🙏🙏
ဤကဲ့သို့ရှိခိုးကန်တော့ရသော
ကုသိုလ်ကံစေတနာတို့ကြောင့်
အပယ်လေးပါး ကပ်သုံးပါး
ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါးနှင့်
ဝိပတ္တိတရားလေးပါ ဗျသနတရား
ငါးပါးနှင့်အနာမျိုး (၉၆) ပါးတို့မှ
အခါခပ်သိမ်းကင်းလွှတ်ငြိမ်းသည်ဖြစ်၍
မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို၏ အရှင်ဘုရား 🙏🙏🙏
ဂင်္ဂါဝါလုသဲစုမက
ပွင့်တော်မူပြီးကြကုန်သော
မြတ်စွာဘုရားရှင်အဆူဆူတို့၏
တန်ခိုးတေဇော်အာနုဘော်တို့ကြောင့်
မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်တကွ
ကမ္ဘာသူကမ္ဘာသားများအားလုံးတို့သည်
ဘေးဆိုး ကပ်ဆိုး ရောဂါဆိုး
သဘာဝဘေးအန္တရာယ်ဆိုးများမှ
ကင်းဝေးလွှတ်မြောက်နိုင်ကြပါစေ
🙏🙏🙏
၃၁ ဘုံ အတွင်း ရှိကြကုန်သော
လူ နတ် ဗြဟ္မာ ဝေနေယျအားလုံး
ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ🙏
ဤကောင်းမှုသည်
မြတ်သောနိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း၏
အထောက်အပံ့ ဖြစ်ပါစေသတည်း 🙏🙏🙏
ပြုပြုသမျှကောင်းမှုကုသိုလ်
အဖို့ဘာဂကို ဘုံ ၃၁ ဖြစ်ဖြစ်သမျှ
ဝေနေယျ သတ္တဝါအားလုံးတို့အား
ထပ်တူရကြပါစေအမျှပေးဝေပါသည်
ကုသိုလ်အမျှထပ်တူရကြပါစေ
ကုသိုလ် အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်လော
သာဓု သာဓု သာဓု 🙏🙏🙏
ဤဆုတောင်းမေတ္တာ
ကမ္ဘာရှည်သရွှေ့ တည်ပါစေသား 🙏🙏🙏
ရေကြည် ချမ်းမြ (16..7..2025)
🙏✨🍀✨🙏✨🍀🙏✨🍀🙏✨🍀🙏

image
29 ပတ် - ဘာသာပြန်ပါ။

❝ဘုရားဂုဏ်​တော် ၉-ပါး❞
❝အရဟံ ဂုဏ်တော်❞
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်-
၁။ အာရကတ္တာ- ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ- လူနတ်ဗြဟ္မာသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ- ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
၄။ အရီနံ ဟတတ္တာပိ- ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ- သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
❝သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်❞
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသောမြတ်စွာဘုရား။
(အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရား။)
❝ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်❞
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသောမြတ်စွာဘုရား။
ဝိဇ္ဇာဉာဏ် (၃) ပါး-
၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး-
၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
၂။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
၄။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
၅။ ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။
၆။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
၇။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။
၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး-
၁။ သဒ်ဓါ
၂။ သတိ
၃။ ဟိရီ
၄။ ဩတ်တပ်ပ
၅။ ဝီရိယ
၆။ သုတ
၇။ ပညာ
၈။ ဘောဇနမတ္တညုတာ
၉။ ဇာဂရိယာနုယောဂ
၁၀။ သီလ
၁၁။ ဣန္ဒြိယသံဝရ
၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။စတုတ္ထဈာန် တို့ကို စရဏတစ်ဆယ့်ငါးပါးဟု ခေါ်ဆိုသည်။
❝သုဂတော ဂုဏ်တော်❞
အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
❝လောကဝိဒူ ဂုဏ်တော်❞
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
❝အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်❞
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို
ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။
❝သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်❞ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
❝ဗုဒ္ဓေါ ဂုဏ်တော်❞
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
၁။ ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။
၂။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။
၃။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။
၄။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
❝ဘဂဝါ ဂုဏ်တော်❞
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါး-
၁။ ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
၂။ ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။ ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၄။ သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၅။ ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။
၆။ ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဗုဒဓှံ သရဏံ ဂစဆှာမိ၊ ဓမမှံ သရဏံ ဂစဆှာမိ၊ သံဃံ သရဏံ ဂစဆှာမိ။
ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိပါဘုရား။
သတ္တဝါအားလုံး ​ဘေးရန်ကင်းကြ ပါ​စေ။
၇ - ရက်သားသမီး အားလုံး
ကျန်းမာ၊​ ချမ်းသာကြပါစေ။
​ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါ​စေ။
အလုပ်အကိုင်လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ...

image
29 ပတ် - ဘာသာပြန်ပါ။

ကိုယ်ကျင့်သီလ
ကိုယ်ကျင့်သီလဟာ
မိသားစု ကြည်ညိုမှုကိုလည်း ရစေနိုင်တယ်။
(သို့မှသာ သားသမီးတွေရဲ့အားကိုးရာ
မိခင်ကောင်း၊ ဖခင်ကောင်းတွေ ဖြစ်မှာ။)
သေသူ မိဘနဲ့ ဆွေမျိုးများကိုလည်းပဲ
အောက်တန်းစားဘဝမှ အထက်တန်းစားဘဝသို့ရောက်အောင် ကယ်တင်နိုင်တယ်။
(သီလပြည့်စုံတဲ့ သားသမီးတို့ရဲ့ ပြုတဲ့ဒါန၊
ပေးဝေတဲ့အမျှတို့ဟာ မိဘဆွေမျိုး သေသူတို့ထံ
တိုက်ရိုက်ရောက်လို့ စူးရှစေရမှာ။)
ကိုယ့်ဘဝကောင်းစားရေးကိုလည်း
တာဝန်ယူနိုင်တယ်။ (အကျင့်မှန်လို့ အာရုံမှန်ယူပြီး
သေတတ်လျှင် လူ့ဘဝ, နတ်ဘဝ ရောက်ဖို့ သေချာပြီ။)
တစ်ယောက်တည်း တောတောင်မှာနေလျှင်
နတ်တို့ရဲ့ အကူအညီလည်း ရစေနိုင်တယ်။
(သီလစင်ကြယ်သူရဲ့ ကိုယ်နဲ့စိတ်သာလျှင်
နတ်တို့ရဲ့ အဆင့်အတန်းနဲ့မီလို့ နတ်တို့ရဲ့ တန်းတူဆက်ဆံမှုကို ခံယူရရှိမှာ။)
ကျင့်လိုတဲ့ ဈာန်သမာပတ်၊
မဂ်ဖိုလ် နိဗ္ဗာန်ဓာတ် တို့ကိုလည်း
အလွယ်တကူ ရယူစေနိုင်တယ်။
(သီလစင်ကြယ်လို့ ကိုယ်ကျင့်မှန်သူမှသာ
စိတ်တည်ငြိမ်ပြီး ဣန္ဒြေထက်သဖြင့်
ဈာန်၊ မဂ်သို့ ကူးနိုင်မှာ။)
🙏🙏🙏မဟာဗောဓိမြိုင်ဆရာတော်🙏🙏🙏

image
29 ပတ် - ဘာသာပြန်ပါ။

Turn your service business idea into reality with our Uber for handyman! Get a feature-rich, ready-to-launch platform and tap into the booming on-demand economy today.

#handymanapplikeuber #uberforhandyman #handymanscript #handymanapp #uberforhandymanserviceapp

WhatsApp: +91 6379630152
Mail Id: sales@trioangle.com
https://www.trioangle.com/handyman-script/

image
merrygomez သူမ၏ပရိုဖိုင်ပုံပြောင်းခဲ့သည်။
29 ပတ်

image

image