Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဂျာမနီအဓိပတိကဇလင်စကီးကိုငြိမ်းချမ်းရေးဆွေးနွေးပွဲတက်သဖြင့်စိတ်ဆိုး
ဂျာမနီအဓိပတိဖရက်ဒရစ်မာ့ဇ်က ဇလင်စကီး သည် တူရကီနိုင်ငံအစ္စတန်ဘူလ်တွင် ကျင်းပမည့်ငြိမ်းချမ်းရေး ညှိနှိင်းဆွေးနွေးပွဲများတွင် ပါဝင်ရန် သဘောတူခဲ့ခြင်းသည် အမှားတစ်ခုဖြစ်ကြောင်းပြောလိုက်သည်။
သူ၏အဆိုအရ၊ ယူကရိန်းသည် နိုင်ငံတကာအဖွဲအစည်းများဖြစ်သည့် (NATO/EU) နှင့် ပိုမိုခိုင်မာစွာ ချိတ်ဆက်ရန် လိုအပ်ပြီးရုရှားနှင့် တိုက်ရိုက်ညှိနှိင်းမှုများက စစ်ရေးအရှုးပေးရာရောက်နိုင်သည်ဟု ယူဆဟန်ရှိသည်။
ဇလင်စကီးဘက်မှ ဤဆွေးနွေးပွဲများကို ငြိမ်းချမ်းရေးအတွက် အခွင့်အရေးတစ်ခုအဖြစ် မြင်ခဲ့သော်လည်း အနောက်နိုင်ငံများတွင် အငြင်းပွားဖွယ်ရာဖြစ်သည်။
NOM
ထူးခြားသတင်းမှာ -
ယ္ခင်ကအကြမ်းဖက်သမားဟုကြေငြာခံထားရသူ ဆီးရီးယားယာယီသမ္မတ အာမက်ဆယ်ရာအာ နှင့် ထရန့် ဆော်ဒီတွင်တွေ့ဆုံပြီးနောက် အာဆတ် လက်ထက် ပိတ်ဆိုထားမှုများကို ရုပ်သိမ်းပေးမည်ဟုဆိုသည်။
ဘင်္ဂလားဒက်ကြားဖြတ်အစိုးရသည် ရှိပ်ဟာစိနာ ၏ အဝါမီလိဒ် ပါတီအား ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်လိုက်သည်။
ဖိလစ်ပိုင်ကြားဖြတ်ရွေးကောက်ပွဲတွင် ICC ၌ အဖမ်းခံထားရသော သမ္မတဟောင်းဒူတာတေး ဇာတိမြို ဒါဘာအိုစီးတီး၌ မြိုတော်ဝန်အဖြစ်အရွေးခံရသည်၊ ထိုပြင် လက်ရှိသမ္မတမားကိုစ် ၏ ပါတီသည် လစ်လပ်နေရာအရပ်ရပ်၌ မျှော်မှန်းထားသည်ထက်ရှုးနိမ့်ခဲ့သည်၊လာမည့်အထွေထွေရွေးကောက်ပွဲ၌ ပထမ နေရာမှ ဆာရာဒူတာတေး ၊ ဒုတိယနေရာ၌ ဘန်အကွီနို တို ရှိနေပြီး မားကိုစ် မှာ တတိယ နေရာသာ ရေပမ်းစားနေသည်၊ သိုသော် ဆာရာ မှာ စွတ်စွဲပြစ်တင်ခံနေရပြီး နိုင်ငံရေးလုပ်ခွင့်အပိတ်ခံရရန် နီးစပ်လျှက်ရှိသည်။
တရုပ် - ကန် ရက် ၉၀ ကုန်သွယ်ရေးယာယီသဘောတူညီချက်အရ ကန် က တရုပ်သွင်းကုန်များကို ၁၄၅% မှ ၃၀% သို၎င်း ၊ တရုပ်က ၁၂၅ % မှ ၁၀% သို၎င်း ဖြေလျှော့လိုက်၍ စတော့ရှယ်ယာစျေးများ နှင့် ဒေါ်လာစျေး ပြန်တက်ပြီး ကမ္ဘာ့ရွှေစျေး ကျသွားသည်။
Apple က ကမ္ဘာ့အပါးလွှာဆုံး အိုင်ဖုံး 17 Air ထုတ်တော့မည်ဟုကြေငြာပြီးနောက် ဆမ်ဆောင်း က ၅.၈ မီလီမီတာသာအထူရှိသော ဂလပ်ဆီ S 25 Edge ဖုံးအသစ်ကို ၁၀၉၉ ဒေါ်လာ ဖြင့် ဦးစွာထုတ်ရောင်း လိုက်သည်၊ ကမ္ဘာ့စမတ်ဖုံးစျေးကွက်တွင် ဆမ်ဆောင်းက ၂၀%ဖြင့်ပထမ ၊ အိုင်ဖုံးက ဒုတိယ လိုက်နေသည်။
ထိုင်းထမင်းေကြာ်နည်း။
ထမင်းကြော်ဟာ ထိုင်းအစားအစာတွေထဲမှာ လူကြိုက်အများဆုံးတစ်ခုပါ။ ဒီမှာ ရိုးရှင်းတဲ့ ထိုင်းထမင်းကြော်လုပ်နည်းလေးကို မျှဝေပေးပါမယ်။
### လိုအပ်သော ပစ္စည်းများ
- ထမင်း (အေးသွားပြီးသား) - ၂ ပန်းကန်
- ကြက်ဥ - ၂ လုံး
- ကြက်သား (သို့) ပုစွန်သား - ၂၀၀ ဂရမ်
- ကြက်သွန်နီ - ၁ လုံး
- ကြက်သွန်ဖြူ - ၃ မွှာ
- ခရမ်းချဉ်သီး - ၁ လုံး
- ပဲငံပြာရည် - ၂ ဇွန်း
- ငါးငံပြာရည် - ၁ ဇွန်း
- သကြား - ၁ ဇွန်း
- ငရုတ်ကောင်း - အနည်းငယ်
- ဟင်းခတ်မဆလာ - ၁ ဇွန်း
- ဆီ - ၂ ဇွန်း
- နှမ်းဆီ - ၁ ဇွန်း
- ဂျင်း (အခြောက်) - အနည်းငယ်
- ကြက်သွန်မြိတ် - အနည်းငယ်
### ပြင်ဆင်နည်း
၁။ ကြက်သား (သို့) ပုစွန်သားကို ပဲငံပြာရည်၊ ငါးငံပြာရည်၊ သကြား၊ ငရုတ်ကောင်းနဲ့ မွှေပြီး မိနစ် ၂၀ လောက် စိမ်ထားပါ။
၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးတွေကို ပါးပါးလှီးထားပါ။
၃။ ဒယ်အိုးထဲကို ဆီထည့်ပြီး ပူလာအောင်တည်ပါ။ ပြီးရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေကို ထည့်ပြီး မွှေပါ။
၄။ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေ နှစ်လာပြီဆိုရင် စိမ်ထားတဲ့ ကြက်သား (သို့) ပုစွန်သားကို ထည့်ပြီး ကြော်ပါ။
၅။ ကြက်သား (သို့) ပုစွန်သား ကျက်သွားပြီဆိုရင် ကြက်ဥကို ထည့်ပြီး မွှေပါ။
၆။ ထမင်းကို ထည့်ပြီး ဟင်းခတ်မဆလာ၊ ပဲငံပြာရည်၊ ငါးငံပြာရည်၊ သကြားတွေကို ထည့်ပြီး မွှေပါ။
၇။ နောက်ဆုံးမှာ ခရမ်းချဉ်သီး၊ နှမ်းဆီ၊ ဂျင်းခြောက်တွေကို ထည့်ပြီး မွှေပါ။
၈။ ကြက်သွန်မြိတ်ကို ဖြူးပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။
ဒီလိုနည်းလေးနဲ့ လုပ်စားကြည့်ပါ။ ထမင်းကြော်က ချိုချဉ်အရသာလေးနဲ့ စားကောင်းပါတယ်။ 😊
ဝက်သားလက်ဖက်အချိုနှပ် ချက်နည်း...
************************************
ပါဝင်ပစ္စည်း = ဝက်သား / လက်ဖက်/ ကြက်သွန်နီ /ဖြူ /ဂျင်း /ခရမ်းချဉ်သီး /
ငရုတ်သီးစိမ်း /ဆီ /ဆား/နနွင်းမှုန့် /အစိမ်းမှုန့် /ပဲငံပြာရည်အချို /အရသာမှုန့် /သကြားတို့ဖြစ်ပါတယ်
၁ =ပြင်ဆင်ရန်
ဝက်းသားကို ပဲငံပြာရည်အချို /သကြား/အရသာမှု
န့် /ဆား/နနွင်းမှုန့် /ဂျင်းအရည် /ရှာလကာရည် တို့ဖြင့်
နယ်ကာ နာရီဝက်ခန့် အရသာနှပ်ထားပေးပါ
ခရမ်းချဉ်သီး ပါးပါးလှီးထားပါ / လက်ဖက်ကိုရေ
အေးဖြင့် ဆေးပေးပါ /ကြက်သွန်ဖြူ/နီ ဂျင်းတို့ကို
ရောပြီးထောင်းထားပေးပါ /ငရုတ်သီးစိမ်း
အနေတော်လှီးထားပေးရပါမယ်
၂ = ဝက်လက်ဖက်အချို ချက်ပါမယ်.
ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပါ ဆီပူလာရင်
ထောင်းထားတဲ့ ကြက်သွန်ဖြူ/ နီ ဂျင်းတို့ ထည့်ပြီး
ဆီသက်ပေးပါ ဆီသက်အနံ့လေးမွှေးလာရင်
ခရမ်းချဉ်သီးထည့်ပေးပါ ပြီးရင် အရသာနှပ်ထားတဲ့
ဝက်သားကိုထည့်ပြီးလုံးချက်ပါ ဝက်သားဆီပြန်လာ
@ပြီဆိုရင် ပထမ ရေ ထည့်ပြီး ဒယ်အိုးအဖုံးအုပ်ချက်ထားပေးရပါမယ်
၃= ပထမတရေခန်းပြီး ဆီပြန်လာရင် လက်ဖက်ထ
ည့်ပြီး ခနလောက်လုံးချက်ပေးပါပြီးရင်
ငရုတ်သီးစိမ်းထည့်ပြီး ဝက်သားကို လက်ဖက်
အရသာနှင့် နူးအိလာအောင် ဒုတိယတခေါက် ရေထ
ည့်ပြီး ဒယ်အိုးအဖုံးအုပ်ချက်ပေးပါ ရေခန်းပြီး
ဝက်သားနူးအိလာပြီဆိုရင် အရသာမြည်းကြည့်ပြီး
အရမ်းစားလို့ကောင်းတဲ့ ဝက်သားလက်ဖက် အချိုနှပ်
ဟင်းကောင်းတခွက် သုံးဆောင်လို့ရပါပြီ.
မွန်ကြက်သောက်ဆမ်း
🍗🌶🍗🌶🐤🌶🍗🐤
ချဥ်ချဥ်စပ်စပ်လေးနဲ့ လူကြီးတွေအကြိုက်တွေ့စေမယ့်ဟင်းတခွက်လေးပါ
ကြက်သား...၃၀ သား
ကြက်သွန်နီ...၂ လုံး
ကြက်သွန်ဖြူ..... ၅မွှာ
စပါးလင်...... ပင်
ရှမ်းနံနံပင်...... ၁ စည်း
ဂျင်း....အနည်းငယ်
ငရုပ်သီးစိမ်း....လိုသလောက်
ဆား...အနည်းငယ်
အချိုမှုန့်... အနည်းငယ်
ငါးပိ.....အနည်းငယ်
မရမ်းပြား......၆ပြား
နနွင်းမှုန့်... အနည်းငယ်
ဆီ.....အနည်းငယ်
အရင်ဦးဆုံး ကြက်သားကို အနေတော်တုံးပြီ
ဆား အချိုမှုန့် နနွင်းမှုန့်နဲ့နယ်ထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူ ငရုပ်သီးစိမ်း ဂျင်း စပါးလင်ပါးပါးလှီးပြီ ထောင်းထားပါ
ဒယ်အိုးထဲဆီပါရုံလေးထည့် ထောင်းထားတာထည့်မွှေပြီငါးပိထည့် ကြက်သားထည့်ပါ ခဏလုံးထားပြီ
ရေထည့် အဖုံးအုပ်ထားပါ
ဆူပြီ ရေခန်းလာရင် ရေထပ်ထည့်ပါ
ကြက်သားနူးလောက်တဲ့အထိ ရေထည့်လိုက်ချက်လိုက်
နူးပြီလို့ ထင်တဲ့အခါကြရင် မရမ်းပြားထည့် ငရုပ်သီးစိမ်းခြမ်းထည့် ဆူလာရင်
အရသာမြည်း ချခါနီး ရှမ်းနံနံ ညှပ်ထည့်
ချဥ်ငံစပ်လေးသောက်လို့ကောင်းတဲ့
မွန်ကြက်သောက်ဆမ်းလေးရပါပြီနော်
#ရှဥ့်မတက်
အာရုံကြော အားနည်း၍ မူးဝေကိုက်ခဲခြင်း၊ အဆစ်မြစ် ကိုက်ခဲခြင်း၊ ပင်ပမ်းနွမ်းနယ်မှု အမျိုးမျိုးကြောင့် ကိုက်ခဲခြင်းဝေဒနာတို့ ပျောက်ကင်းပြီး ဆီး၊ ဝမ်း၊ လေ၊ မှန်စေ၍ ကျောက်ကပ်ကို အားဖြစ်စေပါတယ်။ ၉၆ပါး အားလုံးအတွက် ကောင်းသည်လို့ မညွှန်းပါ။
ဆေးအတွက် လိုအပ်သည့်အမယ်များ –
ဆေး တစ်ဖုံ အတွက် –
၁။ ရှဉ့်မတက် ဥ ၅၀ သား
၂။ ပျားရည် ၁ ပုလင်း ( ငှက်ပျောဖူးပုလင်း )
၃။ နှမ်းဆီ ၂၀ သား လိုအပ်ပါတယ်။
ကျိုချက်ပုံ –
ဦးစွာပထမ ရှဉ့်မတက်ဥကို သန့်ရှင်းအောင် ရေဆေးပါ။ ဆေးပြီး ဥများ အခွံခွါပါ။ အခွံနဲ့ အသား တခြားစီခွဲပြီး အိုးနှစ်လုံးဖြင့် ရေသင့်သလို ထည့်ပြုတ်ပါ။ အခွံပြုတ်အိုး ရေ ပွက်ပွက်ဆူ၍ အတန်ကြာလျှင် အခွံပြုတ်ရေငှဲ့ယူပြီး အသားပြုတ်အိုးအတွင်း ပေါင်းထည့်ကျိုပါ။ ရေခမ်းချိန်မှာတော့ နှမ်းဆီ ပျားရည်ထည့်ပါ၊
မကြာခင် သင်းပျံ့သောအနံ့ ထွက်လာချိန်၊ ချို ခါး အရသာရှိသော ရှဉ့်မတက်ဆေး တစ်လက် သုံးစွဲရန် အသင့်ဖြစ်ပါပြီ ခင်ဗျာ။ အမျိုးသား အားနည်းသူများအတွက် ယခုဆေးကျိုစဉ် ခွေးလျားသီး အနက်စေ့ ၂၀သားကို အမှုန့်ပြုလုပ်ပြီး ထည့်ကျိုပါ။ သိသာသည့်အား ဖြစ်စေပါသည်။#crd original uploader
ခေါင်းကိုက် ဝေဒနာ အတွက် –
ရှဉ့်မတက်ဥကို နှမ်းဆီဖြင့် ကျွတ်အောင်ကြော်ပါ။ ၎င်း ကြော်ပြီး ဆီဖြင့် ကိုက်ခဲရာ ခေါင်း၊ ဂုတ်၊ ကိုယ်လက်တို့ လိမ်းပေးပါ။ အမြန်ဆုံး သိသာစွာ သက်သာပျောက်ကင်းစေပါတယ်။
#အရှင်နာဂသိန် ဆေးကျမ်းမှာတော့ "ကညွှတ်” သို့မဟုတ် “ရှဉ့်မတက်" ဟု ခေါ်ကြောင်း သိရပါတယ် ။ တခါတရံ "ဥတရာ" ပင်ဟုလည်း ခေါ်ပါတယ်။ ဆေးဝင်သည့်အရာမှာ "ဥ" ဖြစ်သည်ဟုလည်းဖေါ်ပြထားပါတယ်။ "ဥ၏ ဂုဏ်နဲ့စွမ်းရည်မှာ "ခွန်အား ပညာကိုပြုတတ်၏ ၀မ်းမီးတောက်စေ၏ ဝြဖိုးစေ၏ ပြေပြစ်၏ သုတ်နို့ရည်ပွားစေ၏ နှလုံးရောဂါ သွေးအန် သွေးကျ အဆုပ်နာ ပျောက်ကင်းစေ၏ အလုံးရောဂါ ဖေါရောင်ခြင်း ၀မ်းသွန်ရောဂါ မျက်စေ့ရောဂါ အကျိုးပြု၏ ကာမအားကိုပွားစေ၏" လို့ရေးသားထားရုံမက " ဒါ့ပြင် ရောဂါလိုက် အသုံးပြုပုံနည်း" တွေကို ဆေးကျမ်းထဲမှာ အကျယ်တဝင့်ရှင်းပြထားရာ အလွန်ဆေးဖက်ဝင်သည်ကို မှတ်သားရပါတယ် ။
အာယုဗေဒ ဆေးကျမ်းများအလိုအရ ရှည့်မတက်သည် အစာလမ်းကြောင်းဆိုင်ရာအနာ၊ အစာမကြေလေပွခြင်း ရောဂါများကို ကာကွယ်ကုသနိုင်သည်။ မိခင်များ နို့ထွက်အားကောင်းစေသည်၊ အာရုံကြောဆိုင်ရာ ပုံမမှန်မှုများ အတွက် ရှည့်မတက်အမြစ်ကို အသုံးပြုခဲ့ကြသည်။
#သမားတော်တိုင်းရင်းဆေး