17 w - Translate

Beloved viral eaglet babies Sunny and Gizmo are just about ready to leave the nest.
According to the nonprofit Friends of Big Bear Valley, the eaglets are about 10 weeks old, the age at which they start to fledge, or get their feathers and leave the nest for the first time.
Eagle parents Jackie and Shadow had three chicks hatch in early March, but one of the chicks died a few weeks later, following a winter storm.
In a Facebook post, the nonprofit said Sunny and Gizmo, who live in Big Bear Valley in Southern California's San Bernardino County, have been bonding with each other and their parents in recent weeks, giving and receiving sticks, building their shared nest, and sharing food.
Read more: https://abcnews.visitlink.me/MVKvg4

image
17 w - Translate

Beloved viral eaglet babies Sunny and Gizmo are just about ready to leave the nest.
According to the nonprofit Friends of Big Bear Valley, the eaglets are about 10 weeks old, the age at which they start to fledge, or get their feathers and leave the nest for the first time.
Eagle parents Jackie and Shadow had three chicks hatch in early March, but one of the chicks died a few weeks later, following a winter storm.
In a Facebook post, the nonprofit said Sunny and Gizmo, who live in Big Bear Valley in Southern California's San Bernardino County, have been bonding with each other and their parents in recent weeks, giving and receiving sticks, building their shared nest, and sharing food.
Read more: https://abcnews.visitlink.me/MVKvg4

image
17 w - Translate

Beloved viral eaglet babies Sunny and Gizmo are just about ready to leave the nest.
According to the nonprofit Friends of Big Bear Valley, the eaglets are about 10 weeks old, the age at which they start to fledge, or get their feathers and leave the nest for the first time.
Eagle parents Jackie and Shadow had three chicks hatch in early March, but one of the chicks died a few weeks later, following a winter storm.
In a Facebook post, the nonprofit said Sunny and Gizmo, who live in Big Bear Valley in Southern California's San Bernardino County, have been bonding with each other and their parents in recent weeks, giving and receiving sticks, building their shared nest, and sharing food.
Read more: https://abcnews.visitlink.me/MVKvg4

image
image
image

#နိုင်ငံတကာသတင်း
◼ကီလိုမီတာ ၂၀၀၀ အထိ ပစ်ခတ်နိုင်သော တာဝေးပစ်လက်နက် ဗြိတိန်နှင့်ဂျာမနီ ပူးတွဲတည်ဆောက်မည်
ဥရောပ၏ အကြီးဆုံးစီးပွားရေး နှစ်နိုင်ငံက ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နေကြစဉ် ကီလိုမီတာ ၂၀၀၀ ( ၁၂၄၂ မိုင်)ကျော်အထိရောက်ရှိနိုင်ပြီး အတွင်းပိုင်းကို တိကျစွာ တိုက်ခိုက်နိုင်သည့် လက်နက်အသစ်တစ်မျိုးကို ဗြိတိန်နှင့်ဂျာမနီ က ပူးတွဲတည်ဆောက်သွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရ က ယနေ့တွင်ပြောကြားသည်။
ယင်းစီမံကိန်းမှာ လက်နက်အသစ်များ တည်ဆောက်သွားရေးပြီးခဲ့သည့်နှစ် က ထားရှိခဲ့သော ကတိကဝတ်မှ ပေါ်ထွက်လာခြင်းဖြစ်သည်။
ထိုစဉ်က ဗြိတိန်နှင့် ဂျာမနီကြား ကာကွယ်‌ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသလို ယူကရိန်းစစ်ပွဲ အရှိန်မြင့်တက်လာခဲ့ပါက ဥရောပအနေဖြင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိရန် လိုအပ်ကြောင်း အလေးအနက်ထား ပြောကြားခဲ့ကြသည်။
ထိုသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် အ‌မေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် အနိုင်ရရှိခဲ့ကာ ဥရောပက ၎င်းတို့ကိုယ်ပိုင်လုံခြုံရေးအတွက် တာဝန်ယူသွားမည်ဟု မျှော်လင့်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့ရာ ပြည်တွင်းကာကွယ်ရေးလုပ်ငန်းများ တိုးတက်လာရေးကို ‌ဥရောပက အလျင်စလို လုပ်ဆောင်လာခဲ့ရသည်။
တာဝေးပစ်လက်နက်သစ် စီမံကိန်းအား ဘာလင်မြို့ အစည်းအဝေးတစ်ရပ်၌ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟဲလေးနှင့် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်တိုးရီးယပ်စ် တို့က ကြေညာသွားမည်ဖြစ်သည်။
“အန္တရာယ်ပိုများလာတဲ့ ကမ္ဘာကြီးမှာ နေတိုးအဖွဲ့နဲ့ ဥရောပမဟာမိတ်တွေ စည်းလုံးညီညွတ်စွာ ရပ်တည်နေကြပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုက ကာကွယ်‌ရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ရေးအင်ဂျင်ဖြစ်ဖို့ ကူညီပေးပြီး အလုပ်အကိုင်တွေဖန်တီး ၊ ကျွမ်းကျင်မှုတွေ မြင့်တက်လာစေကာ ဗြိတိန် နဲ့ ဂျာမနီ နှစ်နိုင်ငံစလုံးမှာ ရင်းနှီးမြုပ်နှံမှုတွေကိုမောင်းနှင်သွားပါမယ်။” ဟု ဗြိတိန်ကာကွယ်‌‌‌ရေးဝန်ကြီး ဟဲလေးက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။
သို့ရာတွင် အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ အချိန်အတိုင်းအတာ ၊ ဘတ်ဂျက်စသော အသေးစိတ်အချက်များ ထုတ်ပြန်ချက်တွင် မပါဝင်ခဲ့ပေ။
ဘာလင်မြို့အစည်းအဝေးမှာပင် ရေကြောင်းကင်းလှည့်‌ရေးအတွက် တော်ပီဒိုများနှင့် ထောက်လှမ်း‌‌‌ရေးလေယာဉ်များကို ပူးတွဲမှာယူ‌‌ရေးကို ဝန်ကြီးများက ဆွေးနွေးမည်ဟု မျှော်လင့်ရပြီး ဗြိတိန်နိုင်ငံလုပ် စစ်ဘက်သုံးတံတားများကို ဂျာမနီက ဝယ်ယူ‌မည့် သဘောတူညီချက်ကိုလည်း ကြေညာမည်ဟု ဟဲလေးက ဆက်လက်ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image

#နိုင်ငံတကာသတင်း
◼ဂျာမနီနှင့်ဖိလစ်ပိုင် ကာကွယ်‌ရေးသဘောတူညီချက် လက်မှတ်ထိုး
အငြင်းပွားနေသော တောင်တရုတ်ပင်လယ်၌ တရုတ်နိုင်ငံနှင့်ကြာရှည်စွာ ဖြစ်ပေါ်နေသော ပြဿနာတွင် ၎င်း၏ အနေအထား ခိုင်မာလာစေရေး မနီလာက မဟာမိတ်အများအပြားထူထောင်နေချိန်တွင် ကာ ကွယ် ရေးဆိုင်ရာဆက်ဆံရေး တိုးမြှင့်ရန်နှင့် ပူးတွဲလှုပ်ရှားမှုများ မြှင့်တင်သွားရန် ဂျာမနီနှင့် ဖိလစ်ပိုင်တို့က သဘောတူလိုက်ကြသည်။
ဆိုက်ဘာလုံခြုံ‌‌ရေး၊ ကာကွယ်ရေးလက်နက်နှင့် သယ်ယူပို့ဆောင်မှု၊ ကုလ သမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု အပါအဝင်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရေး တို့ပါဝင်သည့်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တစ်ရပ်အား ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတိုတီယိုဒိုရို နှင့် ဂျာမနီကာကွယ်‌ရေးဝန်ကြီး ဘော ရစ်ပစ်တိုးရီးယပ်စ် တို့က ယမန်နေ့တွင်ဘာလင်မြို့၌လက် မှတ် ရေး ထိုးခဲ့ကြကြောင်း မနီလာ ကာ ကွယ်‌ရေးဝန်ကြီးဌာနက ယ နေ့တွင် ပြောကြားသည်။
ယမန်နှစ်တွင် ဂျာမနီကာကွယ်ရေးဝန်ကြီး ပစ်တိုးရီးယပ်စ် မနီလာသို့ လာရောက်ခဲ့ပြီး နှစ်နိုင်ငံ စစ်ဘက်များကြား ရေရှည်ဆက်ဆံ‌‌ရေး ထူထောင်ရန် နှစ်ဖက် ကတိပြုခဲ့ကြပြီးနောက် ယခုသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အစဉ်အလာမဟာမိတ် အမေရိကန်အပြင် အခြားနိုင်ငံများနှင့်ပါ ကာကွယ်ရေးသဘောတူညီချက်များ ချုပ်ဆိုရန် မနီလာက ကြိုးပမ်းလာခဲ့ပြီးနောက် ဂျာမနီနှင့် သဘောတူညီချက် ရရှိခြင်းဖြစ်သည်။
ပြီးခဲ့သည့်လကပင် စစ်ဘက်ချင်းပူး‌ပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဖိလစ်ပိုင်က နယူးဇီလန်နှင့် ကာကွယ်ရေးသဘောတူညီမှုရရှိခဲ့ပြီး မကြာမီ ကနေဒါနိုင်ငံနှင့်လည်း အလားတူ စာချုပ်ချုပ်ဆိုသွားမည်ဟု မျှော်လင့်ရသည်။
ကာကွယ်ရေးအရင်းအမြစ်များ အပြန်အလှန်အသုံးပြုခွင့်‌ပေးရေး ဂျပန်နှင့် သဘောတူညီမှုကို ဒီဇင်ဘာလက အတည်ပြုခဲ့ကြသည်။
ထို့ပြင် တပ်ဖွဲ့များ အပြန်အလှန်လည်ပတ်‌ရေး သဘောတူညီမှုအတွက် ပြင်သစ်နှင့် စတင်ဆွေးနွေးရေးကိုလည်း သမ္မတ ဖာဒီနန်မားကို့စ်က အတည်ပြုခဲ့သည်။
ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ် နိုင်ငံတို့ကလည်း ပိုင်ဆိုင်ကြောင်း ပြောကြားနေကြသည့် တောင်တရုတ်ပင်လယ်တစ်ခုလုံး အား မိမိတို့ ပိုင်ဆိုင်ကြောင်း တရုတ် က ပြောသည်။
ပေကျင်း၏ပြောဆိုမှုများမှာဥပဒေအခြေခံမရှိကြောင်းသည်ဟေ့ဂ်မြို့မှအ ငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာအမြဲတမ်းတရားရုံးက ၂၀၁၆ ခုနှစ်က ဆုံးဖြတ်သော်လည်း တရုတ်က လက်သင့်မခံဘဲ ပယ်ချထားသည်။
ယင်းဆုံးဖြတ်ချက်သည် ခြွင်းချက်မရှိဘဲတည်မြဲနေကြောင်း ပစ်တိုးရီးယပ်စ် က ပြီးခဲ့သည့် ဩဂုတ်လက မနီလာ ၌ ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း ဂျာမနီစစ်သင်္ဘောနှစ်စီးက အင်ဒို-ပစိဖိတ်ဒေသသို့ ရှားရှားပါးပါးခရီးနှင်ခဲ့ကာ လွတ်လပ်စွာရေကြောင်းသွားလာမှုအပေါ် ဘာလင်၏ သဘောထားကို ပြသခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image
17 w - Translate

#ပြည်တွင်းသတင်း
◼ဒိုးလုံး၏တေးသီချင်းများစီးပွားဖြစ်အသုံးပြုပါက အသိပေးခွင့်တောင်းရန်ကြေညာ
တေးရေးတေးဆို ခွန်နေလင်းနိုင်(ခ)ဒိုးလုံး၏ တေးသီချင်းများအား စီးပွားဖြစ်အသုံးပြုမည်ဆိုပါက ဒေါ်ခင်ချောစုတင်(ချောစုခင်)ထံအသိပေးခွင့်တောင်းရန် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့်အသိပေး ကြေညာထားသည်။
ဂီတအနုပညာရှင်ခွန်နေလင်းနိုင်(ခ)ဒိုးလုံး ဖန်တီးခဲ့သောတေးသီချင်းများ၏ မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များအားလုံးကို ၎င်းကွယ်လွန်ချိန်မှစ၍ ယနေ့ထိတိုင် ဒေါ်ခင်ချောစုတင် (ချောစုခင်)က ဆက်ခံသူအဖြစ် တရားဝင်စီမံခန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း ယင်းကြေညာချက်တွင်ဖော်ပြထားသည်။
၎င်းဖန်တီးခဲ့သောတေးသီချင်းများအားအသုံးပြုမည်ဆိုပါက ဒေါ်ခင်ချောစုတင်(ချောစုခင်) ထံသို့ ဖြစ်စေ၊ ယင်းမှတရားဝင်လွှဲအပ်ညွှန်ပြထားသောကုမ္ပဏီ၊ လူပုဂ္ဂိုလ်တို့ထံသို့ဖြစ်စေ အသုံးမပြုမီ ကြိုတင်ခွင့်ပြုချက်တောင်းခံ၍ ခွင့်ပြုချက်ရရှိမှသာလျှင် အသုံးပြုရန်နှင့်ခွင့်ပြုချက်တောင်းခံခြင်း မရှိဘဲ စီးပွားဖြစ်မည်သည့်ကဏ္ဍတွင်မဆိုအသုံးပြုပါက ဥပဒေနှင့်အညီဆက်လက်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
တေးရေးတေးဆိုဒိုးလုံးသည် ပအိုဝ်းလူမျိုးဖြစ်ပြီး ၁၉၇၈ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်တွင်မွေးဖွားခဲ့သည်။ ၎င်းသည် alternative အဆိုတော်ဖြစ်ပြီး ကိုယ်ပိုင်အခွေများဖန်တီးခဲ့သူဖြစ်သည်။
၎င်း၏တေးသီချင်းများဖြစ်သည့် မချစ်ဘူးမပြောပါနဲ့၊ အရိုးထိအောင်ရူး၊ ချစ်ဦးမေ၊ ကြင်နာလို့ ချစ်ပါရစေ အစရှိသည့်သီချင်းများသည်လည်း ပရိတ်သတ်များကြားယနေ့တိုင်လူကြိုက်များ ကျော်ကြားနေဆဲဖြစ်သည်။
တေးရေးတေးဆိုဒိုးလုံးသည် ၂၀၀၃ ခုနှစ်၊ စက်တင်ဘာ ၂ ရက် ကွယ်လွန်ချိန်တွင် အသက်(၂၅) နှစ် သာရှိသေးပြီး ဇနီးဖြစ်သူအဆိုတော်ချောစုခင်ကျန်ရစ်ခဲ့သည်။
သတင်း - အင်ကြင်း

image
17 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာရွှေ့ပြောင်းလုပ်သား ၂၆ ဦး ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ဗန်ကောက်မြို့အနောက်ဘက်ဒေသ ကန်ချနဘူရီခရိုင်တွင် အလုံပိတ်ပစ်ကပ်ကားပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၆ ဦးကိုဖမ်းမိခဲ့ကြောင်း ကန်ချနဘူရီခရိုင် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။
တရားမဝင် ဝင်ရောက်သူများရှိကြောင်း မေ ၁၄ ရက်တွင် ဒေသခံ များ၏ သတင်းပေးချက်အရ ကန်ချနဘူရီခရိုင် ထောင်ဖာဖွန်မြို့နယ် ထားနွန်ကျေးရွာ လမ်းလေးဆုံတွင် Isuzu D-Max ခဲရောင် အလုံပိတ် ပစ်ကပ်ကားတစ်စီးကို ဆူရစီတပ်မ(၉) တပ်ရင်းက တားဆီးစစ်ဆေးခဲ့သည်။
ကားပေါ်တွင် အသက် (၄၇) နှစ်အရွယ် ယာဉ်မောင်းနှင့်ခရီးသည်တစ်ဦး၊ ကားနောက်တွင် အထောက်အထားမဲ့လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆ ဦးကိုဖမ်းဆီးရမိကြောင်း ဆူရစီတပ်မ (၉) တပ်ရင်း ဗိုလ်ချုပ် အသဒ္ဓါဝုပယာရချွန်းက ပြောသည်။
ဖမ်းဆီးခံရသူများသည် ရန်ကုန်တိုင်းမှ ထွက်ခွာလာသူများဖြစ်ပြီး ထိုင်းနယ်စပ်သို့ တောလမ်းကြောင်းမှတစ်ဆင့်ခိုးဝင်ကာ ထောင်ဖာဖွန်မြို့နယ် ခနွန်ခလီရွာတွင် သွားရောက်ခေါ်ဆောင်ပြီး ချွန်ဘူရီခရိုင်သို့ ပို့ဆောင်စဉ်လမ်းခရီး၌ဖမ်းဆီးခြင်းခံရကြောင်း မစ္စတာဆမန်ဟု အမည်ပေးထားသည့်ယာဉ်မောင်းက ဝန်ခံထွက်ဆိုခဲ့သည်။
ကားမောင်းသူနှင့် ခရီးသည်တစ်ဦး အပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆ ဦးကို ထောင်ဖာဖွန်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းထားကာ ဥပဒေအရအရေးယူခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆ ဦးသည် စာရွက်စာတမ်း အထောက်အထားများ မပါဘဲ ရန်ကုန်မှချွန်ဘူရီခရိုင်သို့ ပို့ဆောင် ရန် ပွဲစားခတစ်ဦးလျှင် ဘတ်ငွေ ၂၅ဝဝဝ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

image
17 w - Translate

တစ်ချိန်က ကျိကျိတတ်ချမ်းသာတဲ့ သဌေးကြီး လက်ထပ်ခဲ့ပြီး ပြည့်စုံကြွယ်ဝခဲ့ပေမယ့် လက်ရှိမှာတော့ သာမာန်လူတန်းစားအဖြစ်နဲ့ ပြောင်းလဲသွားတဲ့ သရုပ်ဆောင် ချမ်းမီမီကို 😞👇
#ဘဝဆိုတာလဲအဆိုးမရဘူးလေ. .ချက်ချင်းပြောင်းလဲနိုင်တယ်😌
#အဆင်ပြေပါစေ

image

မှတ်ပလား

124 yrs - Translate

ကင်ဆာ ဆဲလ်တွေကို သတ်ပေးနိုင်တဲ့ အလွန်သေးငယ်တဲ့ စက်ရုပ်တွေ လာပြီ
============================================
ကင်ဆာ ရောဂါသည်တွေအတွက် chemotherapy ကုထုံးဟာ ဘေးထွက်ဆိုးကျိုး အလွန်များပြီး ခန္တာကိုယ် တစ်ခုလုံးကို ထိခိုက်စေပါတယ်။ ခန္တာကိုယ်အတွက် အကျိုးပြုတဲ့ ဆဲလ်တွေကိုပါ သတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ပညာရှင်တွေက ဒီထက်ကောင်းတဲ့ ကင်ဆာ ကုထုံးတွေကို တီထွင်နေပါတယ်။
အခုတော့ ဆွီဒင်မှ Karolinska Institutet မှ သိပ္ပံပညာရှင်တွေက အကျိုးပြုတဲ့ ဆဲလ်တွေကို မထိခိုက်စေဘဲ ကင်ဆာ ဆဲလ်တွေကို သတ်ပေးနိုင်တဲ့ အလွန်သေးငယ်တဲ့ စက်ရုပ်တွေကို တီထွင်လိုက်ပါတယ်။ အဲဒီ စက်ရုပ်လေးတွေကို စမတ်ကျတဲ့ ဒုံးကျည်အဖြစ် တင်စားထားပြီး ကင်ဆာ အကျိတ်တွေကို တိကျစွာ ဖျက်ဆီးနိုင်ပါတယ်။
ရင်သား ကင်ဆာ ဖြစ်နေတဲ့ ကြွက်တွေထဲကို အဲဒီ စက်ရုပ်တွေကို ထိုးသွင်းကြည့်တဲ့အခါမှာ ကြွက်တွေမှာ ကင်ဆာ အကြိတ်ဟာ ၇၀ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ ဒါဟာ တော်တော် အစွမ်းထက်တဲ့ ကင်ဆာ ကုထုံး ဖြစ်ပါတယ်။ အနာဂတ်မှာ ကင်ဆာ ရောဂါသည်တွေကို ဒီနည်းပညာနဲ့ ထိရောက်စွာ ကုသပေးနိုင်ဖို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။
Ref : Tech Explorers

image